Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, May 21
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

စပါးနှင့်ပွဲ၌ အဲရစ်ဆင်၊ လုခ်ရှောနှင့် မက်ဂွိုင်းရားတို့ ပါဝင်နိုင်

January 11, 20241 Min Read
Share
Facebook Twitter

မန်ယူနည်းပြ တန်ဟက်ဂ်က စပါးအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဲရစ်ဆင်၊ လုခ်ရှောနှင့် မက်ဂွိုင်းရားတို့ ပါဝင်ကစားနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါကစားသမား (၃)ဦးစလုံးသည် ဒဏ်ရာပြဿနာများကြောင့် အနားယူနေရပြီး ယခုအခါ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်ကြောင်း သိရှိရသည်။

တန်ဟက်ဂ်က ”ဒီတစ်ပတ်မှာ ကစားနိုင်မယ့် ကစားသမားတွေ ရှိပါတယ်။ အဲရစ်ဆင်၊ လုခ်ရှောနဲ့ မက်ဂွိုင်းရားတို့ဟာ ဒီတစ်ပတ်ကစားမယ့် စပါးနဲ့ပွဲမှာ ပါဝင်နိုင်ပါတယ်။ မေဆန်မောင့်ကတော့ တစ်ပတ်လောက် နားရဦးမှာပါ”ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)အဖြစ် ဇန်နဝါရီ (၁၄)ရက်တွင် စပါးအသင်းနှင့် အိမ်ကွင်း၌ ကစားရမည်ဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleပြည်တွင်းရေး အကျပ်အတည်းများနှင့် ရုန်းကန်နေရသည့် အီရန်
Next Article မက်ဆီ၊ နေမာနှင့် ဘာပေတို့ (၃)ဦးအတွက် PSG အသင်း ကုန်ကျမှုမှာ ပေါင်တစ်ဘီလီယံနီးပါးရှိခဲ့ကြောင်း Daily Mail ဖော်ပြ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
World 0 Views

ပြည်တွင်းရေး အကျပ်အတည်းများနှင့် ရုန်းကန်နေရသည့် အီရန်

January 10, 20242 Mins Read
Share
Facebook Twitter

အရှေ့အလယ်ပိုင်းဒေသမငြိမ်သက်မှုတွင် အနောက်အုပ်စုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု အီရန်ကစွပ်စွဲထားသည်။သို့သော် IS အဖွဲ့က ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု အခိုင်အမာပြောဆိုထားသော ဗုံးပေါက်ကွဲမှုနှစ်ကြိမ်သည် အီရန်၏ ကိုယ်ပိုင်ပြည်တွင်းရေးအားနည်းချက်ကို အ ထူးသတိပေးမှုတစ်ရပ်ဖြစ်နေသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃ ရက်က အီရန်တော်လှန်ရေး အစောင့်တပ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေ မာနီသေဆုံးသည့် စတုတ္ထမြောက်နှစ်ပတ်လည်ပွဲကို တက်ရောက်လာသည့် လူအုပ်အတွင်း ၁၅ မိနစ်ခြားကာ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းကြောင့် လူအယောက် ၉၀ ခန့် သေဆုံးခဲ့သည်။

ဘဂ္ဂဒတ်မြို့တော်သို့ ရောက်ရှိခဲ့ပြီးနောက် မကြာမီ အမေရိကန်၏ဒရုန်းတိုက်ခိုက်မှုကြောင့် ၂၀၂ဝပြည့်နှစ် ဇန်နဝါရီလတွင် သေဆုံးခဲ့သော ဆိုလေမာနီသည် Quds Force ကို ဦးဆောင်ခဲ့ပြီး အရှေ့အ လယ်ပိုင်းဒေသတစ်လျှောက် အီရန်စစ်တပ်၏ စစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲခဲ့သည်။

အစ္စရေး၏ ရန်ဘက်ဖြစ်သော အီရန်သည် ဒေသတွင်း၌ “အီရန်တော်လှန်းရေး မဟာမိတ်အဖွဲ့”ကို ထူထောင်ထားကာ လက်ဘနွန်၏ စစ်သွေးကြွဟဇ်ဘိုလာအဖွဲ့၊ အီရတ်နှင့်ဆီးရီးယားရှိ ရှီးယိုက်ပြည်သူ့စစ်နှင့် ယီမင်နိုင်ငံ၏ ဟူရ်သီသူပုန်များကို မှီခိုအားထားနေသည်။

“အီရန်အနေနဲ့ အီရန်စစ်သားတစ်ယောက်တောင်မလိုပါဘူး။ သူထောက်ပံ့ပေးထားတဲ့အဖွဲ့တွေက လုပ်ပေးပါလိမ့်မယ်”ဟု ဂျီနီဗာရှိ အာရပ်နှင့်မြေထဲပင်လယ်ဆိုင်ရာ သုတေသနလေ့လာရေးစင်တာ၏ ညွှန်ကြား ရေးမှူး ဟက်စ်နီအဘီဒီကဆိုသည်။

သို့သော် အီရန်သည် အန္တရာယ်ပြုနိုင်သည့် ကြီးမားသော စွမ်းရည်နှင့်အတူအရေးပါသော ဒေသဆိုင်ရာစွမ်းအားတစ်ခုဖြစ်နေသော်လည်း နိုင်ငံအတွင်း၌ အထိမခံသည့်အခြေအနေဖြစ်နေသည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်က အီရန်ကျောထောက်နောက်ခံပြု ဟားမာ့စ်လက်နက်ကိုင်တို့သည် ဂါဇာနယ်စပ်ကို ဖြတ်ကျော်၍ အစ္စရေးနိုင်ငံတွင်းသို့ထိုးဖောက်ဝင်ရောက်ကာ ယင်းတိုက်ခိုက်မှုအတွင်းအရပ်သားအများစု အပါအဝင် လူ ၁,၁၄၀ ခန့် သေဆုံးခဲ့သည်။ အီရန်အစိုးရကမူ ယင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားသည်။

ထို့ပြင် အီရန်အစိုးရသည် နိုင်ငံတကာကုန်သွယ်ရေးကို ဆိုးရွားစွာ အနှောင့်အယှက်ဖြစ်စေခဲ့သော အစ္စရေး-ဟားမာ့စ်စစ်ပွဲဖြစ် ပွားချိန်ကတည်းက အဓိကပင်လယ်နီရေလက်ကြားတွင် ဖြတ်သန်းသွားလာသော သင်္ဘောများကို ဟူရ်သီလက်နက်ကိုင်တို့က တိုက်ခိုက်နေသည့်ဖြစ်စဉ်နှင့်ပတ်သက်၍လည်း ယင်းလက်နက်ကိုင်များကို အကူအညီပေးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

IS စစ်သွေးကြွများ၏ ဇန်နဝါရီ ၃ ရက် တိုက်ခိုက်မှုဖြစ်စဉ်သည် အစ္စရေးက အီရန်၏ တစ်ခုတည်းသော ရန်ဘက်မဟုတ်ကြောင်းနှင့် အီရန်သည် အခြားရန်ဘက်များနှင့်နိုင်ငံအတွင်း ပြင်းထန်သော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သတိပေးချက်တစ်ရပ်ဖြစ်သည်။

“ဒီအချက်အရ အီရန်ဟာ အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပျော့ကွက်ရှိနေဆဲဖြစ်ပြီးကြီးကြီးမားမား တိုက်ခိုက်မှုတွေကနေသူတို့ရဲ့ပြည်သူတွေကို ကာကွယ်နိုင်စွမ်းမရှိတာဟာ ဆိုးရွားတဲ့လုံခြုံရေးအားနည်းမှုကို ဖော်ပြနေ ရာရောက်ပါတယ်”ဟု Chatham House ကျွမ်းကျင်ပညာရှင်များအဖွဲ့၏ညွှန်ကြားရေးမှူး ဆာနမ်ဗာကီလ်က ပြောကြားခဲ့သည်။

ပြည်တွင်းခြိမ်းခြောက်မှုများ

အီရန်နိုင်ငံကို ၂၀၁၇ ခုနှစ်က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သော IS အဖွဲ့သည်တီ ဟီရန်မြို့တော်ရှိ ပါလီမန်အဆောက်အအုံနှင့် အီရန်နိုင်ငံကိုတည်ထောင်သူ အယာတို လာရူဟိုလာခိုမီနီ၏ ဂူဗိမာန်တို့ကိုပစ်မှတ် ထားခဲ့သည်။ လူ ၁၇ ဦးခန့်သေဆုံးခဲ့ပြီးလူပေါင်းဒါဇင်ချီထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သို့သော် အီရန်သည် ခွဲထွက်ရေးလှုပ်ရှား မှုအများအပြားနှင့်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့သည်။

ပါကစ္စတန်နယ်စပ်ရှိ ဖွံ့ဖြိုးမှုအားနည်းသော ဆစ်စတန်-ဘာလူချီစတန်ပြည်နယ်တွင် မငြိမ်မသက်မှုများ၌ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများ၊ ဘာလူချီလူနည်းစုမှသူပုန်များနှင့် ဆွန်နီမွတ်စလင်အစွန်းရောက်များ ပါဝင်သည်။

အာရပ်လူနည်းစုများ၏နေရပ်ဖြစ်သည့် နိုင်ငံအနောက်တောင်ပိုင်း ခူဇက်စတန်ပြည်နယ်တွင် ဒေသခံများသည် ဘေးဖယ်ခံထားရခြင်းကို ကာလကြာရှည် မကျေမနပ်ဖြစ်နေကြပြီး အချို့အုပ်စုများက မကြာသေးမီနှစ် များအတွင်း တိုက်ခိုက်မှုအများအပြားကိုလုပ်ဆောင်ခဲ့သည်။

အီရန်သည် အစ္စရေးအပါအဝင် ပြည်ပနိုင်ငံများအတွက် အလုပ်လုပ်ပေးနေသည်ဟု သံသယရှိသော အေးဂျင့်များကို ဖမ်းဆီးထားသည်ဟု ယခင်က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် အီရန်က အစ္စရေးသည် ၎င်း၏ နျူကလီးယားနေရာများကို ဖျက်ဆီးကာ အီရန်သိပ္ပံပညာရှင်များကို လုပ်ကြံနေကြောင်း စွပ်စွဲပြောကြားခဲ့သည်။

အီရန်အစိုးရ၏ အရေးပါသောနျူကလီးယားနှင့် စစ်ဘက်တာဝန်ရှိသူများနှင့်အရေးပါသော အဆောက်အအုံများကို ကာကွယ်နိုင်စွမ်းမရှိခြင်းက ၎င်း၏လုံခြုံရေးတပ်ဖွဲ့များသည် ၎င်းတို့၏အဓိကတာဝန်များကို ပျက်ကွက်နေကြောင်းပြသနေသည်ဟု International Crisis Group ကျွမ်းကျင်ပညာရှင်များအဖွဲ့၏ အီရန်စီမံကိန်း၏ညွှန်ကြားရေးမှူးနှင့် အကြီးတန်းအကြံပေးသူ အလီဗေ့ဇ်က ပြောကြားခဲ့သည်။

အီရန်တွင် ကာ့ဒ်လူမျိုး အမျိုးသမီးမာဆာအာမီနီ သေဆုံးခဲ့ပြီးနောက် ၂၀၂၂ခုနှစ် စက်တင်ဘာတွင် လမ်းများ၌ ဆန္ဒပြမှုများလပေါင်းများစွာ ဖြစ်ပွားခဲ့သည်။

အာမီနီသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ အမျိုးသမီးများအပေါ် ချမှတ်ထားသည့် တင်းကျပ်သော ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းချက်များကိုချိုးဖောက်သည်ဟု စွပ်စွဲခဲ့ရကာ ဖမ်းဆီးခံခဲ့ရပြီးနောက်သုံး ရက်အကြာတွင် ရဲစခန်း၌သေဆုံးခဲ့သည်။

၎င်း၏သေဆုံးမှုကြောင့်အမျိုးသမီးများက ၎င်းတို့၏ခေါင်းစည်းပဝါများကို မီးရှို့သည့် မကြုံစဖူးဖြစ်စဉ်များနှင့် အများပြည်သူနေရာများတွင် ၎င်းတို့၏ဆံပင်များကို ဖုံးအုပ်မထားဘဲသွားလာခြင်းဖြင့် ပြောင်ပြောင်တင်းတင်း ဖီဆန်မှုများ ဖြစ်ပေါ်ခဲ့သည်။

“ခေါင်းခြုံပဝါတွေမပါတဲ့ အမျိုးသမီးတွေကို နှောင့်ယှက်တာ ဒါမှမဟုတ် အရပ်ဘက်အဖွဲ့အစည်းတွေအပေါ် နှိမ်နင်းမှုတွေ အပေါ်အာရုံစိုက်နေတာတွေဟာ အီရန်လုံခြုံရေးအဖွဲ့တွေက သူတို့ရဲ့ဦးစားပေးဆောင် ရွက်ရမယ့်အလုပ်တွေကို ပျက်ကွယ်နေတယ်ဆိုတာ ထင်ရှားနေပါတယ်”ဟု ဗေ့ဇ်ကဆိုသည်။

ရေနံကဲ့သို့သော အဓိကကဏ္ဍများကို ပစ်မှတ်ထား၍ အမေရိကန်က ဦးဆောင်သော နိုင်ငံတကာ ပိတ်ဆို့မှုများကြောင့်နှစ်ပေါင်းများစွာ စီးပွားရေးကျပ်တည်းမှုများကြားတွင် မကျေနပ်မှုများလည်း ကြီးထွားလာကြသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အောက်တိုဘာလက အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုသည် ၄၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်ဟုဆိုသည်။

စီးပွားရေးကို မြန်မြန်ပြန်စရေးအတွက် အရေးပါသောအရေးယူပိတ်ဆို့မှုများကို ရုပ် သိမ်းပေးကာအပြန်အလှန်အားဖြင့်အီရန်၏ နျူကလီးယားလုပ်ဆောင်မှုများကိုကန့်သတ်သည့်ကိစ္စကို ကမ္ဘာ့ အင်အားကြီး နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမှုများသည် ရပ်တန့်နေခဲ့သည်။

“နျူကလီးယားစီမံကိန်းကို လုပ်ဆောင်နေတာဟာအီရန်အစိုးရအတွက်အစွဲ အလမ်းတစ်ခု ဖြစ်နေပါတယ်”ဟုအဘီဒီက ဆိုသည်။

အကြီးတန်းအကြံပေးသူ အလီဗေ့ဇ်ကမူ “အီရန်ဟာ သူ့ရဲ့အမိမြေကို ထိထိရောက် ရောက်ကာကွယ်နိုင်မှာမဟုတ်တဲ့အတွက် ဒေသတွင်းပဋိပက္ခကို နှိုးဆော်နေတဲ့စစ်ပွဲတွေကို မြင်တွေ့ဖို့ ဝန်လေးနေပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။ 

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအီကွေဒေါ နိုင်ငံပိုင် ရုပ်သံတစ်ခုတွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေစဉ် သေနတ်သမားများ ဝင်ရောက်စီးနင်းမှု ဖြစ်ပွား
Next Article စပါးနှင့်ပွဲ၌ အဲရစ်ဆင်၊ လုခ်ရှောနှင့် မက်ဂွိုင်းရားတို့ ပါဝင်နိုင်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.