Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ဆူဒန်နိုင်ငံတွင်ဖြစ်ပွားနေသည့် ကျန်းမာရေးအကျပ်အတည်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်အရေးတကြီးလုပ်ဆောင်ရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြော ကြားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ငွေကြေးအကူအညီများကို မြှင့်တင်ပေးရန် တောင်းဆိုခဲ့သည်။ ဆူဒန်တွင် တိုက်ပွဲများကြောင့် ဒေသဆိုင်ရာ ကျန်းမာရေး အဆောက်အအုံအများစုသည် လည်ပတ်နိုင်ခြင်းမရှိကြောင်းWHO အကြီးအကဲ တက်ဒရိုအာဒါနွန် ဂေဘရီယေဆုက ပြောကြားခဲ့သည်။ ဆူဒန်တွင် ဧပြီ ၁၅ ရက်ကတည်းက စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖာတာအယ် ဘာဟန်နှင့် အရန်တပ်ဖွဲ့(RSF) ၏ တပ်မှူး မိုဟာမက်ဟမ်ဒန် ဒါဂလိုတို့အကြား သဘောထားကွဲလွဲမှုများကြောင့် စစ်ပွဲစတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ဆူဒန်၏ မြို့တော်ခါတွန်တွင် တိုက်ပွဲများပြင်းထန်သေဖြင့် လူပေါင်း ၅ သိန်းကျော်သည် ခါတွန်မြို့တော်တောင်ပိုင်း အယ်လ်ဂျာဇီးယားပြည်နယ်တွင် ခိုုလှုံနေထိုင်ခဲ့သည်။ သို့သော် ယခုလအတွင်း အရန်တပ်ဖွဲ့ဝင်များသည် ထိုပြည်နယ်အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာသဖြင့် စစ်ဘေးရှောင် ၃၀၀၀၀၀ ကျော်သည် နောက်ထပ်တစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ လူပေါင်းသိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် အတူလူသားချင်းစာနာထောက်ထားမှုနှင့် ကျန်းမာရေးအကျပ်အတည်းများ နက်ရှိုင်းစွာဖြစ်ပွားနေချိန်တွင် ဆူဒန်၏ပဋိပက္ခကို ရပ်တန့်ပြီး ပုံမှန်အခြေအနေပြန်ဖြစ်အောင် အရေးတကြီး လုပ်ဆောင်ရန်လိုအပ်ကြောင်း တက်ဒရိုက X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။ ဆူဒန်နိုင်ငံတွင် ပဋိပက္ခများကြောင့် လူပေါင်းခုနစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်းကုလသမဂ္ဂက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့ပြီး ထိုအရေအတွက်သည်ထပ်မံမြင့်တက်လာနိုင်ခြေရှိသည်ဟု ဆိုသည်။ “နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့(IOM)ရဲ့ ထုတ်ပြန်ချက်အရ အယ်လ်ဂျာဇီးယား ပြည်နယ်က ဝက်မာဒီနီ မြို့မှာ လူပေါင်း ၃၀၀၀၀၀ အထိ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်”ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏…
အီရန်သည် ၎င်း၏ရန်ဘက်ဖြစ်သည့် အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်ပေးမှုဖြင့် လူလေးဦးကို ဒီဇင်ဘာ ၂၉ ရက်တွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း တရားစီရင်ရေးအဖွဲ့က ပြောကြားခဲ့သည်။ အီရန်အာဏာပိုင်များသည် အလားတူစွဲချက်ဖြင့် အမျိုးသားတစ်ဦးကို ကွပ်မျက်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်မပြည့်မီအချိန်မှာပင် နောက်ထပ်လူလေးဦးကို ထပ်မံကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးနှင့် ဆက်နွှယ်သည့် အဖျက်အမှောင့်လုပ်ငန်းများလုပ်သည့် အဖွဲ့တစ်ဖွဲ့ထဲမှ အဖွဲ့ဝင်လေးဦးကို ယခုနံနက်ပိုင်းတွင် အီရန်၏ အနောက်မြောက်ပိုင်း အနောက်အဇာဘိုင်ဂျန်ပြည်နယ်တွင် ကြိုးပေးကွပ်မျက်လိုက်ကြောင်း အီရန်တရားစီရင်ရေးအဖွဲ့၏ Mizan Online ဝက်ဘ်ဆိုက်တွင် ရေးသားဖော် ပြခဲ့သည်။ ကွပ်မျက်ခံရသူ လေးဦးအနက် ဗာဖာဟာနာရာ၊ အာရမ် အိုမာရီနှင့် ရာမန်ပါဟာဇိုတို့သည် အမျိုးသားများဖြစ်ပြီး နာစင် နာမာဇီသည် အမျိုးသမီးဖြစ်ကြောင်း၊ ၎င်းတို့အားလုံးသည် အစ္စရေးနှင့်ပူးပေါင်းပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် စစ်ပွဲဆင်နွှဲမှု၊ ကမ္ဘာမြေပေါ်တွင် စာရိတ္တပျက်စီးမှုစွဲချက်များဖြင့် သေဒဏ် ချမှတ်ခံခဲ့ရသူများဖြစ်ကြောင်း အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ထိုအဖွဲ့သည် အစ္စရေး၏ ထောက်လှမ်းရေးအေဂျင်စီဖြစ်သည့် မော့ဆက်အဖွဲ့၏ လမ်းညွှန်မှုအောက်တွင် အီရန်၏ လုံခြုံရေးကို ဆန့်ကျင်သည့် ကြီးမားသည့်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း Mizan ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ အီရန်သည် အစ္စရေးကို အသိအမှတ်ပြုထားခြင်းမရှိဘဲ ထိုနှစ်နိုင်ငံသည် နှစ်ပေါင်းများစွာကြာ ထိပ်တိုက်တွေ့ခဲ့သည်။ ထို့ပြင် မကြာသေးမီရက်ပိုင်းအတွင်းက ဆီးရီးယားနိုင်ငံတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်၏ထိပ်သီးဗိုလ် ချုပ်ကြီးတစ်ဦး သေဆုံးခဲ့ပြီးနောက် အီရန်ကအစ္စရေးကို လက်စားချေသွားမည်ဟု ပြော ကြားခဲ့သည်။ အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ပြည်ပစစ်ဆင်ရေးများ လုပ်ဆောင်သည့် Quds တပ်ဖွဲ့၏ တပ်မှူးဖြစ်သူ ရာဇီမူဆာဗီသည် ဒီဇင်ဘာ ၂၅ ရက်က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်အနီးတွင်…
ကွန်မြူနစ်ပါတီအပေါ် သစ္စာစောင့်သိပြီး သံမဏိကဲ့သို့ ခိုင်မာတောင့်တင်းသည့် သံတမန် အင်အားစုကို တည်ဆောက်ရန် တရုတ်သမ္မတရှီကျင်းပင်က ဒီဇင်ဘာ ၂၉ ရက်တွင် တရုတ်သံအမတ်များကို တိုက်တွန်း ခဲ့သည်။ ထို့ပြင် သံတမန်အချို့က သုံးနှုန်းလေ့ရှိသည့် ခက်ထန်သော Wolf Warrior ဒစ်ပ လိုမေစီကို ပြန်လည်အသက်သွင်းရန်လည်း ၎င်းက တိုက်တွန်းခဲ့ခြင်းကြောင့် တရုတ်အနေ ဖြင့် ပိုမိုတင်းမာခက်ထန်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလာသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။ “ရဲရဲဝံ့ဝံ့ ရုန်းကန်တိုက်ပွဲဝင်ပြီး အ မျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်သူတွေအဖြစ် ရပ်တည်ကြပါ။ အင်အားကြီးတွေကို ဆန့်ကျင်တွန်းလှန်ဖို့ ပြင်းပြ တဲ့ စိတ်ဆန္ဒ၊ အသင့်အနေအထားကနေ ပြင် ဆင်မှုတွေနဲ့အတူ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြတ် ပြတ်သားသား ကာကွယ်စောင့်ရှောက်ဖို့ လို အပ်တယ်” ဟု သမ္မတရှီက ပြည်ပတွင် အသီး သီးတာဝန်ထမ်းဆောင်နေသည့် တရုတ်သံတ မန်များနှင့် ပေကျင်းမြို့၌ တွေ့ဆုံစဉ် တိုက် တွန်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်ခဲ့သည်။ ၎င်း၏မှတ်ချက် စကားသည် ၂၀၂၀ ခုနှစ်ကတည်းက တရုတ် သံတမန်များ ကျင့်သုံးခဲ့သည့် ပိုမိုခက်ထန် ပြီး ထိပ်တိုက်တွေ့တတ်သည့် တုံ့ပြန်ပြောဆို မှုပုံစံကို ပြန်လည်အမှတ်ရစေခဲ့သည်။ ပါတီ စည်းမျဉ်းများကို တစ်သဝေမတိမ်း လိုက်နာ ရန်လည်း ရှီကတိုက်တွန်းခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေဒေါ်လာ ၁ ဒသမ၃၈၂ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ပို့ကုန်ဒေါ်လာ ၁၀၄၀၆ ဒသမ ၂၇၃ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၁၇၈၈ ဒသမ ၅၆၉သန်းရှိခဲ့ကာ ကုန်သွယ်မှုပမာဏဒေါ်လာ ၂၂၁၉၄ ဒသမ ၈၄၂ သန်းအထိ ရရှိခဲ့သည်။ ယင်းအနက်သွင်းကုန်တင်သွင်းမှုမှာ ပို့ကုန်တင်ပို့မှုထက်ဒေါ်လာ ၁၃၈၂ သန်းကျော်ဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၃၈၂ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။ ၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှမတ် ၃၁ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀ ဒသ မ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ၃ဒသမ ၅၇၃ ဘီလျံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ပမာဏဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်းကုန်ပမာဏဒေါ်လာ ၁၇ ဒသ မ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ…
ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်က စာချုပ်သက်တမ်း ခြောက်လသာ ကျန်ရှိသော်လည်း အနာဂတ်ကို အလျင်အမြန်ဆွေးနွေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၆၀ ရှိပြီဖြစ်သည့် စကော့တလန်နိုင်ငံသားနည်းပြ ဒေးဗစ်မွိုက်စ်သည် ဝက်စ်ဟမ်းအသင်းကို ဒုတိယအကြိမ် ကိုင်တွယ်နေခြင်းဖြစ်ပြီး ယခုရာသီကုန်တွင် စာချုပ်ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်အခြေအနေကိုမေးမြန်းရာ ဒေးဗစ်မွိုက်စ်က ယင်းကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။ “ကျွန်တော်တို့ စကားပြောဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ထဲမှာ ဘယ်သူကမှ မြန်မြန်ပြီးအောင်လုပ်ဖို့ ခုန်ပေါက်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အပြီးသတ်နိုင်အောင် လုပ်မှာပါ။ ပြဿနာအများကြီးလည်း ကျွန်တော်မမြင်မိပါဘူး။ ကျွန်တော်တို့ အလျင်စလို မဖြစ်ပါဘူး။ ကျွန်တော်တို့ အဆင်သင့်ဖြစ်တဲ့ အချိန်ကျရင် အပြီးသတ်နိုင်မှာပါ။ ကျွန်တော့်ရဲ့အချိန်တွေကို ပျော်နေပါတယ်။ ကျွန်တော်တို့ လာခဲ့တုန်းက ဝက်စ်ဟမ်းကို တန်းမဆင်းရအောင် လုပ်ပေးဖို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့က ပိုကောင်းပြီး တိုးတက်လာတယ်။ ကျွန်တော်တို့က ဇယားထိပ်မှာ ညစာစားနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အဆင်ပြေပါတယ်။ ဘုတ်အဖွဲ့နဲ့လည်း အဆင်ပြေပါတယ်။ ဥရောပနဲ့ ပရီးမီးယားလိဂ်မှာ အသင်းကို အင်အားတောင့်တင်းအောင် စွမ်းဆောင်ထားနိုင်လို့ သူတို့ဝမ်းသာနေပါတယ်” ဟု ဒေးဗစ်မွိုက်စ်က ပြောကြားခဲ့သည်။
တစ်နှစ်တာ ကုန်ခဲ့ပြန်ပါပြီ။ ကောင်းခဲ့တာတွေ၊ မကောင်းခဲ့တာတွေ၊ နှစ်သက်ခဲ့တာတွေ၊ မနှစ်သက်ခဲ့တာတွေ၊ အဆင်ပြေခဲ့တာတွေ၊ အဆင်မပြေခဲ့တာတွေ၊ စိတ်ချမ်းသာခဲ့တာတွေ၊ စိတ်မချမ်းသာခဲ့တွေ။ တစ်နှစ်တာကာလအတွင်းမှာ ဖြစ်ပျက်ခဲ့သမျှ အကောင်းအဆိုး အခြေအနေတွေအားလုံးဟာ ရုပ်ရှင်ဇာတ်လမ်း တစ်ပုဒ်လိုပါပဲ “ ပြီးပါပြီ” လို့စာတန်းထိုးတဲ့အချိန်ပေါ့။ အချိန်နာရီ၊ နေရက်အဟောင်းတွေကို ထုပ်ပိုးထားပြီး “အတိတ်ကာလ” လို့ တံဆိပ်ကပ်ထားတဲ့ ၂၀၂၃ အထုပ်ထဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာတွေအားလုံးကို သိမ်းကျုံးလုံးထွေးပြွတ်သိပ်ထည့်လိုက်ကြပြီ။ ပျော်စရာကောင်းတာတွေရော ရှိခဲ့ရဲ့လားလို့ ရှာရှာဖွေဖွေကြည့်မိတော့ မည်းမှောင်နေတဲ့ အခန်းကျဉ်းတစ်ခုရဲ့ထောင့်လေးမှာ သုံးလို့မရတော့ လက်ကျန်ပျော်စရာတွေက လွှင့်ပစ်ရတော့မယ့် အဟောင်းအနွမ်းပစ္စည်းတွေလို မည်းမည်းညစ်ညစ်တွေဖြစ်လို့။ သူတို့ကို အမှိုက်ပုံဆီပို့ပေးမယ့် လူတွေကို စိတ်ပျက်လက်ပျက်နဲ့ စောင့်နေကြသလို ငေးငေးငိုင်ငိုင်၊ ငူတူတူတွေ။ ၂၀၂၃ ရဲ့ ပျော်ရွှင်စရာ လက်ကျန်ဆိုတာ အိပ်မက်ထဲမှာတောင် ရှာလို့တွေ့ခဲ့ ရဲ့လား။ ကျေနပ်နှစ်သက်စရာဆိုလို့ မူးလို့တောင် ရှူစရာမရှိခဲ့တဲ့၂၀၂၃ ရေ သွားပါတော့ သွားနှင့်ပါတော့။ တကယ်တော့လည်း ပျော်စရာဖြစ်ဖြစ်၊ ဝမ်းနည်းစရာဖြစ်ဖြစ် အတိတ်မှာ အားလုံးကို ထားရစ်ခဲ့ကြရမှာပဲ မဟုတ်လား။ အားလုံးဟာ အချိန်တွေ ကြာမြင့် လေလေ အတိတ်ရဲ့မြေကြီးအောက်ထဲမှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးသွားပြီး နောက်ဆုံးတော့ မေ့ပျောက်သွားကြရတာပါပဲလေ။ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး သတ္တဝါ၊ လူသားတွေရဲ့ ကြီးကျယ်မြင့်မြတ်မှုတွေတောင် သတ်မှတ်ထားတဲ့ရှင်သန်မှုအချိန်ကာလ ကုန်ဆုံးသွားတဲ့နေ့မှာ ပျောက်ကွယ်သွားကြရတာပါပဲ။ သာမန် လူသားတွေ့ရဲ့ သေးသိမ်တဲ့ ဘဝငယ်ငယ်အကြွင်းအကျန်အမှုန်အမွှားလေးတွေလည်း ဒီကမ္ဘာမြေပေါ်မှာ ဘယ်လောက်တောင် ကြာရှည်တည်မြဲနိုင်မှာလဲ။ ဘယ်လောက်မှ မကြာလိုက်တဲ့ ဘဝရှင်သန်မှုတွေ၊ ဘယ်လောက်မှမတည်မြဲတဲ့ရပ်တပ်မှုတွေအပေါ် လူတွေဟာ ပြင်းပြတဲ့ဆန္ဒတွေနဲ့ တပ်မက်တွယ်တာပြီး ဒုက္ခခံနေကြသတဲ့။ ဒါတွေနဲ့…
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ နှစ်သစ်ကူး၊ ပီမိုင်း အထူးလျှော့စျေးရောင်းပွဲတော်သို့ ဒီဇင်ဘာ ၃၁ ရက် က သွားရောက်လည်ပတ်စျေးဝယ်သူ အလွန်များပြားခဲ့ကြောင်း သိရသည်။ မြဝတီချစ်ကြည်ရေးတံတားတွင် နယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ပြုလုပ်ရန် တန်းစီနေကြရသည့် မြန်မာနိုင်ငံသားခရီးသွားများမှာ ရာပေါင်းများစွာရှိပြီး အချိန်များစွာစောင့်ဆိုင်း နေရကြောင်း ခရီးသွားတစ်ဦးက ပြောကြား သည်။ “ဒီနေ့ လူများမယ်ဆိုတာသိလို့ မနေ့က တည်းကသွားဖို့ လုပ်ပါတယ်။ နယ်စပ်ဖြတ် သန်းခွင့်လက်မှတ်မရဘူး။ စာရွက်ကုန်နေ တယ်လို့ ပြောပါတယ်။ ဒီေနေ့တော့ လူအုပ် ကြီးက မြင်တဲ့အတိုင်းပါပဲ။ ထောင်ချီရှိမယ် ထင်ပါတယ်။ မနက်အစောကြီးကတည်းက တန်းစီတာပါ” ဟု မဲဆောက်သို့ စျေးသွားဝယ်မည့် ကိုသူရက ပြောကြားသည်။ နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းခွင့်ပြုလုပ်ရာ တွင် မြန်မာနိုင်ငံဘက်၌ Border Pass စာရွက်အတွက် ကျပ်၁၀၀၀ နှင့် ခွင့်ပြုတံဆိပ်တုံးအတွက် ကျပ် ၅၀၀ သာ ကုန်သော်လည်း ထိုင်းနိုင်ငံဘက်ခြမ်းတွင် စမတ်ကတ်အတွက် ဘတ်၂၀၊ မဲဆောက်၊ မယ်ရမ၊ ဖုတ်ဖရ သုံးမြို့ နယ်အတွင်း သွားလာလည်ပတ်ခွင့် လက်မှတ် အတွက် ဘတ်၄၀၊ စုစုပေါင်း ဘတ် ၆၀ မြန်မာ ငွေ (ကျပ် ၆၀၀၀ ခန့်) ကုန်ကျကြောင်း သိရ သည်။ မြန်မာနိုင်ငံဘက်သို့ ထိုင်းနိုင်ငံသား လာရောက်လည်ပတ်မှုမှာ နေ့စဉ် ဆယ်ဂဏန်း သာရှိသော်လည်း ထိုင်းနိုင်ငံ မဲဆောက်ဘက် သို့ မြန်မာနိုင်ငံသားသွားရောက်လည်ပတ်မှုမှာ နေ့စဉ် ထောင်ဂဏန်းရှိကြောင်း…
နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းကို တစ်ရက်တာပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များထံ စာပေးပို့ထားကြောင်း သိရသည်။ အဆိုပါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များထံ ဒီဇင်ဘာ ၂၉ ရက်စွဲဖြင့် ပေးပို့ထားမှုတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်သည့် ယင်းညမထွက်ရအမိန့်အား ခေတ္တပယ်ဖျက်ခွင့်ပြုခြင်းဖြစ်ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် မြို့နယ်(၄၄)မြို့နယ်တွင် ညမထွက်ရအမိန့်ကို ယခင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်မှစပြီး နံနက်(၁)နာရီမှ (၃)နာရီအထိ ပြင်ဆင်သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ နိုင်ငံတကာနှစ်သစ်ကူးနေ့ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် (Count Down Party)ကို ပြုလုပ်ရန် စီစဉ်ထားသဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက်(၁)နာရီမှ (၃)နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းကို တစ်ရက်တာ ပယ်ဖျက်ခွင့်ပြုကြောင်းသိရသည်။ ရန်ကုန်တိုင်ဒေသကြီးအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ” ဟုတ်ပါတယ်။ နှစ်သစ်ကူးနေ့ တစ်ရက်အတွက်ပဲ ညမထွက်ရအမိန့်ကို ခဏ ရုတ်သိမ်းထားတာပါ ” ဟု ပြောကြားခဲ့သည်။
ရှေ့ကိုချီတက်လာသော အဇာဘိုင်ဂျန်တပ်များလက်မှ လွတ်အောင် အာမေးနီးယားသို့ ထွက်ပြေးမလာမီ ဆာရန်မာတီယိုစီယန်သည် နာဂေါ်နို-ခါရာဘတ်ချ်ရှိသူ၏ အသီးခြံကို နောက်ဆုံးအကြိမ် ပြန်လှည့် ကြည့်လိုက်သည်။ တင်္ဂအကြည့်က ယင်းနောက်ပိုင်းတွင် သူ့အားခြောက်လှန့်နေပါတော့သည်။ “နောက်ဆုံးအကြိမ် ကျွန်တော်ကြည့်ခဲ့တဲ့ ကျွန်တော်တို့ရဲ့လှလှပပဥယျာဉ်လေးရဲ့ပုံဟာ ကျွန်တော့်မျက်လုံးတွေထဲမှာ စွဲထင်ကျန်ရစ်နေပါတယ်။ တလည်းသီးတွေ၊ တည်သီးတွေဟာ နေရောင်တောက်တောက်ထဲ သစ်ပင်တွေပေါ်မှာ ဝင်းလက်နေပါတယ်”ဟု အသားမာတက်နေသောလက်များကိုကြည့်ရင်း ဆာရန်မာတီယိုစီယန်က ပြောသည်။ အသက် ၆၅ နှစ်အရွယ်ရှိ ဆာရန်မာတီယိုစီယန်၏ လူရှစ်ဦးရှိသော မိသားစုသည် ခါရာဘတ်မှ ထွက်ပြေးလာသော တိုင်ရင်းသားအာမေးနီးယား ၁၀၀,၀၀၀ ကျော် ထဲတွင်ပါဝင်သည်။ စက်တင်ဘာလထဲတွင် အဇာဘိုင်ဂျန်က အာမေးနီးယားခွဲထွက်ရေး တပ်ဖွဲ့များကို လျှပ်တပြက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဆယ်စုနှစ်များစွာ အငြင်းပွားနေသော နာဂေါ်နို-ခါရာဘတ်ချ်ဒေသကို ပြန်လည်သိမ်းပိုက်ခဲ့ရာ တိုင်းရင်းသား အာမေးနီးယားများသည် နာဂေါ်နို-ခါရာ ဘတ်ချ်ဒေသမှ ထွက်ပြေးခဲ့ကြရသည်။ တောင်တန်းဒေသ နာဂေါ်နို-ခါရာဘတ်ချ်မှ အာမေးနီးယားလူမျိုးအားလုံး အလုံးအရင်းစွန့်ခွာမှုက အာမေးနီးယားနိုင်ငံတွင် ဒုက္ခသည် အကျပ်အတည်းကို ဖြစ်ပေါ်စေသည်။ “စက်တင်ဘာ ၁၉ ရက်မှာ ကျွန်မတို့ အိမ်အနီးမှာ စစ်သေနတ်ပစ်သံတွေနဲ့ လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲသံတွေကို ကျွန်မတို့ကြားရပါတယ်”ဟု ဆာရန်၏ ချွေးမ အာရီဗစ်က ပြောသည်။ “အစမှာတော့ “တာ့စ်”တွေနဲ့နောက် တစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်တာလို့ ကျွန်မတို့ ထင်ခဲ့တာပါ”ဟု ၎င်းက ပြောသည်။ တူရကီစကားပြောသော အဇာဘိုင်ဂျန်များကို သူက“တာ့စ်”ဟုပြောသည်။ “ဒါပေမဲ့ တာ့စ်တွေဟာ ရွာရဲ့ဆင်ခြေဖုံးကို ရောက်နေကြပြီဖြစ်လို့ ကျွန်မတို့အားလုံး ထွက်ပြေးကြရမယ်ဆိုပြီး ထိတ်လန့်နေတဲ့ ရွာလူကြီးက လာပြောပါတယ်”ဟု အာရီဗစ်က ပြောကြားသည်။ ဆာရန်မာတီယိုစီယန်သည် အစိုးရအကူအညီဖြင့် ၎င်းတို့ ငှားထားသောအိမ်ဟောင်းတစ်လုံးတွင် ယခု…
ရွှေသည် နယ်ပယ်စုံတွင် အသုံးဝင်မှုများသော သတ္တုတစ်မျိုးဖြစ်ပြီး ပင်ကိုယ်တန်ဖိုး ရှိ ၊ လူကြိုက်များ သတ္တုတစ်မျိုးဖြစ်သည်။အချိန်နှင့်အမျှ အသုံးဝင်မှုတန်ဖိုးပို၍တိုးလာနေသဖြင့် တန်ဖိုးသည်လည်း တက်ပြီးရင်း တက်လျက်ရှိသည်။ ယနေ့ တွင် ရွှေသတ္တုသည် တန်ဖိုးကြီးမြင့်နေသည်။ အနာဂတ်တွင် ပို၍ တန်ဖိုးကြီးမြင့်လိမ့်မည်။ ဈေးနှုန်းလည်း ပို၍မြင့်တက်လာမည်။ ဆိုရလျှင် ရွှေသည် အနာဂတ် ကမ္ဘာတွင်တန်ဖိုး၊ဂုဏ်သိက္ခာတို့နှင့်ပတ်သက်၍အရောင် ပိုမိုတောက်ပလာနိုင်သော သတ္တုဖြစ် လာပေလိမ့်မ ည်။ အဘယ့်ကြောင့်နည်း။ အကြောင်း(၁) ရှားပါးခြင်း မြေကြီးထဲတွင် ရွှေသတ္တုသည် အကန့်အသတ်ဖြင့်သာ ရှိနေပြီး မြေအောက်ထဲရှိ ရွှေအများစုမှာလည်း တူးဖော်ပြီးသား ဖြစ်နေသည်ဟုဆိုသည်။ လူတို့လက်လှမ်းမီနိုင်သည့် မြေကြီးထဲတွင် ကျန်ရှိနေသော ရွှေသတ္တုများမှာလည်း တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်သဖြင့် ရွှေသတ္တု၏တန်ဖိုးသည် ဆက်လက်မြင့်တက်လာနိုင်သည်ကို သတိပြုမိလာကြသည်။ ထို့ပြင် မကြာသေးသည့် အချိန်ကမှ မိုဘိုင်းလ်ဖုန်းဟောင်းများ၊အသုံးပြုပြီး ကွန်ပြူတာ ဟာ့ဒ်ဒစ်ဒရိုက်များ(Computer Hard Drives ) နှင် အခြားသော ခေတ်နောက်ကျ နည်းပညာပစ္စည်းဟောင်းများတွင် ရွှေသတ္တုပါဝင်သည်ကို သိရှိခဲ့ကြပြီး စီးပွားရေးအရ အသုံးဝင်မှုတန်ဖိုး တစ်စုံတရာ ရှိနေသေးသည်ကိုလည်း မကြာသေးသည့်အချိန်ကမှ သဘောပေါက်ခဲ့ကြသည်။ ထို့ကြောင့် အဆိုပါ အသုံးပြု ပြီးသားနည်းပညာပစ္စည်းများ၊ အီလက်ထရော နစ်ပစ္စည်းများကို ပြန်လည်အသုံးပြု ( recycling)ခြင်းဖြင့် ရွှေသတ္တု လိုအပ်ချက်ကို တစ်စိတ် တစ် ပိုင်းအားဖြင့် ပြန်လည်ဖြည့်ဆည်းနိုင်ရန်အားထုတ်မှုများ ရှိခဲ့ကြ သည်။ အရည်အချင်း(၂)တူးဖော်မှုခက်ခဲခြင်း ရွှေတူးဖော်ခြင်းသည် ကောက်ရိုးပုံထဲတွင်ပျောက်နေသော အပ်တစ်ချောင်းကိုတူး ဆွရှာ ဖွေ ခြင်း နှင့်တူ သည်ဟုဆိုသည်။ သတ္တုရှာဖွေစက်၏အကူအညီဖြင့်ရှာဖွေသည့်တိုင် အလွယ်တကူရွှေ ထုတ်လုပ်ရန်…