စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူး မြို့မစျေးတွင် ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်နှင့် ကျပ်သိန်းပေါင်း တစ်ထောင်ဝန်းကျင် ဆုံးရှုံးခဲ့သည့်အခြေအနေဖြစ်ကြောင်း မီးငြိှမ်း သတ်ရာတွင်ပါဝင်သူတစ်ဦးက ဆိုသည်။
၎င်းက “ဝိုင်ယာရှော့လို့ပဲ ယူဆတယ်။ အထည်ဆိုင်နဲ့ ကုန်စုံဆိုင်တွေ ပါသွားတယ်။ ကာလတန်ဖိုးဆိုရင်တော့ ကျပ်သိန်းတစ်ထောင်ဝန်းကျင်ရှိမယ်။ မီးလောင်တာကလည်း တစ်နာ ရီအတွင်းကို မငြိှမ်းနိုင်တော့ ဆိုင်ခန်းတွေ အားလုံးကုန်သွားတယ်”ဟု ဆိုသည်။
မီးအရှိန်ရမှသိရခြင်း၊ မီးသတ်ကိရိယာ များမစုံလင်ခြင်းတို့ကြောင့် မော်လူး မြို့မစျေး မီးလောင်မှုအား မီးငြိှမ်းသတ်ရန်ခက်ခဲခဲ့ရ ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရ သည်။