Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Thursday, May 29
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Uncategorized 0 Views

အိမ်ပြန်ချိန် အလှမ်းဝေးနေသေးသော ခါရာဘတ်ချ် ဒုက္ခသည်များ

December 31, 20232 Mins Read
Share
Facebook Twitter

ရှေ့ကိုချီတက်လာသော အဇာဘိုင်ဂျန်တပ်များလက်မှ လွတ်အောင် အာမေးနီးယားသို့ ထွက်ပြေးမလာမီ ဆာရန်မာတီယိုစီယန်သည် နာဂေါ်နို-ခါရာဘတ်ချ်ရှိသူ၏ အသီးခြံကို နောက်ဆုံးအကြိမ် ပြန်လှည့် ကြည့်လိုက်သည်။ တင်္ဂအကြည့်က ယင်းနောက်ပိုင်းတွင် သူ့အားခြောက်လှန့်နေပါတော့သည်။

“နောက်ဆုံးအကြိမ် ကျွန်တော်ကြည့်ခဲ့တဲ့ ကျွန်တော်တို့ရဲ့လှလှပပဥယျာဉ်လေးရဲ့ပုံဟာ ကျွန်တော့်မျက်လုံးတွေထဲမှာ စွဲထင်ကျန်ရစ်နေပါတယ်။ တလည်းသီးတွေ၊ တည်သီးတွေဟာ နေရောင်တောက်တောက်ထဲ သစ်ပင်တွေပေါ်မှာ ဝင်းလက်နေပါတယ်”ဟု အသားမာတက်နေသောလက်များကိုကြည့်ရင်း ဆာရန်မာတီယိုစီယန်က ပြောသည်။

အသက် ၆၅ နှစ်အရွယ်ရှိ ဆာရန်မာတီယိုစီယန်၏ လူရှစ်ဦးရှိသော မိသားစုသည် ခါရာဘတ်မှ ထွက်ပြေးလာသော တိုင်ရင်းသားအာမေးနီးယား ၁၀၀,၀၀၀ ကျော် ထဲတွင်ပါဝင်သည်။ စက်တင်ဘာလထဲတွင် အဇာဘိုင်ဂျန်က အာမေးနီးယားခွဲထွက်ရေး တပ်ဖွဲ့များကို လျှပ်တပြက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဆယ်စုနှစ်များစွာ အငြင်းပွားနေသော နာဂေါ်နို-ခါရာဘတ်ချ်ဒေသကို ပြန်လည်သိမ်းပိုက်ခဲ့ရာ တိုင်းရင်းသား အာမေးနီးယားများသည် နာဂေါ်နို-ခါရာ ဘတ်ချ်ဒေသမှ ထွက်ပြေးခဲ့ကြရသည်။

တောင်တန်းဒေသ နာဂေါ်နို-ခါရာဘတ်ချ်မှ အာမေးနီးယားလူမျိုးအားလုံး အလုံးအရင်းစွန့်ခွာမှုက အာမေးနီးယားနိုင်ငံတွင် ဒုက္ခသည် အကျပ်အတည်းကို ဖြစ်ပေါ်စေသည်။

“စက်တင်ဘာ ၁၉ ရက်မှာ ကျွန်မတို့ အိမ်အနီးမှာ စစ်သေနတ်ပစ်သံတွေနဲ့ လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲသံတွေကို ကျွန်မတို့ကြားရပါတယ်”ဟု ဆာရန်၏ ချွေးမ အာရီဗစ်က ပြောသည်။

“အစမှာတော့ “တာ့စ်”တွေနဲ့နောက် တစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်တာလို့ ကျွန်မတို့ ထင်ခဲ့တာပါ”ဟု ၎င်းက ပြောသည်။ တူရကီစကားပြောသော အဇာဘိုင်ဂျန်များကို သူက“တာ့စ်”ဟုပြောသည်။

“ဒါပေမဲ့ တာ့စ်တွေဟာ ရွာရဲ့ဆင်ခြေဖုံးကို ရောက်နေကြပြီဖြစ်လို့ ကျွန်မတို့အားလုံး ထွက်ပြေးကြရမယ်ဆိုပြီး ထိတ်လန့်နေတဲ့ ရွာလူကြီးက လာပြောပါတယ်”ဟု အာရီဗစ်က ပြောကြားသည်။

ဆာရန်မာတီယိုစီယန်သည် အစိုးရအကူအညီဖြင့် ၎င်းတို့ ငှားထားသောအိမ်ဟောင်းတစ်လုံးတွင် ယခု နေထိုင်နေသည်။ သူသည် အာမေးနီးယားမြို့တော်ယီရီဗန်နှင့်ကီလိုမီတာ ၅၀ ခန့်ဝေးသောနိုယာကာ့ရွာတွင် အိမ်ငှားနေခြင်းဖြစ်သည်။

တိုက်ပွဲက တစ်ရက်မျှသာကြာပါသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် အာမေးနီးယားခွဲ ထွက်ရေးအာဏာပိုင်များသည် လက်နက်ချခဲ့ကြပြီး အဇာဘိုင်ဂျန်နှင့်ပြန်လည်ပေါင်းစည်းရန် သဘောတူခဲ့ကြသည်။ အားမေးနီးယားခွဲထွက်ရေးအာဏာပိုင်များသည် ခါရာဘတ်ချ်ကိုဆယ်စုနှစ်သုံးခုကြာ ထိန်းချုပ်ထားသူများဖြစ်သည်။

ဆာရန်က ရုရှားငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်သားများကို အပြစ်တင်ခဲ့သည်။ ၂၀၂၀ ဆောင်းဦးရာသီတွင် အာမေးနီးယား၏ မဟာမိတ် ရုရှားက အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီးနောက် ခါရာဘတ်ချ်တွင် ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်သားများကို ချထားခဲ့သည်။ ခွဲထွက် ခါရာဘတ်ချ် သမ္မတနိုင်ငံကျဆုံးသွားခြင်းအတွက် ဆာရန်က အာမေးနီးယားအစိုးရကို အပြစ်တင်ထားသည်။

“ကျွန်တော်တို့ရဲ့စစ်တပ်ဟာ ကျွန်တော်တို့ရဲ့အမိမြေကိုကာကွယ်ဖို့ ရဲရဲဝံ့ဝ့့ံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ခါရာဘတ်ချ်မှာ ရှုံးနိမ့်သွားတာဟာ ရုရှားနဲ့အာမေးနီးယားအစိုးရတို့ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အဇာဘိုင်ဂျန်၏အောင်ပွဲသည် ဖြေရှင်း၍မရနိုင်ဟု ကာလရှည်ရှုမြင်ထား သောနယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုကို အဆုံးသတ်သွားစေသည်။

ခွဲထွက်သမ္မတနိုင်ငံတော်သည် နှစ်ကုန်ပိုင်းလောက်တွင် ဆက်လက်တည်ရှိတော့မည်မဟုတ်ဆိုသည့် အမိန့်ဒီဂရီကို ခွဲထွက်သမ္မတ ဆမ်ဗယ်ရှာရှရာမန်ယန်က စက်တင်ဘာ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

လွန်ခဲ့သောသီတင်းပတ်တွင်ယီရီဗန်၌ ထုတ်ပြန်သောထုတ်ပြန်ချက်တွင် အဆိုပါကြေညာချက်ကို ပြန်ရုပ်သိမ်းလိုက်သည်ဟု ၎င်းကဖော်ပြခဲ့ရာ ယင်းသို့ဖော်ပြလိုက်ခြင်းသည် အံ့အားသင့်စရာကောင်းသည်ဟုဆို နိုင်သည်။

၂၀၂၀ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်ကာလများတွင် အာမေးနီးယားနှင့်အဇာဘိုင်ဂျန်တို့ ဆုံးရှုံးမှုကြီးမားခဲ့သည့် စစ်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရသည့် အဓိကပြဿနာဖြစ်ခဲ့သော အငြင်းပွားခွဲထွက်သမ္မတနိုင်ငံကို ခွဲထွက်သူများက ဖျက်သိမ်းလိုက်သည်ဟူသော သမိုင်းဝင်လုပ်ဆောင်ချက် ပျက်ပြယ်သွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြလိုက်ပုံရသည်။

ခါရာဘတ်ချ်သည် အဇာဘိုင်ဂျန်၏ အပြည့်အဝထိန်းချုပ်မှုအောက်တွင် ယခုအခါရောက်ရှိနေပြီး အာမေးနီးယားကလည်း ၎င်း၏နယ်မြေထဲတွင် ခွဲထွက်အဖွဲ့အစည်းများ ဆက်လက်လည်ပတ်နေခြင်းကို ထောက်ခံပုံမရှိသည့်အနေအထားကြောင့် ဆမ်ဗယ်ရှာရှရာမန်ယန်၏ထုတ်ပြန်ချက်သည် မြေပြင်တွင် သက်ရောက်မှုရှိလိမ့်မည်မဟုတ်။

သို့ရာတွင် ဆမ်ဗယ်ရှာရှရာမန်ယန်၏ ဆုံးဖြတ်ချက်က အဇာဘိုင်ဂျန်မှ ခွဲထွက်ရေးဆိုသည့် ၎င်းတို့၏ ဆယ်စုနှစ်ချီအိပ်မက်ကို ရင်ဝယ်ပိုက်ထားဆဲဖြစ်သော ခါရာဘတ်ချ်ဒုက္ခသည် အများအပြား၏ အသံကို ပဲ့တင် ထပ်လိုက်ခြင်းဖြစ်သည်။

“ကလေးတွေဟာ အိပ်မက်ဆိုးတွေ အဆက်မပြတ်မက်နေကြပါတယ်။ ညအချိန်မှာ ငိုနေကြပါတယ်။ အိမ်ပြန်ရမယ့်အချိန်ကို ကျွန်မကို မေးနေကြပါတယ်”ဟု အာရီဗစ်က ပြောသည်။

“ကျွန်မတို့ဟာ တာ့စ်တွေနဲ့သီးခြားစီနေရမယ်၊ ကျွန်မတို့ သားသမီးတွေရဲ့ဘေးကင်းမှုကို ၁၀၀ ရာခိုင်နှုန်းအာမခံရမယ်ဆိုတဲ့ လုံးဝဥဿုံအခြေအနေအရ ကျွန်မတို့ အိမ်ပြန်ပါမယ်”ဟု ၎င်းက ပြောသည်။

အခါးသီးဆုံး ရန်သူများဖြစ်ကြသည့် အာမေးနီးယားနှင့်အဇာဘိုင်ဂျန်တို့က ၎င်းတို့သည် တစ်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲရေးကိုတစ်နိုင်ငံကအသိအမှတ်ပြုရေးကို အခြေခံထားသောငြိမ်းချမ်းရေးသဘောတူ ညီချက်ရရှိရန် နီးစပ်နေပြီဟု ပြောကြားခဲ့ကြသည်။

မလိုမုန်းထားမှုများ ဆယ်စုနှစ်ချီရှိနေခဲ့ပြီးနောက် နက်ရှိုင်းစွာ အမြစ်တွယ်နေသော လူမျိုးရေးအမုန်းတရားက အာမေးနီးယားလူမျိုးများနှင့် အဇာဘိုင်ဂျန်လူမျိုးများ၏ ဆက်ဆံရေးများကို ဖျက်ဆီးလျက်ရှိသောကြောင့် ခါရာဘတ်ချ်ဒုက္ခသည်များထဲက ဒုက္ခသည် အနည်းငယ်ကသာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို မျှော်လင့်နေကြသည်။

“အဇာဘိုင်ဂျန်နဲ့ငြိမ်းချမ်းရေးကို ကျွန်တော် မယုံပါဘူး”ဟု အသက် ၆၅ နှစ်အရွယ် ဒုက္ခသည် ဘော်ရစ်ဒူလက်ခန်ယန်က ပြောသည်။ သူ၏သားသည် အဇာဘိုင်ဂျန်နှင့်ဖြစ်ပွားသည့် ၂၀၂၀ စစ်ပွဲတွင် ကျဆုံးခဲ့သည်။

“ကျွန်တော့်သားကို သတ်ခဲ့တဲ့ တာ့စ်တွေနဲ့ ကျွန်တော်တို့ ဘယ်လိုလုပ်အတူနေလို့ရမလဲ။ ကျွန်တော်တို့ရဲ့တိုင်းပြည်ကို အင်အားသုံးပြီး ပြန်သိမ်းနိုုင်ဖို့ အင်အားရှိအောင် ကျွန်တော်တို့ လုပ်ရပါမယ်”ဟု ၎င်းကပြောသည်။

၎င်း၏မိသားစုသည် ခါရာဘတ်ချ်မြို့ကြီး ခန်ကန်ဒီ(အာမေးနီးယားဘာသာဖြင့် စတီပါနာကတ်)တွင် ချမ်းချမ်းသာသာနေခဲ့ရသည်ဟု ဘော်ရစ်ဒူလက်ခန်ယန်က ပြောသည်။ ခန်ကန်ဒီမြို့ကြီးတွင် သူ၏မိသားစု သည် အိမ်များ၊ မြေကွက်များ၊ အလှမွေးငှက်ခြံတစ်ခုတို့ကို ပိုင်ထားသည်ဟု ဆိုပါသည်။

“ကျွန်တော်တို့ရဲ့သုခဘုံကို ထားရစ်ခဲ့ရပါတယ်”ဟု ၎င်းက ပြောသည်။ ယခုအခါ သူတို့သည် ယီရီဗန်မြို့တွင် အခန်းသုံးခန်းပါသော တိုက်ခန်းကို ငှားရမ်းနေထိုင်နေသည်ဟု ဆိုသည်။ တိုက်ခန်းငှားခမတတ်နိုင်သော ကြောင့် စျေးပိုသက်သာသော အိမ်ကိုရှာနေသည်ဟု ဆိုသည်။

သူ၏ အသက် ၁၀ နှစ်အရွယ်မြေးမလေး ရူဇန်နာက ခရစ္စမတ်ဆုတောင်းလေး ပို့ထားသည်။ “ကျွန်မတို့ အိမ်ပြန်နိုင်အောင် ခရစ္စမတ်ဘိုးဘိုးကြီးဆန်တာကလော့က အံ့သြဖွယ်ရာတို့ကို ဖန်တီးပေးပါ”ဟု ရူဇန်နာက ဆုတောင်းထားသည်။ အာမေးနီးယားနိုင်ငံထဲ အလုံးအရင်းဝင်ရောက်လာသည့် ခါရာဘတ်ချ်ဒုက္ခသည်များ မည်သည့် အချိန်တွင် အိမ်ပြန်ရမလဲဆိုသည်ကို ဘယ်သူမှ မပြောနိုင်ပါ။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleပိုမိုတောက်ပလာမည့် ရွှေ
Next Article နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းကို တစ်ရက်တာပယ်ဖျက်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.