Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ဂျာမန်ဘောလုံးအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌဖြစ်သူ ရွန်နီဇင်မာမန်းက လီဗာပူးလ်အသင်းနှင့် နွေရာသီတွင် လမ်းခွဲတော့မည့် နည်းပြ ယာဂန်ကလော့ပ်ကို ဂျာမန်လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ရန် စိတ်ဝင်စားသည်ဟု အတည်ပြုခဲ့သည်။ သို့သော် ယူရို-၂၀၂၄ ပြိုင်ပွဲပြီးမှသာ ဆွေးနွေးသွားလိုသည်ဟုလည်း ပြောကြားခဲ့သည်။ ”ယာဂန်ကလော့ပ်က ထိပ်တန်းနည်းပြဖြစ်ကြောင်း ဆွေးနွေးနေစရာမလိုပါဘူး။ ဒီလိုပဲ လက်ရွေးစင်နည်းပြဖြစ်နိုင်ကြောင်းလည်း ဆွေးနွေးနေစရာ မလိုပါဘူး။ ဒါပေမဲ့ ယူရိုပြိုင်ပွဲပြီးမှပဲ ဒီကိစ္စအတွက် ဆွေးနွေးချင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ONE Championship နှင့် စာချုပ်ကိစ္စရပ် သဘောတူညီမှုရရှိပြီးနောက် မိမိ၏ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူရန် အဆင်သင့်ဖြစ်နေပြီဟု ၎င်း၏ Facebook လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားလိုက်သည်။ အောင်လအန်ဆန်က ”ONE Championship က ကျွန်တော့်ရဲ့ MMA ခရီလမ်း စတင်လျှောက်လမ်းရာနေရာဖြစ်ပါတယ်။ ONE Championship က ကျွန်တော့်ရဲ့ MMA ခရီလမ်း ပြီးဆုံးမယ့်ပန်းတိုင်လည်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ချန်ပီယံခါးပတ်ကို ပြန်လည်ရယူဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် ONE Championship တို့ အကြား စာချုပ်သက်တမ်းတိုးရေးကိစ္စရပ်အတွက် ဆွေးနွေးနေမှုမှာ ကာလအတော်ကြာခဲ့ပြီဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် ONE 165 ပြိုင်ပွဲအပြီးတွင် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ယင်းပြိုင်ပွဲတွင် ၎င်း၏ သူငယ်ချင်းဖြစ်သူ မာတင်ငုရင်၏ ထိုးပွဲအတွက် လိုက်ပါဝန်းရံကူညီလာခဲ့ပြီး ONE Championship CEO ချက်ထရီနှင့် တွေ့ဆုံကာ စာချုပ်ကိစ္စရပ်အတွက် အပြီးသတ်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် အောင်လအန်ဆန်သည် ONE Championship CEO ချက်ထရီနှင့် ပူးတွဲရိုက်ကူးထားသည့်ဓာတ်ပုံနှင့်တကွ ONE Championship နှင့် စာချုပ်ကိစ္စရပ် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ၎င်း၏ Facebook လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့ သော် အောင်လအန်ဆန်သည် စာချုပ်သက်တမ်းတိုးကိစ္စရပ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြောင်း သိရသည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာအတွင်းက ONE Championship…
မန်ယူအသင်း၏ ဂိုးသမားဟောင်း ဒီဟေးယားသည် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းနှင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေကြောင်း သိရသည်။ ဒီဟေးယား(၃၃ နှစ်) သည် ပြီးခဲ့သည့်နွေရာသီတွင် မန်ယူအသင်းနှင့် လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသည်မှာ (၇)လကြာမြင့်နေခဲ့ပြီဖြစ်သည်။ ယခုအခါ အယ်လ်ရှာဘတ်အသင်းနှင့် စာချုပ်သက်တမ်း ညှိနှိုင်းဆွေးနွေးနေသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ အယ်လ်ရှာဘတ်အသင်းသည် ရာကီတစ်၊ အယ်လ်မီရွန်၊ ဇီယက်ရှ်တို့ကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ပွင့်လင်းပြီး ထိရောက်မှုရှိသည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများက ဇန်နဝါ ရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ဝမ်နှင့် ဆူလေဗန်တို့တွင် ပင်လယ်နီတွင် ဟူရ်သီသူပုန်အဖွဲ့၏ တိုက်ခိုက်မှုများနှင့် ထိုင်ဝမ်အရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ ၁၂ နာရီခန့် ကြာမြင့်ခဲ့သည့် နှစ်ရက်ကြာ ဆွေးနွေးမှုများသည် လာမည့် နွေဦးရာသီတွင် တရုတ်သမ္မတ ရှီကျင်းပင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့အကြား ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုအတွက် လမ်းခင်းပေး ရာရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း အိမ်ဖြူတော် ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် အမေရိကန်သည် ထိုင်ဝမ်နှင့် တောင်တရုတ် ပင်လယ်အရေးကိစ္စများ အပါအဝင် နည်းပညာနှင့် ကုန်သွယ်ရေးပြဿနာများမှအစ လူ့အခွင့်အရေးပြဿနာများအထိ များပြားသည့် အရေးကိစ္စများတွင် ထိပ်တိုက်တွေ့ခဲ့သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ဘိုင်ဒင်နှင့် ရှီတို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးကို တည်ငြိမ်အောင် လုပ်ဆောင်ခဲ့ကြသည်။ ဝမ်နှင့် ဆူလေဗန်တို့သည် ဆန်ဖရန်စစ္စကို အစည်းအဝေးတွင် ရရှိခဲ့သည့် သဘောတူညီချက်ကို အကောက်အထည်ဖော်ရန်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေးတွင် အရေးကြီးပြီး ထိလွယ်ရှလွယ်ရှိသည့် ပြဿနာများကို ကောင်းမွန်စွာ စီမံကိုင်တွယ်နိုင်ရန် ပွင့် လင်းမှု၊ ထိရောက်မှုနှင့် အကျိုးဖြစ်ထွန်းမှုရှိသည့် မဟာဗျူဟာမြောက် ဆက်ဆံပြောဆိုမှုရှိခဲ့သည်ဟု ဇန်နဝါရီ ၂၇ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် တင်ထားသည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ အိမ်ဖြူတော်ကလည်း ဝမ်နှင့် ဆူလေဗန်တို့၏ တွေ့ဆုံမှုသည် နှစ်နိုင်ငံဆက်ဆံရေးတွင်…
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းကို နာဇီနှင့် နောက်ထပ်တစ်ကြိမ် နှိုင်းယှဉ်ပြောကြားခဲ့ပြီး ယူကရိန်းသည် အဒေါ့ဖ်ဟစ်တလာ၏ SS လက်မရွံ့အဖွဲ့ကို အမွှမ်းတင်နေကြောင်း ဇန်နဝါရီ ၂၇ ရက်က ပြော ကြားခဲ့သည်။ ပူတင်သည် လီနင်ဂရက်မြို့ စီးနင်းခံရမှု အဆုံးသတ်သည့် နှစ်ပေါင်း ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဖွင့်လှစ်ချိန်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး နာဇီဝါဒကို အမြစ်ဖြတ်ချေမှုန်းမည်ဟု သန္နိဌာန်ချခဲ့သည်။ ပူတင်သည် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည့် ၎င်း၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို တရားမျှတကြောင်း ဖော်ပြရန်အတွင် ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီတို့အပေါ် ဆိုဗီယက်ယူနီယံ၏ အောင်ပွဲရမှုကို မကြာခဏ မှီငြမ်းပြောဆိုခဲ့သည်။ ယူကရိန်းသည် နာဇီဝါဒကို ချေမှုန်းရန် လိုအပ်သည့် ဖက်ဆစ်နိုင်ငံတစ်ခုဖြစ်ကြောင်း ပူတင်က စွပ်စွဲခဲ့သော်လည်း ထိုစွပ်စွဲချက်များကို ပုဂ္ဂလိက ကျွမ်းကျင်သူများက ငြင်းဆိုခဲ့သည်။ ယူကရိန်းအစိုးရသည် ဟစ်တလာ၏ လက်အောက်ခံ SS တပ်ဖွဲ့ကို အမွှမ်းနေကြောင်း ပူတင်က ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားအနေဖြင့် နာဇီဝါဒကို အမြစ်ပြတ်ချေမှုန်းရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။ “ဒီနေ့ခေတ်မှာ သူတို့ကိုယ်သူတို့ ဘယ်လိုပဲ သှုံးနှုန်းဖော်ပြနေပါစေ၊ နာဇီ လက်မရွံ့တွေရဲ့ နောက်လိုက်တွေဟာ ပျက်စီးကိန်း ကြုံနေပါပြီ”ဟု ပူတင်က ၎င်း၏ မွေးရပ်မြို့ဖြစ်ပြီး မျက်မှောက်ခေတ်တွင် စိန့်ပီတာစဘတ်ချ်ဟု အမည်ပြောင်းလဲခဲ့သည့် လီနင်ဂရက်မြို့အနီးတွင် ပြောကြားခဲ့သည်။ ယူကရိန်း၊ အနောက်နိုင်ငံများနှင့် အမှီအခိုကင်းသည့် ကျွမ်းကျင်သူများကမူ ယူကရိန်းကို နာဇီနှင့် နှိုင်းယှဉ်ဖော်ပြခဲ့သည့် ပူတင်၏ ပြောကြားချက်များကို ငြင်းဆိုခဲ့ကြသည်။ ပူတင်သည် လီနင်ဂရက်မြို့…
ပြီးခဲ့သည့် ဇန်နဝါရီလတတိယပတ်မှ စတင်ကာ အချိန်အခါမဟုတ် မိုးရွာသွန်းမှု များကြောင့် မွန်ပြည်နယ် ဘီးလင်းနှင့် သထုံ မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများ ထံမှ သိရသည်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာ ပန်ကျေးရွာအနီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှစတင်ကာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဝင်းတာပန်ကျေးရွာအ ပါအဝင် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသ ခံ၁၅၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်နေကြ ရကြောင်း စစ်ဘေးရှောင်များအရေးနှင့်ပတ် သက်ပြီး ကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး “စစ်ဘေးရှောင် တွေက တောတောင်တွေထဲ ထွက်ပြေးနေထိုင် ကြသူတွေရှိလို့ သူတို့အတွက်ကို အမိုးအကာ တွေအပြင် အနွေးထည်၊ စောင်နဲ့ ဆေးဝါး တွေကအစ အရေးပေါ်လိုအပ်ချက်တွေရှိနေ ပါတယ်” ဟု ပြောကြားသည်။ အလားတူ မွန်ပြည်နယ် သထုံမြို့နယ် အတွင်းတွင်လည်း ပစ်ခတ်မှုများဖြစ်ပွားခြင်း ကြောင့် ဒေသခံရာနှင့်ချီပြီး ဘေးလွတ်ရာနေရာ များသို့ နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေ ကြရကြောင်း စစ်ဘေးရှောင်များအရေး ကူ ညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြား သည်။ ၎င်းက ဆက်လက်ပြီး “စစ်ဘေးရှောင် တွေထဲမှာ တချို့ကလည်း မြို့ပေါ်ကိုပြေးလာ ပြီးတော့ ဆွေမျိုးတွေနေအိမ်မှာ နေထိုင်သူ တွေလည်းရှိတယ်။ ဒါပေမဲ့ အများအားဖြင့် က တောတောင်တွေ၊ ခြံတွေထဲမှာပဲ ဖြစ်သလို နေနေကြရတယ်။ သူတို့အတွက် အမိုးအကာ တွေ၊ အနွေးထည်နဲ့ စောင်တွေ၊ ဆေးဝါးတွေ…
မြန်မာနိုင်ငံတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၆)ပါး မြောက် ဆရာတော်ထွက်ပေါ်လာ ကြောင်းသိရသည်။ (၇၆) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင်ကျင်းပခဲ့ပြီး ယင်းစာမေးပွဲမှ ၁၆ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်ထွက်ပေါ်လာခြင်းဖြစ်သည်။ ၁၆ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းတော်မူလာသသည့် ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာသိရီလင်္ကာရ၊ သက်တော် ၅၉ နှစ်၊ သိက္ခာတော် ၃၉ ဝါ ဖြစ်သည်။ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်)တွင် စတင်ကျင်းပခဲ့ရာ ယခုအချိန်ထိ (၇၆) ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ပထမအကြိမ်မှ (၇၅) ကြိမ်အထိ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ၁၅ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်ကာ ပထမဆုံးပေါ်ထွန်းတော်မူခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်မှာ မင်းကွန်းဆရာတော်ဘုရားကြီးဖြစ်သည်။ (၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် (၁၅) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ပေါ်ထွန်းခဲ့ပြီးနောက် လေးနှစ်အကြာ ယခုနှစ် ၁၃၈၅ ခုနှစ် (၂၀၂၄) ခုနှစ် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် (၁၆) ပါးမြောက်အဖြစ် တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်းလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ယခင်ပေါ်ထွန်းတော်မူခဲ့သည့် တိပိဋကဓရ…
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၉ လအတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာလကုန်အထိ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂ ဒသမ ၇၅၈ သန်း၊မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၂၃ ဒသမ ၄၆၉ သန်း၊ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအ ပါအဝင် ဒေါ်လာ ၁၁၂ ဒသမ ၃၂၀ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ ဒသမ ၅၂၅ သန်း၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၇၇ ဒသမ ၈၂ဝသန်း၊ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအ ပါအဝင် ဒေါ်လာ ၁၀ ဒသမ ၅၃၃ သန်း၊ ဝန် ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၈၀၉ သန်း ဝင်ရောက်ထားသည်။ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅ သန်းနီးပါးသာ ဝင်ရောက်ခဲ့ပြီး လက်ရှိဘဏ္ဍာနှစ် ၉ လ အတွင်း စုစုပေါင်း FDI ဒေါ်လာ ၆၀၂ သန်း ကျော် ဝင်ရောက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာအထိ ၉ လအတွင်း ဘရူနိုင်းက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင်…
Spider-Man သရုပ်ဆောင် တွမ်ဟော်လန်အတွက် Avengers ရုပ်ရှင်အပိုဆုကြေးသည် ၎င်းထံ ရောက်ရှိလာခဲ့သည်ဟု The White Lotus သရုပ်ဆောင် တွမ်ဟော်လန်ဒါက ထုတ်ဖော်ပြောကြားခဲ့သည်။ “ကျွန်တော်တို့နှစ်ယောက်လုံးက အေးဂျင့်တစ်ခုတည်းအောက်မှာ ရှိတဲ့အတွက် ငွေစာရင်းဌာနက လူတွေက ဇဝေဇဝါ ဖြစ်သွားခဲ့ပါတယ်”ဟု ဟော်လန်ဒါက Late Night အစီအစဉ်တင်ဆက်သူ ဆက်သ်မေရာ ကို ပြောကြားခဲ့သည်။ “ဒါက အရမ်းခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော်က ဒီကိုပထမဆုံး ရောက်လာတာဖြစ်ပေမယ့် သူ(တွမ်ဟော်လန်)ကတော့ နာမည်ကြီးတစ်ယောက်ပါ”ဟု ဟော်လန်ဒါက အ ရွှန်းဖောက် ပြောကြားခဲ့သည်။ သူသည် မတော်တဆရရှိလာသည့် ပေးငွေနှင့်ပတ်သက်၍ ရှင်းလင်းပြောပြရာ၌ ဟောလန်ဒါက သူသည် ဝင်ကြေးပေါင် ၃၀၀ ပေးရသည့် ပြဇာတ်ထဲတွင် သူငယ်ချင်းတစ်ဦး ဖျော်ဖြေမှုကို လာရောက် ကြည့်ရှုခဲ့သည်ဟု ဆိုသည်။ ပထမပိုင်းပြီးသွားချိန်တွင်သူသည် email များကို စစ်ဆေးခဲ့ရာ၌ “ Box office bonus for The Avengers ” ဟူသည့် ခေါင်းစဉ်ဖြင့် ပေးငွေတစ်ခုကို မြင်တွေ့ခဲ့သည်။ “ဒါက အလွန်အံ့အားသင့်စေတဲ့ ငွေပမာဏတစ်ခုပါ။ ဒါက ကျွန်တော့်လစာ မဟုတ်ပါဘူး။ ဒါက ကျွန် တော့်ရဲ့ ပထမဆုံး box office အပိုဆုကြေး မဟုတ်ပါဘူး။ ဒါက ကျွန်တော်မြင်ဖူးသမျှတွေထက် ပိုများတဲ့ ငွေပမာဏပါ။ စုစုပေါင်းဂဏန်းခုနစ်လုံးရှိပါတယ်”ဟုအသက် ၅၆ နှစ်အရွယ် ဟော်လန်ဒါက ပြောကြားခဲ့သည်။ Euphoria သရုပ်ဆောင်ဇန်ဒါရာနှင့် တွဲနေသည့် ဟော်လန်သည် Marvel Cinematic…
ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား ဆာနေး၏မျက်နှာကိုတွန်းခဲ့သည့် အွန်ယွန်းဘာလင်အသင်းနည်းပြ ဘီယဲလ်လီဆာသည် သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ချမှတ်ခံခဲ့ရကြောင်း သိရသည်။ ဘွန်ဒစ်လီဂါပွဲစဉ် ၁၃ ပွဲကျန်အဖြစ် ဇန်နဝါရီ ၂၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့်ပွဲတွင် အွန်ယွန်းဘာလင်အသင်းနည်းပြ ဘီယဲလ်လီဆာက ဆာနေး၏မျက်နှာကို နှစ်ကြိမ် တွန်းခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်း က (၁-၀) ဂိုးဖြင့် ဦးဆောင်ကစားနေစဉ် ဒုတိယပိုင်း ၇၄ မိနစ်တွင် ဘေးထွက်သွားသည့် ဘောလုံးကို ဘီယဲလ်လီဆာက ကောက်ယူခဲ့သည်။ ဆာနေးက ဘောလုံးရယူရန် ကြိုးပမ်းစဉ် ၎င်းက မျက်နှာကို ပထမအကြိမ်တွန်းခဲ့ပြီး အနီးကပ်အချင်းများနေစဉ် ဒုတိယအကြိမ် ထပ်မံတွန်းထုတ်ခဲ့ခြင်းဖြစ်သည်။ ဘီယဲလ်လီဆာ၏အပြုအမူမှာ အားကစားနှင့်မသက်ဆိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း ဂျာမနီဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပြီး သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ယူရို ၂၅ç၀၀၀ ချမှတ်ကြောင်း ဇန်နဝါရီ ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်ရာ ဘီယဲလ်လီဆာအနေဖြင့် ယနေ့ ဒမ်းစတက်ဒ်အသင်းနှင့်ကစားမည့် အိမ်ကွင်းပွဲစဉ်၊ ဖေဖော်ဝါရီ ၄ ရက်တွင် လိုက်ပ်ဇစ်အသင်း နှင့်ကစားမည့် အဝေးကွင်းပွဲစဉ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် မိန့်ဇ်အသင်းနှင့်ကစားမည့် အဝေးကွင်းပွဲစဉ်တို့ကို လွဲချော်မည်ဖြစ်သည်။ အသက် ၅၂ နှစ်ရှိပြီဖြစ်သည့် ခရိုအေးရှားနည်းပြ ဘီယဲလ်လီဆာသည် ပြီးခဲ့သည့် နိုဝင်ဘာတွင် အွန်ယွန်းဘာလင်အသင်းနည်းပြ ဖစ်ရှာ၏နေရာတွင် အစားထိုးခန့် အပ်ခံထားရခြင်းဖြစ်သည်။