Author: admin

ဒီဇင်ဘာ(၂၆) Boxing Day နေ့(ယနေ့) ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲကို စူပါကွန်ပျူတာက တွက်ချက်ခန့်မှန်းခဲ့ရာ မန်ယူနှင့် အက်စတွန်ဗီလာအသင်းတို့ (၂-၂)ဂိုး ဖြင့် သရေကျမည်ဟု ခန့်မှန်းခဲ့ကြောင်း The Sun က ဖော်ပြခဲ့သည်။ စူပါကွန်ပျူတာသည် ယခင်နှစ်များမှ Boxing Day ရလဒ်များနှင့် ယခုရာသီစွမ်းဆောင်မှုများအပေါ် အခြေပြုတွက်ချက်ခြင်းဖြစ်ပြီး မန်ယူအသင်းမှာ Boxing Day ၌ ရလဒ်ကောင်းလေ့ရှိသည့် အသင်းတစ်သင်းဖြစ်သော်လည်း ယခုရာသီတွင် အက်စတွန်ဗီလာအသင်း၏စွမ်းဆောင်ရည်က ပိုမိုကောင်းမွန်နေသည့်အတွက် ယခုကဲ့သို့ ခန့်မှန်းခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။ ယခုနှစ် Boxing Day တွင် ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး မန်ယူ – အက်စတွန်ဗီလာပွဲနှင့်အတူ နယူးကာဆယ် – နော်တင်ဟမ်ဖောရက်စ်၊ ဘုန်းမောက် – ဖူလ်ဟမ်၊ ရှက်ဖီးယူနိုက်တက် – လူတန်၊ ဘန်လေ – လီဗာပူးလ် ပွဲများဖြစ်သည်။ စူပါကွန်ပျူတာက နယူးကာဆယ်အသင်းအနေဖြင့် အိမ်ကွင်းတွင် နော်တင်ဟမ်ဖောရက်စ်ကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်မည်ဟုလည်း ခန့်မှန်းခဲ့သည်။ ဖူလ်ဟမ်က ဘုန်းမောက်ကို (၃-၀)ဂိုးဖြင့်နိုင်မည်ဖြစ်ပြီး လူတန်က ရှက်ဖီးယူနိုက်တက်ကို (၁-၀)ဂိုးဖြင့် နိုင်မည်ဟုလည်း ခန့်မှန်းခဲ့သည်။ လီဗာပူးလ်အသင်းကလည်း ဘန်လေအသင်းကို (၄-၀)ဂိုးဖြင့် အနိုင်ရရှိမည်ဟု ခန့်မှန်းခဲ့သည့်အတွက် စူပါကွန်ပျူတာ၏ ခန့်မှန်းမှုမှာ အဝေးကွင်းအသင်းများကို အားသာချက်ပေးထားသည့်အခြေအနေလည်း ဖြစ်နေခဲ့သည်။

Read More

မန်ချက်စတာယူနိုက်တက်အသင်း၏ ရှယ်ယာ (၂၅)ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီးနောက် အသင်း၏အားကစားပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ကိုင်တွယ်သွားမည့် ဆာဂျင်ရက်ကလစ်ဖ်က သူသည် အသင်းကို ထိပ်ဆုံးအဆင့်သို့ ပြန်လည်ပို့ဆောင် သွားမည်ဖြစ်သလို၊ အားကောင်းထိရောက်သည့် ရေရှည်စီမံကိန်းများကို ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ”ဒေသခံလူငယ်တစ်ဦးနဲ့ အသင်းရဲ့ တစ်သက်တာအားပေးသူတစ်ဦးအဖြစ် ပြောရရင် အသင်းရဲ့ ဘောလုံးလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုတာဝန်လွှဲအပ်ဖို့ မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့နဲ့ သဘောတူညီချက်တစ်ရပ် လုပ်နိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အသင်းရဲ့ အောင်မြင်တဲ့ စီးပွားရေးအခြေအနေက အမြင့်ဆုံးအဆင့်မှာ ဆုဖလားတွေ ရယူနိုင်ဖို့ ရန်ပုံငွေအမြဲရှိနေတယ်ဆိုတာ သေချာစေပါတယ်။ အသင်းပိုပြီးတိုးတက်ကောင်းမွန်လာစေဖို့ ပိုမိုကျယ်ပြန့်တဲ့ INEOS အားကစားအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုနဲ့ စွမ်းရည်တွေ ယူဆောင်လာပေးမှာပါ။ အိုးလ်ထရက်ဖို့ဒ်မှာ အနာဂတ်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်တဲ့ ရန်ပုံငွေကိုလည်း ပံ့ပိုးပေးသွားမှာပါ။ ကျွန်တော်တို့က ရေရှည်စီမံကိန်းအတွက် ဒီနေရာမှာ ရှိနေကြတာဖြစ်ပြီး စိန်ခေါ်မှုများစွာနဲ့ ကြိုးစားအားထုတ်မှုတွေ ရှေ့မှာရှိနေတာကို လက်ခံပါတယ်။ ကျွန်တော်တို့အနေနဲ့ တိကျမှု၊ ကျွမ်းကျင်မှု၊ စိတ်အားထက်သန် မှုတွေနဲ့ ချဉ်းကပ်သွားမှာပါ။ အသင်းရဲ့ ရှေ့ဆက်မယ့် ခရီးလမ်းအတွက်ကူညီဖို့ ဘုတ်အဖွဲ့၊ ဝန်ထမ်းတွေ၊ ကစားသမားတွေ၊ ပရိသတ်တွေအပါအဝင် အသင်းမှာရှိတဲ့သူ အားလုံးနဲ့ လက်တွဲလုပ်ဆောင်ဖို့ ကျွန်တော်တို့ ကတိပြုပါ တယ်။ ကျွန်တော်တို့ မျှဝေပေးမယ့် ရည်မှန်းချက်က ရှင်းပါတယ်။ အင်္ဂလန်၊ ဥရောပနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းနေရာဆီ မန်ချက်စတာယူနိုက်တက်အသင်း ပြန်ရောက်လာမှာကို ကျွန်တော်တို့အားလုံး မြင်ချင်ပါတယ်”ဟု ဆာဂျင်ရက်ကလစ်ဖ်က ဆိုသည်။ မန်ယူအသင်းပိုင်ရှင် အမေရိကန်သူဌေးများဖြစ်သည့် ဂလေဇာမိသားစုသည် အသင်းအား ၂၀၀၅ ခုနှစ်တွင် ပေါင်သန်း (၇၉၀)…

Read More

လီဗာပူးလ်အသင်းဘယ်နောက်ခံလူ ဆီမီကက်စ် ဒဏ်ရာထပ်မံရရှိသွားသဖြင့် ဂျိုးဂိုးမက်ဇ်ကို ယင်းနေရာတွင် အစားထိုးအသုံးပြုရမည်ဖြစ်ကြောင်း နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ပြောကြားသည်။ ဂရိလက်ရွေးစင်ကစားသမား ဆီမီကက်စ်(၂၇ နှစ်)မှာ ဒီဇင်ဘာ ၂၃ ရက်က အာဆင်နယ်အသင်းနှင့်ပွဲတွင် ဆာကာနှင့် ထိခိုက်မိရာမှ ပခုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၃၅ မိနစ်မှာပင် လူစားလဲခဲ့ရသည်။ ဆီမီကက်စ်အနေဖြင့် ညှပ်ရိုးကျိုးဒဏ်ရာ ရရှိသွားခြင်းဖြစ်ပြီး လအတန်ကြာ အနားယူရနိုင်ကြောင်း သိရသည်။ ဆီမီကက်စ်မှာ ဘယ်နောက်ခံလူနေရာအတွက် ဒုတိယဦးစားပေးကစားသမားဖြစ်ပြီး အဓိကကစားသမားဖြစ်သူ ရောဘတ်ဆန်မှာလည်း အောက်တိုဘာလအတွင်း စကော့တလန်လက်ရွေးစင်အသင်းအတွက် သွားရောက်ကစားစဉ် ပခုံးအဆစ်လွဲ ဒဏ်ရာရရှိခဲ့သဖြင့် အနားယူနေရသည်။ သို့ဖြစ်ရာ ယာဂန်ကလော့ပ်က ”ရော့ဘို (ရောဘတ်ဆန်)က ပြန်လာတော့မှာဖြစ်ပြီး ကော့တက်စ် (ဆီမီကက်စ်)ကတော့ အချိန်အတော်ကြာ အနားယူရဦးမှာ သေချာပါတယ်။ သူ့ရဲ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ စောင့်ကြည့်ရပါဦးမယ်။ ကျွန်တော့်မှာ အဲဒီအကြောင်းစဉ်းစားဖို့ အချိန်မရသေးပါဘူး။ ဒါပေမဲ့ အခုအခြေအနေက ကျွန်တော်တို့အတွက် တကယ်ကို ခက်ခဲပါတယ်။ တစ်ခါတစ်ရံမှာ ဒဏ်ရာတွေ ကြုံရတတ်ပြီး ဒါတွေအားလုံးကို လက်ခံရပါမယ်။ ဒါပေမဲ့ ညှပ်ရိုးကျိုးတာက ကုသဖို့ အရမ်းကြာတာကြောင့် တကယ်ဆိုးပါတယ်။ ရော့ဘိုက မတူတဲ့ဒဏ်ရာ ရခဲ့တာဖြစ်ပေမဲ့ ပြန်ကောင်းလာဖို့ အချိန်တော်တော်ကြာခဲ့တယ်။ ဒီအခိုက်အတန့်မျိုးမှာ ကံကောင်းခြင်းတွေ လိုအပ်တယ်ဆိုတာ အားလုံးသိပါတယ်။ အခုတော့ ဂျိုး (ဂိုးမက်ဇ်)ကို ဂွမ်းပုံထဲထည့်ထားပြီး လာမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ သေချာအောင် လုပ်ရပါမယ်”ဟု ပြောကြားသည်။ လီဗာပူးလ်အသင်းသည် Boxing Day ပွဲစဉ်အဖြစ် ယနေ့ညပိုင်းတွင် ဘန်လေအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။

Read More

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာ ၈ ရက်အထိ ၈ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၃၀၄ ဒသမ ၀၅၉ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၈၄၁ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၇ သန်းကျော်လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၈၄၁ ဒသမ ၇ သန်းရရှိခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၉၀၉ ဒသမ ၅ သန်းရရှိခဲ့သည်။ အဆိုပါကာလတူ နှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်မှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၆၇ ဒသမ ၈ သန်းလျော့ကျခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၉၀၉ ဒသမ ၅ သန်း၊ ဒုတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၀၅၅ ဒသမ ၁ သန်းနှင့် တတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၁၀၇ ဒသမ ၅ သန်း၊ စတုတ္ထ သုံးလပတ်အတွင်း ဒေါ်လာ ၉၂၀ ဒသမ ၈ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၃၉၉၂ ဒသမ…

Read More

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက၎င်း၏စစ်သားများသည် မြေပြင်စစ်ဆင်ရေး၏ အဆိုးရွားဆုံးနေ့များကိုကြံ့ကြံ့ခံခဲ့ပြီးနောက် ဂါဇာထဲအထိ နက်နက်ရှိုင်း ရှိုင်းတိုက်ခိုက်သွားမည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အစ္စလာမ်မစ်ဂျီဟတ်အုပ်စုသည် ကိုင်ရိုဆွေးနွေးပွဲတွင်ပါဝင်လာခဲ့ရာ ယင်းသည် သံတမန်ရေး အသက်ဝင်နေဆဲဆိုသည့် လက္ခဏာဖြစ်လာသည်။ အစ္စလာမ်မစ်ဂျီဟတ်အုပ်၏စု၏ ပြည်ပြေးခေါင်းဆောင် ဇာအက်အယ်နက်ခလာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကိုင်ရိုမြို့ကို ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သောရက်ပိုင်းတွင် ဟားမာ့စ်အကြီးအကဲ အစ္စမေးလ်ဟာနီယက် တက်ရောက်သော ဆွေးနွေးပွဲတွင် အစ္စလာမ်မစ်ဂျီဟတ်အုပ်စု ပါဝင်လာခြင်းဖြစ်သည်။ ဟားမာ့စ်ထက်ပိုမိုသေးငယ်သည့် အဖွဲ့ဖြစ်သော်လည်း အစ္စလာမ်မစ်ဂျီဟတ်အုပ်စုသည် ဂါဇာတွင် ဓားစာခံများကိုထိန်းသိမ်းထားသော အုပ်စုလည်းဖြစ်သည်။ အစ္စရေးက ဂါဇာ၌ စစ်ပွဲမရပ်မချင်းစစ်သွေးကြွအုပ်စုများက ဓားစာခံပြန်လွှတ်ရေးကိစ္စကိုဆွေးနွေးမည်မဟုတ်ဟု ပြောကြားထားပြီး အစ္စရေးကလည်း စစ်ပွဲတွင် ယာယီအပစ်အခတ်ရပ်စဲရေးကိစ္စကိုသာ ဆွေးနွေးရန်လိုလားသည်ဟု ပြောကြားထားသည်။ သို့ရာတွင်ဒီဇင်ဘာလ အစပိုင်းတွင် အပစ်ရပ်စဲရေးပျက်ပြားသွားပြီးကတည်းက မည်သည့်ဘက်ကမှ ဆွေးနွေးပွဲမှ လူသိရှင်ကြားထွက်ခွာသွားခြင်းမရှိပေ။ ယင်း‌ဆွေးနွေးပွဲများသည် အလွန်အရေးကြီးသည်ဟု လွန်ခဲ့သောသီတင်းပတ်တွင် ၀ါရှင်တန်က ပြောကြားထားသည်။ ကိုင်ရိုဆွေးနွေးပွဲသည် မိမိတို့ပြည်သူများကို အစ္စရေးကျူးကျော်မှုအဆုံးသတ်သွားစေရေးနည်းလမ်းများကို အလေးထားဆွေးနွေးလိမ့်မည်ဟု အစ္စလာမ်မစ်ဂျီဟတ်အုပ်စု၏တာဝန်ရှိသူက ပြောကြားသည်။ အပစ် အခတ်ရပ်စဲရေးရရှိပြီးနောက် ဓားစာခံလဲ လှယ်မှုမှန်သမျှသည် အစ္စရေး၌ အကျဉ်းချ ခံထားရသော ပါလက်စတိုင်းသားအားလုံး လွတ်မြောက်စေရလိမ့်မည်ဆိုသည့် အစ္စလာမ်မစ်ဂျီဟတ်အုပ်စု၏ရပ်တည်ချက်ကို ကိုယ်စားလှယ်အဖွဲ့က ထပ်လောင်းအတည်ပြုမည်ဟု တာဝန်ရှိသူက ပြောကြားသည်။ အစ္စရေးပျက်သုဉ်းရမည်ဟုနှစ်ဖွဲ့စလုံး ကျမ်းကျိန်ထားသော ဟားမာ့စ်နှင့် အစ္စလာမ်မစ်ဂျီဟတ်အုပ်စုတို့သည် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးမြို့များကို ၎င်းတို့စီးနင်းစဉ် လူ ၁,၂၀၀ ကိုသတ်ခဲ့ပြီး ၎င်းတို့ ဖမ်းဆီးခေါ် ဆောင်လာသော ဓားစာခံ ၂၄၀ ထဲကဓားစာခံ ၁၀၀ ကျော်ကို ထိန်းသိမ်းထားဆဲဟုယုံ ကြည်ရသည်။ ထို့နောက်ပိုင်းတွင်…

Read More

ဒိန်းမတ်၏ Maersk(မာ့စ်)သင်္ဘောကုမ္ပဏီသည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့တွင် သင်္ဘောဖြင့်ကုန်စည်ပို့ဆောင်သော လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်နေသည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။ Maersk ကုမ္ပဏီက အဆိုပါလမ်းကြောင်းများတွင် ၎င်း၏သင်္ဘောများကို ပြန်လည်ပြေးဆွဲရန် ပြင်ဆင်ခြင်းမှာ ယင်းနေရာများတွင် ကုန်သွယ်မှု ဘေးကင်းရေး အတွက် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်း၏စစ်ဆင်ရေးကြောင့်ဖြစ်သည်ဟု ဆိုသည်။ သင်္ဘောဖြင့်ကုန်ပစ္စည်းများပို့ဆောင်ပေးသော ကုမ္ပဏီကြီး Maersk သည် ၎င်း၏သင်္ဘောများ တိုက်ခိုက်ခံရခြင်းကြောင့် ဒီဇင်ဘာလအစောပိုင်းတွင် ဘက်အယ်လ်မန်ဒက် ရေလက်ကြားသို့ သင်္ဘောများ ဖြတ်သန်းခြင်းကို ရပ်ဆိိုင်းထာခဲ့သည်။ ယင်းသို့ ရပ်ဆိုင်းထားခြင်းက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အတွက်အချက်အချာဖြစ်သော စူးအက်တူးမြောင်းကို လမ်းကြောင်းအများစုအတွက် အသုံးပြု၍မရဖြစ်စေခဲ့သည်။ ပင်လယ်နီကို ဖြတ်သန်းသော သင်္ဘောများကို ဟူရ်သီအဖွဲ့၏ဒုံးကျည်၊ ဒရုန်းများဖြင့်တိုက်ခိုက်မှုများအား နှိမ်နင်းရန် အမေရိကန်ပြည်ထောင်စုသည် ဗြိတိန်၊ ပြင်သစ်၊ ဘာရိန်း၊ အီတလီတို့နှင့်အတူ ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ နိုင်ငံပါဝင်သော ညွန့်ပေါင်းကို ကြေညာခဲ့သည်။ ညွန့်ပေါင်းတွင် စပိန်မပါဝင်တော့ဟု သိရသည်။ “၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ နိုင်ငံစုံပါဝင်တဲ့ Operation Prosperity Guardian(OPG)ကို ဖွဲ့စည်းထားပြီးဖြစ်ကာ ပင်လယ်နီနဲ့အေဒင်ပင်လယ်ကွေ့တို့ကိုဖြတ်သန်းပြီး ရေကြောင်းကုန်သွယ်ရေးပြန်လုပ် လို့ရပြီဆိုတဲ့ အတည်ပြုစာကို ကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်။ အာရှနဲ့ဥရောပတို့၏ တံခါးပေါက်အဖြစ် စူးအက်တူးမြောင်းကိုလည်း ပြန်လည်အသုံးပြုလို့ရပါပြီလို့ဆိုပါတယ်”ဟု ဒီဇင်ဘာ ၂၄ ရက်တွင် Maersk က ထုတ်ပြန်ခဲ့သည်။ “OPG စစ်ဆင်ရေး စတင်နေခြင်းနဲ့ အတူ ကျွန်တော်တို့ရဲ့သင်္ဘောတွေ ပင်လယ်နီကို အရှေ့ဘက်ကနေရော အနောက်ဘက်ကနေပါ…

Read More

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွင် အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ကာလအတွင်း တိုက်ပွဲများကြောင့် လူဦးရေ ၁၃၆၀၀၀ ကျော် လတ်တလောနေရပ် စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA) မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံတွင် တိုက်ပွဲများအရှိန်မြင့်လာခြင်း (အရေးပေါ်သတင်းအချက်အလက်အမှတ်စဉ် ၁၀) တွင် ဖော်ပြထားချက်အရ သိရသည်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသရှိ တိုင်းဒေသကြီး/ပြည်နယ် အားလုံးနီးပါးတွင် နိုဝင်ဘာ ၁၁ ရက်မှစ၍ မြို့နယ်အများအပြား၌ ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်မှာ တစ်လကျော်ကြာမြင့်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှစ၍ အရပ်သား ၉၃ ဦး သေဆုံးခဲ့ပြီး ၁၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အများအပြားမှာ ရှမ်း-ကယား နယ်စပ်တစ်လျှောက်တွင်ဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိကာလအတွင်းတွင် လူဦးရေ ၁၃၆၀၀၀ ကျော်သည် လတ်တလောနေရပ်စွန့်ခွာခဲ့ရသည်ကို အတည်ပြုထားကြောင်း UNOCHA က ဆိုသည်။ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် လိုအပ်ချက်များ မြင့်တက်လာသည့်ကြားမှပင် ဘာသာရေးခေါင်းဆောင်များ၊ အခြားသောအကျိုးသက်ဆိုင်သူများနှင့် ပူးပေါင်းလျက် နည်းလမ်းအမျိုးမျိုးကိုအသုံးပြု၍ အကူအညီများ ပေးအပ်နေကြောင်း၊ အရှေ့တောင်ပိုင်းဒေသရှိ နေရာအများစုတွင် လူသားချင်းစာနာမှုဝင်ရောက်ကူညီခွင့်များကို တင်းကျပ်စွာကန့်သတ်ထားဆဲဖြစ်ပြီး အထူးသဖြင့် ကယားပြည်နယ်သို့ ဝင်ရောက်မှုများကို တင်းကျပ်စွာကန့်သတ်ထားကြောင်း၊ မြို့နယ်ခြောက်မြို့နယ်ရှိ (ဟိုပင်၊ ဆီဆိုင်၊ ကလော၊ ညောင်ရွှေ၊…

Read More

ဒီဇင်ဘာအားလပ်ရက်များအတွင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပါးတောင်မကြီးပေါ်သို့ တက်ရောက်သူလည်း များပြားကြောင်း သိရသည်။ ဒီဇင်ဘာ ၂၃ ရက်မှစ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများ များပြားလျက်ရှိကြောင်း၊ အမြင့်ပေ ၄၉၈၁ ပေရှိသည့် ပုပ္ပါးတောင်မကြီးပေါ်သို့ တက်ရောက်သူများသည်လည်း ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့တွင် အများဆုံးရှိခဲ့ပြီး နှစ်စဉ် New Year ကာလအထိ တောင်တက်သူ အများအပြားလာရောက်လေ့ရှိကြောင်း သိရသည်။ “တောင်မကြီးပေါ်ကို လာတက်တာက ဒီကျောက်ပန်းတောင်းမြို့နဲ့ အနီးတစ်ဝိုက်က အများဆုံးလာပြီး ရေနံချောင်း၊ မကွေး၊ ညောင်ဦးနယ်တွေထဲကလည်း လာကြတယ်။ အခြားမြို့နယ်တွေကတော့ အနည်းစုလာကြတာပါ။ ခရစ္စမတ်ရက်ဝန်းကျင်မှာ ရဟတ်ယာဉ်ကွင်းဟောင်းပေါ်မှာ ယာယီတဲတွေနဲ့ ညအိပ်ကြပြီး တောင်လာတက်တဲ့အဖွဲ့တွေလည်း ရှိခဲ့တယ်” ဟု ပုပ္ပါးတောင်မကြီးပေါ်မှ စျေးသည်တစ်ဦးက ပြောကြားသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဒေသခံတစ်ဦးက “ပုဂံမှာက အခုလို ခရစ္စမတ်နဲ့ New Year ကာလမှာ ဟိုတယ်တွေ တည်းခိုခန်းတွေ ပြည့်တဲ့အထိ ဘုရားဖူးတွေလာနေကြပါ။ အခုနှစ်လည်း ပုံမှန်လိုကြီး ဘုရားဖူးတွေ ပြည့်ကျပ်နေအောင် မလာပေမဲ့ ဟိုတယ်တည်းခိုခန်းတွေက အလွတ်သိပ်မရှိပါဘူး” ဟု ပြောကြားသည်။ ပုပ္ပါးတောင်မကြီးပေါ်သို့ တက်ရောက်သူများ တစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး မြို့ပေါ်နေသူများသာမက ကျောက်ပန်းတောင်းနှင့် ညောင်ဦးမြို့နယ်များအတွင်းရှိ ကျေးရွာနေသူများပါ တောင်မကြီးသို့ တက်ရောက်လေ့ရှိကြောင်း သိရသည်။

Read More

(၇၆) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ် စောင့်ရှောက်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေ စောင့်တပ်ဖွဲ့သို့ စစ်ရေယာဉ်များ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။ အခမ်းအနားအစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် က တပ်တော်ဝင်စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြခဲ့ပြီး ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာ စစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများ၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှူးက မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ထံ တပ်မတော်(ရေ)မှ လွှဲပြောင်းပေးအပ်သည့် စစ်ရေယာဉ်များနှင့် ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် နစက ဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့်…

Read More

ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင်(၁)ရပ်ကွက်ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာတင်မောင်အေးနှင့် ခရစ်ယာန် ဘာသာ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန် ဘာသာဝင်ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။ အခမ်းအနားတွင် ဦးစွာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည် စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်းသို့ ရောက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ၊ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ တင်မောင်အေး၊ ဘုန်းတော်ကြီး စိုးလင်းအောင်နှင့် ခရစ်ယာန်ဘာသာ ဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး အခမ်းအနားကို စတင်ကျင်းပရာ ခရစ္စမတ်မွေးနေ့အခမ်းအနားအား အဖွင့်မေတ္တာဖြင့် ဘုန်းတော်ကြီး စိုးလင်းအောင်က ဖွင့်လှစ်ပေးကာ ခရစ်ယာန်ဘာသာဝင် လူငယ်များက ဓမ္မသီချင်းဖြင့် သီဆိုချီးမွမ်းခဲ့ကြောင်း၊ ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ၊ ခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ တင်မောင်အေး က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူး တော်ချီးမွမ်းခြင်း အခမ်းအနားသို့ နိုင်ငံ့တာဝန်များ မအားလပ်သည့်ကြားမှ တိုင်းရင်းသား…

Read More