Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် စေလွှတ်မည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား လေကြောင်းခရီးဖြင့် စေလွှတ်ခွင့်ပြုပြီးဖြစ်သည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ကြောင်း သိရသည်။ တိုက်ပွဲများနှင့် ဒေါနတောင်ကျော် အာရှလမ်းသစ်မှ သွားလာခွင့်ပိတ်ထားဆဲအခြေအနေကြောင့် ယခုကဲ့သို့ လေယာဉ်ခရီးစဉ်ဖြင့် စေလွှတ်ခွင့်ပြုလိုက်ခြင်းမှာ အလုပ်သမားများအတွက် လမ်းခရီးလုံခြုံစိတ်ချရခြင်းနှင့် လေကြောင်းလမ်းခရီးမှာ ဘက်ပေါင်းစုံက အကောင်းဘက်မှာရှိကြောင်း အလုပ်သမားရေးဆောင်ရွက်နေသူ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။ “အခုလိုမျိုး ဖြစ်သင့်တာတော့ကြာပါပြီ။ အခုကတော့ နယ်စပ်စစ်ပွဲနဲ့ လမ်းခရီးအခြေအနေကြောင့် မြဝတီ-မဲဆောက်လမ်းနဲ့ ကော့သောင်း-ရနောင်းလမ်း ခရီးအစီအစဉ်ထက် လုံခြုံရေးစိတ်ချရမှု၊ စမတ်ကျမှုတွေ၊ လုပ်ငန်းခွင်ဝင်မယ့်ခါမှာ သက်သောင့်သက်သာရှိတာရော လေကြောင်းလိုင်းဟာ ဘက်ပေါင်းစုံ အကောင်းဘက်မှာရှိတယ်။ MoU လုပ်သားတွေက သူတို့ရဲ့ လုပ်အားခ၊ အခွန်တွေနဲ့ မိခင်တိုင်းပြည်ကို ကြီးကြီးမားမား အကျိုးပြုနေတယ်ဆိုတာကို အသိအမှတ်ပြုလေးစားမှုနဲ့ သူတို့ပေါ်မှာ သက်သောင့်သက်သာဖြစ်အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနက သုံးသပ်ပြီးတော့ လုံခြုံရေး၊ သက်သာချောင်ချိရေး၊ လုပ်ငန်းခွင်မှာ လုပ်အားခမရတာတို့၊ အလုပ် ပြတ်တောက်တာတို့ဖြစ်လာရင် အချိန်နဲ့တပြေးညီကူညီဆောင်ရွက်ပေးဖို့၊ သူတို့တွေဟာ မိခင်တိုင်းပြည်အတွက် အခွန်ထမ်းနေကြတဲ့ ပြည်သူတွေပဲဖြစ်တယ်ဆိုတာကို အလေးထားပြီး ဂရုစိုက်ဖို့နဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။ ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် စေလွှတ်မည့် မြန်မာလုပ်သားများကို အလုပ်သမားဝန်ကြီးဌာနက လေယာဉ်ဖြင့် စေလွှတ်ခွင့်ပြုလိုက်သော်လည်း လေယာဉ်လက်မှတ် စျေးမြင့်တက်နေခြင်းကြောင့် အခက်အခဲဖြစ်နေကြောင်း၊ လုပ်သားများထံမှ ငွေကြေးထပ်မံ၍ မကောက်ခံလိုကြောင်းနှင့် ကော့သောင်း- ရနောင်း-ဘန်ကောက်လမ်းအတိုင်း ရေလမ်းကြောင်းဖြင့် ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “MoU လုပ်သားတွေကို…
မန်ယူအသင်းသည် တိုက်စစ်ကစားသမားများဖြစ်သည့် ဆန်ချိုနှင့် အန်တိုနီတို့ကို တစ်ဦးလျှင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင်ဖြင့် ဆော်ဒီကလပ်များထံ ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း The Standard မီဒီယာ၏ ဆောင်းပါးရှင် နီဇာကင်ဆဲလားက သုံးသပ်ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် လက်ရှိအချိန်၌ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ဒေါ့မွန်အသင်းထံ ရာသီကုန်အထိ အငှားချထားပြီး အပြီးသတ်ရောင်းချမည့် သဘောတူညီချက် မပါဝင်သော်လည်း အသင်းတွင် ပြန်လည်နေရာပေးလိုခြင်း မရှိတော့ဟု သိရသည်။ ထို့ကြောင့် ဥရောပမှ ထိပ်တန်းကစားသမားများအား ကြေးကြီးပေး၍ ခေါ်ယူနေသော ဆော်ဒီကလပ်အသင်းများထံ ရောင်းထုတ်ရန် ရည်ရွယ်နေခြင်းဖြစ်ပြီး ခေါ်ယူစဉ်က ပေါင်(၇၃)သန်းပေးခဲ့ရသည့် ကစားသမားအတွက် ပေါင်သန်း(၅၀)ဝန်းကျင် ပြန်လည်ရရှိရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။ ပေါင်(၈၆)သန်းဝန်းကျင်ဖြင့် ခေါ်ယူခဲ့ရသော ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီမှာလည်း မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်သည့်အတွက် မန်ယူအသင်းက ပြန်လည်ရောင်းထုတ်ရန် ဆန္ဒရှိနေခြင်းဖြစ်ပြီး ၎င်း၏ အနာဂတ်မှာ အာမခံချက်မရှိတော့ကြောင်း နီဇာကင်ဆဲလားက သုံးသပ်ခဲ့သည်။ ဆန်ချိိုကို ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသလို၊ မန်ယူအသင်းမှ အခြားကစားသမားများဖြစ်သည့် ကက်စီမီရိုနှင့် ဗာရန်းတို့မှာလည်း ဆော်ဒီကလပ်များနှင့် သတင်းထွက်နေသည်။ မန်ယူအသင်းသည် ဗာရန်းကို ဆက်လက်ထိန်းသိမ်းထားလိုသော်လည်း ကျန်ကစားသမားများကိုမူ သင့်တော်သည့် ပြောင်းရွှေ့ကြေးရရှိပါက ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။ မန်ယူအသင်းမှ တာဝန်ရှိသူများသည် ပြီးခဲ့သည့်နှစ်အတွင်း ဆော်ဒီလိဂ်မှ တာဝန်ရှိသူများနှင့် မိတ်ဖွဲ့မှုပြုလုပ်ထားသည့်အတွက် လာမည့်နွေရာသီ၌ မန်ယူအသင်းနှင့် ဆော်ဒီကလပ်အသင်းများကြား အပြောင်းအရွှေ့ကိစ္စရပ်များ ပေါ်ပေါက်လာရန် အလားအလာများနေသည်ဟုလည်း နီဇာကင်ဆဲလားက သုံးသပ်ခဲ့သည်။
နော်တင်ဟမ်အသင်းသည် ဘရန့်ဖို့ဒ်အသင်းအား ရှုံးနိမ့်သည့်ပွဲ၌ အီဗန်တိုနေး၏ အငြင်းပွားဖွယ်သွင်းဂိုးအတွက် ဖြေရှင်းချက်ပေးရန် ပရီးမီးယားလိဂ်ပြိုင်ပွဲနှင့် ဒိုင်အဖွဲ့ထံ စာရေးသားပေးပို့၍ တောင်းဆိုထားကြောင်း သိရသည်။ ဇန်နဝါရီ (၂၀) ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းက နော်တင်ဟမ်အသင်းအား အိမ်ကွင်း၌ (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဧည့်သည်အသင်းက တစ်ဂိုးအသာဖြင့် ဦးဆောင်ထားစဉ် ဘရန့်ဖို့ဒ်အသင်းအတွက် ချေပဂိုးကို တိုနေးက (၁၉) မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် ကန်သွင်းယူခဲ့သည်။ တိုနေးသည် ပြစ်ဒဏ်ဘောမကန်မီ ဘောလုံးကို နေရာရွှေ့ခဲ့သလို ဒိုင်လူကြီးဖျန်းထားသည့် မှုတ်ဆေးကိုလည်း ဖယ်ရှားခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ၎င်း၏အငြင်းပွားဖွယ်လုပ်ရပ်အတွက် ဖြေရှင်းချက်ပေးရန် နော်တင်ဟမ်အသင်းက စာရေးသားပေးပို့၍ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ စည်းမျဉ်းအရ ပြစ်ဒဏ်ကျူးလွန်သည့် နေရာ၌သာ ပြစ်ဒဏ်ဘောကန်ရမည်ဖြစ်သော်လည်း VAR မှာ ယင်းကဲ့သို့ဖြစ်ရပ်မျိုး၌ ဆုံးဖြတ်ခွင့်မရှိဟု သိရသည်။
ဇန်နဝါရီ ၂၂ ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဝေးလံပြီးတောင်ထူထပ်သည့် ဒေသတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် လူရှစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ မြေဖုံးလွှမ်းခံခဲ့ရသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ နံနက်အစောပိုင်းက ယူနန်ပြည်နယ်၊ ကျန့်ရှုံဒေသတွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရ အာဏာပိုင်များ၏အဆိုကို ကိုးကား၍ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ နေအိမ် ၁၈ လုံး မြေဖုံးလွှမ်းခံခဲ့ရပြီး လူ ၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရသည်ဟု နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ဖော်ပြခဲ့သည်။ အာဏာပိုင်များသည် ကယ်ဆယ်ရေးလုပ်သား ၂၀၀ ကျော်နှင့်အတူ မီးသတ်ယာဉ်အစီးရေ ဒါဇင်ပေါင်းများစွာနှင့် အခြားစက်ကိရိယာများကို အသုံးပြု၍ အရေးပေါ်တုံ့ပြန်ကယ်ဆယ်မှုများ လုပ်ဆောင်လျက်ရှိသည်။ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲက မြေပြိုမှုဖြစ်ပွားသည့် နေရာတွင် အလောင်းနှစ်လောင်း တွေ့ရှိခဲ့သည်ဟု မြေပြင်တွင်သွားရောက်သတင်းယူနေသည့် သတင်းထောက်တစ်ဦး၏ အဆိုကိုကိုးကား၍ CCTV ကဖော် ပြခဲ့သည်။ မြေပြိုမှုဖြစ်ပွားစဉ်က အိပ်ပျော်နေ ကြောင်းနှင့် နေအိမ်မျက်နှာကြက်အစိတ်အပိုင်းအချို့ ခေါင်းပေါ်ပြုတ်ကျလာခဲ့ကြောင်း ဒေသခံတစ်ဦးကနိုင်ငံပိုင် BeiJing သတင်းဌာနသို့ ပြောကြားခဲ့သည်။ ‘စစချင်း ငလျင်လှုပ်တယ်လို့ ထင်ခဲ့ပေမဲ့ တောင်စောင်းပြိုကျမှန်း နောက်ပိုင်းမှသိခဲ့ရတယ်” ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။ နှင်းများအုပ်ဆိုင်းနေစဉ် မီးသတ်ဌာနတစ်ခုအပြင်ဘက်၌ လိမ္မော်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်းအမာများ ဝတ်ဆင်ထားသည့် အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများတန်းစီနေပုံကို ဒေသတွင်းရုပ်သံတစ်ခုက ထုတ် လွှင့်ခဲ့သည်။ ဧရာမ အပျက်အစီးပုံကြီးထဲတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ကယ်ဆယ်ရေးလုပ်သားများ၏ ဓာတ်ပုံများကိုလည်း ဖော်ပြခဲ့သည်။ တရုတ်သမ္မတရှီကျင်းပင်က ကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို အစွမ်းကုန်ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း CCTV…
အထွက်နှုန်းကျဆင်းနေသည့် ရေနံမြေများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအစီအမံများ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။ ဇန်နဝါရီ ၂၁ ရက်က စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အဖျောက်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်၍ ပါးလွှာသဲကြောများကို လေ့လာ၊ တွက်ချက်၊ သုတေသနပြုလုပ်၍ ပြန်လည်ဆန်းသစ်ပြီး သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည့် တွင်းအမှတ်(၅၀) နှင့် (၅၄) တို့ကို သွားရောက်ကြည့်ရှုအားပေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ သဘာဝဓာတ်ငွေ့တွင်းဟောင်းများကို ပြန်လည်လေ့လာတွက်ချက် သုတေသနပြု စမ်းသပ်ထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းကဏ္ဍအတွက် မှတ်တမ်းကောင်းတစ်ခု ရေးထိုးနိုင်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ အခြားသော ရေနံမြေများတွင်လည်း ယခုလိုရလဒ်ကောင်းများ ရရှိအောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တွင်းသစ်တူးဖော်နေသည့် တွင်းအမှတ် (၆၀) ကိုလည်း အောင်မြင်မှုများ ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံမြေများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအစီအမံများ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မီနည်းပညာများကို အသုံးချနိုင်ရေး လိုအပ်သော လေ့လာသင်ယူမှုများ လုပ်ဆောင်ရန်လိုကြောင်း၊ ယခုသုတေသနပြုမှု၏ အောင်မြင်မှုနှင့် AI နည်းပညာတို့ ပေါင်းစပ်အသုံးပြုနိုင်ရန်အတွက် ကြိုးစားလျက်ရှိကြောင်း၊ ယင်းသို့လုပ်ဆောင်နိုင်ခြင်းဖြင့် ခိုအောင်းနေနိုင်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပမာဏကို ပိုမိုသိရှိလာနိုင်မည်ဖြစ်ပြီး တိုးမြှင့်၍ ထုတ်လုပ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အဖျောက်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၅၀) နှင့် (၅၄) တို့မှ ပြန်လည်ဆန်းသစ်ပြီး သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်ဓာတ်ပုံကို ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်ခဲ့သည်။ အဖျောက် သဘာဝဓာတ်ငွေ့မြေကို ၁၉၉၁…
မြစ်ဝကျွန်းပေါ်ဒေသ တလုတ္ထော်မြို့၌ ထင်ရှားသည့် ရေငံပိုင်ဦးရှင်ကြီးပွဲတော် စတင်ကျင်းပနေပြီဖြစ်ပြီး ဒေသတွင်းမှ လာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ဟင်္သာတမြို့နယ် တလုတ္ထော်မြို့၌ နှစ်စဉ်ကျင်းပသည့် အဆိုပါနတ်ရိုးရာယုံကြည်မှုပွဲတော်ကို ဇန်နဝါရီ ၂၁ ရက်တွင် စတင်ကျင်းပနေခြင်းဖြစ်ပြီး ငါးရက်ကြာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ “ပွဲတော်ကို နှစ်စဉ်ကျင်းပရတဲ့ဓလေ့ရှိပါတယ်။ ဒီနယ်မှာ ဦးရှင်ကြီးပွဲတော်က စည်ကားပါတယ်။ ပွဲတော်က ဟိုအရင်တုန်းကတော့ ပိုစုံတယ်။ ဇာတ်သဘင်ကြီးတွေ၊ ရုပ်သေးတွေပါတယ်။ အခုနောက်ပိုင်းမှာတော့ ကိုဗစ်ကာလကစပြီး ပွဲတော်အကျဉ်းပဲ လုပ်ဖြစ်ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်းတော့ အစဉ်အလာမပျက်ပသမှု ပြုလုပ်ပါတယ်။ ဒီနှစ်မှာလည်း ပွဲတော်အစနေ့မှာတင် လူအတော်စည်ကားပါတယ်” ဟု ဒေသခံ အဘဦးအုန်းမောင်က ပြောကြားသည်။ အဆိုပါပွဲတော်၌ အစားအစာ၊ အသုံးအဆောင်နှင့် လယ်ယာသုံးပစ္စည်းများပါဝင်သည့် ဆိုင်ခန်းပေါင်းများစွာဖြင့် စည်ကားပြီး တေးဂီတနှင့် ဆပ်ကပ်ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ တစ်ရှူးငှက်စိုက်ခင်းများတွင် တရုတ်နိုင်ငံမှ ကားများ ဝင်ရောက်သယ်ယူမှုကြောင့် မြန်မာနိုင်ငံသားပိုင် ပို့ဆောင်ရေးကားများ ရာနှင့်ချီ ရပ်နားထားရကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောကြားသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “ကုမ္ပဏီတွေက အစီးရေ ရာချီရပ်ထားတယ်။ ကျွန်တော်တို့ ကားတွေလည်း နားထားတယ်။ မြန်မာနိုင်ငံသားပိုင် ကားအစီး တစ်ထောင်ဝန်းကျင်လောက်ရှိမယ်။ အရင်က ကံပိုင်တည်နဲ့ တရုတ်နိုင်ငံ ကူရုံးမြို့ကို မြန်မာနိုင်ငံသားပိုင်ကားတွေပဲ ပို့ရာကနေ ငှက်ပျောစိုက်တဲ့ တရုတ်တွေက တရုတ်နိုင်ငံက ကားတွေဝင်ချလာပြီး လာသယ်တာ။ အစိုးရဘက်ကိုလည်း တားပေးဖို့ ပြောနေရတယ်။ တရုတ်ကားတွေက တဖြည်းဖြည်းဝင်လာတာ လွန်ခဲ့တဲ့ ဇူလိုင်၊ သြဂုတ်လကနေ စဝင်လာတာ။ ကျွန်တော်တို့က နိုင်ငံတော်ကို အစိုးရ အခွန်ပေါင်းစုံပေးပြီး လုပ်ရတော့ သယ်ခတွေလည်း အများကြီးလျှော့လို့ မရဘူး။ သူတို့ကတော့ စျေးလျှော့ပြီး သယ်လို့ရနေတယ်လေ။ ကျွန်တော်တို့ နိုင်ငံသားပိုင်ကားတွေအတွက်တော့ ရှုံးတာပေါ့ဗျာ” ဟု ဆိုသည်။ ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးလာရစ်က “တစ်ရှူး ငှက်ပျောခင်းပိုင်ရှင်တွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်သူတွေကြားမှာ ပြဿနာတွေရှိလာတယ်။ တာဝန်ယူ တာဝန်ခံရတဲ့အပိုင်း၊ စျေးနှုန်းပိုင်းတွေပေါ့။ အခုက ငှက်ပျောစိုက်ကုမ္ပဏီတွေက ကိုယ်ပိုင်ကားတွေ ဝယ်ယူဖို့ လုပ်ဆောင်နေကြတယ်။ ဝယ်လည်းဝယ်နေကြတယ်” ဟု ဆိုသည်။ ယင်းကဲ့သို့သော တရုတ်နိုင်ငံမှကားများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ တစ်ရှူးငှက်ပျောသယ်ဆောင်မှုကို ယခင် NLD လက်ထက်၌ အချေအတင်ဆွေးနွေးမှုများရှိခဲ့သည်။ ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျောစိုက်ပျိုးမှုကို ကိုဗစ်ကပ်ဘေးကြောင့် ရပ်နားခဲ့ရာမှ ၂၀၂၃ ခုနှစ်ဆန်းပိုင်းမှ စတင်ကာ နေရာဟောင်းများအပြင် တိုးချဲ့စိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်။ ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျောစိုက်ခင်းများကို ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဝိုုင်းမော်၊ မြစ်ကြီးနား၊ မိုးမောက်၊ ဗန်းမော်၊…
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ် တောင်ဒေသ၊ စံဖူးကျေးရွာတွင် ဇန်နဝါရီ ၂၀ ရက်က တိုက်ပွဲဖြစ်ပွားပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၁ ရက်အထိ တိုက်ပွဲပြင်းထန် နေပြီး သေနတ်သံများ ကြားနေရကြောင်း၊ မဲနယ်တောင်တက်သော ခရီးသည်အများ အပြားပိတ်မိနေကြောင်း သိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲနယ်တောင်တက်ရန် စံဖူး၊ လုံးဟီးကျေးရွာမှ တစ်ဆင့် တောင်ပေါ်သို့ လမ်းလျှောက်တက် ရခြင်းဖြစ်ပြီး ခရီးသည်များ နေ့စဉ်လာရောက် လည်ပတ်မှုရှိကြောင်း၊ လက်ရှိအချိန်တွင် ခရီးသည် ၅၀ နီးပါး ပိတ်မိနေနိုင်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဟိုပုံးမြို့ နယ်၊ စံဖူးကျေးရွာတွင် PNLO ယူနီဖောင်း ဝတ်ဆင်ထားသူများ မောင်းနှင်လာသော မော်တော်ယာဉ်များပေါ်မှ လက်နက်ငယ် မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်အပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း နစက မှ သတင်းထုတ်ပြန်သည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့ နယ်တွင် တရားမဝင် လက်နက်^ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စံဖူးကျေးရွာသို့ရောက် ရှိလာသည့် PNLO ယူနီဖောင်းဝတ်ဆင်ထား သူများလိုက်ပါ၍ canter ယာဉ်နှစ်စီး၊Honda Fit ယာဉ်တစ်စီး၊ ဖိုးဝှီးယာဉ်နှစ်စီး၊ စုစုပေါင်း မော်တော်ယာဉ်ငါးစီးပါ ယာဉ်တန်းအား တွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ…
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့အဝင်ရှိ စေတီတော်တစ်ဆူအား TNLA အဖွဲ့က ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား TNLA အဖွဲ့က ဇန်နဝါရီ ၁၀ ရက်မှစ၍ ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီ ၂၀ ရက်တွင် အပြီးသတ် ပြိုကျပျက်စီးသွားခဲ့ကြောင်းနှင့် အဆိုပါ စေတီတော်အတွင်း ဌာနပနာထားသည့် ပစ္စည်းများကိုလည်း ၎င်းအဖွဲ့က ယူဆောင်သွားခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။ အဆိုပါ စေတီတော်သည် ရှေးယခင်က ပလောင်တောင်ပိုင် စော်ဘွားကြီး မဟာသရေစည်သူ စပ်ခွန်ပန်းစိန်က တည်ထားကိုးကွယ်ခဲ့ပြီး ခေတ်အဆက်ဆက်၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများက ပူးပေါင်းကာ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ရွှေထီးတော်တင်လှူပူဇော်ခြင်းများ ဆောင်ရွက်ခဲ့သည့် စေတီတော်တစ်ဆူဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း MNDAA အဖွဲ့သည် လောက်ကိုင်မြို့နယ်၊ စီအောကျေးရွာ၏ မြောက်ဘက် ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်အား သံတူဖြင့် ထု၍ ဖြိုချဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်များနှင့် အခြား ဗုဒ္ဓဆင်းတုတော်များအား ထုခွဲဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်များ ထွက်ပေါ်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများက ၎င်းတို့၏ လုပ်ရပ်များကို လက်မခံနိုင်ဘဲ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဘာစီလိုနာအသင်း၏ စပိန်လူမျိုးနည်းပြ ဇာဗီက မိမိတို့အသင်းအနေဖြင့် ယခုရာသီတွင် ခံစစ်ပိုင်းပြဿနာကြုံတွေ့နေရပြီး၊ ဂိုးများအလွယ်တကူပေးနေရသည်ဟု ညည်းတွားပြောဆိုခဲ့ကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။ ဘက်တစ်အသင်းနှင့် လာလီဂါပွဲစဉ်မတိုင်မီပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဇာဗီက ဘာစီလိုနာအသင်း၏ ခံစစ်ပိုင်းပြဿနာများအပေါ် ဖွင့်ဟခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် အကောင်းဆုံးကြိုးစားတည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၂၀)ပွဲကစားပြီးချိန်တွင် ပေးဂိုး (၂၄) ဂိုးအထိခွင့်ပြုထားရပြီး ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီ တစ်ရာသီလုံးပေးဂိုး (၂၀)ဂိုးထက် (၄) ဂိုးပိုမိုများပြားခဲ့သည်။ ထို့ပြင် ဘာစီလိုနာအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံတွင် ဂိုးမပေးရသည့်ပွဲ (Clean Sheet) (၁)ပွဲသာရရှိခဲ့ပြီး ဆယ်စုနှစ် (၂)ခုအတွင်း အသင်း၏ အဆိုးရွားဆုံးသော ခံစစ်စွမ်းဆောင်ရည်မှတ်တမ်းဖြစ်ခဲ့သည်။ ဘာစီလိုနာအသင်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး နည်းပြဇာဗီက ”အသင်းအနေနဲ့ ခံစစ်ပိုင်းပြဿနာ ကြုံတွေ့နေရသလို၊ မဖြစ်သင့်တဲ့အခြေအနေမှာ ဂိုးတွေ လွယ်လွယ်ပေးနေရပါတယ်။ ဒါ့ပြင် တိုက်စစ်ကစားပုံကလည်းထိရောက်မှုနည်းနေပါတယ်။ ကျွန်တော်တို့ဟာ ဘောလုံးဆုံးရှုံးမှုတွေ များပြားခဲ့သလို၊ ပြိုင်ဘက်တွေရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး” ဟု စပိန်အားကစားသတင်းစာ AS သို့ဖြေကြားခဲ့သည်။ ထို့ပြင် ဇာဗီက ယခုအခြေအနေအတွက် မိမိတို့ အနေဖြင့် အပြုသဘောဆောင်မှုကိုရည်ရွယ်ကာ ပြင်ဆင်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ခံစစ်ပိုင်းအတွက် အသင်း၏အကယ်ဒမီမှလူငယ်ကစားသမားများကို ရွေးချယ်အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇာဗီက ”လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အကောင်းဆုံးလက်ခံအဖြေရှာသွားမှာပါ။ အသင်းအကယ်ဒမီမှာလည်း လူငယ်ကစားသမားတွေအသင့်ရှိနေပါတယ်။ ကျွန်တော်တို့အားလုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်အဖြေရှာသွားမှာဖြစ်ပြီး၊ အသင်းအတွက် အကောင်းဆုံးကြိုးစားတည်ဆောက်ပေးသွားမှာပါ” ဟုပြောကြားခဲ့သည်။ ထို့ကြောင့် ဇာဗီအနေဖြင့် အသင်း၏လက်ရှိခံစစ်ပြဿနာအပေါ် စိတ်ပျက်လျက်ရှိနေသော်လည်း လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ခံစစ်ကစားသမားသစ်…