Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ရုရှား၏ လုံခြုံရေးစိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားထားသော သဘောတူညီချက်ကို ယူကရိန်းက လုပ်ဆောင်ခြင်းမရှိပါက ရုရှားသည် ယူကရိန်းစစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ဒီဇင်ဘာ ၁၄ ရက်တွင် သမ္မတဗလာဒီမာပူတင်က ထုတ်ဖော်ပြောကြားလိုက်ပြီး အထူးစစ်ဆင်ရေး၏ ရည်မှန်းချက်များကို ပြည့်မီအောင်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ၎င်း၏ မူလယူကရိန်းရည်မှန်းချက်များသည် အပြောင်းအလဲရှိမည်မဟုတ်ဟု ပူတင်က ပြောကြားခဲ့ပြီး ရုရှားတပ်ဖွဲ့များသည် စစ်မြေပြင်တွင် လက်ဦးမှုရယူထားသည်ဟု ဆိုသည်။ ပြည်သူများ၊ သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ပူတင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပူတင်က နောက်ထပ်ခြောက်နှစ်ကြာ သမ္မတသက်တမ်းအတွက် ဝင်ရောက်အရွေးခံမည်ဟု ပြောကြားထားသည်။ “လက်တွေ့အားဖြင့် ထိတွေ့မျဉ်းတစ်လျောက် ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေဟာ နေရာယူထားတာတွေ အသင့်အတင့်တိုးတက်လာတယ်လို့ပြောရမှာပါ။ အားလုံးနီးပါးလောက်ဟာ တက်တက်ကြွကြွ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်” ဟု ပူတက်က ပြောသည်။ ရုရှား၏ အဓိကရည်မှန်းချက်များသည် နာဇီဝါဒဖယ်ရှားရေး၊ စစ်ရေးလှုပ်ရှားမှုဖယ်ရှားရေး၊ ယူကရိန်း ကြားနေနိုင်ငံအဖြစ် ရှိစေရေးတို့ဖြစ်သည်ဟု အသက် ၇၁ နှစ်အရွယ် ပူတင်က ပြောကြားသည်။ “ကျွန်တော်တို့ ရည်မှန်းထားတာတွေကို ရရှိတဲ့အခါ ငြိမ်းချမ်းရေး ရှိလာပါလိမ့်မယ်။ စစ်ရေး ဖယ်ရှားမှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် သူတို့(ယူကရိန်းသားတွေ)က သဘောတူညီချက်ရအောင် မလုပ်ချင်ဘူးဆိုရင် ကျွန်တော်တို့က စစ်ရေးညအစီအမံတွေအပါအဝင် အခြားအစီအမံတွေကို ချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရုရှားသမ္မတက ပြောကြားသည်။ “ယူကရိန်းစစ်တပ်ရဲ့အရွယ်အစား၊ အင်အားနဲ့ပတ်သက်ပြီး သဘောတူညီချက်အချို့ကို ရအောင်ကျွန်တော်တို့ လုပ်မှာဖြစ်ပေမယ့် သဘောတူညီချက်မရခဲ့ဘူးဆိုရင် အဲဒီကိစ္စကို ကျွန်တော်တို့ အင်အားသုံးပြီး ဖြေရှင်းမှာဖြစ်ပါတယ်။ အဲဒါဟာ ကျွန်တော်တို့ ဆက်ပြီး ကြိုးပမ်းသွားမယ့်ကိစ္စဖြစ်ပါတယ်” ဟု ရုရှားခေါင်းဆောင်က ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးကမူ ယူကရိန်းပိုင်နက်ထဲမှ ရုရှားစစ်သားများ ထွက်ခွာ မသွားမချင်း ရုရှားနှင့် ဆွေးနွေးမှုများသည်…
ဟားမာ့စ်ချေမှုန်းရေးစစ်ပွဲသည် လပေါင်းများစွာ ကြာသွားလိမ့်မည်ဟု အစ္စရေးကိုအဓိက ထောက်ခံသည့် အမေရိကန်နိုင်ငံက ပြောကြားခဲ့ပြီးနောက် အစ္စရေးသည် ဒီဇင်ဘာ ၁၅ ရက်တွင် ဂါဇာကမ်းမြောင်ကို စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်ခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်သောကြောင့် အစ္စရေးနှင့်ဟားမာ့စ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် လူ ၁,၂၀၀ ဝန်းကျင်သေဆုံးခဲ့ရပြီး လူ ၂၄၀ ခန့် ဂါဇာသို့ ဓားစာခံအဖြစ် ခေါ်ဆောင်ခံခဲ့ရသည်။ ယာယီအပစ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ချိန်က အစ္စရေး ဓားစာခံများ ပြန်လွတ်လာသည်ဆိုသော်လည်း ဂါဇာတွင် ဓားစာခံများ ကျန်နေသေးသည်ဟု သိရသည်။ အစ္စရေးက ဂါဇာကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရာ ဂါဇာကမ်းမြောင်၏နေရာအများအပြားမှာ ယခုအခါ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရပြီး အနည်းဆုံး ဂါဇာပြည်သူ ၁၈,၇၀၀ သေဆုံးထားသည်ဟု ဟားမာ့စ် ကွပ်ကဲနေသောဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့်ကလေးများဖြစ်သည်ဟု ဆိုသည်။ ဂါဇာတောင်ပိုင်းရှိခန်းယူနစ်ကိုအစ္စ ရေး တိုက်ခိုက်မှုများကြောင့် လူဒါဇင်ချီ သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည်ဟု ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့အပြင် ဂါဇာအလယ်ပိုင်း နူဆေးရတ်ကို အစ္စရေးက ဝေဟင်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် လူအချို့ သေဆုံးခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောကြားသည်။ ဒီဇင်ဘာ ၁၄ ရက် ညပိုင်းတွင် အီဂျစ်နယ်စပ်အနီး ဂါဇာတောင်ပိုင်းမြို့ ရာဖာကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် ပါလက်စတိုင်းလူအုပ်သည် အဆောက်အအုံအပျက်အစီးများအောက်တွင် အသက်ရှင်ကျန်ရစ်သူများကို လက်နှိပ်ဓာတ်မီးများသုံး၍ ရှာဖွေခဲ့ကြသည်။ “မြင်တဲ့အတိုင်းပါပဲ၊ ဒါဟာလူနေရပ်ကွက်ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ကလေးတွေ…
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကြံခင်းမြို့နယ်ရှိ ကျေးရွာအချို့၌ ရေအခက်အခဲကြုံတွေ့နေကြောင်း သိရသည်။ အဆိုပါဒေသ၌ သောကြာဒူးကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုရှိ ကျေးရွာအချို့တွင် ရေအခက်အခဲကြုံတွေ့နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “သောကြာဒူးအုပ်စုမှာက ကျွန်းကုန်းကျေးရွာ၊ အောင်ပန်းကုန်းကျေးရွာ၊ ထန်းတပင်အုပ်စုမှာက ထန်းတပင်ကျေးရွာ အဲဒီ့ရွာတွေမှာ ရေလိုအပ်နေတာပါ။ ကျွန်းမြေမှာ ရေတူးလို့ရပေမဲ့ ထုံးဓာတ်များနေတာပေါ့။ ရေနွေးအိုးကြိုလို့လည်းမရဘူး။ ထမင်းချက်လို့လည်းမရဘူး။ ထမင်းက ၀ါသွားတယ်။ သောက်လို့လည်းမရဘူး။ ချိုးရေသုံးရေလောက်ပဲသုံးလို့ရတယ်” ဟု အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရေလိုအပ်သူများထံ ကူညီပေးခဲ့သည့် ဒေသခံကိုကျော်ကျော်အေးကြူထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ရေလိုအပ်နေတဲ့ အိမ်ထောင်စုတွေကို ကျွန်တော်တို့ ပရဟိတညီအစ်ကိုတွေ စုပြီးနိုင်သ၍ ထောက်ပံ့ဖြစ်ပါတယ်။ မရှိဆင်းရဲသူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အဓိကထားပြီး ကူညီဖြစ်တာပါ။ သောက်ရေသန့် ၂၀ ဘူး ၅၀၊ သုံးရေ ရေသန့် ဂါလန်ငါးရာကျော် လိုက်လံလှူဒါန်းဖြစ်ပါတယ်။ အဲဒီဘက်မှာက ရေတွင်းတူးလို့ ရေမရတဲ့နေရာတွေလည်းရှိတယ်။ တူးလို့ရတဲ့နေရာကျတော့လည်း ထုံးဓာတ်များပြီး ချက်ပြုတ်ဖို့၊ သောက်သုံးဖို့အဆင်မပြေဘူး။ အဲဒီလိုအခြေအနေရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။ အဆိုပါဒေသ၌ လှူဒါန်းမှုနည်းပါးသဖြင့် ရေအကူအညီလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် စက်သုံးဆီဈေးများ ကျဆင်းလာပြီး ဆီဆိုင်များတွင် မော်တော်ယာဉ်များ ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းရမှုများ မရှိတော့ကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင်များက ပြောကြားသည်။ ဒီဇင်ဘာ လဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့၌ မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းရခြင်းများ ဖြစ်ပွားခဲ့သည်။ “နှစ်ရက်လောက်တော့ရှိပြီ။ ဒီနေ့ကတော့ ပိုသိသာတယ်။ ဘယ်ဆိုင်မှာမှ တန်းမစီရတော့ဘူး။ ရောက်တာနဲ့ ဆီတိုင်ကီအပြည့်လည်း ဝယ်လို့ရတယ်။ စောင့်စရာလည်း မလိုတော့ဘူး။ ကိုယ့်ရှေ့မှာ ကားအများဆုံးရှိလည်း ငါးစီးထက်မပိုတော့ဘူး” ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။ ဒီဇင်ဘာ ၁၅ ရက်တွင် စက်သုံးဆီဆိုင်များ၌ ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၄၄၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၅၄၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၄၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၁၈၅ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ရောင်းချခဲ့သည့် ဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၄၆၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၄၇၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၇၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၂၁၅ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်ဒေသမှ လာရောက်သူများအတွက် နေထိုင်ခွင့်ကတ်ပြားနှင့် ယာဉ်နံပါတ်ပြားများကို အခမဲ့ထုတ်ပေးနေပြီး ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ငွေကြေးကောက်ခံနေသူများကို အရေးယူထားကြောင်း မိုင်းလားအထူးဒေသ (၄)အဖွဲ့က ထုတ်ပြန်သည်။ ကိုးကန့်ဒေသမှ လာရောက်သူများကို နေထိုင်ခွင့်ကတ်ပြားနှင့် ယာဉ်နံပါတ်ပြားများကို အခမဲ့ ထုတ်ပေးနေသည့်ကာလဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ပိတ်ရက်မရှိဘဲ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အထူးဒေသ (၄) အဖွဲ့က ထုတ်ပြန်သည်။ နေထိုင်ခွင့်ကတ်ပြားနှင့် ယာဉ်နံပါတ်ပြားပြုလုပ်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဓာတ်ပုံနှစ်ပုံ၊ မိမိနေထိုင်သည့် လိပ်စာနှင့် အိမ်ရှင်ကို ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ အလုပ်အကိုင်ရှိသူများမှာ သက်ဆိုင်ရာအချက်အလက်များ တင်ပြရမည်ဖြစ်ကြောင်း မိုင်းလားအထူးဒေသ (၄) အဖွဲ့က ထုတ်ပြန်သည်။ ယင်းသို့ အခမဲ့ပြုလုပ်ပေးနေသော်လည်း ရဲတပ်ဖွဲ့အယောင်ဆောင်ကာ အခကြေးငွေကောက်ခံပြီး နေထိုင်ခွင့်လက်မှတ်ပြုလုပ်ပေးနေသူများကို အရေးယူထားကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။ လက်ရှိကာလတွင် ကိုးကန့်ဒေသမှ လာရောက်သူများကို မိုင်းလားရဲတပ်ဖွဲ့အနေဖြင့် နေထိုင်ခွင့် လက်မှတ်နှင့် ယာဉ်နံပါတ်ပြား (ယာယီ) အခမဲ့ပြုလုပ်ပေးနေသည့် ကာလဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ပြီး အခကြေးငွေကောက်ခံကာ တရားမဝင်ပြုလုပ်ပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ စည်းကမ်းချိုးဖောက်ကာ အခကြေးငွေယူပြီး လုပ်ဆောင်နေခြင်းမှာ ပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ထိခိုက်ခြင်း၊ လူမှုအသိုင်းအဝိုင်း ပြေပြစ်မှုကို ဖျက်ဆီးခြင်းနှင့် ရဲတပ်ဖွဲ့ ပုံရိပ်ကို ဆိုးဝါးစွာ ထိခိုက်စေကြောင်း မိုင်းလားအထူးဒေသ(၄)ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ မိုင်းလားရဲတပ်ဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုစနစ်များကို အနှောင့်အယှက်ဖြစ်စေပြီး ပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ထိခိုက်စေသည့် “ပွဲစား” လုပ်ရပ်များကို ပြင်းထန်စွာ တားဆီးနှိမ်နင်းသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ဖော်ပြထားသည်။ ပြည်သူများအနေဖြင့်လည်း အများသူငှာစည်းလုံးရေးကိုထိခိုက်စေသည့် လုပ်ရပ်များကို အတူတကွ ကြီးကြပ်စောင့်ကြည့်ကြရန်နှင့် ကျူးလွန်သူများကို ရဲတပ်ဖွဲ့ထံ တိုင်ကြားပေးရန်လည်း…
မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ဂါလာတာစာရေးအသင်းနှင့် သရေကျခဲ့ခြင်းအတွက် အမှားကျူးလွန်ခဲ့သည့် ဂိုးသမား အိုနာနာတစ်ဦးတည်းကို အပြစ်မတင်ဘဲ တစ်သင်းလုံးကို ဝေဖန်ရမည်ဖြစ်သလို၊ ယခုပွဲရလဒ်မှာ မိမိတာဝန်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ မန်ယူအသင်းအနေဖြင့် နိုဝင်ဘာ (၂၉)ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်၌ ဂါလာတာစာရေးအသင်းအား (၀-၂) ဂိုး၊ (၁-၃) ဂိုးဖြင့် နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခွင့်ရသော်လည်း အိုနာနာ၏ အမှားနှစ်ကြိမ်အပါအဝင် ချေပဂိုးများပြန်ပေးခဲ့ရသဖြင့် (၃-၃)ဂိုးဖြင့် သရေကျခဲ့သည်။ ယင်းပွဲရလဒ်ကြောင့် မန် ယူအသင်းအနေဖြင့် အုပ်စု (A)တွင် (၅)ပွဲကစား၊ ရမှတ် (၄)မှတ်ဖြင့် အောက်ဆုံးနေရာရောက်ရှိနေပြီး အုပ်စုမှထွက်ရရန် နီးစပ်နေပြီဖြစ်သလို၊ ယူရိုပါလိဂ်သို့ ကူးပြောင်းကစားခွင့် တတိယနေရာရရှိရန်ပင် ရုန်းကန်ရဦးမည်ဖြစ် သည်။ သို့သော် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် အဲရစ်တန်ဟက်ဂ်က “ဒါတွေက အမြဲတမ်း ကျွန်တော့်ကြောင့်ပါပဲ။ ဒီရလဒ်အတွက် ကျွန်တော်တာဝန်ယူပါတယ်။ ကျွန်တော်တို့က ပရောဂျက်တစ်ခုထဲမှာ ရှိနေတယ်ဆိုတာ သိပါတယ်။ တိုးတက်မှုတွေလည်း ရှိနေတဲ့အတွက် အရမ်းမျှော်လင့်ထားတာပါ။ ကျွန်တော်တို့က လမ်းကြောင်းမှန်ဆီ သွားနေတာပါ။ အဲဒါကြောင့် ရေရှည်မှာ အောင်မြင်မှုရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ ဆက်ရှိနေချင်တယ်ဆိုရင် ဒီလိုပွဲတွေကို အနိုင်ရဖို့လိုပါတယ်။ ကျွန်တော်တို့ အနိုင်ရနေရာက ရှုံးနိမ့်ခဲ့ရတယ်။ ကျွန်တော်တို့ သုံးမှတ်ရယူနိုင်သင့်တယ်ဆိုတာ သေချာပါတယ်။ တခြားပွဲတွေမှာလည်း ကျွန်တော်တို့ အခုလိုလုပ်ခဲ့တယ်။ ကစားတဲ့ပုံစံကို ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အသင်းကို ကျွန်တော် ဝေဖန်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ခံစစ်ကစားပုံက လုံလောက်မှုမရှိလို့ပါ။ ကျွန်တော်တို့ (၃-၁)ဂိုးနဲ့ ဦးဆောင်နေတာပါ။ အမှားတွေက ကွဲပြားခြားနားစေတဲ့အတွက်…
အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီတွင် အသင်းကွင်းလယ်ကစားသမား ပါတေးအား ရောင်းထုတ်ရန်စီစဉ်နေကြောင်း သိရသည်။ ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား ပါတေး(၃၀ နှစ်)သည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသလို၊ အသင်းတွင် နေရာရရန် ရုန်းကန်နေရသူဖြစ်သည်။ ၎င်းကို ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်းနှင့် ဆော်ဒီကလပ်များက စိတ်ဝင်စားနေကြောင်း သိရှိရသည်။ အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီတွင် ကစားသမားသစ်များခေါ်ယူရန်အတွက် ပါတေးကို ရောင်းထုတ်ကာ ရန်ပုံငွေရှာရန် အလိုရှိနေခြင်းလည်းဖြစ်သည်။
အက်သလက်တီကိုအသင်းဂိုးသမား အိုဘလက်ခ်က လက်ရှိလာလီဂါပြိုင်ပွဲမှာ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ ရှိစဉ်ကထက် ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်ကြောင်း ပြောကြားခဲ့သည်။ ယခုရာသီ လာလီဂါပြိုင်ပွဲတွင် အဆင့် ၁ မှ ဦးဆောင်နေသည့်အသင်းနှင့် အဆင့် ၆ မှအသင်းတို့၏ အမှတ်ကွာဟမှုမှာ နည်းပါးလျက်ရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်နေသည်။ ထို့ကြောင့် အိုဘလက်ခ်က လာလီဂါပြိုင်ပွဲဝင် အသင်းများ၏ ကွာဟမှုမှာ ယခင်ကထက် လျော့နည်းလာကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အိုဘလက်ခ်က “လာလီဂါပြိုင်ပွဲဝင်အသင်းတွေမှာ ကွာဟမှုကြီးကြီးမားမား မရှိ တော့ပါဘူး။ အသင်းတိုင်းက အရမ်းကောင်းလာကြပြီး ပွဲစဉ်တိုင်းက ခက်ခဲပါတယ်။ လာလီဂါပြိုင်ပွဲက ပြိုင်ဆိုင်မှုအရမ်းပြင်းထန်ပါတယ်။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ လာလီ ဂါမှာ ကစားတုန်းကတော့ တစ်ကမ္ဘာလုံးက သူတို့နှစ်ဦးအကြောင်းကိုပဲ ပြောကြပါတယ်။ ဒါပေမဲ့ အခု လာလီဂါပြိုင်ပွဲက သူတို့ ရှိစဉ်ကလောက် မလွယ်တော့ပါဘူး။ လာလီဂါပြိုင်ပွဲဟာ ထိပ်တန်းကစားသမားတွေနဲ့ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့ပြင် အိုဘလက်ခ်က ယနေ့ ကစားရမည့် ဘာစီလိုနာနှင့်ပွဲမှာ အလွန်ခက်ခဲမည်ဖြစ်ပြီး ၎င်းတို့အတွက် အရေးကြီးသည့် ပွဲဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် အသင်းအဓိကတိုက်စစ်ကစားသမား ဆာလာအား ဆော်ဒီပရိုလိဂ်သို့ ရောင်းချဖြစ်ပါက ယင်းမှရရှိလာမည့် ငွေကြေးဖြင့် PSG တိုက်စစ်မှူး အမ်ဘာပေကို အစားထိုးခေါ်ယူရန် ချိန်ရွယ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ အသက် ၂၄ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ PSG အသင်းအနေဖြင့် အမ်ဘာပေအား စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်း နေသော်လည်း ကစားသမားဘက်က ငြင်းဆန်ထားသည့်အတွက် လာမည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုရမည်ဖြစ်သည်။ လာမည့် ၂၀၂၄ နွေရာသီတွင် အမ်ဘာပေကိုခေါ်ယူလိုသည့်အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခွင့်ရှိနေသော်လည်း PSG အသင်းတွင် ၎င်းရရှိနေသည့် တစ်နှစ်လစာ ပေါင် ၆၃ သန်းနှင့်အထက် ပေးချေရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ Daily Mail ၏ ဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေဖြင့် ၎င်းတို့အသင်းတိုက် စစ်ကစားသမား ဆာလာအား ဆော်ဒီပရိုလိဂ်သို့ ရောင်းချဖြစ်ပါက ယင်းမှ ရရှိသည့် ငွေကြေးကို PSG တိုက်စစ်မှူး အမ်ဘာပေအတွက် ရင်းနှီးမြှုပ်နှံရန် ချိန်ရွယ်နေကြောင်း သိရှိရသည်။ ဘန်ဇီမာ၊ ကွန်တေ၊ ဖာဘင်ညို တို့လို ထိပ်တန်းကစားသမားများကို ခေါ်ယူထားသည့် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်း အရွှေ့စျေးကွက်မပိတ်မီက လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာအား ပေါင်သန်း ၂၀၀ ဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော် လီဗာပူးလ်အသင်းအနေဖြင့် ဆာလာ၏နေရာတွင်အစားထိုးရန် ကစားသမား ရှာဖွေမည့်အချိန်မရှိသဖြင့် ရောင်းချခဲ့ခြင်းမရှိသလို လာမည့်ဇန်နဝါရီတွင်လည်း ရောင်းချမည်မဟုတ်ကြောင်း…
မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ VeVe ကုမ္ပဏီရှေ့တွင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက ခြောက်ဘီးယာဉ်မှ ဆိုင်ကယ်တစ်စီးအား ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူဆရာဝန်တစ်ဦး သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ဖြစ်စဉ်မှာ မော်လမြိုင်မြို့ ကျိုက္ခမီလမ်းမကြီးနှင့် တက္ကသိုလ်ပတ်လမ်းထောင့်ထိပ်ရှိ VeVe အချိုရည်ကုမ္မဏီဝင်းအတွင်းမှ ထွက်လာသော ၁၂ ဘီးကုန်တင်ယာဉ်ကို ရပ်စောင့်နေသည့် ဆိုင်ကယ်ကို ခြောက်ဘီးယာဉ်မှ ဘရိတ်ပေါက်ကာ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဥိးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “အရှေ့မှာ ကားကြီးရှိနေလို့ ရပ်နေတာကို နောက်ကနေ ဝင်တိုက်တော့ ကားနှစ်စီးကြားမှာ ညှပ်လိုက်သလို ဖြစ်သွားတာပါ” ဟု ပြောကြားသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ဆရာဝန်ဖြစ်သူ အမျိုးသားမှာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ခြောက်ဘီးယာဉ်၏ ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ မြေပြင်ကုသမှုပေးခဲ့ပြီး မော်လမြိုင် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။