Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်နှင့် စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့သည် အိုးဘိုအကျဉ်းထောင်မှ ဇန်နဝါရီလ ၄ရက် လွတ်လပ်ရေးနေ့တွင် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးအိုးဘိုအကျဉ်းထောင်မှ အကျဉ်းသားတစ်ထောင်ကျော်အား လွတ်ငြိမ်းသက်သာခွင့်ဖြင့် ဇန်နဝါရီလ ၄ရက်နေ့က လွှတ်ပေးခဲ့ရာတွင် ဒေါက်တာရဲလွင်နှင့် ဦးကျော်ဇေယျတို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။ ဒေါက်တာရဲလွင်လွတ်မြောက်လာခြင်းနှင့်ပတ်သက်ပြီး ဆွေမျိုးနီးစပ်သူတစ်ဦးက ဖေ့ဘုတ်စ်စာမျက်နှာတွင် ရေးသားခဲ့သလို ဦးကျော်ဇေယျ၏ မိသားစုဝင်တစ်ဦးကလည်း အတည်ပြုရေးသားထားချက်အရ သိရသည်။ ဒေါက်တာရဲလွင်သည် ပုဒ်မ ၅၀၅(ခ)၊ နိုင်ငံပိုင်ပစ္စည်းအလွဲသုံးမှုစသည်တို့ဖြင့် တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံထားရခြင်းဖြစ်သည်။ ထို့ပြင် ဦးကျော်ဇေယျသည်လည်း ၅၀၅(ခ)ဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့တောင်ဘက်အထွက် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ကွန်းချောင်းတံတားမှာ ဇန်နဝါရီ ၄ ရက် ရက် နံနက် အစောပိုင်းက မိုင်းခွဲဖျက်ဆီး ခံရသဖြင့် တံတားအရှည် ပေ ၁၀၀ ဝန်းကျင်ခန့် ကျိုးကျပျက်စီးသွားခဲ့ပြီး ဖြူးမြို့နှင့်ပဲနွယ်ကုန်းမြို့ကြား လမ်းဟောင်းမှ မော်တော်ယာဉ်များ သွားလာ၍ မရသေးကြောင်း သိရသည်။ ကျိုးကျပျက်စီးသွားသောတံတားမှာ အရှည် ပေ ၃၀၀ ခန့် ၊ အကျယ် ၅၀ ပေခန့်ရှိသည့် သံကူကွန်ကရစ်အမျိုးအစား တံတားဖြစ်ပြီး ယနေ့နံနက် ၅ နာရီခန့်က မိုင်းခွဲခံရကာ တံတားကြီး၏မြောက်ဘက် (မန္တလေးဘက်) အခြမ်းတွင် အရှည်ပေ ၁၀၀ ခန့် အထိ ပြိုကျပျက်စီးသွားခဲ့သဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ မော်တော်ယာဉ်များ သွားလာ၍မရတော့ခြင်းဖြစ်ကြောင်း သိရသည်။ ဖြူးမြို့နယ်နှင့် ပဲနွယ်ကုန်းမြို့ကြား ရန်ကုန်-မန္တလေးလမ်းဟောင်း ပေါ်တွင် မော်တော်ယာဉ်များသွားလာ၍မရတော့ပဲ မော်တော်ယာဉ်များက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှ မောင်းနှင်ရသဖြင့် အမြန်လမ်းမကြီးတွင်လည်း ယာဉ်အသွားအလာ များလျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၄ ရက်က တောင်တရုတ်ပင်လယ်တွင် တရုတ်က ရေကြောင်းနှင့် လေကြောင်းမှ ကင်းလှည့်လည်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အမေရိကန်၏ မဟာမိတ်ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေစဉ် ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်ရေပြင်၌ တရုတ်နှင့် အမေရိကန်စစ်သင်္ဘောများ ရောက်ရှိနေကာ စစ်ရေးလေ့ကျင့်မှု များ အပြိုင်အဆိုင် လုပ်ဆောင်လျက်ရှိသည်။ တောင်တရုတ်ပင်လယ်တွင် ရေတပ်နှင့် လေတပ်ကို နှစ်ရက်ကြာ ဖြန့်ကြက်ကာ ပုံမှန် ကင်းလှည့်လည်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်က ပြီးခဲ့သည့်ရက်က ပြောကြားခဲ့သည်။ သို့သော် မည်သည့်နေရာတွင် ကင်းလှည့်မှုများ ပြုလုပ်ခဲ့သည်ဆိုခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုမူ အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ကားလ်ဗင်ဆန် ဦးဆောင်သည့် တိုက်ခိုက်ရေး စစ်ရေယာဉ်စုသည် ဖိလစ်ပိုင်ရေတပ်နှင့် နှစ်ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေကြောင်း အမေရိကန်က ပြောကြားထားစဉ် တရုတ်က ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာ ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိ သည်။ တောင်တရုတ် ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာ သုံးထရီလျံကျော်ရှိသည်။ တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ တရုတ်၏ ပြောကြားချက်များသည် ဥပဒေကြောင်းအရ အခြေအမြစ်မရှိဟု အပြည်ပြည်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းကိုလည်း တရုတ်က လက်မခံပေ။ ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏…
ဟားမာ့စ်ဒုတိယအကြီးအကဲသေဆုံးသွားသည့် ဘေရွတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် မည်သည့် အနာဂတ်ဖြစ်နိုင်ခြေအတွက်မဆို မိမိတို့ ပြင်ဆင်ထားသည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ရာ ဂါဇာကမ်း မြောင်တွင် ဖြစ်ပွားနေသော စစ်ပွဲက ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာ ပဋိပက္ခအဖြစ် ကူးစက်သွားနိုင်သည့် စိုးရိမ်ပူပန်မှုများကို လှုံ့ဆွပေးလျက်ရှိသည်။ အစ္စရေး တိုက်ခိုက်မှုတစ်ခုအတွင်း ဆာလက်အယ်လ်အရူရီသည် ၎င်း၏သက်တော်စောင့်များနှင့်အတူ သေဆုံးသွားသည်ဟု လက်ဘနွန်ရှိ ထိပ်တန်းလုံခြုံရေးတာဝန်ရှိ သူကအေအက်ဖ်ပီကို ပြောကြားခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ခဲ့သော ဟားမာ့စ်ကို ချေမှုန်းမည်ဟု အစ္စရေးက ပြောကြားထားသည်။ ဒုတိယလုံခြုံရေးတာဝန်ရှိသူတစ်ဦးက အဆိုပါသတင်းကို အတည်ပြုခဲ့သည်။ အစ္စရေးတိုက်ခိုက်မှုက လက်ဘနွန်တွင် အရူရီကို သေဆုံးသွားစေခဲ့သည်ဟု ဟားမာ့စ်ရုပ်သံကလည်း သတင်းဖော်ပြခဲ့သည်။ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက အရူရီ သေဆုံးသွားသည့် အကြောင်းကို တိုက်ရိုက်ပြောကြားခြင်းမပြုသော်လည်း အစ္စရေးစစ်တပ်သည် ကာကွယ်ရေးအပိုင်းတွင်လည်းကောင်း၊ ထိုးစစ်အပိုင်းတွင်လည်းကောင်း စစ်တလင်းနေရာအားလုံးတွင် အသင့်ရှိမှု အမြင့်ဆုံးအနေအထား တွင်ရှိနေသည်ဟု ပြောကြားခဲ့သည်။ မိမိတို့သည် မည်သည့် အနာဂတ်ဖြစ်နိုင်ခြေအတွက်မဆို အမြင့်ဆုံး ပြင်ဆင်ထားသည်ဟု ဟာဂါရီက ပြောကြားခဲ့သည်။ အစ္စရေးသည် စစ်ပွဲအတွင်း ဟားမာ့စ်တပ်မှူးများနှင့် ဟားမာ့စ်တာဝန်ရှိသူများ ဂါဇာ၌ သေဆုံးမှုများကို ယခင်က ကြေညာခဲ့သည်ဆိုသော်လည်း အရူရီသည် သုတ်သင်ခံရသည့် အထင်ကရအဖြစ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ဂါဇာစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်ဘနွန်မြို့တော် ဘေရွတ်ကို ပထမဆုံး တိုက်ခိုက်မှုအတွင်း ၎င်း သေဆုံးသွားခြင်းဖြစ်သည်။ အရူရီသေဆုံးမှုက ဟားမာ့စ်၏အရှုံးကို ဦးတည်စေလိမ့်မည်မဟုတ်ဟု ဟားမာ့စ်အဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် ဟားမာ့စ်၏ လက်ဘနွန်အခြေစိုက် မဟာမိတ် ဟစ်ဇဘိုလာအဖွဲ့ကလည်း အရူရီအသတ်ခံရမှုသည် အပြစ်ပေးအရေးမယူဘဲနေ၍မရဟု…
အမေရိကန်ရုပ်သံစတား၊ စီးပွားရေးလုပ်ငန်းရှင် ကင်ကာဒက်ရှီယန်သည် လော့စ်အိန်ဂျလိစ်ရှိ ဒေါ်လာသန်း ၆၀ တန်ခြံဝင်းတစ်ခုလုံးကို နှင်းအတုများဖြင့် လွှမ်းမိုးအလှဆင်ထားမှုကြောင့် ပရိသတ်၏ဝေဖန်ပြောဆိုမှုကို ခံနေရသည်။ နှစ်သစ်ကူးအကြိုနေ့ ဒီဇင်ဘာ ၃၁ ရက်တွင် ကင်က “winter wonderland” ဆိုသည့် ဗီဒီယိုတစ်ခုကို အင်စတာဂရမ်တွင်ချပြခဲ့ပြီး အမြဲစိမ်းပင်များ၊ နှင်းများဖြင့် ခြံဝင်းတစ်ခုလုံးကို အံ့ဖွယ်အလှဆင်ထားသည်ကို မြင်ရသည်။ ထိုဗီဒီယိုကြောင့် ကင်သည် အခြားသူများ လိုအပ်နေချိန် သူမည်မျှချမ်းသာသည်ကို ထုတ် ကြွားသူဟု ပရိသတ်က မြင်လာကြသည်။ မှတ်ချက်ရေးသည့်နေရာတွင် ပရိသတ်က “ဒီဟာတွေအတွက် သုံးမဲ့ပိုက်ဆံက လူအများကို ကူညီလို့ရတယ်” ၊ “ဒီလိုအရေးမပါတဲ့ အရာတွေမှာသုံးတဲ့ပိုက်ဆံနဲ့ တကယ်လိုအပ်နေတဲ့ သူတွေကို ကူညီလို့ရတယ်” ၊ “ဒီမှာကုန် တဲ့ ပိုက်ဆံတွေနဲ့ ဆင်းရဲတဲ့မိသားစု ၁၀၀ ကို လှူလို့ရတယ်” စသဖြင့်မှတ်ချက်များရေးခဲ့ကြသည်။ အချို့ကလည်း ကင်၏လုပ်ရပ်သည် သိပ်ကိုဖြုန်းတီးရာကျပြီး ကင်သည် ပြင်ပလောကနှင့် ကင်းကွာနေသူဟု ပြောကြသည်။ Skims အမျိုးသမီးအတွင်းခံလုပ်ငန်း တည်ထောင်သူ အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ကင်ကာဒက်ရှီယန်သည် ဒီဇင်ဘာအားလပ်ရက်အတွက် သူတို့မိသားစု မည်သို့ခမ်းခမ်းနားနား ပြင်ဆင်ထားသည်များကို ဒီဇင်ဘာ တစ်လလုံး ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။ အိမ်၌ဆင်ထားသည့် Chanel ခရစ္စမတ်သစ်ပင်ကို ကင်နှင့်အကြီးဆုံးသမီး နော့ဝက်စ်တို့က ဒီဇင်ဘာ ၇ ရက်တွင် Tik Tok မှပြသခဲ့သည်။ ထို့ပြင် (ခင်ပွန်းဟောင်း ကာညေးဝက်စ်နှင့်ရခဲ့သည့်) သားသမီးလေးဦးအတွက် ကင်က သူ့ရေချိုးကန်ကို ခရစ္စမတ်အထိမ်းအမှတ် ချောကလက်များဖြင့် အလှဆင်ပေးခဲ့သည်။ ကင်သည် ကာညေးဝက်စ်နှင့်ကွဲပြီးနောက်…
ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က မိမိအနေဖြင့် အသင်းနှင့် ဖလားအားလုံးကို ရယူလိုကြောင်း ပြောကြားခဲ့သည်။ အသက် (၂၀)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်နွေရာသီတွင် ဒေါ့မွန်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို (၁၃၃.၉)သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် ရီးယဲလ်အသင်းတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြကာ ဂိုးများသွင်းယူနေသည့်အတွက် Ballon d’Or ရမည်ဟုလည်း ထင်ကြေးပေးခံနေရသည်။ ဘယ်လင်ဟမ်က ”နေ့တိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ရီးယဲလ်ကို လာရတဲ့ရည်ရွယ်ချက်က အသင်းနဲ့အတူ ဆုဖလားအားလုံးကို အကြိမ်ပေါင်း မြောက်မြားစွာ ရယူဖို့ပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်တိုင်း၊ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတိုင်းဟာ ဆုဖလားတွေနဲ့ ဆက်စပ်နေတာပါ”ဟု ဆိုခဲ့သည်။
ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းနှင့် ပြင်သစ်လီဂူးထိပ်သီး PSG အသင်းတို့သည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ယူရို (၁၃)သန်းဖြင့် ခေါ်ယူနိုင်မည့် ရိုးမားတိုက်စစ်ကစားသမား ဒီဘားလားအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ အသက် (၃၀) အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားသည် ၂၀၂၂ နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းမှ ရိုးမားအသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့သည်။ အဆိုပါစာချုပ်တွင် ရိုးမားအသင်းအနေဖြင့် ဒီဘားလားကို ပြည်ပကလပ်အသင်းများထံပြောင်းရွှေ့မည်ဆိုပါက ယူရို (၁၃)သန်းဖြင့် ပြောင်းရွှေ့ခွင့်ပြုရမည်ဟုဆိုသောအချက်ပါဝင်ပြီး ယင်းအချက်မှာ ၂၀၂၄ ဇန်နဝါရီ (၁) ရက်တွင် စတင် အသက်ဝင်ခဲ့သည်။ Il Corriere dello Sport ၏ဖော်ပြချက်အရ ဒီဘားလားအား ခေါ်ယူရန် ဆော်ဒီကလပ်များက ဆက်သွယ်နေကြသော်လည်း ကစားသမားအနေဖြင့် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့လိုခြင်းမရှိကြောင်း သိရှိရသည်။ မန်ယူအသင်းမှာမူ ဒီဘားလားအား ခေါ်ယူရန် ကာလရှည်စိတ်ဝင်စားနေခြင်းဖြစ်ပြီး ယခုအခါ အားနည်းနေသည့် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် ပြန်လည်စိတ်ဝင်စားလာခြင်းဖြစ်သည်။ PSG အသင်းကလည်း ဘာပေ ထွက်ခွာဖွယ်ရှိသည့် တိုက်စစ်ပိုင်းအတွက် ဒီဘားလားကို ခေါ်ယူလိုနေကြောင်း သိရှိရသည်။
ရိုးမားနောက်ခံကစားသမား ဒီယေဂိုလော်ရန်းတေးက နည်းပြ မော်ရင်ဟိုကို အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့သည်။ နာမည်ကျော်ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ယခုရာသီကုန်တွင် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ရိုးမားအသင်းဘက်က ၎င်းကို စာချုပ်သစ်အတွက် ကမ်းလှမ်းခြင်းမရှိသေးပေ။ လော်ရန်းတေးက ” မော်ရင်ဟိုက ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့သူပါ။ သူက ရိုးမားအသင်းနဲ့ အသင်းပရိသတ်အတွက် ပြီးပြည့်စုံတဲ့နည်းပြလည်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အသင်းမှာ သူ ဆက်နေရင် ပျော်ရွှင်မှာပါ”ဟု ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း ဘောလုံးသမား စျေးကွက်တန်ဖိုး အကျဆင်းဆုံးစာရင်းတွင် မန်ယူတောင်ပံတိုက်စစ်ကစားသမား အန်တိုနီက နံပါတ်(၁) နေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံး(၅)ဦးစာရင်းတွင် မန်ယူအသင်းမှ (၃)ဦး အထိ ပါဝင်နေကြောင်း သိရသည်။ ဂျာမန်အခြေစိုက် Transfermarkt ဝက်ဘ်ဆိုက်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း စျေးကွက်တန်ဖိုး အမြင့်တက်ဆုံးနှင့် အကျဆင်းဆုံး (၁၀)ဦးစီစာရင်းကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စျေးကွက်တန်ဖိုးအနိမ့်ကျဆုံးစာရင်း၌ အန်တိုနီ(မန်ယူ/ယူရို သန်း ၄၀)၊ မာနေ (အယ်လ်နာဆာ/ယူရို သန်း ၄၀)၊ ဆန်ချို(မန်ယူ/ယူရို ၃၅ သန်း)၊ ဖိုဖာနာ (ချယ်လ်ဆီး/ယူရို ၃၃ သန်း)၊ မေဆန်မောင့်(မန်ယူ/ယူရို သန်း ၃၀)၊ ကူကူရယ်လာ(ချယ်လ်ဆီး/ယူရို ၂၅ သန်း)၊ ကန်ဆယ်လို(ဘာစီလိုနာ/ယူရို သန်း ၃၀)၊ နေမာ(အယ်လ်ဟီလာ/ယူရို သန်း ၃၀)၊ ဖယ်ကီယာ(ဘက်တစ်/ယူရို ၂၈ သန်း)၊ ဂိုဟက်ဇ်ကာ(ဘိုင်ယန်/ယူရို ၂၅ သန်း)စသဖြင့် စာရင်းဝင်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ်အတွင်း စျေးကွက်တန်ဖိုး အကျဆုံးစာရင်း၌ ထိပ်ဆုံး (၅)ဦးတွင် မန်ယူအသင်းမှ ကစားသမား (၃)ဦးအထိ ပါဝင်နေခြင်းမှာ လက်ရှိအသင်းရလဒ်ဆိုးများနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ အန်တိုနီအနေဖြင့် ၂၀၂၃ ခုနှစ်မတိုင်မီ စျေးကွက်တန်ဖိုး ယူရို (၇၅)သန်းရှိခဲ့ရာမှ ယခုအခါ သန်း (၄၀)လျော့ကျကာ ယူရို (၃၅)သန်းသာ ရှိတော့ခြင်းဖြစ်သည်။ ၂၀၂၂ နွေရာသီကာလတွင် မန်ယူအသင်းသို့ ရောက်ရှိလာစဉ်က အန်တိုနီ၏စျေးကွက်တန်ဖိုး ယူရို သန်း (၈၀)ဖြစ်သော်လည်း ပြောင်းရွှေ့ကြေး ယူရို (၉၅)သန်း ပေးချေခဲ့ရပြီး ၂၀၂၃ ဖေဖော်ဝါရီလမှစတင်ကာ…
ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၂ ဦးထက်မနည်းရှိလာခဲ့ပြီးနောက် အာဏာပိုင်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်လာနိုင်ခြေအပေါ် သတိပေးချက်ထုတ်ပြန်ထားချိန်တွင် ကယ်ဆယ်ရေးသမားများသည် ဇန်နဝါရီ ၃ ရက်တွင် အသက်ရှင်သူများကို ရှာဖွေတွေ့ရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ဇန်နဝါရီ ၁ ရက် ဒေသစံတော်ချိန် ညနေပိုင်းက ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျုဒ်ရှိသည့် အင်အားပြင်းငလျင်သည် ဟွန်ရှုကျွန်းရှိ အီရှီကာဝါစီရင်စုတွင် လှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် ဆူနာမီလှိုင်း ရိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ကာ နေအိမ်နှင့်ကားများ ပင်လယ်ထဲသို့ မျောပါခဲ့ပြီး ကမ်းရိုးတန်းဒေသအချို့တွင် နေထိုင်သူများသည်လည်း ကုန်းမြင့်ဒေသများဆီသို့ ရှောင်တိမ်းခဲ့ရသည်။ ဟွန်ရှုကျွန်းမကြီး၏ ဂျပန်ပင်လယ်ဘက်ခြမ်းရှိ နိုတိုဒေသသည် ငလျင်ဒဏ်ကို အဆိုးရွားဆုံးကြုံတွေ့ခံစားခဲ့ရပြီး ၀ါဂျီမာနှင့်ဆူဇူအပါအဝင် မြို့အများအပြားတွင် မီးလောင်မှုကြောင့် အဆောက်အအုံအများအပြားမီး လောင်ပျက်စီးခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။ ငလျင်ကြောင့် သေဆုံးသူ ၆၂ ဦးရှိပြီး လူ ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ ၎င်းတို့ ထဲမှ လူ ၂၀ ခန့်သည် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းအစိုးရက ဇန်နဝါရီ ၃ ရက်တွင် အတည်ပြုထုတ် ပြန်ခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများနှင့် ကြုံတွေ့ခဲ့ သည့်အပြင် ဆိုးရွားသော ရာသီဥတုအခြေအနေကြောင့် သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လာနိုင်ခြေရှိသည်။ ယာယီစခန်းများတွင် ခိုလှုံနေထိုင်သူ ၃၁,၈၀၀ ကျော်ရှိပြီး အဆောက်အအုံ ၂၀၀ ထက်မနည်းပြိုကျခဲ့ကာ ယင်းအရေအတွက်သည် ဆက်လက်မြင့်တက်နိုင်ခြေရှိသည်ဟု အစိုးရက ပြောကြားခဲ့သည်။ “သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီး နောက်နာရီပေါင်း ၄၀ ကျော်ကြာခဲ့ပါပြီ။ ကျွန်တော်တို့တွေ ကယ်တင်ပေးဖို့…