ရီးယဲလ်မက်ဒရစ်အသင်းသည် PSG တိုက်စစ်မှူး ဘာပေ ရောက်လာပါက အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ရောင်းထုတ်ဖွယ်ရှိကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ၂၀၂၄ နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဟု သတင်းထွက်နေသည်။
လာမည့်နွေတွင် ဘာပေ နှင့် အန်းဒရစ်တို့သာ ရောက်လာပါက ရီးယဲလ်အသင်းသည် ၎င်းကိုနေရာပေးရန် ဗင်နီစီယပ်စ်အား ပြောင်းရွှေ့ကြေးများစွာဖြင့် ရောင်းထုတ်လိုနေခြင်းဖြစ်သည်။