မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ အနေဖြင့် ပြည်တွင်းခရီးသွားများထက် ဒေသခံများကိုသာဆွဲဆောင်ပြီး လုပ်ငန်းလည်ပတ်နေရကြောင်း သိရသည်။
ပြည်တွင်းခရီးသွား လာရောက် လည် ပတ်မှုနည်းပါးလာခြင်းနှင့်ပြည်ပခရီးသွား များလာ ရောက်လည်ပတ်ခြင်းမရှိတော့သည့် အတွက်ခရီးသွားဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများအနေဖြင့် ဒေသခံများကိုသာဆွဲဆောင်ပြီးလုပ်ငန်းလည်ပတ်နေရ ကြောင်း သိရသည်။
“ခရီးစဉ်တွေကတော့ စီမံပြီး လုပ်ဆောင် နေရတာပဲ။ ဒါပေမယ့်ပြည်တွင်းခရီး သွားတွေမရှိသလောက်နည်းသွားပြီ၊ ကုန်းလမ်းခရီးနှင့် လာမယ်ဆိုရင်လုံခြုံမှုအားနည်း တာ၊လေကြောင်းခရီးစဉ်နှင့်လာမယ်ဆိုရင်လည်းလေယာဉ်လက်မှတ်ခတွေက အရမ်း စျေး များတာတွေကြောင့် မြိတ်ကျွန်းစုဘက် ကိုခရီးသွားတွေမလှည့်လာတော့ဘူး၊ အဲဒီ အချက်တွေကြောင့် အခက်အခဲတွေပေါ်နေ တာ။ နောက်ပြီး လောင်စာဆီစျေးနှုန်းတွေ တက်လာနေတာကြောင့် ခရီးစဉ်တွေက လည်း စျေးတက်ကုန်တယ်၊ပြည်ပခရီးသွား တွေကတော့မလာတာကြာပါပြီ” ဟု မြိတ် ခရိုင် ခရီးသွားလုပ်ငန်းမှတာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ပြည်တွင်းပြည်ပခရီးသွားများ လာ ရောက် မှုနည်းပါးနေသည့်အတွက်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ဒေသခံ များကိုသာ ဆွဲ ဆောင်မှုပြုလုပ်ပြီး လုပ်ငန်း လည်ပတ်နေရကြောင်း သိရသည်။
“ နေ့ကြီးရက်ကြီးတွေမှာဒေသခံတွေကို စုပြီးအပန်းဖြေခရီးထွက်နိုင်အောင်စျေးနှုန်း အနည်းငယ်နှင့်လုပ်ဆောင်ပေးနေရတယ်၊ခရစ်စမတ်နေ့၊ နှစ်သစ်ကူး စသဖြင့်ပေါ့၊ တရုတ် နှစ်သစ်ကူးနှင့်သင်္ကြန်ပွဲတော်ရက် တွေမှာ တတ်နိုင်သလောက် စီစဉ်ပေးပြီးရင် တော့ခရီးသွားဝန်ဆောင်မှုတွေနားပါတော့ မယ်၊နေ့ချင်းပြန်ခရီးစဉ်ဆိုပေမယ့် လူတစ်ဦး ကို ငွေကျပ် တစ်သိန်းကျော်အထိ ကျသင့် နေတော့ ကျွန်တော်တို့လည်း အင်မတန် ခေါင်း ခဲစရာတွေ ဖြစ်ပါတယ်၊ ဝန်ဆောင်မှု လုပ်ပေးနေတဲ့လုပ်ငန်းသုံး လေးခုလောက်ပဲ ရှိပါတော့တယ်၊ ကမ်းခြေအလှတွေ မပျက်စီး သွားအောင် ထိန်းသိမ်းရတာတို့ စသဖြင့် တာဝန်တွေလည်း ကြီးပါတယ်” ဟု ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောကြားသည်။
မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းမှာ ကိုဗစ်ကပ်ရောဂါ ကလာမှစတင်ပြီးအခက်အခဲများဖြစ်ပေါ် ခဲ့ကာနိုင်ငံရေးအခြေအနေ၊လမ်းခရီးမလုံခြုံမှု၊လေယာဉ်ခရီးစဉ် စျေးနှုန်းများကပိုမိုအခက်အခဲဖြစ်ပေါ် လာခဲ့ကြောင်းသိရသည်။မြိတ်ခရိုင်တွင်ခရီးသွားဝန်ဆောင်မှုပေး နေသည့်လုပ်ငန်း ၄၀ ကျော်ရှိသော်လည်းယခုအခါအများစုရပ်နားထားကာလုပ်ငန်းအနည်းငယ်မှာ လည်းဒေသခံများကိုသာအားထားလည်ပတ်နေရကြောင်းသိရသည်။