ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူခုနစ်သိန်းခွဲကျော်ရှိလာပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည့် ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲစာရင်းချုပ်တွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။
ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ် (စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲနှင့် ဒရုန်းစစ်ဆင်ရေး) စုစုပေါင်း ၄၆၂၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၌ လက်နက်ကိုင်ပဋိပက္ခအတွင်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူ ၇၅၁၆၆၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။