မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၆၇ လမ်းနှင့် ၆၈ လမ်း ကြား၊ ၁၁၁ လမ်းနှင့် ၁၁၂ လမ်းကြား ၄၀ ပေ နှင့် ၃၅ ပေ ပတ်လည် နံကပ် နှစ်ထပ်နေအိမ် အပေါ်ထပ်တွင် ဇန်နဝါရီ ၁၀ ရက်၊ နံနက် အစော ၁ နာရီ ၁၃ အချိန်ခန့်က ရေခဲသေတ္တာ အပူလွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်း ရရှိသည်။
မီးလောင်မှုကြောင့် အိမ်ရှင်ဖြစ်သူ အသက် ၇၇ နှစ် အရွယ် အမျိုးသားမှာ မီးခိုး မွှန်ကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနမှ ဆက် လက် သတင်းရရှိသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်း ဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှု ယာဉ် နှစ်စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ မန္တလေးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အောင် ပင်လယ်နယ်မြေမီးသတ်စခန်းမှ ရေသယ် ယာဉ်တစ်စီး၊ ချမ်းအေးသာစံမြို့နယ် မီးသတ် စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ မြို့သစ်(၂)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မြို့သစ်(၄) အရန်မီးသတ်စခန်းမှ မီး ငြှိမ်းသတ်ယာဉ်တစ်စီး၊ တမ္ပဝတီ အရန်မီး သတ် စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ကံ သာယာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် တစ်စီး၊ ကျွန်းလုံးဥသျှောင်အရန်မီးသတ် စခန်း မှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ အောင်သာ ယာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်တစ် စီး၊မြရည်နန္ဒာအရန်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်တစ်စီး၊ အောင်ပင်လယ်(၂)အရန် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ြဃြ သီးသန့်မီးသတ်စခန်းမှ မီးငြိှမ်းသတ် ယာဉ်တစ်စီး၊ စုစုပေါင်းမီးသတ်ယာဉ်၁၅ စီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ သန္ဓေ ၄ဝဦး၊ အရန် ၅ဝဦးတို့ဖြင့် သွားရောက် ငြိှမ်းသတ်ခဲ့ကြောင်း၊ နံနက်အစော ၁ နာရီ ၃၈ မိနစ်တွင် မီးထိန်း နိုင်ပြီး ၁ နာရီ ၅၈ မိနစ် တွင် မီးလုံးဝငြိမ်းခဲ့ ကြောင်း သိရှိရသည်။
သေဆုံးသူအား ချမ်းမြသာစည်တောင် ရပ်ကွက်၊ ရွာဘုံလူမှုကူညီရေးအသင်းမှကား ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ကြောင်း သိရသည်။