ရိုးမားနောက်ခံကစားသမား ဒီယေဂိုလော်ရန်းတေးက နည်းပြ မော်ရင်ဟိုကို အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့သည်။
နာမည်ကျော်ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ယခုရာသီကုန်တွင် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ရိုးမားအသင်းဘက်က ၎င်းကို စာချုပ်သစ်အတွက် ကမ်းလှမ်းခြင်းမရှိသေးပေ။
လော်ရန်းတေးက ” မော်ရင်ဟိုက ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့သူပါ။ သူက ရိုးမားအသင်းနဲ့ အသင်းပရိသတ်အတွက် ပြီးပြည့်စုံတဲ့နည်းပြလည်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အသင်းမှာ သူ ဆက်နေရင် ပျော်ရွှင်မှာပါ”ဟု ပြောကြားခဲ့သည်။