စက်သုံးဆီစျေးနှုန်းများ ကျဆင်းခြင်းမရှိ သေးဘဲ ၉၂ တစ်လီတာ ၂၇၀၅ ကျပ်တွင် နှစ် ရက်ဆက်တိုက်ရှိနေကြောင်း စက်သုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီက ထုတ်ပြန်သည့်စျေးနှုန်းများ အရ သိရသည်။
ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၇၀၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၈၄၅၊ ရိုး ရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၅၀၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင်ကျပ်၂၅၁၅ ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၇၀၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၈၄၅၊ ရိုး ရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၅၀၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင်ကျပ်၂၅၁၅ ဖြစ်ကြောင်း သိရသည်။
ယခင်ရက်များက စျေးကွက်အတွင်း ရောင်းချသည့်စျေးနှုန်းများမှာ ၉၂ တစ်လီတာ လျှင် ကျပ် ၂၅၈၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၇၂၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၃၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၉၅ ဖြစ်သည်။
ယင်းကြောင့် ၉၂ တစ်လီတာလျှင် ကျပ် ၁၂၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၁၂၅၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၀၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၀ သို့ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
စက်သုံးဆီစျေးနှုန်းများ မြင့်တက်ရခြင်း မှာ စင်ကာပူစက်သုံးဆီစျေးနှုန်းများ မြင့်တက် လာခြင်းကြောင့်ဖြစ်သည်ဟု စျေးကွက်အတွင်း မှ သိရသည်။
စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခဲ့သော် လည်း ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူရခြင်းများ မရှိကြောင်း မော် တော်ယာဉ်အငှားမောင်းသူများထံမှ သိရ သည်။