Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီအားရောင်းထုတ်ရန် အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့သည်။ အသက် ၂၃ နှစ်အရွယ်ရှိ အန်တိုနီသည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် အေဂျက်စ်အသင်းမှ မန်ယူအသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ သို့သော် ၎င်းသည် မန်ယူအသင်းတွင် ပြောင်း ရွှေ့ကြေးနှင့်ထိုက်တန်သည့် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ယခုရာသီတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ အန်တိုနီသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲအထိ ကစားထားသော်လည်း ဂိုးသွင်းနိုင်ခြင်းမရှိသေးသလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ၎င်းကို ရောင်းထုတ်ရန် တောင်းဆိုမှုများရှိနေပြီး ယခုအခါ မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အသင်းအတွက် အန်တိုနီ ကစားနေသည်ကိုမြင်ရသည်မှာ ဒေါသထွက်စရာကောင်းပြီး ၎င်းကိုရောင်းထုတ်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘာဘာတော့ဗ်က “မန်ယူပရိသတ်တစ်ယောက်အနေနဲ့ ကျွန်တော့်အဖို့တော့ အန်တိုနီ ကစားနေတာကိုမြင်ရတာ ဒေါသထွက်စရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မန်ယူအတွက် သူကစားနေတာက ဒေါသထွက်စရာ ဖြစ်နေလို့ပါ။ ကျွန်တော့်အနေနဲ့ အန်တိုနီကို တခြား ဘယ်ကစားသမားနဲ့မှ နှိုင်းယှဉ်ပြီး မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကစားသမားတိုင်းဟာ ခက်ခဲတဲ့အခိုက်အတန့်နဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အန်တိုနီရဲ့ အခုလက်ရှိကစားပုံက အသင်းရဲ့ အရှိန်ကိုနှေးအောင် လုပ်နေသလိုပါပဲ။ သူ့ကို ရာသီကုန်အထိ စောင့်ကြည့်ပြီး ခြေစွမ်းတက်မလာဘူးဆိုရင် ရောင်းထုတ်သင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ယခုရာသီကုန်တွင် လီဗာပူးလ်အသင်း နှင့် လမ်းခွဲတော့မည့် ယာဂန်ကလော့ပ်က ၎င်းင်းနေရာအစားထိုးမည့် နည်းပြသစ်ခန့်အပ်ရန် အကြံညဏ်ပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် ဂျာမနီနိုင်ငံသားနည်းပြ ယာဂန်ကလော့ပ်က ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း အံ့အားသင့်ဖွယ် ရုတ်တရက်ကြေညာခဲ့ခြင်းဖြစ်သည်။ ကလော့ပ်နှင့် လီဗာပူးလ်အသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၅-၂၀၂၆ ရာသီကုန်အထိ ကျန်ရှိနေသော်လည်း နှစ်နှစ်အလိုမှာပင် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နည်းပြသစ်ခန့်အပ်ရာတွင် အကြံညဏ် ပေးဖြစ်မလားဟု မေးမြန်းမှုအပေါ် ကလော့ပ်က “မလုပ်ပါဘူး။ ကျွန်တော်က ဘာလို့လုပ်ရမှာလဲ။ ထွက်သွားတော့မယ့် အဘိုးအိုတစ်ဦးဆီက သူတို့လိုအပ်တဲ့ နောက်ဆုံးအကြံညဏ် ပေးပါဆိုရင် အဲဒီသူကို ခေါ်လာခဲ့ပါ လို့ ပြောမှာပါ။ အကြံပေးတာမျိုး ကျွန်တော်လုံးဝ မလုပ်ပါဘူး။ ကျွန်တော့်ရဲ့ ထင်မြင်ချက်အများစုကို ခင်ဗျားသိပါတယ်။ ကျွန်တော် အကုန် မပြောရသေးပေမဲ့ အများစုကိုလည်း ခင်ဗျား ယုံကြည်မှာ မဟုတ်ဘူး။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြဿနာမရှိပါဘူး။ ဒီအသင်းရဲ့ အနာဂတ် အရမ်းအရမ်းကို အကောင်းဆုံး ဖြစ်စေဖို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ အခုတော့ ကျွန်တော်ရှိနေတုန်းပဲဖြစ်ပြီး တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကူညီပေးနိုင်မှာပါ။ ဒီကမ္ဘာကြီးမှာ အထူးသဖြင့် ဘောလုံးလောကမှာ ခင်ဗျားတွေ့ဖူးတဲ့မျက်နှာတွေက နည်းနည်းပဲရှိပါတယ်။ အချိန်အများစုက အသင်းရဲ့မန်နေဂျာကို တွေ့နေရတယ်။ အမှုဆောင်ချုပ် ဘီလီဟိုဂန်လိုမျိုး ဒါမှမဟုတ် မယုံနိုင်လောက်စရာ အလုပ်လုပ်နေတဲ့သူတွေကို မကြာခဏမြင်ရမှာ မဟုတ်ပါဘူး။ ဒီလုပ်ငန်းက အဲဒီလို လည်ပတ်နေတာပါ။ အလုပ်တွေအားလုံးကို ကျွန်တော်လုပ်နေသလို ထင်ရပေမဲ့ ကျွန်တော်မလုပ်နိုင်သလို လုပ်လည်းမလုပ်ပါဘူး။ ဆိုလိုတာက လွန်ခဲ့တဲ့ ရှစ်နှစ်ခွဲအတွင်း ကျွန်တော်တို့တည်ဆောက်ခဲ့တဲ့…
၂၀၂၄ သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ရုရှားကစားသမား မက်ဗီဒက်ဗ် နှင့် အီတလီကစားသမား ဆင်နာတို့ တွေ့ဆုံနေသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇန်နဝါရီ ၂၆ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပွဲစဉ်၌ ဆင်နာ (ဆီဒင် ၄) က လက်ရှိချန်ပီယံဖြစ်သလို သြစတြေးလျအိုးပင်းပြိုင်ပွဲ၏ အအောင်မြင်ဆုံးဖြစ်သည့် ကမ္ဘာ့အဆင့် ၁ ဆားဘီးယား ကစားသမား ဂျိုကိုဗစ် (ဆီဒင် ၁) ကို ၆-၁၊ ၆-၂၊ ၆-၇ (၆-၈)၊ ၆-၃ ဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်၌ မက်ဗီဒက်ဗ် (ဆီဒင် ၃) က ဂျာ မနီကစားသမား ဇီဗာရက်ဗ် (ဆီဒင် ၆) ကို ငါးပွဲအပြည့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီးနောက် ၅-၇၊ ၃-၆၊ ၇-၆ (၇-၄)၊ ၇-၆ (၇-၅)၊ ၆-၃ ဖြင့်လည်းကောင်း အနိုင်ရခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ပွဲစလုံး အကြိတ်အနယ် ရှိခဲ့ပြီး ဆင်နာက ရေပန်းအစားဆုံးကစား သမား ဂျိုကိုဗစ်ကို ကျော်ဖြတ်နိုင်ခဲ့သလို မက်ဗီဒက်ဗ်မှာလည်း နှစ်ပွဲရှုံးနိမ့်နေရာမှ သုံးပွဲဆက် ပြန်လည်အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲတက်ရောက်လာသူနှစ်ဦး အနက် မက်ဗီဒက်ဗ် (၂၇ နှစ်) မှာ ၂၀၂၁ ယူ အက်စ်အိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲဖူးပြီး သြစတြေးလျအိုးပင်း ဗိုလ်လုပွဲသို့ တတိယအကြိမ် နှင့် ဂရင်းစလင်းဗိုလ်လုပွဲများသို့ ခြောက်ကြိမ်မြောက် တက်ရောက်နိုင်ခြင်းဖြစ်သည်။ မက်ဗီဒက်ဗ်သည် သြစတြေးလျအိုးပင်းဗိုလ်လုပွဲ တက်ရောက်ဖူးသည့် နှစ်ကြိမ်စလုံး ရှုံးပွဲကြုံတွေ့ထားပြီး ၂၀၂၁ ပြိုင်ပွဲတွင် ဂျိုကိုဗစ်ကို သုံးပွဲပြတ်၊ ၂၀၂၂…
ဂျပန်နိုင်ငံ၏ နိုတိုကျွန်းဆွယ်တွင် လူပေါင်း ၂၃၆ ဦးသေဆုံးခဲ့သည့် ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်သည် နိုင်ငံ၏ စီးပွားရေးအပေါ် ရေရှည်သက်ရောက်နိုင်ပြီး အပြည့်အဝအာရုံစိုက်လုပ် ဆောင်ရန်လိုအပ်ကြောင်း ဂျပန်အစိုးရက ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အစိုးရသည် ဥရောပသို့ တင်ပို့မည့် ပို့ကုန်ကဏ္ဍအပေါ် မျှော်မှန်းချက်ကို လျှော့ချခဲ့သော်လည်း ကုန်ထုတ်လုပ်ရေး၊ စားသုံးမှုနှင့် အလုံစုံစီးပွားရေးအခြေအနေအပေါ်ထားရှိသည့် အကဲဖြတ်ချင့်တွက်မှုကိုမူ ပြောင်းလဲခဲ့ခြင်းမရှိပေ။ “စီးပွားရေးအပေါ် သက်ရောက်မှုကို အပြည့်အဝအာရုံစိုက်လုပ်ဆောင်သင့်ပါတယ်”ဟု ဂျပန်အစိုးရက ငလျင်လှုပ်ခတ်ခဲ့မှုကို ရည်ညွှန်းပြီး ဇန်နဝါရီလအတွက် လစဉ်စီးပွားရေးသတင်းထုတ်ပြန်ချက်တွင် ပြော ကြားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း ငလျင်ဒဏ်သင့် နေရာဒေသများတွင်ကယ် ဆယ်ရေးအစီအစဉ်များလုပ်ဆောင်ရန်အတွက် နိုင်ငံတော် ဘတ်ဂျက်အရံငွေကြေးများထဲမှ ယန်း ၁၅၀ ဘီလျံ (၁ ဒသမ ၀၂ ဘီလျံ)ကို သုံးစွဲသွားမည်ဟု ဇန်နဝါရီ ၂၄ ရက်က ကတိပြုခဲ့သည်။ နိုတိုကျွန်းဆွယ်တည်ရှိသည့် အီရှီကာဝါ စီရင်စုနယ်သည် ဂျပန်၏ ဂျီဒီပီစုစုပေါင်း၏ ၀ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပြီး ငလျင်လှုပ်ခတ်ပြီးနောက် ကုန်ထုတ်လုပ်ရေး စက်ယန္တရားထုတ်လုပ်သည့် ကုမ္ပဏီများ စွမ်းအင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများကဲ့သို့ ဒေသခံစက်ရုံအချို့သည် လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ဂျပန်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ဂျပန် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ကာဇူအို ယူအီဒါကမူ ငလျင်ကြောင့် ခိုင်မာတောင့်တင်းသည့် မက်ခရိုစီးပွားရေးအပေါ် သက်ရောက်မှုကြီးကြီးမားမားမရှိသော်လည်း ကုန်ထုတ်လုပ်ရေး ထောက်ပံ့ရေး ကွင်းဆက်များ၊ ခရီးသွားလာရေးကဏ္ဍ၊ စားသုံးသူများ၏ ယုံကြည်မှုအပေါ် သက်ရောက်မှုအနည်းငယ်ရှိ…
၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် အစင်း ၃၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်ဝမ်တွင် အရေးပါသော သမ္မတရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက်ပိုင်း တရုတ်၏အကြီးမားဆုံး အင်အားပြမှုလည်းဖြစ်သည်။ ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသည်။ မကြာသေးမီနှစ်များအတွင်း တရုတ်က ထိုင်ဝမ်အပေါ်စစ်ရေးအရ တိုးမြှင့်ဖိအားပေးလာခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများ နေ့စဉ်နီးပါးစေလွှတ်လျက်ရှိသည်။ တရုတ်က ခွဲထွက်ရေးသမားအဖြစ်ရှုမြင်ထားသော အာဏာရဒီမိုကရက်တစ်တိုး တက်ပြောင်းလဲရေးပါတီ (DPP) သမ္မတလောင်း လိုင်ချင်းတယ် အနိုင်ရခဲ့မည်ဆိုလျှင် ထိုင်ဝမ်အားစစ်ပွဲနှင့် ဆုတ်ယုတ်ကျဆင်း ခြင်းဆီသို့ ဦးတည်စေလိမ့်မည်ဟု ရွေးကောက်ပွဲမတိုင်မီတွင် တရုတ်ကသတိပေးခဲ့သည်။ လိုင်သည် ပြီးခဲ့သည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းကြောင့် အာဏာရ ဒီမိုကရက်တစ် တိုးတက်ပြောင်းလဲရေးပါတီ (DPP)သည် မကြုံစဖူးအဖြစ် သက်တမ်းသုံး ကြိမ်ဆက် အာဏာဆုပ်ကိုင်ခွင့်ရခဲ့သည်။တရုတ်က ထိုင်ဝမ်ကို ၎င်းတို့ပိုင်ဆိုင်သည်ဟူသော ပြောကြားချက်ကို DPP ပါတီက ကာလ ကြာမြင့်စွာ ပယ်ချခဲ့သည်။ ဇန်နဝါရီ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီအထိ ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ် ၃၃ စင်းနှင့် ရေတပ်သင်္ဘောခုနစ်စင်းကိုတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် စစ်လေယာဉ် ၁၃ စင်းသည် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ခဲ့သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုင်ဝမ်စစ်တပ်သည် အခြေအနေကိုမပြတ်စောင့်ကြည့်ခဲ့ပြီး ထောက်လှမ်းတွေ့ရှိသည့်…
အခြားကမ္ဘာ့နေရာဒေသ အများအပြားကဲ့သို့ပင် တောင်အာရှဒေသမှ နိုင်ငံလေးနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် သီရိလင်္ကာတို့သည်လည်း ယခုနှစ်ထဲတွင် ရွေးကောက်ပွဲများပြုလုပ်မည်ဖြစ်ကာ တစ်မူ ထူးခြားသည့် ပြည်တွင်းနိုင်ငံရေးအခင်းအကျင်း အခြေအနေတစ်ရပ်အောက်တွင် ရွေးကောက်ပွဲများ ပြုလုပ်မည်ဖြစ်သည်။ တောင်အာရှဒေသ ရွေးကောက်ပွဲများတွင် အကြမ်းဖက်မှု၊ ဆူပူအုံကြွမှုတို့နှင့် ရံဖန်ရံခါ ကြုံရလေ့ရှိသော်လည်း ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲများသည် အယူအဆ နှစ်ခြမ်းကွဲမှုများ ပိုပြင်းထန်လာနိုင်ပြီး ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် လူမှုအသိုက် အဝန်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်အတူ ပဋိပက္ခများ ပိုမိုပြင်းထန်လာနိုင်သည့် လက္ခဏာများရှိနေသည်။ ဘင်္ဂလားဒေ့ရှ် ဘင်္ဂလားဒေ့ရှ်တွင် ဇန်နဝါရီ ၇ ရက်က အထွေထွေရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး တောင်အာရှတွင် အဦးဆုံး ရွေးကောက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ ၄၀ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ၏ အာဝါမီ အဖွဲ့ချုပ်ပါတီက ပဥ္စမမြောက်သက်တမ်းအတွက် ထပ်မံအနိုင်ရခဲ့သည်။ အဓိက အတိုက်အခံပါတီဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)က လွတ်လပ်မျှတသည့် ရွေးကောက်ပွဲမဟုတ်ဟုဆိုကာ သပိတ်မှောက်ခဲ့သဖြင့် ၎င်းရွေးကောက်ပွဲသည် အတုအယောင်ရွေး ကောက်ပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခံခဲ့ရသည်။ အာဝါမီအဖွဲ့ချုပ်ပါတီက အလွယ်တကူ အနိုင်ရခဲ့သည့် ၎င်းရွေးကောက်ပွဲ ကာလတစ်လျှောက်တွင် စိုးရိမ်ဖွယ်အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး အတိုက်အခံ မပါသည့်ရွေးကောက်ပွဲ၌ အာဝါမီအဖွဲ့ချုပ်ပါတီ၏ အနိုင်ရလဒ်သည် ဘင်္ဂလားဒေ့ရှ်၏ ဒီမိုကရေစီအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်ဟု အကဲခတ်အချို့က ရှုမြင်နေသည်။ ရွေးကောက်ပွဲမတိုင်မီက ခရီးသည် တင်ရထားတစ်စင်း မီးရှို့တိုက်ခိုက်ခံရခြင်းကြောင့် လူလေးဦးသေဆုံးခဲ့ပြီး ရွေးကောက်ပွဲနေ့တွင်လည်း မြို့တော်ဒါကာရှိ မဲရုံတစ်ရုံ အပြင်ဘက်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လူသုံးဦး သေဆုံးခဲ့သည်။ ရွေးကောက်ပွဲ…
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နယ်တွင် ကျပ် ၁၅ ဒသမ ၁ ဘီလျံကျော်တန်ဖိုး ရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလို၊ သေနတ်နှစ်လက်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိကြောင်း မြန်မာ နိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီ – CCDAC Myanmar ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ ဇန်နဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်သွား ကားလမ်း၊ နားကော် (၃) ရွာအနီး၌ စောင့်ဆိုင်း စဉ် သတင်းရရှိထားသည့် Toyota Hilux Revo မော်တော်ယာဉ် ရောက်ရှိလာသဖြင့် ရှာဖွေခဲ့ရာ အားစောနှင့် အားကော်တို့ သယ် ဆောင်လာသည့် ဒေသကာလတန်ဖိုး ကျပ် ၁၅ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘ လောက်တုံး ၅၀၀ တုံး၊ အလေးချိန် ၁၇၅ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၁၅၀၂ ကီလို၊ ကတ်တ မင်း ၅၅ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိသည်။ ထို့ပြင် ၎င်း တို့ထံမှ M-16 သေနတ် တစ် လက်၊ ၎င်းကျည် ၃၀…
ဇန်နဝါရီ ၂၆ ရက်က ပြင်ပစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၈၅၅၀၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၀၄၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၇၉၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၄၁၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၈၅၅၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၂၃၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ပြီးခဲ့သည့်စက်တင်ဘာ ၁၀ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၁၁၀၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့်ခဲ့ပြီး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကာ အနိမ့်ဆုံး ကျပ် ၃၁ဝဝဝဝဝနှင့် အမြင့်ဆုံး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။ စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ်၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ…
မလေးရှားတွင် ဖမ်းဆီးခံရသည့် အဆိုတော် အေမီစျာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင်တို့ ပြန်လည်လွတ်မြောက်လာကြောင်း မလေးရှားရောက် မြန်မာလုပ်သားအချို့နှင့် လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသူများထံ မှ သိရသည်။ ဇန်နဝါရီ ၁၃ ရက် ညပိုင်းတွင် အဆိုပါ ကလပ်တွင် အဆိုတော် အေမီစျာန်၊ မော်ဒယ် ဖူးပွင့်ခိုင်၊ ဒီဂျေတစ်ဦးဖြစ်သည့် DJ ZOO3 Y တို့က ဖျော်ဖြေနေစဉ် မလေးရှားအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဝင်ရောက်စစ်ဆေးစဉ် မြန်မာလုပ်သား ၂၀၀ ကျော်ကို တွေ့ရှိခဲ့ပြီး ယင်းတို့ အနက်မှ မြန်မာလုပ်သား ၃၀ ကျော်နှင့်အတူ ၎င်းတို့နှစ်ဦးမှာ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၃ ရက်တွင် အဆိုတော်အေမီစျာန်မှာ ပြန်လည်လွတ်မြောက်လာခဲ့သော် လည်း မော်ဒယ် ဖူးပွင့်ခိုင်မှာ လွတ်မြောက်ခဲ့ ခြင်းမရှိသေးကြောင်း သိရသည်။ ဇန်နဝါရီ ၂၆ ရက်တွင်မူ ဖမ်းဆီးခံထား ရသည့် မော်ဒယ် ဖူးပွင့်ခိုင်မှာ ပြန်လည်လွတ် မြောက်လာကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။ “ပြန်လွတ်လာပါပြီရှင်” ဟု မော်ဒယ်ဖူးပွင့်ခိုင်က ဇန်နဝါရီ ၂၆ ရက်က ရေးသားထား သည်ကို တွေ့ရသည်။ ယခုနှစ် ဇန်နဝါရီလမှစတင်ပြီး မလေး ရှားတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာ လုပ်သားများအတွက် သတိထားနေထိုင်နေရ သည့် အခြေအနေလည်းဖြစ်သည်ဟု မလေး ရှားရောက် မြန်မာလုပ်သားအချို့က ပြော ကြားသည်။ “သူတို့က တရားဝင် ပွဲလုပ်ခွင့်ပါမစ်မရှိ တော့ အဖမ်းခံလိုက်ရတာ။ ကျန်တာတွေက အထောက်အထားမပြနိုင်တဲ့ မြန်မာအလုပ်…
စက်သုံးဆီစျေးနှုန်းများ ကျဆင်းခြင်းမရှိ သေးဘဲ ၉၂ တစ်လီတာ ၂၇၀၅ ကျပ်တွင် နှစ် ရက်ဆက်တိုက်ရှိနေကြောင်း စက်သုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီက ထုတ်ပြန်သည့်စျေးနှုန်းများ အရ သိရသည်။ ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၇၀၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၈၄၅၊ ရိုး ရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၅၀၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင်ကျပ်၂၅၁၅ ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၇၀၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၈၄၅၊ ရိုး ရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၅၀၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင်ကျပ်၂၅၁၅ ဖြစ်ကြောင်း သိရသည်။ ယခင်ရက်များက စျေးကွက်အတွင်း ရောင်းချသည့်စျေးနှုန်းများမှာ ၉၂ တစ်လီတာ လျှင် ကျပ် ၂၅၈၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၇၂၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၃၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၉၅ ဖြစ်သည်။ ယင်းကြောင့် ၉၂ တစ်လီတာလျှင် ကျပ် ၁၂၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၁၂၅၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၀၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၀ သို့ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ စက်သုံးဆီစျေးနှုန်းများ မြင့်တက်ရခြင်း…