Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Thursday, May 29
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Boxing 0 Views

ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်၏ပွဲကို ဇွန် ၈ ရက်တွင် ဘန်ကောက်၌ကျင်းပမည့် ONE 167 တွင် မြင်တွေ့ရဖွယ်ရှိ

April 8, 20241 Min Read
Share
Facebook Twitter

ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်၏ပွဲကို လာမည့်ဇွန် ၈ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် ONE 167 ပြိုင်ပွဲတွင် မြင်တွေ့ရဖွယ်ရှိနေကြောင်း သိရသည်။

ONE Championship CEO ဖြစ်သူ ချက်ထရီသည် ပြီးခဲ့သည့်ရက်ပိုင်းက အွန်လိုင်းပေါ်မှတစ်ဆင့် ပရိသတ်များနှင့် တွေ့ဆုံ၍ အမေးအဖြေပြုလုပ်ခဲ့သည်။

ချက်ထရီသည် ယင်းတွေ့ဆုံမှုတွင် ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်၏ပွဲနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ချက်ထရီသည် အောင်လအန်ဆန်၏ပွဲကို လာမည့်ဇွန် (သို့မဟုတ်) ဇူလိုင်တွင် ပရိသတ်များမြင်တွေ့ရလိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ONE 167 ပြိုင်ပွဲကို လာမည့်ဇွန် ၈ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Arena တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

လက်ရှိတွင် ONE 167 ပြိုင် ပွဲ၌ ထိုးသတ်မည့် တွဲဆိုင်း ၆ ဆိုင်း ထွက်ပေါ်ထားပြီးဖြစ်ပြီး အဓိကခေါင်ပွဲအဖြစ် အမျိုးသမီး Atomweight MMA ချန်ပီယံခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ထိုင်းနိုင်ငံသူ စတမ်နှင့် စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသူ ဇမ်ဘိုရင်ဂါတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ONE Championship CEO ဖြစ်သူ ချက်ထရီ၏ ပြောစကားအရ အောင်လအန်ဆန်သည် ယင်း ONE 167 ပြိုင်ပွဲတွင် ထိုးသတ်ရဖွယ်ရှိနေသည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Impact Arena တွင် ကျင်းပပြုလုပ်ခဲ့သည့် ONE Fight Night 6 ပြိုင်ပွဲတွင် ဘရာဇီးလ်ဖိုက်တာ ဂယ်လ်ဘာတိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပြိုင်ပွဲတွင် Impact Arena ရုံအတွင်းရှိ ပရိသတ်အများစုမှာ အောင်လအန်ဆန်၏ပွဲကို ကြည့်ရှုရန်လာရောက်အားပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ONE Championship CEO ဖြစ်သူ ချက်ထရီသည် အောင်လအန်ဆန်ပွဲကို ONE 167 ပြိုင်ပွဲတွင် ထည့်သွင်းသွားဖွယ်ရှိနေသည်။

အောင်လအန်ဆန်နှင့် ONE Championship တို့ ချုပ်ဆိုထားသည့် စာချုပ်သစ်မှာ(၆) ပွဲဖြစ်ပြီး (၁၂) လအတွင်း (၃) ပွဲထိုးသတ်ခွင့်ပေးရမည့် အချက်ပါဝင်ကြောင်း သိရသည်။

ထိုစဉ်က အောင်လအန်ဆန်သည် သူ၏ အနီးစပ်ဆုံးပွဲနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသော်လည်း လာမည့်လအနည်းငယ်အတွင်း သူ၏ပွဲကို မြင်တွေ့ရလိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ONE Championship နှင့် စာချုပ်ကိစ္စရပ်အတွက် သဘောတူညီမှုမရမီက လာမည့်ဧပြီတွင် ၎င်း၏ပွဲကို မြင်တွေ့ရမည်ဟု ပြောကြားထားသည်။

အောင်လအန်ဆန်သည် သူ၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပြန်လည်ရယူမည်ဟု အစောပိုင်းကတည်းကပင် ကြွေးကြော်ထားသော်လည်း လက်ရှိမစ်ဒယ်ဝိတ်ချန်ပီယံ မာလီခင်က အောင်လအန်ဆန်နှင့် မထိုးသတ်လိုကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားသည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် မတ်လအတွင်းက ONE Championship ကို လူလိမ်မဖြစ်စေချင်ကြောင်းနှင့် မိမိကို ပွဲတစ်ပွဲအမြန်ဆုံးစီစဉ်ပေးရန် တောင်းဆိုခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမိမိတို့အနေဖြင့် မိုက်မဲသောအမှားများ ကျူးလွန်မိခဲ့ကြောင်း မန်ယူအသင်းနည်းပြ တန်ဟက်ဂ် ဝန်ခံ
Next Article ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ချန်ပီယံလိဂ်ပွဲ(၂၀၀) ပြည့်သည့် ပထမဆုံးနည်းပြဖြစ်လာမည်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.