Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, June 8
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Uncategorized 1 Views

ပိုမိုတောက်ပလာမည့် ရွှေ

December 31, 20233 Mins Read
Share
Facebook Twitter

ရွှေသည် နယ်ပယ်စုံတွင် အသုံးဝင်မှုများသော သတ္တုတစ်မျိုးဖြစ်ပြီး ပင်ကိုယ်တန်ဖိုး ရှိ ၊ လူကြိုက်များ သတ္တုတစ်မျိုးဖြစ်သည်။အချိန်နှင့်အမျှ အသုံးဝင်မှုတန်ဖိုးပို၍တိုးလာနေသဖြင့် တန်ဖိုးသည်လည်း တက်ပြီးရင်း တက်လျက်ရှိသည်။ ယနေ့ တွင် ရွှေသတ္တုသည် တန်ဖိုးကြီးမြင့်နေသည်။ အနာဂတ်တွင် ပို၍ တန်ဖိုးကြီးမြင့်လိမ့်မည်။ ဈေးနှုန်းလည်း ပို၍မြင့်တက်လာမည်။ ဆိုရလျှင် ရွှေသည် အနာဂတ် ကမ္ဘာတွင်တန်ဖိုး၊ဂုဏ်သိက္ခာတို့နှင့်ပတ်သက်၍အရောင် ပိုမိုတောက်ပလာနိုင်သော သတ္တုဖြစ် လာပေလိမ့်မ ည်။ အဘယ့်ကြောင့်နည်း။

အကြောင်း(၁) ရှားပါးခြင်း

မြေကြီးထဲတွင် ရွှေသတ္တုသည် အကန့်အသတ်ဖြင့်သာ ရှိနေပြီး မြေအောက်ထဲရှိ ရွှေအများစုမှာလည်း တူးဖော်ပြီးသား ဖြစ်နေသည်ဟုဆိုသည်။ လူတို့လက်လှမ်းမီနိုင်သည့် မြေကြီးထဲတွင် ကျန်ရှိနေသော ရွှေသတ္တုများမှာလည်း တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်သဖြင့် ရွှေသတ္တု၏တန်ဖိုးသည် ဆက်လက်မြင့်တက်လာနိုင်သည်ကို သတိပြုမိလာကြသည်။ ထို့ပြင် မကြာသေးသည့် အချိန်ကမှ မိုဘိုင်းလ်ဖုန်းဟောင်းများ၊အသုံးပြုပြီး ကွန်ပြူတာ ဟာ့ဒ်ဒစ်ဒရိုက်များ(Computer Hard Drives ) နှင် အခြားသော ခေတ်နောက်ကျ နည်းပညာပစ္စည်းဟောင်းများတွင် ရွှေသတ္တုပါဝင်သည်ကို သိရှိခဲ့ကြပြီး စီးပွားရေးအရ အသုံးဝင်မှုတန်ဖိုး တစ်စုံတရာ ရှိနေသေးသည်ကိုလည်း မကြာသေးသည့်အချိန်ကမှ သဘောပေါက်ခဲ့ကြသည်။ ထို့ကြောင့် အဆိုပါ အသုံးပြု ပြီးသားနည်းပညာပစ္စည်းများ၊ အီလက်ထရော နစ်ပစ္စည်းများကို ပြန်လည်အသုံးပြု ( recycling)ခြင်းဖြင့် ရွှေသတ္တု လိုအပ်ချက်ကို တစ်စိတ် တစ် ပိုင်းအားဖြင့် ပြန်လည်ဖြည့်ဆည်းနိုင်ရန်အားထုတ်မှုများ ရှိခဲ့ကြ သည်။

အရည်အချင်း(၂)တူးဖော်မှုခက်ခဲခြင်း

ရွှေတူးဖော်ခြင်းသည် ကောက်ရိုးပုံထဲတွင်ပျောက်နေသော အပ်တစ်ချောင်းကိုတူး ဆွရှာ ဖွေ ခြင်း နှင့်တူ သည်ဟုဆိုသည်။ သတ္တုရှာဖွေစက်၏အကူအညီဖြင့်ရှာဖွေသည့်တိုင် အလွယ်တကူရွှေ ထုတ်လုပ်ရန် မလွယ်ကူပေ။ရှာဖွေရာတွင်လည်း ရွှေသတ္တုဂရမ်အနည်းငယ်ရဖို့ပင် မြေကြီး၊သဲ၊ ကျောက် တုံး ကျောက်ခဲ တန်ချိန် များ စွာ အပါအဝင် အမှိုက်သရိုက်ပမာဏများစွာကို ခွဲထုတ် စစ်ချရ သည့် လုပ်ငန်းမှာ ကုန်ကျစရိတ်ကြီးမားသော လုပ်ငန်းကြီး တစ်ခုဖြစ်သည်။ အသုံးပြုသည့် ဓါတုပစ္စည်း များ ကလည်း လူတို့၏ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင်တို့ကို ထိခိုက်ပျက်စီးမှုများဖြစ်စေနိုင် သည်။

အကြောင်း(၃) ဘက်စုံသုံး၊ တာရှည်ခံ၊ အဆင်မြင့်အသုံးပြုနိုင်မှု စွမ်းရည်ရှိခြင်း

တစ်ခါတရံတွင် ‘သတ္တုဘုရင်’ ဟုတင်စားခေါ်ဝေါ်ခြင်းခံရသည့် ရွှေသည် အက်တမ်နံပါတ် ၇၉ ( ‘Atomic Number’ 79)ဖြစ်ပြီး၊ တော်ဝင်သတ္တု ( noble metal )အမျိုးအစားထဲမှ တစ်ခုဖြစ်သည် ဟုလည်းဖော်ပြကြသည်။ သံချေးတက်ခြင်း နှင့် ဓာတ်တိုး ခြင်း ဖြင့်လည်း ပျက်စီးသွားခြင်းမရှိပေ။ ထို့ကြောင့် နှစ်ပေါင်းထောင်ချီကြာမြင့်နေသည့် ရှေးခေတ် သချႋုင်းများ တွင် တွေ့ရသော ရွှေထည် ပစ္စည်းများကို ယနေ့အချိန်၌ လေ့လာကြည့်ပါက သင်္ဂြိုဟ်ခဲ့ သည့်နေ့ကဲ့သို့ပင် လတ်ဆတ်သစ်လွင် နေ သည် ကိုတွေ့ရလိမ့်မည်။ ဓာတ် သတ္တုဆိုင်ရာနယ်ပယ်ရပ်လိုက်ကျွမ်းကျင် သူများက ရှုထော င် အမျိုး မျိုးဖြင့် ရွှေတွင်ပါဝင်ဓာတ်သတ္တုများ၊ ရွှေသတ္တု၏ အသုံးဝင်မှုစွမ်းရည် များဖော်ထုတ်ကြပြီး ရွှေသတ္တုကို နည်းလမ်း အမျိုးမျိုးဖြင့် လိုအပ်သလိုအသုံးပြုနိုင်ရေး လုပ်ဆောင်နေကြသည်။

အကြောင်း(၄) အထူးကောင်းမွန်သော လျှပ်ကူးပစ္စည်း ဖြစ်ခြင်း

ရွှေသတ္တုသည် အပူနှင့် လျှပ်စစ်နှစ်မျိုးလုံးအတွက် အထူးကောင်းမွန်သော လျှပ်ကူး ပစ္စည်း ဟုဆိုသည်။ ငွေသတ္တု နှင့်ကြေးနီ ပြီးလျှင် တတိယ အကောင်းဆုံး လျှပ်ကူးပစ္စည်း ဖြစ်သည်ဟုလည်း လက်ခံထားကြသည်။ ငွေသတ္တု၊ ကြေးနီတို့ထက်ပိုမိုသာလွန်သည့်အခြေအနေ၌ ရွှေသတ္တု ကို အဆင့် မြင့် အီလက်ထရွန်း နစ်ပစ္စည်းများ၊ ကရိယာများ၌လည်း ရွှေသတ္တုကို မကြာခဏ အသုံးပြု လေ့ရှိ သည်။

အကြောင်း(၅) အလွန်သိပ်သည်း၍ ပျော့ပြောင်းမှုရှိခြင်း

ရွှေသည်မြင်မားသည့် အက်တမ်နံပါတ်ရှိပြီး အလွန်သိပ်သည်းသောသတ္တုဖြစ်သည်။ လွန်ပျော့ ပျောင်းပြီး ပါးလှစွာပျံနှံ့/ပျံ့ထွက်(နန်းဆွဲ)_နိုင်သည်။ ရွှေသတ္တု တစ်ဂရမ်ကို ၁၆၅ မီတာ အရှည်ရှိသည့် လှိုက်စားခြင်းမရှိသော၊ ကြာရှည်ခံသော ဝါယာကြိုး သို့မဟုတ် ၅၀ နန်နိုမီတာအထူရှိ တစ် စတုရန်း မီတာ ဖလင်ကော်ပြား တစ်ကွက်အရွယ်အစားကို လုပ်ဆောင်နိုင်ပေသည်။ ဤနှစ်ခုစလုံးသည် ရွှေ၏ အလွန် အသုံး ဝင်သော လက္ခဏာများဖြစ်သည်။

အကြောင်း(၆) အဖိုးတန်သတ္တုများထဲမှတစ်ခုဖြစ်ခြင်း

ရွှေသည်အဖိုးတန်သတ္တုဟူသောအရည်အချင်းကို အားလုံးသိပြီးဖြစ်သည်။ ထို့ပြင် စက်မှု လုပ်ငန်း သုံးအရည် အချင်းများ နှင့် ထူးခြားသောစီးပွားရေးအရည်အချင်းရှိပြီး သဘာဝ အတိုင်း ဖြစ် ပေါ် နေသည့်ရှားပါးသတ္တုဒြပ်စင်တစ်ခုဖြစ်သည်။ဓာတုဗေဒသဘောအရ၊ အဖိုးတန် သတ္တုများ သည် အခြား သောဒြပ်စင်အများစုထက် ဓာတ်ပြုမှုနည်းပါးသည်။ လိုအပ်သလိုပုံဖော်နိုင် လောက် အောင်ပျော့ ပြောင်း ပြီး ၊အရောင်စို၍တောက်ပသည်စွမ်းရည်လည်းရှိသည်။

အကြောင်း(၇) ဒင်္ဂါးသွန်းလုပ်နိုင်သောသတ္တုဖြစ်ခြင်း

ရွှေသည်လူ့သမိုင်း တစ်လျောက်ဒ င်္ဂါးသွန်းလုပ်အသုံးပြုခဲ့ သည့် အစဉ် အလာ ရှိခဲ့ သောကြောင့် ငွေသတ္တု၊ ကြေးနီတို့နှင့်အတူ ရွှေသတ္တုကို ရိုးရာဒင်္ဂါးပြားသတ္တုအဖြစ် အဆင့် အတန်း သတ်မှတ် ထားသည်။ သမိုင်းကြောင်းတစ်လျှောက်တွင် ရွှေဒင်္ဂါးများ၊ ရွှေသတ္တုပါဝင်မှု မြင့်မားသော ဒင်္ဂါးများကို ငွေကြေး၏ အမြင့်ဆုံးတန်ဖိုးရှိအရာများဟုသတ်မှတ်ထားကြပြီး တန်ဖိုးမြင့် ကုန်သွယ်မှုများ တွင် အသုံးပြုရန် အတွက် သီးသန့်သိမ်းဆည်းထားလေ့ရှိကြသည်။

အကြောင်း(၈) ကမ္ဘာသုံးငွေကြေးများအဖြစ်အသုံးပြုခြင်း

လူတို့၏ကုန်စည်ဖလှယ်ရောင်းဝယ်မှုသမိုင်း၌ ရွှေကို ကမ္ဘာသုံးတန်ဖိုးရှိငွေကြေး သဖွယ် သဘော ထားခဲ့ကြသည်။စက္ကူငွေများ စတင်အသုံးပြုုလာသည့်အချိန်တွင် ကနဦးတန်ဖိုးချိတ်ဆက်ချိန်ညှိနှိုင်းရ သည့် အရာမှာလည်း ရွှေဖြစ်သည်။နိုင်ငံအစိုးရများသည် အသုံးပြုနေသည့်ငွေစက္ကူများကို သဘောတူ ထားသော ရွှေပမာဏဖြင့် ကျော ထောက် နောက်ခံပြုထားကြသည်။ထိုအချက်သည်နိုင်ငံတစ်နိုင်ငံ၏ ငွေကြေး သို့မဟုတ် ငွေ စက္ကူကို တန်ဖိုးရှိသည့် ငွေကြေးအဖြစ်ရွှေနှင့် တိုက်ရိုက်ချိတ် ဆက်ထားခြင်း ဖြစ်သည်။ ထိုသို့စီစဉ်လုပ်ဆောင်ခြင်းကို ရွှေစံချိန်စနစ်ဟု ခေါ်ဆို သည်။ ရွှေစံချိန်စနစ်အရ နိုင်ငံ များသည် ငွေစက္ကူတန်ဖိုးကို ပုံသေရွှေသတ္တုပမာဏဖြင့် ပြောင်းလဲနိုင်သည်ကို သဘောတူ ညီ ခဲ့ကြ သည်။စီးပွားရေး၊ကုန်သွယ်ရေးသမိုင်းတစ်လျောက် လေ့လာကြည့်လျှင် ၁၉ရာစုနှင့်၂ဝရာစု အစောပိုင်း ကာလ တစ်လျှောက်၌ ကမ္ဘာတစ်ဝှမ်း ရှိအဓိက ငွေကြေး အများစုသည် ရွှေစံနှုန်းအပေါ် အခြေခံထား သည်ကိုတွေ့ရသည်။ အမေရိကန်ုနိုင်ငံသည်ရွှေနှင့်၎င်းတို့၏ငွေကြေး စနစ် အကြား ချိတ်ဆက်ထားမှုကို ၁၉၇၁ ခုနှစ်အထိ အသုံးပြုခဲ့သည်။

အကြောင်း(၉) လုံခြုံမှု၊ တည်ငြိမ်မှုနှင့် တာရှည်ခံနိုင်သည့် အရည်အချင်းရှိခြင်း

ရွှေသည်ဈေးကွက်အခြေအနေများအရ ဈေးနှုန်း အတက်အကျများ ရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများ ၏ ထိခိုက်နစ်နာစေမည့်အခြေအနေများဆိုးဆိုးရွားရွားမဖြစ်ခဲ့ပေ။ ဆုံးရှုံးမှု ဘေးအန္တရာယ် လုံခြုံမှု၊ တန်ဖိုးတည်ငြိမ်မှု၊ နှင့် တာရှည်ခံမှုတို့မှာ ခိုင်မာသောအရည်အချင်းများအဖြစ် ဆက်လက်တည်ရှိနေသည်။ သို့သော်အခြားတစ်ဖက်မှကြည့်လျှင် ရွှေသတ္တုတန်ဖိုးသည် အခြေ ခိုင် မာ၍ တည်ငြိမ် သည် ထင်မြင်နိုင်သော်လည်း ဈေးကွက်အခြေအနေများအရ မဖြစ်နိုင်သည်ကို လည်း တွေ့ ရသည်။ အခြား ရင်းနှီးမြှုပ်နှံမှုများကဲ့သို့ပင် တန်ဖိုးတက်ခြင်းနှင့် ကျဆင်းခြင်းအပေါ် ဖြစ်ပေါ်နေ သည်။ ဥပမာ လွန်ခဲ့သည့် ဆယ် စုနှစ်နှစ်ခုက တစ်အောင်စလျှင် ဒေါ်လာ ၃၀၀ အောက်ဖြင့် အရောင်း အဝယ်ဖြစ် ခဲ့ သည် ။အချိန် ကာလတစ်လျောက် ကမ္ဘာငွေရေးကြေးရေးအခြေအနေများ၊ ဈေးကွက် အခြေအနေများ၊ စီးပွားရေး အခြေအနေများအရ အတက်အကျအပြောင်းအလဲ များဖြစ်ပေါ်ခဲ့ သည်။ ၂၀၂ဝခုနှစ် ဩဂုတ်လ အစောပိုင်း က ရွှေတစ်အောင်စတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ဝဝဝဈေးနှုန်း ရှိခဲ့ပြီး ယခုအချိန် ၂၀၂၃ နှစ်ကုန်တွင် ဒေါ်လာ ၂၀၅ဝဝန်းကျင်တွင်ရှိနေပေသည်။

ဖော်ပြခဲ့သောအချက်များသည် ကမ္ဘာမြေကြီးထဲမှထွက်ရှိသော ရွှေဆိုသည့်သတ္တုတစ်မျိုး၏ လက်လှမ်း မီသလောက်တွေ့ရှိရသည့် ပကတိအရည်အချင်းများဖြစ်သည်။ ၂၁ရာစုတွင် ရွှေသတ္တုကို ဆက် လက် ၍ လူကြိုက်များလိမ့်မည်။ အနာဂတ် ကာလတွင် ရွှေသတ္တုရှားပါးလာမှု၊ ကမ္ဘာ့စီးပွား ရေးနှင့် ငွေကြေးစနစ်များ မတည်ငြိမ်မှုနှင့်အတူ ရွှေဈေးနှုန်း များ ဆက်လက်မြင့်တက်နေပေဦးမည်။ ။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleသီပေါမြို့နှင့် နမ္မတူမြို့အကြား ဆက်သွယ်ထားသည့် မိုးတေတံတား ဖောက်ခွဲဖျက်ဆီးခံရ
Next Article အိမ်ပြန်ချိန် အလှမ်းဝေးနေသေးသော ခါရာဘတ်ချ် ဒုက္ခသည်များ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.