ဘာစီလိုနာနည်းပြ ဇာဗီက မိမိအနေဖြင့် အသင်းတွင် လူငယ်ကစားသမားများကို ဆက်လက်နေရာပေးသွားမည်ဟု ပြောကြားခဲ့သည်။
ဇာဗီလက်ထက်တွင် လာမဲ၊ ဖာမင်လိုပက်ဇ်၊ ဟတ်တာဖော့၊ ဂူအီတို့ကဲ့သို့ လူငယ်ကစားသမားများကို နေရာပေးခဲ့သည်။
ဇာဗီက ဘာစီလိုနာအကယ်ဒမီမှာ ၎င်းတို့အတွက် အရေးကြီးသည့်အတွက် လူငယ်များကို ဆက်လက်နေရာပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇာဗီက ”လာမဲ၊ ကူဘာဆီ၊ ဖာမင်၊ ဘယ်လ်ဒီနဲ့ ပတ်ဒရီတို့က လူငယ်တွေ ဖြစ်ပါတယ်။ ဘာစီလိုနာအတွက် အကယ်ဒမီက အရေးကြီးပြီး ကျွန်တော့်အနေနဲ့ လူငယ်တွေကို နေရာဆက်ပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။