Author: admin

မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က လက်ရှိဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်သည် မန်ယူအသင်းကို ကိုင်တွယ်စဉ်က အသင်းကစားသမားများအား ပြိုင်ဘက်အသင်းများအပေါ် ကြောက်စိတ်သွင်းပေးခဲ့သူဖြစ်ကြောင်းဝေဖန်ပြောကြားခဲ့သည်။ အသက် (၄၅) နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမားဟောင်း ဖာဒီနန်သည် မန်ယူအသင်းတွင် ၂၀၀၂ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ ပြိုင်ပွဲစုံ (၄၅၅) ပွဲအထိ ကစားခဲ့သူဖြစ်သည်။ မန်ယူအသင်းတွင် ဖာဒီနန် ကစားနေစဉ်ကာလအတွင်း ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ဒေးဗစ်မွိုက်စ်သည် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်၏ထောက်ခံမှုဖြင့် မန်ယူနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။ သို့သော် ဒေးဗစ်မွိုက်စ်လက်ထက်တွင် မန်ယူအသင်းသည် ပရီးမီးယားလိဂ် အဆင့် (၇) နေရာသာ ရရှိခဲ့ပြီး ဥရောပဝင်ခွင့်ဆုံးရှုံးခဲ့သဖြင့် (၁၀)လအတွင်းမှာပင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ဖာဒီနန်သည် ချယ်လ်ဆီးကွင်းလယ်ကစားသမားဟောင်း မီခေးလ်၏ Obi One Podcast အစီအစဉ်တွင် ဒေးဗစ်မွိုက်စ်အနေဖြင့် မန်ယူအသင်းကို ကိုင်တွယ်စဉ်က အသင်း၏စိတ်ဓာတ်ပိုင်းကို မကောင်းသည့်ဘက်သို့ ပြောင်းလဲခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဖာဒီနန်က ”ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ ဒေးဗစ်မွိုက်စ်ကို ကျွန်တော် အောင်မြင်စေချင်ခဲ့တာပါ။ နည်းပြတစ်ယောက်အနေနဲ့ အသင်းတစ်သင်းမှာ အောင်မြင်မှုရဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ ဒါပေမဲ့ ဒေးဗစ်မွိုက်စ် ကိုင်တွယ်ပြီးနောက် မန်ယူအသင်းဟာ အရင်လိုမဟုတ်တော့ဘဲ ပြောင်းလဲသွားခဲ့ပါတယ်။ အကြီးမားဆုံးပြောင်းလဲမှုတော့ မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြိုင်ဘက်အသင်းအပေါ် အလေးထားပြီး လေ့ကျင့်တာတွေချည်း ဖြစ်လာတာပါ။ မန်ယူအသင်းက တခြားအသင်းတွေကို ကြောက်စရာမလိုပါဘူး။ ကြောက်မယ့်ကြောက် တခြားအသင်းတွေက မန်ယူကို ကြောက်ရမှာပါ။ ဒေးဗစ်မွိုက်စ်ရဲ့ အဲဒီလုပ်ရပ်က အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေဆီ ကူးစက်သွားပုံရပါတယ်။ သူက မန်ယူကို အဲဗာတန်လို ကိုင်တွယ်ခဲ့တာပါ”ဟု…

Read More

ဘာစီလိုနာနည်းပြ ဇာဗီက မိမိအနေဖြင့် အသင်းတွင် လူငယ်ကစားသမားများကို ဆက်လက်နေရာပေးသွားမည်ဟု ပြောကြားခဲ့သည်။ ဇာဗီလက်ထက်တွင် လာမဲ၊ ဖာမင်လိုပက်ဇ်၊ ဟတ်တာဖော့၊ ဂူအီတို့ကဲ့သို့ လူငယ်ကစားသမားများကို နေရာပေးခဲ့သည်။ ဇာဗီက ဘာစီလိုနာအကယ်ဒမီမှာ ၎င်းတို့အတွက် အရေးကြီးသည့်အတွက် လူငယ်များကို ဆက်လက်နေရာပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဇာဗီက ”လာမဲ၊ ကူဘာဆီ၊ ဖာမင်၊ ဘယ်လ်ဒီနဲ့ ပတ်ဒရီတို့က လူငယ်တွေ ဖြစ်ပါတယ်။ ဘာစီလိုနာအတွက် အကယ်ဒမီက အရေးကြီးပြီး ကျွန်တော့်အနေနဲ့ လူငယ်တွေကို နေရာဆက်ပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။

Read More

အယ်လ်နာဆာအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၎င်း၏ ကြွက်သားဒဏ်ရာကြောင့် ခြေစမ်းပွဲများကို ရွှေ့ဆိုင်းခဲ့ရသည့်အတွက် တရုတ်ပရိသတ်များကို တောင်းပန်စကားဆိုခဲ့သည်။ စီရော်နယ်လ်ဒို၏ဒဏ်ရာကြောင့် တရုတ်နိုင်ငံတွင် ဇန်နဝါရီ (၂၄)ရက်ပွဲအပြင် (၂၈)ရက်တွင် ကစားရန်စီစဉ်ထားသည့် ခြေစမ်းပွဲနှစ်ပွဲစလုံးကို အယ်လ်နာဆာအသင်းက ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ အယ်လ်နာဆာအသင်း၏ထုတ်ပြန်ချက်တွင် ခြေစမ်းပွဲများ ရွှေ့ဆိုင်းခဲ့သော်လည်း Shenzhen ပြည်နယ်တွင် စခန်းသွင်းလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်သွားလိုကြောင်း၊ ပွဲသစ်တစ်ပွဲကို အမြန်ဆုံးအကောင်အထည်ဖော်ရန်အတွက်လည်း ပွဲစီစဉ်သူ၊ တာဝန်ရှိသူများနှင့် သဘောတူထားကြောင်း ရေးသားဖော်ပြခဲ့သည်။ ”ခင်ဗျားတို့ သိထားသလို ဘောလုံးမှာ တချို့အကြောင်းအရာတွေက ချုပ်ကိုင်လို့မရပါဘူး။ ကျွန်တော်ဟာ ဘောလုံးလောကထဲ (၂၂)နှစ်ကြာ ဖြတ်သန်းထားပါတယ်။ ပြီးတော့ ဒဏ်ရာများများစားစား မရှိခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော် အမှန်ပဲ ဝမ်းနည်းမိပါတယ်။ အယ်လ်နာဆာအသင်းနဲ့ ကျွန်တော်ကိုယ်တိုင် ဒီခရီးစဉ်ဖြစ်တဲ့ တရုတ်ကို ပျော်ပျော်ရွှင်ရွှင်လာခဲ့ပါတယ်။ ၂၀၀၃-၀၄ ရာသီကလည်း ကျွန်တော် တရုတ်ကို ရောက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီမှာ ကျွန်တော့်အိမ်လို ခံစားရပြီး ဒုတိယအိမ်လိုပါပဲ။ ဒီ နိုင်ငံဟာ ကောင်းမွန်တယ်လို့ ကျွန်တော် အမြဲခံစားမိပါတယ်။ ဝမ်းလည်းနည်းရပါတယ်။ ခင်ဗျားတို့လည်း ဝမ်းနည်းနေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ အထူးသဖြင့် ခရစ္စတီယာနိုကို ချစ်ခင်နှစ်သက်တဲ့သူတွေပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအခြေအနေကို ကောင်းမွန်တဲ့အမြင်နဲ့ မြင်ရပါမယ်။ ကျွန်တော်တို့ ပွဲကို ဖျက်သိမ်းတာ မဟုတ်ပါဘူး။ ပွဲအတွက်နဲ့ ဒီကိုပြန်လာဖို့ တွန်းအားပေးလိုပါတယ်။ ကျွန်တော်တို့ ပြန်လာပါလိမ့်မယ်”ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။ ခြေစမ်းပွဲနှစ်ပွဲ ဖျက်သိမ်းပြီးနောက် တရုတ်ပရိသတ်အများအပြား အယ်လ်နာဆာအသင်းတည်းခိုရာ ဟိုတယ်သို့ လာရောက်ခဲ့ကြကြောင်း သိရသည်။ လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည့်…

Read More

မိမိအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်းနှင့် ဖိလစ်ပိုင်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထပ်လောင်းအတည်ပြုကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ မကြာသေးမီက ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်ကို မားကို့စ်က ဂုဏ်ပြုခဲ့ခြင်းကြောင့် တရုတ်ကို အမျက်ဒေါသထွက်စေခဲ့ပြီးနောက်တွင် ၎င်း၏တုံ့ပြန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခုလအစောပိုင်းက ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်ကို သမ္မတဟု ရည်ညွှန်းပြောဆိုပြီး ဂုဏ်ပြုခဲ့ခြင်းမှာ ပုံမှန်လောကဝတ်စကား ဆိုခြင်းသာဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်က ထုတ်လွှင့်ခဲ့သည့် GMA News ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တစ်ခုတွင် မားကို့စ်က ပြောကြားခဲ့သည်။ “တရုတ်တစ်နိုင်ငံတည်း မူဝါဒဟာ ခိုင်ခိုင်မာမာ ဆက်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံကျင့်သုံးပြီးကတည်းက တာဝန်သိသိနဲ့ တစ်စိုက်မတ်မတ် လိုက်နာစောင့်ထိန်းခဲ့တယ်” ဟု ၎င်းက ဆိုသည်။ မိမိတို့အနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံမည် မဟုတ်ကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်၏ ပြည်နယ်တစ်ခုဖြစ်ကြောင်း မားကို့စ်က ထပ်မံပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ငြိမ်းချမ်းရေးကိုသာလိုလားပြီး ဒေသတွင်း၌ ပဋိပက္ခဖြစ်ပွားမည်ကို မလိုလားကြောင်း မားကို့စ်က ပြောကြားခဲ့သည်။

Read More

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၆၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။ ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၈၂၇ ကျပ်၊ စင်ကာပူဒေါ်လာ ၂၆၁၆ ကျပ်၊ မလေးရှားရင်းဂစ်ကျပ် ၇၄၉၊ ထိုင်း ဘတ် ကျပ် ၁၀၀.၀၂၊ တရုတ်ယွမ် ၄၈၉ ကျပ်၊ ဂျပန်ယန်း ၂၃.၉၂ ကျပ်တို့ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်စွဲဖြင့် နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ Market Rate အတိုင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန်လိုက်သည်။ နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်(Online Trading)တွင် အ‌ရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲစျေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသောငွေလဲလှယ်နှုန်းပေါ်မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။ စျေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေအားပြည်ပသို့လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရန်ဖြစ်ကြောင်း အကြောင်းကြားထားသည်။

Read More

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၆၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။ ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၈၂၇ ကျပ်၊ စင်ကာပူဒေါ်လာ ၂၆၁၆ ကျပ်၊ မလေးရှားရင်းဂစ်ကျပ် ၇၄၉၊ ထိုင်း ဘတ် ကျပ် ၁၀၀.၀၂၊ တရုတ်ယွမ် ၄၈၉ ကျပ်၊ ဂျပန်ယန်း ၂၃.၉၂ ကျပ်တို့ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်စွဲဖြင့် နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ Market Rate အတိုင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန်လိုက်သည်။ နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်(Online Trading)တွင် အ‌ရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲစျေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသောငွေလဲလှယ်နှုန်းပေါ်မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။ စျေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေအားပြည်ပသို့လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရန်ဖြစ်ကြောင်း အကြောင်းကြားထားသည်။

Read More

မွန်ညီညွတ်ရေးပါတီနာယက နိုင်ငွေသိန်း သည် ဇန်နဝါရီ ၂၃ ရက် မွန်းတည့်ချိန်၌ ရန်ကုန်မြို့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ အသက် ၈၉ နှစ်အရွယ်ရှိ နိုင်ငွေသိန်းမှာ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးရုံတွင် ဆေး ကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းင်း၏ ရုပ်အလောင်းအား မော်လမြိုင်မြို့ သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၅ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီတွင် မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက် ရှင်စောပုလမ်းရှိနေအိမ်မှ ကျိုက်မ ရောမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ သုသာန်သို့ ပို့ဆောင်ကာ စျာပနအခမ်းအနားပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ဥက္ကဋ္ဌဟောင်း နိုင်ငွေသိန်းမှာ မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့တွင်လည်း ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့်အပြင် မွန်ကဗျာ၊ ဂန္ထဝင်နှင့် ခေတ်ပေါ်မွန်သီချင်းရေးဆရာအဖြစ်လည်းကောင်း၊ အခြေခံပညာဦးစီးဌာန အထက်မြန် မာပြည် မန္တလေး ညွှန်ကြားရေးမှူး (စီမံ) ဖြင့် လည်းကောင်း၊ မွန်အမျိုးသားတို့၏ ထင်ရှားသည့်တတ်သိပညာရှင်တစ်ဦးအဖြစ်လည်း ကောင်း ထင်ရှားသူတစ်ဦးဖြစ်သည်။ နိုင်ငွေသိန်းကို ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ထိုစဉ်က တနင်္သာရီတိုင်း သထုံခ ရိုင် ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာတွင် မွေး ဖွားခဲ့ကြောင်း သိရသည်။ အသက် ၁၃ နှစ်အရွယ်တွင် ကိုရင်ဝတ်၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး မွန်/မြန်မာ ပရိယတ္တိစာပေများကို…

Read More

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူး မြို့မစျေးတွင် ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်နှင့် ကျပ်သိန်းပေါင်း တစ်ထောင်ဝန်းကျင် ဆုံးရှုံးခဲ့သည့်အခြေအနေဖြစ်ကြောင်း မီးငြိှမ်း သတ်ရာတွင်ပါဝင်သူတစ်ဦးက ဆိုသည်။ ၎င်းက “ဝိုင်ယာရှော့လို့ပဲ ယူဆတယ်။ အထည်ဆိုင်နဲ့ ကုန်စုံဆိုင်တွေ ပါသွားတယ်။ ကာလတန်ဖိုးဆိုရင်တော့ ကျပ်သိန်းတစ်ထောင်ဝန်းကျင်ရှိမယ်။ မီးလောင်တာကလည်း တစ်နာ ရီအတွင်းကို မငြိှမ်းနိုင်တော့ ဆိုင်ခန်းတွေ အားလုံးကုန်သွားတယ်”ဟု ဆိုသည်။ မီးအရှိန်ရမှသိရခြင်း၊ မီးသတ်ကိရိယာ များမစုံလင်ခြင်းတို့ကြောင့် မော်လူး မြို့မစျေး မီးလောင်မှုအား မီးငြိှမ်းသတ်ရန်ခက်ခဲခဲ့ရ ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရ သည်။

Read More

လောက်ကိုင်ဖြစ်စဉ်တွင် လက်နက်ချခဲ့သည့် တပ်မတော်အရာရှိကြီးများအား အရေးယူထားသည်ဆိုသော သတင်းများသည် ဟုတ်မှန်မှုမရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။ ကိုးကန့်ဒေသ လောက်ကိုင် ဖြစ်စဉ်တွင် လက်နက်ချသည့် ဗိုလ်မှူးချုပ် ခြောက်ဦးကို စစ်ခုံရုံးမှ အရေးယူလိုက်ပြီ ဆိုသည့် သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ” ဟုတ်မှန်မှုမရှိကြောင်း ဖြေကြားအပ်ပါသည်” ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြန်လည်ဖြေကြားထားသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ လက်နက်ချခဲ့သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လောက်ကိုင်)မှ ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မတော်အရာရှိကြီး (၆)ဦးကို စစ်ခုံရုံးမှ အရေးယူလိုက်သည်ဆိုသော သတင်းများသည် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အဓိက မြို့ဖြစ်သည့် လောက်ကိုင်မြို့ကို တပ်မတော်မှ စွန့်လွှတ်လိုက်ရခြင်းနှင့် ပတ်သက်၍ တပ်မတော်က အဖက်ဖက်မှ စဉ်းစားကာ ဒေသခံတပ်မှူးများအနေဖြင့် အကောင်းဆုံး စဉ်းစားဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။ လောက်ကိုင်ဖြစ်စဉ်တွင် MNDAA အဖွဲ့သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လောက်ကိုင်)မှ ဒကစမှူး အပါအဝင် တပ်မတော် အရာရှိများနှင့် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များ၊ စုစုပေါင်း ၃၇၀၀ ဦးကျော်ကို လာရှိုးမြို့သို့ ပြန်ရန်အတွက် စီစဉ်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

Read More

ချယ်လ်ဆီးအသင်းသည် အယ်လ်ဘေးနီးယားတိုက်စစ်မှူး အာမန်ဒိုဘရိုဟာကို မူလသတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးထက် လျှော့ချပေး၍ ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ ဘရိုဟာ(၂၂ နှစ်)အတွက် ပြောင်းရွှေ့ကြေးကို မူလက ပေါင်သန်း(၅၀)ဟု ချယ်လ်ဆီး အသင်းက သတ်မှတ်ထားသော်လည်း ယခုအခါ ပေါင်(၃၅)သန်းဝန်းကျင်ဖြင့်ပင် ရောင်းထုတ်တော့မည်ဖြစ်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီမှုရှိရန်အတွက် နေရာမပေးနိုင်သည့်ကစားသမားအချို့ကို ရောင်းထုတ်ရန် စီစဉ်နေရာတွင် ဘရိုဟာလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ ဘရိုဟာကို ယခုလတွင် အငှားချ၍ ရာသီကုန်၌ ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်းသိရသည်။ ဘရိုဟာသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူပေးထားသည်။

Read More