ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ် တောင်ဒေသ၊ စံဖူးကျေးရွာတွင် ဇန်နဝါရီ ၂၀ ရက်က တိုက်ပွဲဖြစ်ပွားပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၁ ရက်အထိ တိုက်ပွဲပြင်းထန် နေပြီး သေနတ်သံများ ကြားနေရကြောင်း၊ မဲနယ်တောင်တက်သော ခရီးသည်အများ အပြားပိတ်မိနေကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲနယ်တောင်တက်ရန် စံဖူး၊ လုံးဟီးကျေးရွာမှ တစ်ဆင့် တောင်ပေါ်သို့ လမ်းလျှောက်တက် ရခြင်းဖြစ်ပြီး ခရီးသည်များ နေ့စဉ်လာရောက် လည်ပတ်မှုရှိကြောင်း၊ လက်ရှိအချိန်တွင် ခရီးသည် ၅၀ နီးပါး ပိတ်မိနေနိုင်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဟိုပုံးမြို့ နယ်၊ စံဖူးကျေးရွာတွင် PNLO ယူနီဖောင်း ဝတ်ဆင်ထားသူများ မောင်းနှင်လာသော မော်တော်ယာဉ်များပေါ်မှ လက်နက်ငယ် မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်အပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း နစက မှ သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့ နယ်တွင် တရားမဝင် လက်နက်^ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စံဖူးကျေးရွာသို့ရောက် ရှိလာသည့် PNLO ယူနီဖောင်းဝတ်ဆင်ထား သူများလိုက်ပါ၍ canter ယာဉ်နှစ်စီး၊Honda Fit ယာဉ်တစ်စီး၊ ဖိုးဝှီးယာဉ်နှစ်စီး၊ စုစုပေါင်း မော်တော်ယာဉ်ငါးစီးပါ ယာဉ်တန်းအား တွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ PNLO ယူနီဖောင်းဝတ်ဆင် ထားသူတစ်ဦးက သေနတ်စတင်ပစ်ဖောက်မှု ဆောင်ရွက်လာသည့်အတွက် ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
PNLO အဖွဲ့သည် NCA လက်မှတ်ရေး ထိုးထားသည့်အဖွဲ့ဖြစ်သည့်အတွက် ငြိမ်း ချမ်းရေးကိုရှေးရှု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ပြီး NCA ပါ သဘောတူညီချက်များအား လေးစားလိုက် နာစေရေး ဆွေးနွေးညှိနှိုင်းခဲ့သည့်အတွက် ပစ်ခတ်မှု ရပ်တန့်သွားခဲ့ကြောင်း၊ သို့သော် လည်း PNLO ယူနီဖောင်းဝတ်ဆင်ထားသူ များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး ညှိနှိုင်းစေ့စပ်မှု ဆောင်ရွက်နေစဉ်အတွင်း ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ၎င်းင်းတို့ယာဉ် တန်းမှ ယာဉ်များအား မီးရှို့ထွက်ပြေးခဲ့ ခြင်းကြောင့် ယာဉ်ပေါ်ရှိ လက်နက်ခဲယမ်းများ ပေါက်ကွဲပြီး စံဖူးကျေးရွာရှိ နေအိမ်များသို့ မီးကူးစက်ကာ နေအိမ် ၂၇ လုံး မီးလောင်ပျက် စီးခဲ့ရကြောင်း နစကမှ ထုတ်ပြန်သည်။
မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ဟိုပုံး မြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့မှ မီးသတ် ယာဉ်ခြောက်စီးနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ၀ိုင်းဝန်းငြိှမ်းသတ်မှုကြောင့် မီးငြိမ်း သွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
မီးလောင်ပျက်စီးနေသည့် ယာဉ်များ အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ canter ယာဉ်နှစ်စီးပေါ်မှ မီးလောင်ပျက်စီး လျက်ရှိသည့် လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံးခြောက် လုံးနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။