မလေးရှားတွင် ဖမ်းဆီးခံရသည့် အဆိုတော် အေမီစျာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင်တို့ ပြန်လည်လွတ်မြောက်လာကြောင်း မလေးရှားရောက် မြန်မာလုပ်သားအချို့နှင့် လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသူများထံ မှ သိရသည်။
ဇန်နဝါရီ ၁၃ ရက် ညပိုင်းတွင် အဆိုပါ ကလပ်တွင် အဆိုတော် အေမီစျာန်၊ မော်ဒယ် ဖူးပွင့်ခိုင်၊ ဒီဂျေတစ်ဦးဖြစ်သည့် DJ ZOO3 Y တို့က ဖျော်ဖြေနေစဉ် မလေးရှားအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဝင်ရောက်စစ်ဆေးစဉ် မြန်မာလုပ်သား ၂၀၀ ကျော်ကို တွေ့ရှိခဲ့ပြီး ယင်းတို့ အနက်မှ မြန်မာလုပ်သား ၃၀ ကျော်နှင့်အတူ ၎င်းတို့နှစ်ဦးမှာ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၃ ရက်တွင် အဆိုတော်အေမီစျာန်မှာ ပြန်လည်လွတ်မြောက်လာခဲ့သော် လည်း မော်ဒယ် ဖူးပွင့်ခိုင်မှာ လွတ်မြောက်ခဲ့ ခြင်းမရှိသေးကြောင်း သိရသည်။
ဇန်နဝါရီ ၂၆ ရက်တွင်မူ ဖမ်းဆီးခံထား ရသည့် မော်ဒယ် ဖူးပွင့်ခိုင်မှာ ပြန်လည်လွတ် မြောက်လာကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။
“ပြန်လွတ်လာပါပြီရှင်” ဟု မော်ဒယ်ဖူးပွင့်ခိုင်က ဇန်နဝါရီ ၂၆ ရက်က ရေးသားထား သည်ကို တွေ့ရသည်။
ယခုနှစ် ဇန်နဝါရီလမှစတင်ပြီး မလေး ရှားတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာ လုပ်သားများအတွက် သတိထားနေထိုင်နေရ သည့် အခြေအနေလည်းဖြစ်သည်ဟု မလေး ရှားရောက် မြန်မာလုပ်သားအချို့က ပြော ကြားသည်။
“သူတို့က တရားဝင် ပွဲလုပ်ခွင့်ပါမစ်မရှိ တော့ အဖမ်းခံလိုက်ရတာ။ ကျန်တာတွေက အထောက်အထားမပြနိုင်တဲ့ မြန်မာအလုပ် သမားတွေဖြစ်နေတယ်။ အဲဒီဖြစ်စဉ်က အော် ပရာစီပုံစံ ဝင်ဖမ်းတာ မဟုတ်ဘူး။ ဘေးနား က တိုင်လို့ဖြစ်တာ” ဟု ၎င်းတို့ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး သိရှိသည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် မြန်မာ နိုင်ငံမှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ အစရှိသည့်နိုင်ငံများသို့ သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ် သား များပြားလာခဲ့သည်။
၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အေဂျင်စီအစီအစဉ်ဖြင့်လည်း ကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/PR ဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့ ၁၁၃၂၀၃၁ ဦး၊ စင်ကာပူနိုင်ငံသို့ ၅၅၂၅၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၆၃၈၇ ဦး၊ ဂျပန်နိုင်ငံသို့ ၆၄၇၂၀ ဦး၊ မလေးရှားနိုင်ငံသို့ ၃၉၀၇၇၇ ဦး အပါအဝင် ပြည်ပနိုင်ငံ ၉၄ နိုင်ငံသို့ သွား ရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၁၇ သိန်းကျော်ကို OWIC ကတ် ပြုလုပ်ခွင့်ပြု ၍ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်သည်။