Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, May 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Uncategorized 0 Views

တောင်အာရှ ရွေးကောက်ပွဲများနှင့် နိုင်ငံရေးဂယက်

January 27, 20243 Mins Read
Share
Facebook Twitter

အခြားကမ္ဘာ့နေရာဒေသ အများအပြားကဲ့သို့ပင် တောင်အာရှဒေသမှ နိုင်ငံလေးနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် သီရိလင်္ကာတို့သည်လည်း ယခုနှစ်ထဲတွင် ရွေးကောက်ပွဲများပြုလုပ်မည်ဖြစ်ကာ တစ်မူ ထူးခြားသည့် ပြည်တွင်းနိုင်ငံရေးအခင်းအကျင်း အခြေအနေတစ်ရပ်အောက်တွင် ရွေးကောက်ပွဲများ ပြုလုပ်မည်ဖြစ်သည်။

တောင်အာရှဒေသ ရွေးကောက်ပွဲများတွင် အကြမ်းဖက်မှု၊ ဆူပူအုံကြွမှုတို့နှင့် ရံဖန်ရံခါ ကြုံရလေ့ရှိသော်လည်း ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲများသည် အယူအဆ နှစ်ခြမ်းကွဲမှုများ ပိုပြင်းထန်လာနိုင်ပြီး ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် လူမှုအသိုက် အဝန်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်အတူ ပဋိပက္ခများ ပိုမိုပြင်းထန်လာနိုင်သည့် လက္ခဏာများရှိနေသည်။

ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်တွင် ဇန်နဝါရီ ၇ ရက်က အထွေထွေရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး တောင်အာရှတွင် အဦးဆုံး ရွေးကောက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ ၄၀ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ၏ အာဝါမီ အဖွဲ့ချုပ်ပါတီက ပဥ္စမမြောက်သက်တမ်းအတွက် ထပ်မံအနိုင်ရခဲ့သည်။

အဓိက အတိုက်အခံပါတီဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)က လွတ်လပ်မျှတသည့် ရွေးကောက်ပွဲမဟုတ်ဟုဆိုကာ သပိတ်မှောက်ခဲ့သဖြင့် ၎င်းရွေးကောက်ပွဲသည် အတုအယောင်ရွေး ကောက်ပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခံခဲ့ရသည်။ အာဝါမီအဖွဲ့ချုပ်ပါတီက အလွယ်တကူ အနိုင်ရခဲ့သည့် ၎င်းရွေးကောက်ပွဲ ကာလတစ်လျှောက်တွင် စိုးရိမ်ဖွယ်အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး အတိုက်အခံ မပါသည့်ရွေးကောက်ပွဲ၌ အာဝါမီအဖွဲ့ချုပ်ပါတီ၏ အနိုင်ရလဒ်သည် ဘင်္ဂလားဒေ့ရှ်၏ ဒီမိုကရေစီအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်ဟု အကဲခတ်အချို့က ရှုမြင်နေသည်။

ရွေးကောက်ပွဲမတိုင်မီက ခရီးသည် တင်ရထားတစ်စင်း မီးရှို့တိုက်ခိုက်ခံရခြင်းကြောင့် လူလေးဦးသေဆုံးခဲ့ပြီး ရွေးကောက်ပွဲနေ့တွင်လည်း မြို့တော်ဒါကာရှိ မဲရုံတစ်ရုံ အပြင်ဘက်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လူသုံးဦး သေဆုံးခဲ့သည်။ ရွေးကောက်ပွဲ ကာလတွင်လည်း အစိုးရဆန့်ကျင်ရေး အဓိကရုဏ်းဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ အတိုက်အခံ BNP ပါတီက အကြမ်းဖက်မှုများ ဖြစ်လာစေရန် လှုံ့ဆော်နေသည်ဟု ဟာဆီနာက စွပ်စွဲခဲ့ပြီး BNP ကို အကြမ်းဖက်အဖွဲ့အစည်းဟု အမည်တပ်ခဲ့သည်။

ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်ခဲ့သူ ရှိတ်ခ်မူဂျီဘာရာမန်၏ သမီးဖြစ်ကာ ၁၉၉၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ၎င်းသည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးများ ဖော်ဆောင်ကာ တိုင်းပြည်စီးပွားရေးတိုးတက်လာအောင်မြှင့်တင်ပေးသူအဖြစ် အသိအမှတ်ပြုခံရသော်လည်း ၎င်း၏အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်နေပြီး တရားဝင်ဖြစ်မှုနှင့် ယုံကြည်စိတ်ချရမှု ကင်းမဲ့နေသည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးသည် သိသိသာသာ အရှိန်အဟုန် နှေးကွေးသွားပြီး ကုန်ကျစရိတ်ကြီးသော လောင်စာဆီတင်သွင်းမှုများအတွက် ငွေပေးချေရန် အခက်အခဲရှိနေ ခြင်းကြောင့် ယမန်နှစ်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)ထံမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံ ချေးငွေတောင်းခံခဲ့ရသည်။

ပါကစ္စတန်

ပါကစ္စတန် အထွေထွေရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း နိုင်ငံရေး မရေရာမှုများနှင့် ရွေးကောက်ပွဲတွင် စစ်တပ်၏ ကြားဝင်စွက်ဖက်မှုများအကြား ရွေးကောက်ပွဲကို အချိန်ရွှေ့ ဆိုင်းရဖွယ်ရှိနေသည်။

၂၀၂၂ ခုနှစ် ဧပြီလတွင် ရာထူးမှဖြုတ်ချ ခံရပြီး လက်ရှိတွင်စွဲချက်အများအပြားဖြင့် ထောင်ဒဏ်ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက လာမည့်ရွေးကောက်ပွဲသည် ရုပ်ပျက်ဆင်းပျက်အခြေအနေဖြစ်နိုင်သည်ဟု ပြောဆိုထားပြီး စစ်တပ်က ၎င်းရွေးကောက်ပွဲမဝင်နိုင်အောင် အကွက်ချစီစဉ်နေသည်ဟု စွပ်စွဲထားသည်။ ခန်းသည် ပါကစ္စတန်တွင် လူကြိုက်အများဆုံး ခေါင်းဆောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသည်။

ပါကစ္စတန်သည် အရပ်သားအစိုးရများကို ရွေးကောက်တင်မြှောက်လေ့ရှိသော်လည်း စစ်တပ်သည် အမြဲတစေ အာဏာဆုပ်ကိုင်ထားပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ရွေးကောက်ခံအစိုးရများကို လွှမ်းမိုးခြယ် လှယ်လေ့ရှိသည်။ ပါကစ္စတန်စစ်တပ်နှင့်ခန်းသည် ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီက ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့ပြီး ရွေးကောက်ပွဲအပြီးတွင် ၎င်းအာဏာရလာခဲ့သည်။ သို့သော် မကြာသေးမီကာလအတွင်း ၎င်းတို့အကြား ဆက်ဆံရေးဆိုးရွားလာခဲ့သည်။

စစ်တပ်နှင့် မသင့်မမြတ်ဖြစ်လာသည့် အကျိုးဆက်ကြောင့် ခန်းရာထူးမှဖြုတ်ချခံရပြီးနောက် ပါကစ္စတန်သည် နိုင်ငံရေးမရေရာမှုများ ပေါ်ပေါက်လာခဲ့ပြီး အကြီးအကျယ် ထိခိုက်ကျဆင်းနေသည့် စီးပွားရေးအကျပ် အတည်းကြောင့် ဝရုန်းသုန်းကား အခြေအနေများ ပိုဆိုးရွားလာခဲ့သည်။

ပါကစ္စတန်စစ်တပ်က အီမရန်ခန်းနှင့် ၎င်း၏ Pakistan Tehreek-e-Insaf(PTI)ပါတီ အစိုးရမဖွဲ့နိုင်အောင် တားဆီးရန်အခိုင်အမာဆုံးဖြတ်ထားသည်ဟု အကဲခတ်များက ဆိုသည်။

ပို၍စိုးရိမ်စရာကောင်းသည်မှာ ယမန်နှစ်တွင် ပါကစ္စတန်စစ်တပ်နှင့် ရဲတပ်ဖွဲ့အားစစ်သွေးကြွများ၏ တိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာပြီးနောက် ၂၀၂၄ ခုနှစ်တွင် ပြင်းထန်သော နိုင်ငံရေးပြဿနာများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်သည် ဆယ်စုနှစ်တစ်ခုအတွင်း ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များ အသေအပျောက် အများဆုံးဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်ဟု အစ္စလမ္မာဘတ် အခြေစိုက်သုတေသနနှင့် လုံခြုံရေးဆိုင်ရာလေ့လာမှုစင်တာ (CRSS)က ဆိုသည်။

သီရိလင်္ကာ

ပါကစ္စတန်ကဲ့သို့ပင် သီရိလင်္ကာသည်လည်း အကြီးအကျယ် အထိနာနေသည့် စီးပွားရေးနှင့်နိုင်ငံရေး အကျပ်အတည်းတို့ကြောင့် ယိုင်နဲ့နဲ့ဖြစ်နေသည်။ သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာအစိုးရ လက် ထက်တွင် ကံအကြောင်းမလှစွာဖြင့် စီးပွားရေးပြိုလဲခဲ့ပြီးနောက် ၎င်းအပြင် နိုင်ငံရေးလောကကို လွှမ်းမိုးထားသည့် ၎င်း၏မိသားစုသည်လည်း ဖြုတ်ချခံခဲ့ရသည်။

ရာဂျာပက်ဆာ ညီနောင်သည် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်အများစု၏ သောင်းသောင်းဖြဖြ ထောက်ခံမှုဖြင့် အာဏာရလာခဲ့သည်။ သို့သော် ၎င်းတို့၏ စီးပွားရေးစီမံခန့်ခွဲမှု ည့ံဖျင်းမှုများကြောင့် တိုင်းပြည်၏နည်းပါး လှသည့် နိုင်ငံခြားအရန်ငွေကြေးသည် နှစ်အနည်းငယ်အတွင်း ကုန်ခန်းလာခဲ့သည်။

ချည့်နဲ့လာသည့် စီးပွားရေးအကျပ်အတည်းကြောင့် သမ္မတနှင့် ဝန်ကြီးချုပ်ရာထူးတို့ကို ရယူထားသည့် ရာဂျာပက်ဆာ ညီနောင်နှင့်နိုင်ငံရေးသြဇာရှိ အသိုင်းအဝိုင်းတစ်ခုလုံးအပေါ် ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြပွဲများသည် တစ်ခါတစ်ရံတွင် အဓိကရုဏ်းအသွင် ရောက်ရှိသွားသည်။

နိုင်ငံရေးမရေရာမှုများအကြား ၂၀၂၂ ခုနှစ်တွင် ပါလီမန်မဲခွဲဆုံးဖြတ်မှုဖြင့် ရွေးကောက်ခံရသည့် လက်ရှိသမ္မတ ရာနေးဝစ်ကရီမီဆင်းဟီသည် ရာဂျာပက်ဆာ မိသားစုနှင့် ဆက်ဆံရေးနီးကပ်မှုကြောင့် လူထုက နှစ်သက်ခြင်းမရှိပေ။ ထို့အတွက်ကြောင့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတစ်ဝန်း လူထုလှုပ်ရှားမှုများ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားသည့် သီရိလင်္ကာသမ္မတ ရွေးကောက်ပွဲသည် မရေရာမှုများစွာ ရှိနေသည်။

အိန္ဒိယ

ယခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပမည့် အိန္ဒိယသည် တောင်အာရှ အိမ်နီးချင်းနိုင်ငံများနှင့် မတူဘဲ အတော်အတန်နိုင်ငံရေးတည်ငြိမ်မှုရှိပြီး ဘာရာတီယာဂျာနာတာ (BJP) ပါတီအစိုးရက အာဏာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားသည်။ BJP ပါတီသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် ပြည်နယ်ရွေးကောက်ပွဲ ငါးခုအနက် သုံးခုတွင် အနိုင်ရထားသည်။

ဧပြီနှင့် မေလတို့တွင် အဆင့်လိုက်ပြုလုပ်မည့် ၂၀၂၄ အထွေထွေရွေးကောက်ပွဲတွင် BJP ပါတီသည် အနိုင်ရလဒ် ပြတ်သား စွာဖြင့် သက်တမ်းသုံးကြိမ်ဆက်အနိုင်ရရှိရန် ရေပန်းစားနေသည်။

အိန္ဒိယ၏ ရွေးကောက်ပွဲများသည် အတော်အတန်လွတ်လပ်မှုရှိပြီး ရွေးကောက်ပွဲနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလေ့မရှိပေ။ သို့သော်ယခုတစ်ကြိမ်ပြုလုပ်မည့် ရွေး ကောက်ပွဲသည် အယူဝါဒနှင့် အသိုက်အဝန်းအရ ကွဲလွဲမှုအရှိဆုံး ဖြစ်လာမည်ဟု ယူဆခံရထားသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် BJP သည် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးနှင့် စီးပွားရေးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို အဓိကထား၍ မဲဆွယ်ကတိပြုမှုများ ပြုလုပ်ခဲ့သော်လည်း ၂၀၂၄ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ဟိန္ဒူအမျိုးသားရေးဝါဒနှင့် ဟိန္ဒူအမျိုးသားရေးလက္ခဏာများ လွှမ်းခြုံသည့် နိုင်ငံရေး အယူဝါဒတို့ကို အဓိကထားဖွယ်ရှိသည်။

အယုဒ္ဓယမြို့ရှိ ဖြိုချခဲ့သည့် ဘာဘရီမာစ်ဂျစ်ဗလီ နေရာတွင် ခမ်းခမ်းနားနား တည်ဆောက်ထားသည့် Ram ဘုရားကျောင်း ဖွင့်လှစ်ခြင်းက လာမည့်ရွေးကောက်ပွဲ ကာလကို ဂယက်ရိုက်စေဖွယ်ရှိသည်။ ၂၀၂၃ ခုနှစ်က ဟာယာနာနှင့် ဂူဂျာရတ်ပြည်နယ်တို့တွင် ဟိန္ဒူဘာသာဝင်များ၏ စီတန်းလှည့်လည်မှုများအတွင်း ဟိန္ဒူနှင့် မွတ်စလင်ဘာသာဝင်များအကြား အဓိကရုဏ်းအခြေအနေများ ဖြစ်ပွားခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ကျပ် ၁၅ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလို၊ သေနတ်နှစ်လက်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိ
Next Article ထိုင်ဝမ်အနီးတွင် တရုတ်စစ်လေယာဉ် အစင်း ၃၀ ကျော် တွေ့ရှိခဲ့
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.