Author: admin

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲမြောင်အနီး ကျိုက်ထို – ကင်မွန်းစခန်းကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ခရီးသည်မှန်လုံယာဉ် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကျိုက်ထိုမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ Foam မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ ရေသယ်ယာဉ် တစ်စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ အင်ဂျင်စက်ခန်းအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်ဟု သိရကြောင်းနှင့် မီးလောင်မှုကြောင့် ခရီးသည်တင်မှန်လုံယာဉ် ပေါ်လိုက်ပါလာကြသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ကြောင်း ကျိုက်ထိုမြို့အခြေစိုက် ပရဟိတအရေးပေါလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “မီးလောင်မှုကြောင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးလုံးပျက်ဆီးသွားခဲ့ပါတယ်။ ယာဉ်ပေါ်လိုက်ပါလာသူတွေ သွားရေးလရေးအဆင်ပြေစေဖို့အတွက် သက်ဆိုင်ရာနဲ့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

Read More

ရခိုင်ပြည်နယ် ကျောက်ဖြူမှ ရန်ကုန်သို့ လေကြောင်းဖြင့်လာရောက်မည့် ခရီးသည်များအနေနှင့် စီးနင်းခွင့်လက်မှတ်အား ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသို့ တင်ပြတောင်းခံရမည်ဖြစ်ပြီး ကျန်းမာရေး မကောင်းသူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ခွင့်ပြုချက်ရရှိထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်၍ ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည်များအနေဖြင့် ခရီးသွားမည့် ရက်မတိုင်မီ လေကြောင်းလိုင်းဖြင့် စီးနင်းခွင့်လက်မှတ်အား ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ရုံးသို့ သွားရောက်တင်ပြတောင်းခံရမည်ဖြစ်ပြီး ၎င်းရုံးမှ ခွင့်မပြုသည့် ခရီးသည်များအနေဖြင့် လေကြောင်းလိုင်းခရီးစဉ်ဖြင့် လိုက်ပါခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။ ယင်းပြင်ခရီးသွားရန် လက်မှတ်ကြိုတင်ဝယ်ထားပြီးသော ခရီးသည်များအနေဖြင့်လည်း ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးသို့ သွားရောက်တင်ပြတောင်းခံရမည်ဖြစ်ပြီး၊ ကျန်းမာရေး မကောင်းသည့်သူများ၊ ကျောင်းတက်နေသည့် ကျောင်းသူ ကျောင်းသားများနှင့် ခွင့်ပြုရရှိထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများမှအပ မည်သည့်ခရီးသည်ကိုမျှ ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းလိုင်းခရီးစဉ်ဖြင့် လိုက်ပါခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။ ယင်းပြင် တနင်္သာရီတိုင်း မြိတ်မြို့နယ်အတွင်း လေယာဉ်လက်မှတ် အရောင်းဆိုင်များမှ လက်မှတ်ရောင်းချရာတွင် ပြည်သူ(ဝန်ထမ်းမဟုတ်သူ) များအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိမှသာ ရောင်းချပေးရန်နှင့် E-Ticket ဖြင့် ဝယ်ယူပါက အဆိုပါဝန်ထမ်းမဟုတ်သူများမှ လေဆိပ်သို့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ယူဆောင်လာရမည်ဖြစ်ကြောင်း လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းရရှိသည်။ “ခုလက်ရှိကတော့ မြိတ်ကနေ ရန်ကုန်ကို လာမယ့်ဒေသခံတွေအနေနဲ့ လေယာဉ်လက်မှတ်ဝယ်ယူတဲ့အခါ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ယူလာဖို့…

Read More

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မြို့မှစွန့်ခွာလာသည့် တပ်မတော်မိသားစုဝင်များနှင့် ဝန်ထမ်း မိသားစုများ ပါဝင်သည့် ရေယာဉ်သုံးစင်းကို ဖေဖော်ဝါရီ ၈ ရက်က AA အဖွဲ့က Drop Bomb ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကလေးငယ်များပါဝင်သည့် တပ်မတော်မိသားစုဝင်များနှင့် ဝန်ထမ်း မိသားစုများ ပါဝင်သော သဘောၤအချို့နစ်မြှုပ်ခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့ သင်္ဘောနစ်မြှုပ်ပြီးနောက် သင်္ဘောပေါ်တွင်လိုက်ပါလာသူများသည် ကူးခတ်၍ ကမ်းပေါ်သို့တက်ရောက်ရာတွင် မြစ်ကြောင်းတစ်လျှောက် AA အဖွဲ့သေနတ်ဖြင့်ပစ်ခတ်ခြင်းနှင့် ကျောက်တော်မှ စစ်တွေသို့ သွားရာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာအချို့မှ ကျေးရွာသားများက ဓားဖြင့်ခုတ်ခြင်းများကြောင့် သေဆုံးမှုများအတွင်း ကလေးများအပါအဝင် တပ်မတော်မိသားစုဝင်နှင့် ဝန်ထမ်းစုစုပေါင်း ဦးရေ ၇၀၀ နှင့် ၉၀၀ ကြားရှိကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်သက်သေနှင့် သီးသန့်အတည်ပြုချက်များရယူရန် ခက်ခဲ့သော်လည်း Eleven Media Group ၏စုံစမ်းရရှိသည့် သတင်းအချက်အလက်များအရ ယင်းဖြစ်စဉ်မှာ မှန်ကန်ပြီး ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် သေဆုံးသူ ၇၀၀ နှင့် ၉၀၀ ဝန်းကျင်ရှိနိုင်ကြောင်း စုံစမ်းသိရှိရသည်။ တပ်မတော်ကမ်းထိုးရေယာဉ်များ ပစ်ခတ်ခံရမှုမှာ ကျောက်တော်မြို့ပေါ်မှ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်များသည် ဆက်လက်မောင်းနှင်သွားရာတွင် အပေါက်ဝနှင့် ဂုပီးတောင်ကြားအရောက်တွင် ဝိုင်းဝန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်သုံးစင်းအနက် နှစ်စင်းနစ်မြုပ်သွားပြီး ကျန်တစ်စင်းသည် ဒုက္ကန်ချောင်ရွာနှင့် အပေါက်ဝကြားတွင် ကမ်းကပ်သွားစဉ် အဆိုပါရေယာဉ်ပေါ်ပါရှိသည့် စစ်သည် ရဲမေ မှီခိုကလေးသူငယ်များ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အတွင်း အသက်ရှင်လွတ်မြောက်လာသူမရှိသလောက်ပင်ဖြစ်ကြောင်းလည်းစုံစမ်းသိရသည်။ အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ Operation 1027 ၏ ဖေဖော်ဝါရီ ၈ ရက်…

Read More

မာရသွန်ကမ္ဘာ့စံချိန်ရှင် ကင်ညာတာဝေးအပြေးသမား ကယ်လ်ဗင်ကစ်တမ်သည် ယာဉ်မတော်တဆမှုကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။ အသက် ၂၄ နှစ်သာရှိသေးသူ ကစ်တမ်သည် ဖေဖော်ဝါရီ ၁၁ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီတွင် ကင်ညာနိုင်ငံအနောက်ပိုင်းတွင် ယာဉ်မတော်မတဖြစ်ပွားစဉ် အခင်းဖြစ်နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။ ဒေသခံရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုအရ ကစ်တမ်သည် Toyota Premio အမျိုးအစား ယာဉ်ကို ကိုယ်တိုင်မောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်တွင် ၎င်း၏နည်းပြဖြစ်သူ ရဝမ်ဒါနိုင်ငံသား ဟာကီဇီမာနာလည်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး ခရီးသည်နေရာတွင်လိုက်ပါလာသည့် အမျိုးသမီးမှာမူ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ ကစ်တမ်သည် ပထမဆုံးယှဉ်ပြိုင်သည့် ၂၀၂၂ ဗလင်စီယာမာရသွန်ပြိုင်ပွဲတွင် နှစ်နာရီ၊ နှစ်မိနစ်ဖြင့် အဖွင့်လှခဲ့ပြီး ၂၀၂၃ လန်ဒန်မာရသွန်ပြိုင်ပွဲတွင် နှစ်နာရီ၊ တစ်မိနစ်၊ ၂၅ စက္ကန့်ဖြင့် သမိုင်းတစ်လျှောက် ဒုတိယအမြန်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ နောက် ၂၀၂၃ ရှီကာဂိုမာရသွန်ပြိုင်ပွဲတွင် နှစ်နာရီ၊ ၃၅ စက္ကန့်ဖြင့် မာရသွန်ကမ္ဘာ့စံချိန်သစ် ရေးထိုးနိုင်ခဲ့သည်။ ၎င်းအနေဖြင့် ၂၀၂၂ ဘာလင်မာရသွန်ပြိုင်ပွဲတွင် တစ်နိုင်ငံတည်းသား ကစ်ချော့ချ်တင်ရှိထားသည့် နှစ်နာရီ၊ တစ်မိနစ်၊ ၀၉ စက္ကန့်စံချိန်ထက် ၃၄ စက္ကန့် အသာဖြင့် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ ကစ်တမ်ကွယ်လွန်ခြင်းအတွက် ကင်ညာအားကစားဝန်ကြီး နမ်ဝမ်ဘာက ”ရင်နာစရာကောင်းလိုက်တာ။ ကင်ညာအတွက် ထူးခြားတဲ့ရတနာ ဆုံးရှုံးခဲ့ရတာပါ။ ပြောရမယ့်စကားတောင် မရှိပါဘူး” ဟု လူမှုမီဒီယာ X တွင် ဝမ်းနည်းကြောင်း ရေးသားခဲ့သည်။ ကင်ညာအတိုက်အခံခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း အိုဒင်ဂါကလည်း…

Read More

ဂျာမန်မီဒီယာများသည် လေဗာကူဆင်နှင့်ပွဲမှ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း၏ ခြေစွမ်းကို ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။ ဟာရီကိန်းသည် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် သွင်းဂိုးစံချိန်များစွာ ချိုးဖျက်ကာ ခြေစွမ်းပြနေသူဖြစ်သော်လည်း လေဗာကူဆင်အား (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင်မူ ဂိုးကန်သွင်းခွင့်တစ်ကြိမ်သာ ရရှိသည်အထိ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့သည်။ ထို့ကြောင့် Bild က ဟာရီကိန်း၏ ကပ်ဘေးဆိုက်ခြင်းဟု သုံးနှုန်းခဲ့သလို၊ ဘိုင်ယန်မြူးနစ်ကစားသမားဘဝ အညံ့ဆုံးပွဲဟုလည်း ဝေဖန်ရေးသားခဲ့သည်။

Read More

တရုတ်အာဏာပိုင်များသည် အင်တာမိုင်ယာမီအသင်း၏ ဟောင်ကောင်ခြေစမ်းပွဲ၌ မက်ဆီ ပါဝင်မကစားခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် မတ်လအတွင်း တရုတ်နိုင်ငံတွင်ကစားမည့် အာဂျင်တီးနားအသင်း၏ ခြေစမ်းပွဲနှစ်ပွဲစလုံးကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ အာဂျင်တီးနားအသင်းသည် မတ် (၁၈) ရက်တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ နိုင်ဂျီးရီးယားအသင်း၊ မတ် (၂၆)ရက်တွင် ပေကျင်းမြို့၌ အိုင်ဗရီကို့စ်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားရန် စီစဉ်ထားသော်လည်း နှစ်ပွဲစလုံး ဖျက်သိမ်းခံရခြင်းဖြစ်သည်။ ဟန်ကျိုးအားကစားဗျူရိုက အာဂျင်တီးနား-နိုင်ဂျီးရီးယားခြေစမ်းပွဲကို ကျင်းပမည်မဟုတ်ကြောင်း ဖေဖော်ဝါရီ (၉) ရက်တွင် ကြေညာခဲ့ပြီးနောက် ပေကျင်းဘောလုံးအဖွဲ့ချုပ်ကလည်း မက်ဆီ ပါဝင်မည့်ပွဲစဉ်ကို ကျင်းပမည်မဟုတ်ကြောင်း ဖေဖော်ဝါရီ (၁၀) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ”အခုအချိန်မှာ ပေကျင်းအနေနဲ့ လီယွန်နယ်မက်ဆီ ပါဝင်မယ့်ပွဲစဉ်ကို ကျင်းပဖို့ အစီအစဉ်မရှိပါဘူး” ဟု ပေကျင်းဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဟန်ကျိုးအားကစားဗျူရိုလည်း ”အဲဒီအကြောင်းအရင်းကို အားလုံးသိထားပြီးသားပါ။ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အရ ဒီအခြေအနေက ပွဲကျင်းပဖို့ ကိုက်ညီမှု မရှိပါဘူး” ဟု ထုတ်ပြန်ခဲ့သည်။ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီသည် ရာသီကြိုခြေစမ်းပွဲ (၆)ပွဲအနက် (၅)ပွဲတွင် ပွဲထွက်ကစားသမား သို့မဟုတ် လူစားဝင်အဖြစ် ပါဝင်ကစားခဲ့သော်လည်း ဖေဖော်ဝါရီ (၄) ရက်က ဟောင်ကောင်လိဂ် XI အသင်းနှင့်ပွဲတွင်မူ ပါဝင်ကစားခြင်းမရှိဘဲ ယင်းတစ်ပွဲတည်းသာ ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။ မက်ဆီသည် အရန်စာရင်းတွင် ပါဝင်သော်လည်း တံကောက်ကြောဒဏ်ရာကြောင့် ပါဝင်ကစားခြင်းမရှိရာ ပရိသတ်များက ပွဲကစားနေစဉ် ”မက်ဆီ ဘယ်မှာလဲ”၊ ”ပြန်အမ်းပေး၊ ပြန်အမ်းပေး” ဟု အော်ဟစ်တောင်းဆိုခဲ့သလို ပွဲအပြီးတွင် အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်က ကျေးဇူးတင်စကားပြောကြားစဉ်မှာလည်း…

Read More

စပိန်လာလီဂါပွဲစဉ် (၂၄) ရီးယဲလ်မက်ဒရစ် (၄-၀) ဂျီရိုနာပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းပေးယူခဲ့သည့် အင်္ဂလန်ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဟမ်သည် ရီးယဲလ်ကစားသမားဘဝ သွင်းဂိုးစံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။ အသက် (၂၀)နှစ်အရွယ်ရှိ ၂၀၂၃ Golden Boy ဆုရှင်ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကမှ ရီးယဲလ်အသင်းထံ ယူရိုသန်း (၁၁၀)ဖြင့်ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပထမဆုံးရာသီတွင်ပင် အကောင်းဆုံးခြေစွမ်းပြကာ စံချိန်တင်သွင်းဂိုးများသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဂျီရိုနာနှင့်ပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် သွင်းဂိုး (၂) ဂိုးသွင်းယူပေခဲ့ပြီးနောက် ဘယ်လင်ဟမ်အနေဖြင့် ယခုရာသီပြိုင်ပွဲစုံသွင်းဂိုး (၂၀)ပြည့်မြောက်ခဲ့ပြီး ယင်းမှာ မည်သည့်လာလီဂါကစားသမားထက်မဆို ပိုမိုသာလွန်သည့် ပမာဏဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဘယ်လင်ဟမ်သည် ဂျီရိုနာနှင့်ပွဲစဉ်အပြီးတွင် ယခုရာသီလာလီဂါသွင်းဂိုး (၁၆) ဂိုးပြည့်မြောက်ခဲ့ပြီး လာလီဂါသမိုင်း၏ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ကြောင်းသိရသည်။ ဘယ်လင်ဟမ်အနေဖြင့် ၂၀၀၁ ခု နှစ်မှ စတင်ရေတွက်ပါက ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း လာလီဂါသွင်းဂိုးအများဆုံး သွင်းယူနိုင်သည့် ကွင်းလယ်လူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အင်္ဂလန်ကစားသမားများထဲတွင်ပထမဆုံးစွမ်းဆောင်နိုင်ခြင်းလည်းဖြစ်ခဲ့သည်။ ဘယ်လင်ဟမ်မတိုင်မီ ရီးယဲလ်အသင်းအတွက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် ကွင်းလယ်လူအဖြစ် မှတ်တမ်းဝင်ထားသူမှာ ကိုလံဘီယာကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်ဖြစ်ပြီး ၂၀၁၄-၁၅ ရာသီက (၁၃)ဂိုးသွင်းယူကာ စံချိန်တင်ထားနိုင်ခြင်းဖြစ်သည်။ ယခုအခါ ဘယ်လင်ဟမ်အနေဖြင့် လာလီဂါပွဲစဉ် (၂၁) ပွဲသာကစားပြီးချိန်တွင် ဟာမီးစ်ရိုဒရီဂွက်ဇ်၏ တစ်ရာသီအတွင်းလာလီဂါသွင်းဂိုးအရေအတွက်ကို (၃)ဂိုး အသာဖြင့်ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ လာမည့် ၂၀၂၄ ခုနှစ်အတွက် Ballon d’Or ဆုရှင်အဖြစ် ရေပန်းစားနေသည့် ဘယ်လင်ဟမ်သည် ယခုရာသီ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၉)ပွဲသာ ကစားထားသော်လည်း…

Read More

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ မြင့်တက်ခဲ့ပြီးနောက် ရန်စခံရမည်ဆိုပါက ဦးစွာလက်တုံ့ပြန်ရန်နှင့် နောက်မှ သတင်းပို့ရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ၎င်း၏ မရိန်းတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြားခဲ့သည်။ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း တောင်ကိုရီးယားကို ၎င်း၏ အဓိကရန်သူ ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ နှစ်နိုင်ငံပြန်လည် ပေါင်းစည်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် အေဂျင်စီများကို ပိတ်သိမ်းကာ ၎င်း၏နယ်နိမိတ်ကို ၀ ဒသမ ၀၀၁ မီလီမီတာမျှပင် ထိပါးခံရမည်ဆိုပါက စစ်ပွဲဆင်နွှဲသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားအနေဖြင့် တိုက်ခိုက်ခံရမည်ဆိုပါက တောင်ကိုရီးယားကို အဆုံးသတ်ပစ်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့ပြီး တောင် ကိုရီးယားသည် မြောက်ကိုရီးယား၏ အန္တရာယ်အများဆုံးနှင့် ထာဝရမဟာရန်ဘက်အဖြစ် ကြေညာခဲ့သည်။ “ရန်သူဟာ ကျွန်တော်တို့ နိုင်ငံကို အင်အားသုံးပြီး ဆန့်ကျင်လာမယ်ဆိုရင် ကျွန်တော်တို့ကလည်း သမိုင်းကြောင်းကို ပြောင်းလဲပစ်ဖို့နဲ့ ရှိသမျှ စူပါပါ၀ါတွေအသုံးပြုပြီး သူတို့ကို အဆုံးသတ်ပစ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”ဟု ကင်က ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းရေးသည် အသနားခံ တောင်းဆိုရသည့် သို့မဟုတ် ဆွေးနွေးမှုများဖြင့် ရရှိသည့် အရာမဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။ “ရန်သူတွေက ကျွန်တော်တို့ကို ရန်စခဲ့မယ်ဆိုရင် “အရင်လုပ်၊ နောက်မှ သတင်းပို့”ဆိုတဲ့ မူကို ကျင့်သုံးပြီး ရန်သူတွေရဲ့ စိတ်ဓာတ်ကို အလုံးစုံ ခြေမွှပစ်ဖို့ တွန့်ဆုတ်မှာမဟုတ်ဘဲ သာလွန်အင်အားနဲ့ ပြင်းထန်စွာ တုံ့ ပြန်သွားမှာ…

Read More

ဖိလစ်ပိုင်နိုင်ငံ၏ ကမ်းလွန် ကျောက်တန်းတစ်ခုအနီးတွင် ကိုးရက်ကြာ ကင်းလှည့် မှုများ ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်ကင်းလှည့် သင်္ဘောကို တရုတ်သင်္ဘောများက အန္တရာယ်များသည့် သေနင်္ဂဗျူဟာဖြင့် ချဉ်းကပ်မောင်း နှင်ခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်တွင် စွပ်စွဲခဲ့သည်။ ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ် အတွင်းရှိ ငါးများပေါကြွယ်ဝသည့် စကာဘိုရော့ သောင်ခုံတစ်ဝန်း ရေပြင်များအနီးတွင် ကင်းလှည့်ရန်၊ ဖိလစ်ပိုင်ငါးဖမ်းသမားများ၏ ဘေးကင်းလုံခြုံရေးကို စိန်ချသေချာမှုရှိစေ ရန်နှင့် ငါးဖမ်းသမားများကို ရိက္ခာများ ထောက်ပံ့ရန် BRP Teresa Magbanau သင်္ဘောကို ဖေဖော်ဝါရီလ အစောပိုင်းက ဖြန့်ကြက်ချထားခဲ့သည်။ ၂၀၁၂ ခုနှစ်က တရုတ်သည် ဖိလစ်ပိုင်ထံမှ ထိုကျောက်တန်းကို သိမ်းယူခဲ့ပြီးကတည်းက ထိုကျောက်တန်းအနီးတစ်ဝိုက်ရှိ ရေပြင်နယ်နိမိတ်များသည် နှစ်နိုင်ငံအကြား ပေါက်ကွဲလုနီးပါး အခြေအနေတစ်ခု ဖြစ်ခဲ့သည်။ ထိုအချိန်ကတည်းက တရုတ်သည် ကင်းလှည့်သင်္ဘောများကို ဖြန့်ကြက်ချထားခဲ့ပြီး တရုတ်၏ ထိုသင်္ဘောများသည် ဖိလစ်ပိုင် သင်္ဘောများကို နှောင့်ယှက်ခြင်း၊ ဖိလစ်ပိုင် သင်္ဘောများကို ငါးများပေါကြွယ်ဝသည့် ရေပြင်များသို့ သွားရောက်မှုကို တားဆီးခြင်းတို့ ပြုလုပ်ခဲ့သည်။ ကင်းလှည့်မှုကာလအတွင်း တရုတ်ကမ်း ခြေစောင့်တပ်ဖွဲ့သင်္ဘောများသည် BRP Teresa Magbanau ကင်းလှည့်သင်္ဘောကို အန္တရာယ်များသည့် သေနင်္ဂဗျူဟာဖြင့် ချဉ်းကပ်မောင်းနှင်ခြင်း၊ လေးကြိမ်တိတိ ပိတ်ဆို့မှုများ ပြုလုပ်ခြင်း၊ သင်္ဘောဦးပိုင်းရှေ့မှ နှစ်ကြိမ်ဖြတ်သန်း မောင်းနှင်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောလေးစင်းက နောက်ယောင်ခံလိုက်မှုပေါင်း အကြိမ် ၄၀ ကျော်ပြုလုပ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။…

Read More

ပါကစ္စတန်၌ အနိုင်၊ အရှုံးမပြတ်သားသည့် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးသမားများအနေဖြင့် ရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ပါကစ္စတန် စစ်တပ်အကြီးအကဲက တိုက်တွန်းခဲ့သည်။ ပါကစ္စတန်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို သစ္စာခံသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများသည် စစ်တပ်က ထောက်ခံထားသည့် ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်ပါတီ (PML-N) အား နေရာအများစု အနိုင်ရရှိစေမည့်အရေးမှ ဟန့်တားနိုင်ခဲ့သည်။ ခန်း၏ ပါကစ္စတန် တာရိခ် အီး အင်ဆက်ဖ် (PTI)သည် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရပြီး လပေါင်းများစွာကြာ ဖိနှိပ်ခံခဲ့ရမှုကို ဖီဆန်ပြီး ၎င်း၏ ပါတီဝင်များကို တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ကာ ပြိုင်ဘက်များကို စိန်ခေါ်နိုင်စွမ်းကို ပြသခဲ့သည်။ ၁၉၄၇ ခုနှစ်က အိန္ဒိယနှင့် ကွဲကွာပြီး လွပ်လပ်ရေးရခဲ့သည့် ပါကစ္စတန်နိုင်ငံ၏ သမိုင်းကြောင်းတွင် စစ်ဗိုလ်ချုပ်ကြီးများသည် နိုင်ငံ့သက်တမ်း စုစုပေါင်း၏ထက်ဝက်နီးပါးကို အုပ်ချုပ်ခဲ့မှုနှင့်အတူ ပါကစ္စတန်၏ နိုင်ငံရေးအခင်းအကျင်းတွင် စစ်တပ်က သြဇာအာဏာ လွှမ်းမိုးထားသည်။ “ရွေးကောက်ပွဲတွေဟာ အနိုင်၊ အရှုံး ယှဉ်ပြိုင်တဲ့ ကစားပွဲမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို ဆုံးဖြတ်တဲ့ အရာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး ဆေးယက် အက်ဆင်မ် မူနီယာက ပြောကြားခဲ့ကြောင်း စစ်တပ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်ပြည်သူများသည် ပါကစ္စတန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ယုံကြည်တန်ဖိုးထားခဲ့သဖြင့် နိုင်ငံရေးပါတီများအားလုံး အနေနှင့်လည်း အပြန်အလှန်အနေဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပြသရန် ၎င်းက ပြောကြားခဲ့သည်။ လူဦးရေ သန်း ၂၅၀ ရှိသည့် ပါကစ္စတန် နှင့်…

Read More