Browsing: Local

မန္တလေးမြို့တွင် လူငယ်လေးဦးမှ ငှားရမ်းနေထိုင်သည့်အိမ်ရှင်၏ လေးနှစ်အရွယ်ကလေးအား ပြန်ပေးဆွဲမှု ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ပြည်ကြီးတံခွန်မြိုနယ်၊ (ဂ)ရပ်ကွက်တွင် အိမ်ငှားနေထိုင်သည့် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးတို့မှ အိမ်ရှင်၏ ကလေးအား ခိုးယူခဲ့ပြီး ငွေကျပ်သိန်းငါးရာဖြင့် ပြန်လည်ရွေးယူရန်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။…

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူခုနစ်သိန်းခွဲကျော်ရှိလာပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည့် ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃…

ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် စေလွှတ်မည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများအား လေကြောင်းခရီးဖြင့် စေလွှတ်ခွင့်ပြုပြီးဖြစ်သည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ကြောင်း သိရသည်။ တိုက်ပွဲများနှင့် ဒေါနတောင်ကျော် အာရှလမ်းသစ်မှ သွားလာခွင့်ပိတ်ထားဆဲအခြေအနေကြောင့် ယခုကဲ့သို့ လေယာဉ်ခရီးစဉ်ဖြင့် စေလွှတ်ခွင့်ပြုလိုက်ခြင်းမှာ အလုပ်သမားများအတွက် လမ်းခရီးလုံခြုံစိတ်ချရခြင်းနှင့် လေကြောင်းလမ်းခရီးမှာ…

အထွက်နှုန်းကျဆင်းနေသည့် ရေနံမြေများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအစီအမံများ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။ ဇန်နဝါရီ ၂၁ ရက်က စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့‌ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အဖျောက်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်၍…

မြစ်ဝကျွန်းပေါ်ဒေသ တလုတ္ထော်မြို့၌ ထင်ရှားသည့် ရေငံပိုင်ဦးရှင်ကြီးပွဲတော် စတင်ကျင်းပနေပြီဖြစ်ပြီး ဒေသတွင်းမှ လာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ဟင်္သာတမြို့နယ် တလုတ္ထော်မြို့၌ နှစ်စဉ်ကျင်းပသည့် အဆိုပါနတ်ရိုးရာယုံကြည်မှုပွဲတော်ကို ဇန်နဝါရီ ၂၁ ရက်တွင် စတင်ကျင်းပနေခြင်းဖြစ်ပြီး ငါးရက်ကြာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။…

ကချင်ပြည်နယ်အတွင်းရှိ တစ်ရှူးငှက်စိုက်ခင်းများတွင် တရုတ်နိုင်ငံမှ ကားများ ဝင်ရောက်သယ်ယူမှုကြောင့် မြန်မာနိုင်ငံသားပိုင် ပို့ဆောင်ရေးကားများ ရာနှင့်ချီ ရပ်နားထားရကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောကြားသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “ကုမ္ပဏီတွေက အစီးရေ ရာချီရပ်ထားတယ်။ ကျွန်တော်တို့ ကားတွေလည်း နားထားတယ်။ မြန်မာနိုင်ငံသားပိုင် ကားအစီး…

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ် တောင်ဒေသ၊ စံဖူးကျေးရွာတွင် ဇန်နဝါရီ ၂၀ ရက်က တိုက်ပွဲဖြစ်ပွားပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၁ ရက်အထိ တိုက်ပွဲပြင်းထန်…

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့အဝင်ရှိ စေတီတော်တစ်ဆူအား TNLA အဖွဲ့က ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား TNLA အဖွဲ့က ဇန်နဝါရီ ၁၀ ရက်မှစ၍ ဘက်ဟိုးဖြင့်…

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ဒေသ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၉ ဘီလျံ တန်ဖိုးရှိသော မူးယစ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC MYANMAR)…

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကိုးလခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေဒေါ်လာ ၁ ဒသမ ၃၀၇ ဘီလျံကျော်ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ…