မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ နှစ်သစ်ကူး၊ ပီမိုင်း အထူးလျှော့စျေးရောင်းပွဲတော်သို့ ဒီဇင်ဘာ ၃၁ ရက် က သွားရောက်လည်ပတ်စျေးဝယ်သူ အလွန်များပြားခဲ့ကြောင်း သိရသည်။
မြဝတီချစ်ကြည်ရေးတံတားတွင် နယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ပြုလုပ်ရန် တန်းစီနေကြရသည့် မြန်မာနိုင်ငံသားခရီးသွားများမှာ ရာပေါင်းများစွာရှိပြီး အချိန်များစွာစောင့်ဆိုင်း နေရကြောင်း ခရီးသွားတစ်ဦးက ပြောကြား သည်။
“ဒီနေ့ လူများမယ်ဆိုတာသိလို့ မနေ့က တည်းကသွားဖို့ လုပ်ပါတယ်။ နယ်စပ်ဖြတ် သန်းခွင့်လက်မှတ်မရဘူး။ စာရွက်ကုန်နေ တယ်လို့ ပြောပါတယ်။ ဒီေနေ့တော့ လူအုပ် ကြီးက မြင်တဲ့အတိုင်းပါပဲ။ ထောင်ချီရှိမယ် ထင်ပါတယ်။ မနက်အစောကြီးကတည်းက တန်းစီတာပါ” ဟု မဲဆောက်သို့ စျေးသွားဝယ်မည့် ကိုသူရက ပြောကြားသည်။
နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းခွင့်ပြုလုပ်ရာ တွင် မြန်မာနိုင်ငံဘက်၌ Border Pass စာရွက်အတွက် ကျပ်၁၀၀၀ နှင့် ခွင့်ပြုတံဆိပ်တုံးအတွက် ကျပ် ၅၀၀ သာ ကုန်သော်လည်း ထိုင်းနိုင်ငံဘက်ခြမ်းတွင် စမတ်ကတ်အတွက် ဘတ်၂၀၊ မဲဆောက်၊ မယ်ရမ၊ ဖုတ်ဖရ သုံးမြို့ နယ်အတွင်း သွားလာလည်ပတ်ခွင့် လက်မှတ် အတွက် ဘတ်၄၀၊ စုစုပေါင်း ဘတ် ၆၀ မြန်မာ ငွေ (ကျပ် ၆၀၀၀ ခန့်) ကုန်ကျကြောင်း သိရ သည်။
မြန်မာနိုင်ငံဘက်သို့ ထိုင်းနိုင်ငံသား လာရောက်လည်ပတ်မှုမှာ နေ့စဉ် ဆယ်ဂဏန်း သာရှိသော်လည်း ထိုင်းနိုင်ငံ မဲဆောက်ဘက် သို့ မြန်မာနိုင်ငံသားသွားရောက်လည်ပတ်မှုမှာ နေ့စဉ် ထောင်ဂဏန်းရှိကြောင်း သိရ သည်။
ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ မြန်မာနိုင် ငံသား နေ့စဉ်ထောင်နှင့်ချီ၍သွားလာလည် ပတ်နေကြသည့်အတွက် နေ့စဉ်ထိုင်းဘတ်ငွေ သိန်းချီပြီး အလုပ်အကျွေးပြုလျက်ရှိသော် လည်း ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်း တွင် မြန်မာခရီးသွားများအား အထင်သေး၊ အမြင်သေး သံသယဖြင့် ရံဖန်ရံခါဆက်ဆံခံ နေရကြောင်းလည်း ခရီးသွားတစ်ဦးက ပြော ကြားသည်။
မြန်မာနိုင်ငံသားအများစုမှာ မဲဆောက် မြို့ရှိ မီဂါဟုမ်းကုန်တိုက်တွင် အိမ်သုံးပစ္စည်း အမျိုးမျိုး၊ အိမ်ဆောက်ပစ္စည်းများနှင့် အသုံး အဆောင်များ ဝယ်ယူကြသလို မက်ခရိုကုန် တိုက်တွင် သားငါး၊ ပုစွန်၊ အသီးအရွက်၊ မုန့် မျိုးစုံ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ အချိုရည်၊ မျိုးစုံဝယ်ယူကြကြောင်း သိရသည်။
ထို့အတူ မြန်မာအများစု ရောင်းချလျက် ရှိသော မဲဆောက်စျေးနှင့် ဟုန်လုန်ကုန်တိုက် တို့မှာ ယခင်ကလောက် အရောင်းမလိုက်သော် လည်း အာရှလမ်းဘေးရှိ ကုန်တိုက်မှာ မြန်မာ နိုင်ငံသားများအား ဆွဲဆောင်နိုင်စွမ်းရှိပြီး အ ကြိုက်တွေ့လျက်ရှိသည့် စျေးဝယ်ကုန်တိုက် ကြီးတစ်ခုဖြစ်ကြောင်းလည်း သိရသည်။