Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, May 31
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 26 Views

မန္တလေးမြို့ လမ်းလျှောက်သင်္ကြန် ပွဲတော် ဆိုင်ကယ်အပ်နှံရာ နေရာများတွင် ဗုံးပေါက်ကွဲမှု၌ ကလေးငါးဦး အပါအဝင် ၁၂ ဦး ဒဏ်ရာ ရရှိပြီး ၂၇ လမ်းနှင့် ၇၁ လမ်းထောင့်အား ယာဉ်ဝင်ခွင့် မပြုဘဲ လုံခြုံရေးတင်းကျပ်

April 17, 20241 Min Read
Share
Facebook Twitter

မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရာ ၂၆ ဘီလမ်း (တောင်ဘက်ကျုံး) အနီးရှိ ဆိုင်ကယ် အပ်နှံရာနေရာများတွင် ယနေ့ (ဧပြီ ၁၄ ရက် -သင်္ကြန် အကျနေ့) နံနက် ၁၀ နာရီ ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငါးဦးအပါအဝင် ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ရလမ်းနှင့် ၇၁လမ်းထောင့်အား ယာဉ်ဝင်ခွင့်မပြုဘဲ လုံခြုံရေးတင်းကျပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုတွင် သေဆုံးမှုရှိသည်ဟု သတင်းထွက်ပေါ် ခဲ့သော်လည်း ထိခိုက်သူများတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း မန္တလေးမြို့မှ အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ပြောကြားသည်။

“လူသေဆုံးမှု လုံးဝမရှိပါဘူး။ ထိခိုက်ဒဏ်ရာရရှိမှုတော့ ရှိပါတယ်။ဆေးရုံတက်ကုသမှု ခံယူနေတာတွေရှိပေမယ့် စိုးရိမ်ရတာ မရှိပါဘူး”ဟု လုံခြုံရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသည့် အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ကလေးငယ်များမှာ အသက်အရွယ်အားဖြင့် လေးနှစ် အရွယ် တစ်ဦး၊ ကိုးနှစ်အရွယ် တစ်ဦး၊ ၁၀ နှစ်တစ်ဦး၊ ၁၁ နှစ်တစ်ဦးနှင့် ၁၃ နှစ် အရွယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

” ဖြစ်ဖြစ်ချင်း ကျွန်တော်က ကလေးကိုပွေ့ချီပေးထားလို့ ကလေးတွေက ကံကောင်းပြီးလွတ်သွားတယ်။ အရမ်း မထိလိုက်ဘူး။ကျွန်တော်တို့ ဆိုင်ကယ်စတန်းက ဝန်ထမ်း ကောင်လေး တစ်ယောက် ကတော့ လွင့်ထွက်သွားတယ်။ နံရိုးကို ထိသွားတယ်။ သူဆို မိဘကို လုပ်ကျွေးနေတဲ့သူပါ။ နောက်တစ်ယောက်ကတော့ ခြေထောက် ဖြတ်ရမယ်လို့ သိရတယ်။မိဘပြည်သူနဲ့ ကလေးတွေကတော့ ဒဏ်ရာ ပြင်းထန်ပေမယ့် သေဆုံးမှုတော့ မကြားသိရသေးဘူး”ဟု ၂ရလမ်းနှင့် ၇၁လမ်းထောင့်ရှိ ဆိုင်ကယ်အပ်နှံရာ နေရာမှ ဝန်ထမ်း တစ်ဦးက ဆိုသည်။

ယင်းဗုံးပေါက်ကွဲမှုသည် ၇၁ လမ်း နှင့် ၂ရလမ်းရှိ ဆိုင်ကယ်စတန်းနှင့် ၇၁ လမ်းနှင့် ၂၈လမ်းရှိ ဆိုင်ကယ်အပ်နှံရာနေရာများတွင် ဖြစ်ပွားခဲ့ပြီး သင်္ကြန်ပွဲတော်သို့လာရောက်သူ ၁၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလ မတိုင်မီတွင် နစက က ကျင်းပသည့် သင်္ကြန်ပွဲတော်အား ဆင်နွှဲခြင်း မပြုရန် ပြည်ပရောက်သူများ ၊ နာမည်ကြီး အနုပညာရှင်များ နှင့် PDF အဖွဲ့ အချို့က လူမှု ကွန်ရက် စာမျက်နှာများတွင် သတိပေး ရေးသားမှုများ ရှိခဲ့သည်။

ထိုသို့ သတိပေးရေးသားသူများအနက် ပြည်ပရောက်နေသည့် နာမည်ကြီး အနုပညာရှင် ဇဏ်ခီက နောက်ဆုံးနှစ် ခေါင်းစဉ်ဖြင့်” ရေမပက်တဲ့သင်္ကြန်တွေရဲ့နောက်ဆုံးနှစ်၊ မိသားစုမဆုံတဲ့ ထမင်းဝိုင်းတွေရဲ့နောက်ဆုံးနှစ်၊ သားသမီးလာခွင့် မရှိတဲ့ မိဘရဲ့အသုဘတွေရဲ့နောက်ဆုံးနှစ်၊ တံတိုင်းတွေအနောက်က တရားမျှတခြင်း နေ့ရက်ကို မျှော်လင့်ခြင်း မြက်တပင်လို ဆွဲကိုင် ထားသူများရဲ့နောက်ဆုံးနှစ်၊ ဓမ္မစစ်သည်တွေရဲ့ အသက်တွေ ဘဝတွေ စတေးခြင်းများရဲ့နောက်ဆုံးနှစ်၊ အဓမ္မဝါဒီတို့ရဲ့ မတရားမှုဆိတ်ကွယ်ရာမှာ သက်တောင့်သက်သာ နေနိုင်ခြင်းရဲ့ နောက်ဆုံးနှစ်၊ ပြည်သူတို့ရဲ့ ကြိတ်ထားတဲ့ အံတွေ ဆုပ်ထားတဲ့လက်သီးတွေ မြိုသိပ်ထားရတဲ့မျက်ရည်တွေရဲ့ နောက်ဆုံးနှစ်ဖြစ်ပါစေ”ဟု ဧပြီ ၁၃ ရက်က လူမှုကွန်ရက်တွင်ရေးသားထားသည်ကိုတွေ့ရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအမေရိကန်ကွန်ဂရက်က အကူအညီမပေးပါက ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ယူကရိန်းရှုံးသွားလိမ့်မည်ဟု ဇယ်လန်းစကီးပြောကြား
Next Article မြန်မာမှာ Miss တွေ အခွင့်အရေး နည်းတယ် ဆိုတဲ့ အမရာ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.