ပြီးခဲ့သည့် ဇန်နဝါရီလတတိယပတ်မှ စတင်ကာ အချိန်အခါမဟုတ် မိုးရွာသွန်းမှု များကြောင့် မွန်ပြည်နယ် ဘီးလင်းနှင့် သထုံ မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများ ထံမှ သိရသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာ ပန်ကျေးရွာအနီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှစတင်ကာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဝင်းတာပန်ကျေးရွာအ ပါအဝင် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသ ခံ၁၅၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်နေကြ ရကြောင်း စစ်ဘေးရှောင်များအရေးနှင့်ပတ် သက်ပြီး ကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “စစ်ဘေးရှောင် တွေက တောတောင်တွေထဲ ထွက်ပြေးနေထိုင် ကြသူတွေရှိလို့ သူတို့အတွက်ကို အမိုးအကာ တွေအပြင် အနွေးထည်၊ စောင်နဲ့ ဆေးဝါး တွေကအစ အရေးပေါ်လိုအပ်ချက်တွေရှိနေ ပါတယ်” ဟု ပြောကြားသည်။
အလားတူ မွန်ပြည်နယ် သထုံမြို့နယ် အတွင်းတွင်လည်း ပစ်ခတ်မှုများဖြစ်ပွားခြင်း ကြောင့် ဒေသခံရာနှင့်ချီပြီး ဘေးလွတ်ရာနေရာ များသို့ နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေ ကြရကြောင်း စစ်ဘေးရှောင်များအရေး ကူ ညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြား သည်။
၎င်းက ဆက်လက်ပြီး “စစ်ဘေးရှောင် တွေထဲမှာ တချို့ကလည်း မြို့ပေါ်ကိုပြေးလာ ပြီးတော့ ဆွေမျိုးတွေနေအိမ်မှာ နေထိုင်သူ တွေလည်းရှိတယ်။ ဒါပေမဲ့ အများအားဖြင့် က တောတောင်တွေ၊ ခြံတွေထဲမှာပဲ ဖြစ်သလို နေနေကြရတယ်။ သူတို့အတွက် အမိုးအကာ တွေ၊ အနွေးထည်နဲ့ စောင်တွေ၊ ဆေးဝါးတွေ လိုအပ်နေပါတယ်” ဟု ပြောကြားသည်။
စစ်ဘေးရှောင်များတွင် ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ပါ ဝင်မှုနှုန်း များပြားသည့်အတွက် လိုအပ်ချက် များလည်း များပြားကြောင်းလည်း စစ်ဘေး ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ များက ပြောကြားသည်။