Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
‘မြန်မာနိုင်ငံမှာ ဆိုရင် Model တွေ၊ Miss တွေက အခွင့်အရေး အရမ်း နည်းတယ်။ သရုပ်ဆောင်တွေ ကပဲ ကြိုးစားဖို့ အခွင့်အရေးတွေ များတယ်။ ကိုယ်တိုင်လည်း ရုပ်ရှင်တွေ ရိုက်ချင်နေမိတယ်’ လို့ ပြောလာတဲ့ အမရာဗိုလ် ရဲ့ ပုံရိပ်တွေပါ။
မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရာ ၂၆ ဘီလမ်း (တောင်ဘက်ကျုံး) အနီးရှိ ဆိုင်ကယ် အပ်နှံရာနေရာများတွင် ယနေ့ (ဧပြီ ၁၄ ရက် -သင်္ကြန် အကျနေ့) နံနက် ၁၀ နာရီ ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငါးဦးအပါအဝင် ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ရလမ်းနှင့် ၇၁လမ်းထောင့်အား ယာဉ်ဝင်ခွင့်မပြုဘဲ လုံခြုံရေးတင်းကျပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဗုံးပေါက်ကွဲမှုတွင် သေဆုံးမှုရှိသည်ဟု သတင်းထွက်ပေါ် ခဲ့သော်လည်း ထိခိုက်သူများတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း မန္တလေးမြို့မှ အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ပြောကြားသည်။ “လူသေဆုံးမှု လုံးဝမရှိပါဘူး။ ထိခိုက်ဒဏ်ရာရရှိမှုတော့ ရှိပါတယ်။ဆေးရုံတက်ကုသမှု ခံယူနေတာတွေရှိပေမယ့် စိုးရိမ်ရတာ မရှိပါဘူး”ဟု လုံခြုံရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသည့် အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ကလေးငယ်များမှာ အသက်အရွယ်အားဖြင့် လေးနှစ် အရွယ် တစ်ဦး၊ ကိုးနှစ်အရွယ် တစ်ဦး၊ ၁၀ နှစ်တစ်ဦး၊ ၁၁ နှစ်တစ်ဦးနှင့် ၁၃ နှစ် အရွယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ ” ဖြစ်ဖြစ်ချင်း ကျွန်တော်က ကလေးကိုပွေ့ချီပေးထားလို့ ကလေးတွေက ကံကောင်းပြီးလွတ်သွားတယ်။ အရမ်း မထိလိုက်ဘူး။ကျွန်တော်တို့ ဆိုင်ကယ်စတန်းက ဝန်ထမ်း ကောင်လေး တစ်ယောက် ကတော့ လွင့်ထွက်သွားတယ်။ နံရိုးကို ထိသွားတယ်။ သူဆို မိဘကို လုပ်ကျွေးနေတဲ့သူပါ။ နောက်တစ်ယောက်ကတော့ ခြေထောက် ဖြတ်ရမယ်လို့ သိရတယ်။မိဘပြည်သူနဲ့ ကလေးတွေကတော့ ဒဏ်ရာ ပြင်းထန်ပေမယ့် သေဆုံးမှုတော့ မကြားသိရသေးဘူး”ဟု ၂ရလမ်းနှင့် ၇၁လမ်းထောင့်ရှိ ဆိုင်ကယ်အပ်နှံရာ…
များပြားလှသော စစ်ရေးအကူအညီများကို အမေရိကန်ကွန်ဂရက်စ်က အတည်မပြုပေးပါက ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ယူကရိန်း ရှုံးနိမ့်သွားလိမ့်မည်ဟု ဧပြီ ၇ ရက် တွင် သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ထုတ်ဖော်ပြောကြားခဲ့သည်။ ရှေ့တန်းစစ်မျက်နှာတွင်ရှိနေသော ချာဆစ်ယာမြို့အနီးတစ်ဝိုက်၌ ဖြစ်ပွားနေသော တိုက်ပွဲများသည် ခက်ခဲ၊ ပြင်းထန်နေသည် ဆိုသော်လည်း မိမိတို့တပ်ဖွဲ့များက ခုခံလျက်ရှိသည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။ နှစ်ဘက်စလုံး၏လေကြောင်းထိုးစစ်များ ပြင်းထန်လျက်ရှိစဉ် ယူကရိန်း ဒရုန်းတစ်စင်းက ဇာပိုရီရှား နျူကလီးယားစက်ရုံကို ထိမှန်ခဲ့သည်ဟု ရုရှားက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အင်အားအပြည့်သုံး၍ ကျူးကျော်ပြီး မကြာမီအဆိုပါ စက်ရုံကို ရုရှားကထိန်းချုပ်ထားခဲ့သည်။ ကွန်ဂရက်၌ ရီပတ်လီကင်တို့က လပေါင်းများစွာ ပိတ်ဆို့ထားသော အမေရိကန် ဒေါ်လာဘီလျံ ၆၀ ရှိ အကူအညီများကို အမေရိကန်ပြည်ထောင်စုက စတင်ပေးပို့ရန် ယူကရိန်းက အလောတကြီးတောင်ဆိုမှုများ ပိုမိုလုပ်ဆောင်လျက်ရှိသည်။ “ကွန်ဂရက်က မကူညီဘူးဆိုရင် ယူကရိန်းဟာ စစ်ပွဲ ရှုံးသွားမယ်ဆိုတာကို ကွန်ဂရက်ကိုသေသေချာချာပြောဖို့ လိုပါတယ်”ဟု အွန်လိုင်းအစည်းအဝေးတွင် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ “အကူအညီမပေးဘူးဆိုရင် ယူကရိန်းဟာ ဆက်လက်ရှင်သန်ဖို့ ခက်ခဲပါလိမ့်မယ်။ ယူကရိန်းဟာ စစ်ပွဲရှုံးသွားမယ်ဆိုရင် အခြားနိုင်ငံတွေဟာ တိုက်ခိုက်တာခံရပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ရုရှားသည် လွန်ခဲ့သောလများတွင် နယ်မြေစိုးမိုးမှု အသာရရှိရေးအတွက် ချာဆစ်ယာမြို့ကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ခဲ့သည်။ “အခြေအနေဟာ ခက်ခဲ၊ ပြင်းထန်နေပါတယ်”ဟု ယင်းဒေသတွင် ယူကရိန်းဖြန့် ကြက်ထားသော တပ်ဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူ အိုလက်ကလာရှနီကော့ဗ်က ပြောကြားခဲ့သည်။ ရုရှားသည် ခြေလျင်တပ်များနှင့် လေကြောင်းတိုက်ခိုက်မှုများကို အသုံးပြုကာ တိုက်ခိုက်နေသည်ဟု ၎င်းက…
မြောက်ကိုရီးယားက ယခုနှစ်ထဲတွင် ထောက်လှမ်းရေးဂြိုဟ်တုများ ထပ်မံလွှတ်တင်မည့် အစီအစဉ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ရက်ပိုင်းအကြာတွင် တောင်ကိုရီးယားက ၎င်းတို့၏ ဒုတိယမြောက်စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် ရန်လိုမှုများမြင့်တက်နေစဉ် ၎င်းတို့ ၏ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှုများကို ယမန်နှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် အသီးသီးလုပ်ဆောင်ခဲ့သည်။ အဆိုပါဂြိုဟ်တုများသည် ၎င်းတို့၏ အပြန်အလှန် စောင့်ကြည့်နိုင်စွမ်းကို မြှင့်တင်ကာ ဒုံးလက်နက်ဖြင့် တိုက်ခိုက်ရေးစွမ်းရည်များကိုလည်း တိုးမြှင့်နိုင်မည်ဟု ၎င်းနှစ်နိုင်ငံက ဆိုသည်။ တောင်ကိုရီးယား၏ ဒုတိယမြောက်ထောက်လှမ်းရေးဂြိုဟ်တုကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ ကနေဒီ အာကာသစခန်းမှ ဒေသစံတော်ချိန် ဧပြီ ၇ ရက် ညနေခင်း(ဆိုးလ်မြို့စံတော်ချိန် ဧပြီ ၈ ရက် နံနက်ပိုင်း)တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယင်းဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်းနှင့်ဒုံးပျံယာဉ်မှခွဲထွက်ပြီးနောက် မြေပြင်ထိန်းချုပ်ခန်းနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ “ဒုတိယမြောက် စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်နိုင်တာကြောင့် တောင်ကိုရီးယားစစ်တပ်ဟာ အမှီအခိုကင်းတဲ့ စောင့်ကြည့်ရေးစွမ်းရည်ကို ထပ်မံဖြည့်တင်းနိုင်ခဲ့ပြီး ဒုံးလက်နက်ဖြင့် ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်နိုင်စွမ်းကိုလည်း ထပ်မံမြှင့်တင်နိုင်ခဲ့တယ်”ဟု ကာကွယ်ရေး ဝန်ကြီးဌာနပြောခွင့်ရ ဂျွန်ဟာဂူက သတင်းထောက်များကို ပြောကြားခဲ့သည်။ SpaceX နှင့် ချုပ်ဆိုထားသည့် သဘောတူစာချုပ်အရ တောင်ကိုရီးယားသည် ၂၀၂၅ ခုနှစ်နောက်ဆုံးထား၍ ထောက်လှမ်းရေးဂြိုဟ်တုငါးစင်း ထပ်မံစေလွှတ်ရန် စီစဉ်ထားသည်ဟု တောင်ကိုရီးယားကာကွယ်ရေးနှင့် စစ်လက်နက်ဝယ်ယူရေး အစီအစဉ် စီမံခန့်ခွဲရေးဌာန၏ အဆိုအရ သိရသည်။ ၎င်းအနေဖြင့် မြောက်ကိုရီးယားအားစောင့်ကြည့်ထောက်လှမ်းနိုင်စွမ်းတိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယမန်နှစ် ဒီဇင်ဘာ ၁ ရက်က ပထမဆုံးထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှုကို ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒန်ဘာ့ဂ် အာကာသတပ်ဖွဲ့…
ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီးတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များဖောက်လုပ်ခဲ့သည်ဆိုသော ဥမင်လှိုဏ်ခေါင်းတစ်ခု တွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့် သတင်းများအရ သိရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များဖောက်လုပ်ခဲ့သည့် သေမင်းတမန်ရထားလမ်းအား သုတေသနလုပ်နေသည့် ထိုင်းနိုင်ငံသား Srawut Saiaungsiripong နှင့် Marnchai Wattanakaran တို့နှစ်ဦးက ဘုရားသုံးဆူမြို့ နှင့် မီတာ (၁၀၀) ခန့်အကွာ၊ ထိုင်းနိုင်ငံ စံခလယ်ကျေးရွာ ဘုရားသုံးဆူ – စံခလဘူရီ အဝေးပြေးလမ်းမကြီးအနီး တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများက ဆိုကြသည်။ အဆိုပါ ဥမင်လှိုဏ်ခေါင်းမှာ အကျယ် (၁) မီတာ နှင့် အမြင့် (၂.၅) မီတာခန့် ၊ အရှည် (၃၅) မီတာခန့်ရှိပြီး၊ တောင်ကုန်းတစ်ခုကို ခပ်ကွေးကွေး ဖေါက်လုပ်ထားခြင်းဖြစ်ကြောင်း သေမင်းတမန်ရထားလမ်းအား သုတေသနလုပ်နေသည့် ထိုင်းနိုင်ငံသား Srawut ၏ ပြောကြားချက်အား ကိုးကား၍ ထိုင်းသတင်းဌာနများက ဖေါ်ပြကြသည်။ Srawut က “ ဒုတိယကမ္ဘာစစ်တုန်းက အကျဉ်းသားတွေ၊ စစ်သုံ့ပန်းတွေနဲ့ ဖောက်လုပ်ခဲ့တာလို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေတူးတဲ့ ပေါက်ချွန်းတွေ၊ သံတူးရွင်းတွေ၊ ပေါက်တူးတွေ သုံးခဲ့တဲ့ အစအနတွေ တွေ့ရတယ်” ဟု ဆိုသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ထိုင်းနိုင်ငံ Ban Songaria မှ မြန်မာနိုင်ငံ သံဖြူဇရပ်မြို့အထိ ဂျပန်စစ်သားများက သေမင်းတမန်ရထားလမ်းဖောက်လုပ်နေချိန်အတွင်း မဟာမိတ်များက လေကြောင်းမှတိုက်ခိုက်မှုများလုပ်ဆောင်လာပါက ပုန်းခိုရန်အတွက် ထို ဥမင်ကို ဖောက်လုပ်ကာ အသုံးပြုခဲ့သည်ဟု ယူရကြောင်း…
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ စက္ကူစက်ရုံတွင် ဧပြီ ၇ ရက် ၊ နံနက် ၁၂ နာရီ ၄၈ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၈လမ်း(မင်္ဂလာကန်လမ်း)၊ ၁၂၅လမ်းနှင့် ၁၂၆လမ်းကြား၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ၄၀ ပေ နှင့် ၁၇၀ ပေ Steel Structure တစ် ထပ် စက္ကူစက်ရုံအတွင်း စက္ကူဆွဲစက် အိတ်ဇောဖန် ဂဟေဆော်ရာမှ အောက်ရှိစက္ကူ ကုန်ကြမ်းများပေါ်သို့ မီးပွားကျပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။ မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် ၁၅ စီး၊ ရေသယ် ၂၀ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ LUF – 60 မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၈၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၅၀ ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၃ မိနစ် အချိန် မီးထိန်းခဲ့ပြီး နံနက် ၃ နာရီ ၃၃ မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် အဆောက်အဦနှင့် စက္ကူကုန်ကြမ်း ပိဿာ ၁၀၀၀၀ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ သေဆုံးမှုမရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ်၊ မြို့မရဲစခန်းမှ စက္ကူစက်ရုံ တာဝန်ခံဖြစ်သူ အသက် ၅၃ နှစ်အရွယ် အမျိုးသားအား (ပ- ၇၈/၂၈၅/၂၀၂၄)ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။
အာဆင်နယ်အသင်း၏ ယူကရိန်းလက်ရွေးစင် နောက်ခံလူ အိုလက်ဇန္ဒားဇင်ချန်ကိုက ယူကရိန်းစစ်တပ်က ခေါ်ယူလျှင် ပြန်သွား၍ တိုက်ပွဲဝင်မည်ဖြစ်ပြီး မကြာမီ စစ်ပွဲပြီးဆုံးတော့မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားသည်။ ယူကရိန်းသမ္မတ ဇယ်လင်စကီးက အရန်တပ်များ အင်အားဖြည့်တင်းနိုင်ရန်အတွက် စစ်သည်အင်အားငါးသိန်း ထပ်မံစုဆောင်းရန် လိုအပ်ကြောင်း ဒီဇင်ဘာတွင် ပြောကြားခဲ့ပြီးနောက် တပ်သားစုဆောင်းခြင်းအတွက် အသက်ကန့်သတ်ချက်ကို ၂၇ နှစ်မှ ၂၅ နှစ်သို့လျှော့ချသည့် ဥပဒေကြမ်းအား သမ္မတက ဧပြီ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အသက် ၂၇ နှစ်ရှိပြီဖြစ်သူ ဇင်ချန်ကိုသည် ရုရှား၏ ကျူးကျော်စစ်ပွဲဖြစ်ပွားပြီးနောက် မိခင်နိုင်ငံအတွက် ပေါင်တစ်သန်း လှူဒါန်းထားပြီး BBC သတင်းဌာန၏ Newsnight အစီအစဉ်သို့ ယခုလို ပြောကြားခြင်း ဖြစ်သည်။ ”အဖြေက ရှင်းရှင်းလေးဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်သွားမှာပါ။ ကျွန်တော်တို့ ကျောင်းအတူတူတက်ခဲ့ဖူးသူတွေ မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေကို နားလည်ရတာ တကယ်ခက်ခဲပါတယ်။ ကျွန်တော်တို့က ကစားကွင်းမှာ အတူကစားခဲ့ကြတယ်။ ဒါမှမဟုတ် ဘောလုံးကွင်းမှာ အတူကစားခဲ့ကြတယ်။ အခုတော့ သူတို့ က ကိုယ့်ရဲ့နိုင်ငံကို ကာကွယ်နေကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါကို လက်ခံနိုင်ဖို့ အရမ်းခက်ပါတယ်။ ဒါပေမဲ့ အဲဒါက ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လက်မလျှော့ပါဘူး။ ကျွန်တော့်အတွက် လန်ဒန်မှာရှိနေရတာက ယူကရိန်းမှာရှိနေရတာထက် ပိုလွယ်မယ်လို့ တချို့လူတွေ ထင်နေကြမှာကို သိပါတယ်။ ဒီစစ်ပွဲ မကြာခင်ပြီးဆုံးတော့မယ်လို့ ကျွန်တော် တကယ်ပဲ မျှော်လင့်ပါတယ်” ဟု ဇင်ချန်ကိုက ဆိုသည်။ ဇင်ချန်ကိုသည် ယူကရိန်းထိပ်သီးကလပ် ရှက်တာဒိုးနက်အသင်း၏ အကယ်ဒမီထွက်ကစားသမား ဖြစ်သော်လည်း ရုရှားကလပ်…
ရီးယဲလ်အသင်း၏နည်းပြ အန်ဆယ်လော့တီသည် မန်စီးတီးနှင့်ပွဲတွင် နည်းပြဘဝ ချန်ပီယံလိဂ်ပွဲ(၂၀၀)ပြည့်မည်ဖြစ်ပြီး ယင်းသို့ စွမ်းဆောင်နိုင်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။ အန်ဆယ်လော့တီသည် ချန်ပီယံလိဂ်ပွဲအများဆုံးကိုင်တွယ်ထားသည့် နည်းပြအဖြစ် (၁၉၉)ပွဲဖြင့် ရပ်တည်နေသူဖြစ်ပြီး မန်ယူနည်းပြဟောင်း ဖာဂူဆန်၏စံချိန်ကို ပြီးခဲ့သည့်ရာသီမှာပင် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အန်ဆယ်လော့တီသည် ကလပ်အသင်း(၈)သင်းကို ကိုင်တွယ်ကာ ယခုမှတ်တမ်းကို ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်၏ပွဲကို လာမည့်ဇွန် ၈ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် ONE 167 ပြိုင်ပွဲတွင် မြင်တွေ့ရဖွယ်ရှိနေကြောင်း သိရသည်။ ONE Championship CEO ဖြစ်သူ ချက်ထရီသည် ပြီးခဲ့သည့်ရက်ပိုင်းက အွန်လိုင်းပေါ်မှတစ်ဆင့် ပရိသတ်များနှင့် တွေ့ဆုံ၍ အမေးအဖြေပြုလုပ်ခဲ့သည်။ ချက်ထရီသည် ယင်းတွေ့ဆုံမှုတွင် ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်၏ပွဲနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ချက်ထရီသည် အောင်လအန်ဆန်၏ပွဲကို လာမည့်ဇွန် (သို့မဟုတ်) ဇူလိုင်တွင် ပရိသတ်များမြင်တွေ့ရလိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ONE 167 ပြိုင်ပွဲကို လာမည့်ဇွန် ၈ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Arena တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ လက်ရှိတွင် ONE 167 ပြိုင် ပွဲ၌ ထိုးသတ်မည့် တွဲဆိုင်း ၆ ဆိုင်း ထွက်ပေါ်ထားပြီးဖြစ်ပြီး အဓိကခေါင်ပွဲအဖြစ် အမျိုးသမီး Atomweight MMA ချန်ပီယံခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ထိုင်းနိုင်ငံသူ စတမ်နှင့် စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသူ ဇမ်ဘိုရင်ဂါတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ ONE Championship CEO ဖြစ်သူ ချက်ထရီ၏ ပြောစကားအရ အောင်လအန်ဆန်သည် ယင်း ONE 167 ပြိုင်ပွဲတွင် ထိုးသတ်ရဖွယ်ရှိနေသည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Arena တွင် ကျင်းပပြုလုပ်ခဲ့သည့် ONE Fight…
မန်ချက်စတာယူနိုက်တက်(၂-၂) လီဗာပူးလ်ပွဲအပြီးတွင် မန်ယူအသင်းနည်းပြဖြစ်သူ တန်ဟက်ဂ်က မိမိတို့အနေဖြင့် မိုက်မဲသောအမှားများ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ် သုံးပွဲဆက်တိုက် အဖိုးတန်အမှတ်များ ဆုံးရှုံးခဲ့ပြီး အများဆုံးရရှိနိုင်သည့် ကိုးမှတ်ထဲမှ နှစ်မှတ်သာ ရယူနိုင်ခဲ့သည်။ ဘရန့်ဖို့ဒ်၊ ချယ်လ်ဆီအသင်းနှင့်ပွဲများတွင် နာကျင်အချိန်ပိုဂိုးများ ပေးခဲ့ရပြီး ယခုပွဲတွင်လည်း ၈၅ မိနစ်ရောက်မှ နောက်ကျပယ်နယ်တီပေးခဲ့ရခြင်းဖြစ်သည်။ ”ကျွန်တော့်ရဲ့စိတ်ခံစားချက်တွေ အရမ်းရောထွေးနေတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ အမှတ်ခုနစ်မှတ် ဆုံးရှုံးခဲ့ရလို့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိုက်မဲတဲ့အမှားတွေ ကျူးလွန်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပါ။ အခြားတစ်ဖက် မှာတော့ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ဒီအသင်းက တိုးတက်လာနေပြီး အလားအလာက အံ့မခန်းပါပဲ”ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။ မန်ယူအသင်းသည် လက်ရှိ၌ ရာသီပြီးဆုံးရန် ခုနစ်ပွဲသာ လိုတော့သည့်အချိန်တွင် ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဘက်များဖြစ်သည့် စပါး၊ အက်စတွန်ဗီလာအသင်းများနှင့် ၁၁ မှတ်အထိ ကွာဟလျက်ရှိသည်။ မန်ယူအသင်းသည် နောက်ခံအတွင်းလူနေရာတွင် ဒဏ်ရာရသူများနေဖြင့် ဆယ်ကျော်သက် ကမ်ဝါလာကို မက်ဂွိုင်းရားနှင့် တွဲပေးခဲ့ရပြီး မိန်နူးမှာမူ အိုးလ်ထရက်ဖို့ဒ်တွင် သူ၏ပထမဆုံးဂိုးကို သွင်းယူပေးခဲ့သည်။