Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, May 25
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

မက်ဆီ၊ နေမာနှင့် ဘာပေတို့ (၃)ဦးအတွက် PSG အသင်း ကုန်ကျမှုမှာ ပေါင်တစ်ဘီလီယံနီးပါးရှိခဲ့ကြောင်း Daily Mail ဖော်ပြ

January 11, 20241 Min Read
Share
Facebook Twitter

PSG အသင်းသည် မက်ဆီ၊ နေမာနှင့် ဘာပေ (MNM)တိုက်စစ်အတွဲအတွက် ကုန်ကျခဲ့သည့် ငွေကြေးစုစုပေါင်းမှာ ပေါင် တစ်ဘီလီယံနီးပါးရှိကြောင်း သိရသည်။

ဗြိတိန်သတင်းစာ Daily Mail က ယင်းကစားသမား (၃)ဦး၏ ပြောင်းရွှေ့ကြေးအပါအဝင် အသင်းသို့ ရောက်ရှိလာကတည်းက ကုန်ကျစရိတ်အားလုံးကို စုပေါင်းတွက်ချက်ထားခြင်းဖြစ်သည်။

PSG အသင်းသည် ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရန်အတွက် MNM တိုက်စစ်အတွဲကို ဖော်ဆောင်ခဲ့့ခြင်းဖြစ်သည်။

သို့သော် ယင်းကစားသမား (၃)ဦး အတူတကွကစားခဲ့သည့် နှစ်ရာသီတွင် PSG အသင်းမှာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်မှသာ လှည့်ပြန်ခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်၊ ၂၀၂၃ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းများကို အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

PSG အသင်းသည် ကာတာပိုင်ဆိုင်မှုအောက်သို့ ရောက်ရှိသည်မှာ (၁၁)နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၂၀၁၂-၁၃ မှ ၂၀၁၅-၁၆ ရာသီအထိ (၄)ရာသီဆက် ကွာတားဖိုင်နယ်၊ ၂၀၁၆-၁၇ မှ ၂၀၁၈-၁၉ ရာသီအထိ (၃)ရာသီဆက် ၁၆ သင်းအဆင့်၊ ၂၀၁၉-၂၀ ရာသီတွင် ဒုတိယနှင့် ၂၀၂၀-၂၁ ရာသီတွင် ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့သည်။

သို့သော် ကမ္ဘာ့ဘောလုံးလောကမှ စိတ်ဝင်တစားစောင့်ကြည့်ခဲ့သည့် MNM တိုက်စစ်အတွဲလက်ထက်တွင် နှစ်ရာသီဆက် (၁၆)သင်းအဆင့်နှင့်သာ ကျေနပ်ခဲ့ရသည်။

MNM တိုက်စစ်အတွဲသည် ပြီးခဲ့သည့် နွေရာသီကတည်းက ပြိုကွဲသွားခဲ့ပြီး မက်ဆီက မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနှင့် နေမာက ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။

ဘာပေမှာလည်း ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်ပြည့်မည်ဖြစ်ပြီး အသင်းမှထွက်ခွာရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

PSG အသင်းသည် မက်ဆီကို ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေး မပေးရသော်လည်း နေမာကို ၂၀၁၇ ခုနှစ်တွင် ခေါ်ယူစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈)သန်း၊ ဘာပေကို ၂၀၁၈ ခုနှစ်တွင် ပြောင်းရွှေ့ကြေး ပေါင် (၁၆၆)သန်းဖြင့် စုစုပေါင်း ပေါင် (၃၆၄)သန်းအထိ ကုန်ကျခဲ့ကာ လစာ၊ အပိုဆုကြေးများနှင့်ပေါင်းလျှင် ပေါင် တစ်ဘီလီယံနီးပါးအထိရှိခဲ့ကြောင်း သိရသည်။

PSG အသင်းသို့ မက်ဆီ ရောက်ရှိလာသည့် ၂၀၂၁-၂၂ ရာသီတွင် အသင်းမှာ ဘောလုံးလောကတွင် စံချိန်တင်လစာပေးချေမှုအဖြစ် ပေါင် (၆၄၃)သန်းအထိရှိခဲ့သည်။

ဘာပေသည် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၂၈၄)ပွဲကစားရာတွင် (၂၃၇) ဂိုး သွင်းယူပေးထားပြီး အသင်းမှ ထွက်ခွာသွားပြီဖြစ်သည့် နေမာက ပြိုင်ပွဲစုံ (၁၇၃)ပွဲကစားရာတွင် (၁၁၈)ဂိုး၊ မက်ဆီက ပြိုင်ပွဲစုံ (၇၅)ပွဲကစားရာတွင် (၃၂)ဂိုး အသီးသီး သွင်းယူပေးခဲ့ကြသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleစပါးနှင့်ပွဲ၌ အဲရစ်ဆင်၊ လုခ်ရှောနှင့် မက်ဂွိုင်းရားတို့ ပါဝင်နိုင်
Next Article ဘာပေ ရောက်ပါက ဗင်နီစီယပ်စ်ကို ရီးယဲလ်ရောင်းထုတ်ဖွယ်ရှိ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.