Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ အနေဖြင့် ပြည်တွင်းခရီးသွားများထက် ဒေသခံများကိုသာဆွဲဆောင်ပြီး လုပ်ငန်းလည်ပတ်နေရကြောင်း သိရသည်။ ပြည်တွင်းခရီးသွား လာရောက် လည် ပတ်မှုနည်းပါးလာခြင်းနှင့်ပြည်ပခရီးသွား များလာ ရောက်လည်ပတ်ခြင်းမရှိတော့သည့် အတွက်ခရီးသွားဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများအနေဖြင့် ဒေသခံများကိုသာဆွဲဆောင်ပြီးလုပ်ငန်းလည်ပတ်နေရ ကြောင်း သိရသည်။ “ခရီးစဉ်တွေကတော့ စီမံပြီး လုပ်ဆောင် နေရတာပဲ။ ဒါပေမယ့်ပြည်တွင်းခရီး သွားတွေမရှိသလောက်နည်းသွားပြီ၊ ကုန်းလမ်းခရီးနှင့် လာမယ်ဆိုရင်လုံခြုံမှုအားနည်း တာ၊လေကြောင်းခရီးစဉ်နှင့်လာမယ်ဆိုရင်လည်းလေယာဉ်လက်မှတ်ခတွေက အရမ်း စျေး များတာတွေကြောင့် မြိတ်ကျွန်းစုဘက် ကိုခရီးသွားတွေမလှည့်လာတော့ဘူး၊ အဲဒီ အချက်တွေကြောင့် အခက်အခဲတွေပေါ်နေ တာ။ နောက်ပြီး လောင်စာဆီစျေးနှုန်းတွေ တက်လာနေတာကြောင့် ခရီးစဉ်တွေက လည်း စျေးတက်ကုန်တယ်၊ပြည်ပခရီးသွား တွေကတော့မလာတာကြာပါပြီ” ဟု မြိတ် ခရိုင် ခရီးသွားလုပ်ငန်းမှတာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ ပြည်တွင်းပြည်ပခရီးသွားများ လာ ရောက် မှုနည်းပါးနေသည့်အတွက်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ဒေသခံ များကိုသာ ဆွဲ ဆောင်မှုပြုလုပ်ပြီး လုပ်ငန်း လည်ပတ်နေရကြောင်း သိရသည်။ “ နေ့ကြီးရက်ကြီးတွေမှာဒေသခံတွေကို စုပြီးအပန်းဖြေခရီးထွက်နိုင်အောင်စျေးနှုန်း အနည်းငယ်နှင့်လုပ်ဆောင်ပေးနေရတယ်၊ခရစ်စမတ်နေ့၊ နှစ်သစ်ကူး စသဖြင့်ပေါ့၊ တရုတ် နှစ်သစ်ကူးနှင့်သင်္ကြန်ပွဲတော်ရက် တွေမှာ တတ်နိုင်သလောက် စီစဉ်ပေးပြီးရင် တော့ခရီးသွားဝန်ဆောင်မှုတွေနားပါတော့ မယ်၊နေ့ချင်းပြန်ခရီးစဉ်ဆိုပေမယ့် လူတစ်ဦး ကို ငွေကျပ် တစ်သိန်းကျော်အထိ ကျသင့် နေတော့ ကျွန်တော်တို့လည်း အင်မတန် ခေါင်း ခဲစရာတွေ ဖြစ်ပါတယ်၊ ဝန်ဆောင်မှု လုပ်ပေးနေတဲ့လုပ်ငန်းသုံး လေးခုလောက်ပဲ ရှိပါတော့တယ်၊ ကမ်းခြေအလှတွေ မပျက်စီး သွားအောင် ထိန်းသိမ်းရတာတို့ စသဖြင့် တာဝန်တွေလည်း ကြီးပါတယ်” ဟု ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောကြားသည်။…
ချမ်းမြသာစည်မြို့နယ်တွင် နံကပ်နှစ်ထပ်အိမ် မီးလောင်မှုဖြစ်ပွားပြီး ၇၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၆၇ လမ်းနှင့် ၆၈ လမ်း ကြား၊ ၁၁၁ လမ်းနှင့် ၁၁၂ လမ်းကြား ၄၀ ပေ နှင့် ၃၅ ပေ ပတ်လည် နံကပ် နှစ်ထပ်နေအိမ် အပေါ်ထပ်တွင် ဇန်နဝါရီ ၁၀ ရက်၊ နံနက် အစော ၁ နာရီ ၁၃ အချိန်ခန့်က ရေခဲသေတ္တာ အပူလွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်း ရရှိသည်။ မီးလောင်မှုကြောင့် အိမ်ရှင်ဖြစ်သူ အသက် ၇၇ နှစ် အရွယ် အမျိုးသားမှာ မီးခိုး မွှန်ကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနမှ ဆက် လက် သတင်းရရှိသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်း ဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှု ယာဉ် နှစ်စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ မန္တလေးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အောင် ပင်လယ်နယ်မြေမီးသတ်စခန်းမှ ရေသယ် ယာဉ်တစ်စီး၊ ချမ်းအေးသာစံမြို့နယ် မီးသတ် စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ မြို့သစ်(၂)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မြို့သစ်(၄) အရန်မီးသတ်စခန်းမှ မီး ငြှိမ်းသတ်ယာဉ်တစ်စီး၊ တမ္ပဝတီ အရန်မီး သတ် စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ကံ သာယာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် တစ်စီး၊ ကျွန်းလုံးဥသျှောင်အရန်မီးသတ် စခန်း မှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ အောင်သာ ယာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်တစ် စီး၊မြရည်နန္ဒာအရန်မီးသတ်စခန်းမှ…
ရှမ်းပြည်နယ်မှ တနင်္သာရီတိုင်းသို့ သယ်ဆောင်သည့် ကျပ် ၁ ဒသမ ၇ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ပဲခူးမှ ကော့သောင်းသို့ သူရဝင်း မောင်းနှင်ပြီး ၎င်း၏ဇနီး မအေးသန္တာအောင်နှင့် မဖူးဖူးဝေတို့လိုက်ပါလာသည့် LANDCRUISER PRADO မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ကျပ် ၁ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ဇန်နဝါရီ ၄ ရက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ကိုရှည်(ခ)ကျော်ထက်အား ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်တွင်လည်းကောင်း၊ ခင်ဇော်မြင့်အား ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းကြောင်း သိရသည်။ ဆက်လက်၍ ဖမ်းဆီးရမိသူ သူရဝင်းနှင့် မအေးသန္တာအောင်တို့နေထိုင်သည့် ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ သီရိမင်္ဂလာလမ်းသွယ်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် TOYOTA FJ CRUISER မော်တော်ယာဉ် တစ်စီး၊ မော်တော်ဆိုင်ကယ် နှစ်စီးနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် မြန်မာငွေကျပ် ၇၉ ဒသမ ၈၅ သိန်း၊ ထိုင်းဘတ်ငွေ ၆၀၀၀ ဘတ်၊…
တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းအနုပညာရှင်စုံတွဲဖြစ်သည့် ရိန်းနှင့်ဇနီးကင်ထယ်ဟီးတို့ကို အိမ်အထိ လိုက်လံအနှောင့်အယှက်ပေးခဲ့သည့် အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးအား ဇန်နဝါရီ ၁၀ ရက်တွင် ဆိုးလ်အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်ခြောက်လကျခံရန်နှင့် သူနှင့်သက်ဆိုင်သည့် နာရီ ၄၀ ကြာကုသရေးအစီအစဉ်တစ်ခုကို တက်ရောက်ရန် အမိန့်ချမှတ်လိုက်သည်။ ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်သူဖြစ်ပြီး တစ်ဖက်လူကို ကိုယ်ထိလက်ရောက်အန္တ ရာယ်ပေးခြင်းမရှိခဲ့သော်လည်း အကြိမ်ကြိမ် နှောင့်ယှက်ခဲ့သည့်အတွက် ယခုအပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာကကြားနာမှုတွင် တရားလိုဘက်က ထောင်တစ်နှစ်အထိချရန် တောင်းဆိုခဲ့သည်။ တရားရုံးဘက်ကမူ ကျူးလွန်သူအမျိုးသမီးက စိတ်ဝေဒနာသည်ဖြစ်နေပြီး မိသားစု အထောက်အပံ့လည်းမရှိ ၊ နေရပ်လည်းသေချာမသိရသည့်အတွက် နောက်ထပ်ပြစ်မှုများ မကျူးလွန်နိုင်အောင် အကျဉ်းကျနေစဉ် ကုသရေးနှင့်ပညာပေးရေးကိုပါ ထည့်စဉ်းစားပေးခဲ့သည်။ ၎င်းအမျိုးသမီးသည် ဆိုးလ်မြို့၊ယုံဆန်ဂူရှိ ရိန်းနှင့်ကင်ထယ်ဟီးတို့ နေအိမ်သို့ ၂၀၂၂ ခုနှစ် ၊မတ်မှ အောက်တိုဘာအတွင်း ၁၄ ကြိမ် ရောက်လာခဲ့ပြီး လူခေါ်ခေါင်းလောင်းကို အ ကြိမ်ကြိမ်နှိပ်ခဲ့သည်။ထိုလုပ်ရပ်အတွက် သတိပေးခံရသည့်တိုင် သူသည် နောက်တစ် နှစ် ဖေဖော်ဝါရီ ၂၇ ရက်နှင့် ဧပြီ ၇ ရက်တွင် ရိန်းတို့အိမ်သို့ ထပ်ရောက်လာခဲ့သည်။ တောင်ကိုရီးယားတွင် အနုပညာရှင်များအား အရူးအမူးစွဲလမ်းသူအချို့က ချောင်း မြောင်းလိုက်နှောင့်ယှက်သည့် ဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိသည်။အထူးသဖြင့် ကေပေါ့ ဆယ်လီများနှင့် နာမည်ကျော်သရုပ်ဆောင်များအား ပစ်မှတ်ထားတတ်ကြသည်။ ၂၀၂၁ ခုနှစ်ကလည်း အီထယ်ဝန်ရှိရိန်းတို့ နေအိမ်အပြင်ဘက်တွင် အမျိုးသမီးတစ်ဦး လူခေါ်ခေါင်းလောင်းကို မပြတ်နှိပ်ပြီး အော်ဟစ်နေသဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်ရသည်။ ထိုသို့ချောင်းမြောင်းနှောင့်ယှက်မှုများ နှင့် ကြုံပြီးနောက် အီထယ်ဝန်ရှိနေအိမ်ကို ရိန်းတို့ကရောင်းပစ်လိုက်သည်။အိမ်က လူကုံထံရပ်ကွက်အတွင်းတည်ရှိပြီး ဟန်မြစ်နှင့် နမ်ဆန်မြစ်ရှုခင်းကို…
လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဖူလ်ဟမ်အသင်းအား အိမ်ကွင်း၌ အနိုင်ရခဲ့သော်လည်း လိဂ်ဖလားဗိုလ်လုပွဲတက်ရန် မသေချာသေးကြောင်း သတိပေး ပြောကြားသည်။ လိဂ်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့ ဒုတိယနေ့အဖြစ် ဇန်နဝါရီ ၁၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်တွင် လီဗာပူးလ်အသင်းက ဖူလ်ဟမ်အသင်းအား နောက်မှ လိုက်ကစားပြီးနောက် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ လီဗာပူးလ်အသင်းတွင် အာဖရိကနိုင်ငံများဖလားနှင့် အာရှဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်နေသည့် ဆာလာနှင့် အန်ဒို၊ ဒဏ်ရာပြဿနာရှိနေသည့် အာနိုးလ်နှင့် ဆိုဘိုဆလိုင်းတို့အပြင် ဂိုးသမား အယ်လစ်ဆန်ကိုလည်း အနားပေးထားခဲ့သည်။ ၁၉ မိနစ် တွင် ဝီလီယံက ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သဖြင့် လီဗာပူးလ်အသင်း နောက်မှ လိုက်ကစားခဲ့ရသည်။ ဒုတိယပိုင်းတွင် လီဗာပူးလ်အသင်း၏ လူစားလဲမှုများ မှန်ကန်ခဲ့ပြီး ၆၈ မိနစ်တွင် ကာတစ်ဂျုံးစ်က ချေပဂိုး၊ ၇၁ မိနစ်တွင် လူစားဝင်လာသူ ဂက်ပိုက အနိုင်ဂိုးသွင်းယူခဲ့သလို ယင်းနှစ်ဂိုးစလုံးကို လူစားဝင်ကစားသမား ဒါဝင်နူးနက်ဇ်က ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းအနေဖြင့် အိမ်ကွင်း၌ အနိုင်ရခဲ့သောကြောင့် ဗိုလ်လုပွဲတက်ရန် အခြေအနေကောင်း ပိုင်ဆိုင်ထားပြီဖြစ်သော်လည်း ယာဂန်ကလော့ပ်က ”ပွဲမပြီးသေးပါဘူး။ ဟိုတယ်ကို ကြိုတင်မှာထားလို့ရတဲ့ရလဒ်မျိုး ကျွန်တော်မမျှော်လင့်ထားပါဘူး။ ပွဲစကတည်းက ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ဖို့တော့ မျှော်လင့်ထားပါတယ်။ ဒီပွဲကို အနိုင်ရတာထက်ပိုပြီး ကျွန်တော်တို့မလုပ်နိုင်ခဲ့ဘူး။ ဒီရလဒ်အတွက် အရမ်းပျော်ပါတယ်” ဟု ပြောကြားသည်။ ထို့ပြင် ဒါဝင်နူးနက်ဇ် ဂိုးမသွင်းနိုင်ခြင်း နှင့်ပတ်သက်၍ ၎င်းက ”ဒါဝင်ရဲ့အခြေအနေကို ဘယ်လိုရှင်းပြရမလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူက အဆုံးသတ်ပိုင်းအခြေအနေတွေမှာ ပိုပြီးကံမကောင်းတာပါ။ သူက မှန်ကန်တဲ့အရာအားလုံး…
ရီးယဲလ်မက်ဒရစ်အသင်းသည် PSG တိုက်စစ်မှူး ဘာပေ ရောက်လာပါက အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ရောင်းထုတ်ဖွယ်ရှိကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ၂၀၂၄ နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဟု သတင်းထွက်နေသည်။ လာမည့်နွေတွင် ဘာပေ နှင့် အန်းဒရစ်တို့သာ ရောက်လာပါက ရီးယဲလ်အသင်းသည် ၎င်းကိုနေရာပေးရန် ဗင်နီစီယပ်စ်အား ပြောင်းရွှေ့ကြေးများစွာဖြင့် ရောင်းထုတ်လိုနေခြင်းဖြစ်သည်။
PSG အသင်းသည် မက်ဆီ၊ နေမာနှင့် ဘာပေ (MNM)တိုက်စစ်အတွဲအတွက် ကုန်ကျခဲ့သည့် ငွေကြေးစုစုပေါင်းမှာ ပေါင် တစ်ဘီလီယံနီးပါးရှိကြောင်း သိရသည်။ ဗြိတိန်သတင်းစာ Daily Mail က ယင်းကစားသမား (၃)ဦး၏ ပြောင်းရွှေ့ကြေးအပါအဝင် အသင်းသို့ ရောက်ရှိလာကတည်းက ကုန်ကျစရိတ်အားလုံးကို စုပေါင်းတွက်ချက်ထားခြင်းဖြစ်သည်။ PSG အသင်းသည် ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရန်အတွက် MNM တိုက်စစ်အတွဲကို ဖော်ဆောင်ခဲ့့ခြင်းဖြစ်သည်။ သို့သော် ယင်းကစားသမား (၃)ဦး အတူတကွကစားခဲ့သည့် နှစ်ရာသီတွင် PSG အသင်းမှာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်မှသာ လှည့်ပြန်ခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်၊ ၂၀၂၃ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းများကို အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ PSG အသင်းသည် ကာတာပိုင်ဆိုင်မှုအောက်သို့ ရောက်ရှိသည်မှာ (၁၁)နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၂၀၁၂-၁၃ မှ ၂၀၁၅-၁၆ ရာသီအထိ (၄)ရာသီဆက် ကွာတားဖိုင်နယ်၊ ၂၀၁၆-၁၇ မှ ၂၀၁၈-၁၉ ရာသီအထိ (၃)ရာသီဆက် ၁၆ သင်းအဆင့်၊ ၂၀၁၉-၂၀ ရာသီတွင် ဒုတိယနှင့် ၂၀၂၀-၂၁ ရာသီတွင် ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့သည်။ သို့သော် ကမ္ဘာ့ဘောလုံးလောကမှ စိတ်ဝင်တစားစောင့်ကြည့်ခဲ့သည့် MNM တိုက်စစ်အတွဲလက်ထက်တွင် နှစ်ရာသီဆက် (၁၆)သင်းအဆင့်နှင့်သာ ကျေနပ်ခဲ့ရသည်။ MNM တိုက်စစ်အတွဲသည် ပြီးခဲ့သည့် နွေရာသီကတည်းက ပြိုကွဲသွားခဲ့ပြီး မက်ဆီက မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနှင့် နေမာက ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။ ဘာပေမှာလည်း ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်ပြည့်မည်ဖြစ်ပြီး အသင်းမှထွက်ခွာရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။…
မန်ယူနည်းပြ တန်ဟက်ဂ်က စပါးအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဲရစ်ဆင်၊ လုခ်ရှောနှင့် မက်ဂွိုင်းရားတို့ ပါဝင်ကစားနိုင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါကစားသမား (၃)ဦးစလုံးသည် ဒဏ်ရာပြဿနာများကြောင့် အနားယူနေရပြီး ယခုအခါ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်ကြောင်း သိရှိရသည်။ တန်ဟက်ဂ်က ”ဒီတစ်ပတ်မှာ ကစားနိုင်မယ့် ကစားသမားတွေ ရှိပါတယ်။ အဲရစ်ဆင်၊ လုခ်ရှောနဲ့ မက်ဂွိုင်းရားတို့ဟာ ဒီတစ်ပတ်ကစားမယ့် စပါးနဲ့ပွဲမှာ ပါဝင်နိုင်ပါတယ်။ မေဆန်မောင့်ကတော့ တစ်ပတ်လောက် နားရဦးမှာပါ”ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)အဖြစ် ဇန်နဝါရီ (၁၄)ရက်တွင် စပါးအသင်းနှင့် အိမ်ကွင်း၌ ကစားရမည်ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသမငြိမ်သက်မှုတွင် အနောက်အုပ်စုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု အီရန်ကစွပ်စွဲထားသည်။သို့သော် IS အဖွဲ့က ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု အခိုင်အမာပြောဆိုထားသော ဗုံးပေါက်ကွဲမှုနှစ်ကြိမ်သည် အီရန်၏ ကိုယ်ပိုင်ပြည်တွင်းရေးအားနည်းချက်ကို အ ထူးသတိပေးမှုတစ်ရပ်ဖြစ်နေသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၃ ရက်က အီရန်တော်လှန်ရေး အစောင့်တပ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေ မာနီသေဆုံးသည့် စတုတ္ထမြောက်နှစ်ပတ်လည်ပွဲကို တက်ရောက်လာသည့် လူအုပ်အတွင်း ၁၅ မိနစ်ခြားကာ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းကြောင့် လူအယောက် ၉၀ ခန့် သေဆုံးခဲ့သည်။ ဘဂ္ဂဒတ်မြို့တော်သို့ ရောက်ရှိခဲ့ပြီးနောက် မကြာမီ အမေရိကန်၏ဒရုန်းတိုက်ခိုက်မှုကြောင့် ၂၀၂ဝပြည့်နှစ် ဇန်နဝါရီလတွင် သေဆုံးခဲ့သော ဆိုလေမာနီသည် Quds Force ကို ဦးဆောင်ခဲ့ပြီး အရှေ့အ လယ်ပိုင်းဒေသတစ်လျှောက် အီရန်စစ်တပ်၏ စစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲခဲ့သည်။ အစ္စရေး၏ ရန်ဘက်ဖြစ်သော အီရန်သည် ဒေသတွင်း၌ “အီရန်တော်လှန်းရေး မဟာမိတ်အဖွဲ့”ကို ထူထောင်ထားကာ လက်ဘနွန်၏ စစ်သွေးကြွဟဇ်ဘိုလာအဖွဲ့၊ အီရတ်နှင့်ဆီးရီးယားရှိ ရှီးယိုက်ပြည်သူ့စစ်နှင့် ယီမင်နိုင်ငံ၏ ဟူရ်သီသူပုန်များကို မှီခိုအားထားနေသည်။ “အီရန်အနေနဲ့ အီရန်စစ်သားတစ်ယောက်တောင်မလိုပါဘူး။ သူထောက်ပံ့ပေးထားတဲ့အဖွဲ့တွေက လုပ်ပေးပါလိမ့်မယ်”ဟု ဂျီနီဗာရှိ အာရပ်နှင့်မြေထဲပင်လယ်ဆိုင်ရာ သုတေသနလေ့လာရေးစင်တာ၏ ညွှန်ကြား ရေးမှူး ဟက်စ်နီအဘီဒီကဆိုသည်။ သို့သော် အီရန်သည် အန္တရာယ်ပြုနိုင်သည့် ကြီးမားသော စွမ်းရည်နှင့်အတူအရေးပါသော ဒေသဆိုင်ရာစွမ်းအားတစ်ခုဖြစ်နေသော်လည်း နိုင်ငံအတွင်း၌ အထိမခံသည့်အခြေအနေဖြစ်နေသည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။ အောက်တိုဘာ ၇ ရက်က အီရန်ကျောထောက်နောက်ခံပြု ဟားမာ့စ်လက်နက်ကိုင်တို့သည် ဂါဇာနယ်စပ်ကို ဖြတ်ကျော်၍ အစ္စရေးနိုင်ငံတွင်းသို့ထိုးဖောက်ဝင်ရောက်ကာ ယင်းတိုက်ခိုက်မှုအတွင်းအရပ်သားအများစု အပါအဝင် လူ ၁,၁၄၀ ခန့် သေဆုံးခဲ့သည်။ အီရန်အစိုးရကမူ ယင်းတိုက်ခိုက်မှုဖြစ်စဉ်တွင်…
အီကွေဒေါနိုင်ငံ၊ ဂွါယာကီမြို့တွင် ဇန်နဝါရီ ၉ ရက်က နိုင်ငံပိုင်ရုပ်သံ TC ၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေသည့် စတူဒီယိုခန်းထဲသို့ သေနတ်သမားများဝင်ရောက်စီးနင်း ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သည်။သေနတ်သမားများက ခေါင်းစွပ်မျက်နှာဖုံးဝတ်လာကြပြီး သေနတ်သမားတစ်ဦးက ဓားစာခံတစ်ဦး၏ခေါင်းကို သေနတ်ဖြင့် ချိန်ထားခဲ့သည်။ AFP သတင်းတွင် အမျိုးသမီးတစ်ဦး၏ ” မပစ်ပါနဲ့ ၊ ကျေးဇူးပြုပြီး မပစ်ပါနဲ့ ” ဆိုသည့်တောင်းပန်သံကို ကြားရသည်ဟု ဖော်ပြထားသည်။တိုက်ရိုက်ထုတ်လွှင့်မှုက ပြတ်တောက်မသွားဘဲ သေနတ်သမားများကိုမြင်ရပြီးနောက် နာရီဝက်ခန့်အကြာတွင် ရဲတပ်ဖွဲ့ဝင်များဝင်ရောက်သွားသည်ကို တွေ့မြင်ရသည်။ ဝန်ထမ်းအားလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီး အဖမ်းအဆီး ၁၃ ဦးရှိသည်ဟု ရဲတပ်ဖွဲ့ကကြေညာကာ သိမ်းဆည်းရမိလာသည့်လက်နက်များကို ပြသခဲ့သည်။အကြမ်းဖက်လုပ်ရပ်အတွက် ကျူးလွန်သူများကို အပြစ်ပေး သွားမည်ဟုလည်း ရဲတပ်ဖွဲ့က ပြောသည်။ နိုင်ငံ၏အထင်ရှားဆုံး လူဆိုးတစ်ဦး ထောင်မှလွတ်သွားပြီးနောက် ၊နိုင်ငံအတွင်းရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေနှင့် သတ်မှတ်ချိန်အတွင်းညမထွက်ရ ကာဖျူးအမိန့်ကို အီကွေဒေါသမ္မတသစ် ဒန်နီယယ်နိုဘိုအာက ထုတ်ပြန်ကြေညာလိုက်ပြီး နောက်တစ်နေ့တွင် ရုပ်သံစီးနင်းခံရမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းပဋိပက္ခကြုံနေရပြီဖြစ်ကြောင်းနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ၊ အကြမ်းဖက်အဖွဲ့များကိုရှင်းလင်းရန် စစ်တပ်ကို ညွှန်ကြားထားကြောင်း အသက်၃၆နှစ်သာ ရှိသေးသည့် အီကွေဒေါ သမ္မတ နိုဘိုအာကဆိုသည်။ ဇန်နဝါရ ၈ ရက်က ဆူပူအုံကြွမှုများဖြစ်ခဲ့သည့် အကျဉ်းထောင်ခြောက်ခုတွင် တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်ရန် အာဏာပိုင်များကြိုးစားနေရသည်။ ရဲတပ်ဖွဲ့ဝင်ခုနစ်ဦးပြန်ပေးဆွဲခံထားရပြီး ဆိုရှယ်မီဒီယာတွင်ပျံ့လာသည့်ဗီဒီယိုတွင် ပြန်ပေးဆွဲထားသည့်ရဲသုံးဦးကို မြေပြင်တွင်ထိုင်စေလျက် သေနတ်ဖြင့်ချိန်ထားကာ စစ်ကြေညာခဲ့သည့် သမ္မတနိုဘိုအာကို ပြန်စိန်ခေါ်ထားသည့် စကားအချို့ကို ရဲတစ်ဦးအားဖတ်ခိုင်းခဲ့သည်။ အိမ်နီးချင်းပီရူးနိုင်ငံကလည်း မိမိတို့ဘက်သို့ မတည်မငြိမ်မှုများကူးစက်လာမည်ကိုတားဆီးနိုင်ရန် နယ်စပ်သို့လုံခြုံရေးတပ်ဖွဲ့ဝင်များ စေလွှတ်ထားသည်။