Author: admin

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်နှင့် ONE Championship တို့ ချုပ်ဆိုထားသည့် စာချုပ်သစ်မှာ ၆ ပွဲဖြစ်ပြီး ၁၂ လအတွင်း ၃ ပွဲထိုးသတ်ခွင့်ပေးရမည့်အချက်ပါဝင်ကြောင်း သိရသည်။ အောင်လအန်ဆန်နှင့် ONE Championship တို့ အကြား စာချုပ်သက်တမ်းတိုးရေးကိစ္စရပ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် ONE 165 ပြိုင်ပွဲအပြီးတွင် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ယင်းပြိုင်ပွဲတွင် Sportskeeda MMA Originals မီဒီယာမှ ဂျာနယ်လစ်ဖြစ်သူ Nick Atkin နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် စာချုပ်ကိစ္စရပ်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်က ”စာချုပ်ကိစ္စရပ်က ကြန့်ကြာမှုတွေဖြစ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အခူကတော့ သတင်းကောင်းပါ။ ကျွန်တော်က ဒီမှာ(ONE Championship) ကာလအကြာကြီး ကစားခဲ့တဲ့သူဆိုတော့ အခုလို ပြန်လက်တွဲခွင့်ရတဲ့အ ပေါ် ဝမ်းသာရပါတယ်။ ကျွန်တော် ခင်ဗျားကို ကတိပေးနိုင်တာက ကျွန်တော့်ရဲ့ ချန်ပီယံခါးပတ်ကို ပြန်ရယူဖို့ ဘယ်ဖိုက်တာနဲ့မဆို ရင်ဆိုင်ဖို့အသင့်ပါပဲ။ စာချုပ်ထဲမှာ သဘောတူညီမှုနဲ့ ထည့်သွင်းထားတဲ့အချက်တွေက လာမယ့်လအနည်းငယ်အတွင်းမှာ ကျွန်တော့်ကို ပွဲပေးရမယ်။ ၁၂ လအတွင်း ၃ ပွဲထိုးသတ်ခွင့် ပေးရမယ်။ စာချုပ်က ၆ ပွဲပါ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် သူ၏ အနီးစပ်ဆုံးပွဲနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောဆိုသွားခြင်းမရှိသော်လည်း လာမည့်လအနည်းငယ်အတွင်း သူ၏ပွဲကို မြင်တွေ့ရလိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ONE မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်လုပွဲအဖြစ် လာမည့်မတ်…

Read More

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဝုလ်ဗ်အသင်းအား ထပ်မံရှုံးနိမ့်ခြင်းအတွက် မိမိအပြင် ကစားသမားများလည်း တာဝန်ရှိကြောင်းနှင့် ရာထူးတွင်ဆက်ရှိနေရန် မသေချာတော့ကြောင်း ဝန်ခံပြောကြားခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ဖေဖော်ဝါရီ ၄ ရက်က ဝုလ်ဗ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၂-၄) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ ချယ်လ်ဆီးအသင်းအနေဖြင့် နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ထားပြီး FA ဖလားတွင် ဗီလာအသင်းနှင့် ဂိုးမရှိသရေ၊ ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်းကို အဝေးကွင်း၌ (၁-၄) ဂိုး၊ ဝုလ်ဗ်အသင်းကို အိမ်ကွင်း၌ (၂-၄) ဂိုးဖြင့် ရှုံးနိမ့်ထားခြင်းဖြစ်သည်။ ထို့ ကြောင့် ချယ်လ်ဆီးအသင်းပရိသတ်များက ပွဲကစားနေစဉ်နှင့် ပွဲအပြီးတွင် လှောင်ပြောင်မှုများပြုလုပ်ခဲ့ကြသည်။ ယင်းအခြေအနေအပေါ် ပိုချက်တီနိုက ”ဒီနေ့ပွဲမှာ ကျွန်တော်တို့ လုံလောက်မှုမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အတူတူပါပဲ။ ဒီအခြေအနေအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ပြသခဲ့တာတွေက လုံလောက်မှုမရှိပါဘူး။ ဒီအခြေအနေကို ကျွန်တော်တို့ သေချာမစီမံနိုင်လို့ ဘယ်သူမှ မလုံခြုံတော့ပါဘူး။ ကျွန်တော်က ဒီကိုရောက်လာတာ ကိုယ်သာအကောင်းဆုံးလို့ ပြောဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော် တာဝန်ယူသလို ကစားသမားတွေလည်း တာဝန်ယူဖို့ လိုပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့က အသင်းရဲ့သမိုင်းကြောင်းနဲ့ ကိုက်ညီမှုမရှိပါဘူး။ အဲဒါအမှန်ပါပဲ။ ဝေဖန်မှုတွေကို လက်ခံနိုင်ဖို့လိုပေမဲ့ လက်လျှော့မှာတော့ မဟုတ်ပါဘူး။ ပြောင်းလဲဖို့အတွက် ကျွန်တော်တို့ ကြိုးစားရပါမယ်။ ဒီနည်းလမ်းနဲ့ အလုပ်မဖြစ်ဘူးဆိုရင် ကျော်သွားပြီးတော့ နောက်ထပ်အဖြေတစ်ခုရှာဖို့ လိုပါတယ်။ ကျွန်တော်တို့ တောင်းပန်ချင်ပါတယ်။ သူတို့လိုပဲ ကျွန်တော်တို့လည်း စိတ်ပျက်ရပေမဲ့ အတူတူတိုက်ပွဲဝင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အတူရှိနေဖို့လိုတယ်။ သူတို့ဝေဖန်တာ၊…

Read More

ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်၏ ဒူးဒဏ်ရာမှာ ပြင်းထန်နိုင်ကြောင်း မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က သုံးသပ်ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် မန်ယူ (၃-၀) ဝက်စ်ဟမ်းပွဲစဉ်တွင် လီဆန်ဒရိုမာတီနက်ဇ်မှာ ပြိုင်ဘက်အသင်းနောက်ခံလူ ကူဖယ်လ်နှင့်ထိခိုက်ရာမှ ယာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ကူဖယ်လ်မှာ လီဆန်ဒရိုမာတီနက်ဇ်၏ဒူးကို ခန္ဓာကိုယ်ဖြင့် ဖိမိခဲ့ခြင်းဖြစ်ပြီး ပြန်ကစားနိုင်ရန် ကြိုးပမ်းသော်လည်း အဆင်မပြေသဖြင့် ဒုတိယပိုင်း ၇၁ မိနစ်တွင် လူစားလဲခဲ့ရသည်။ ၎င်း၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အဲရစ်တန်ဟက်ဂ်က ”အခြေအနေက ဘယ်လောက်ဆိုးလဲဆိုတာ ကျွန်တော်မပြောနိုင်ပေမဲ့ ပုံစံကြည့်ရတာတော့ မကောင်းပါဘူး။ အဲဒါကြောင့် စိုးရိမ်စရာတော့ ရှိပါတယ်။ ဒဏ်ရာအခြေအနေကိုသိရဖို့ လာမယ့်ရက်တွေအထိ စောင့်ရမှာဖြစ်ပြီး အဲဒါမှ ပိုပြီးပြောပြလို့ရမှာပါ။ ထိခိုက်မှုကိုသိရဖို့ မှန်ကန်တဲ့ စစ်ဆေးမှုအားလုံး လုပ်သွားမှာပါ။ သူအရမ်းဝမ်းနည်းပြီး စိတ်ပျက်နေတယ်။ ကျွန်တော်တို့လည်း သူနဲ့အတူ တကယ်ခံစားရပါတယ်။ ဒါက သူ့ အတွက်တော့ ဘေးဒုက္ခတစ်ခုပါပဲ။ ကျွန်တော်တို့ စောင့်ရမှာပါ။ ဒါပေမဲ့ ဒီဒဏ်ရာက တကယ်ဆိုးပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။ လီဆန်ဒရိုမာတီနက်ဇ် (၂၆ နှစ်) သည် ယခုရာသီတွင် ဒဏ်ရာများဖြင့် ရုန်းကန်နေရပြီး ခြေထောက်ဒဏ်ရာကြောင့် စက်တင်ဘာလကုန်ပိုင်းမှ ဇန်နဝါရီလလယ်ပိုင်းအထိ လေးလဝန်းကျင် အနားယူခဲ့ရသည်။ ၎င်းအနေဖြင့် ၂၀၂၃-၂၀၂၄ ရာသီ ပရီးမီးယားလိဂ်တွင် ပွဲထွက်အဖြစ် ခုနစ်ပွဲနှင့် လူစားဝင်အဖြစ် တစ်ပွဲသာ ကစားခွင့်ရထားသည်။

Read More

ချယ်လ်ဆီးနှင့် ရီးယဲလ်အသင်းတို့၏ ကစားသမားဟောင်းဖြစ်ပြီး အသက်(၃၂)နှစ်အရွယ်မှာပင် ကစားသမားဘဝမှ အနားယူခဲ့သော ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဟာဇက်က ဘောလုံးသက်သက်ဆိုပါက မိမိသည် စီရော်နယ်လ်ဒိုထက် ပိုကောင်းသည်ဟု ပြောကြားခဲ့သည်။ ဟာဇက်က စီရော်နယ်လ်ဒိုသည် မိမိထက် ထင်ရှားကျော်ကြားသည့်ကစားသမားဖြစ်သော်လည်း ဘောလုံးသက်သက်တွင်မူ မိမိကသာ ပိုကောင်းသည်ဟု ဆိုခဲ့သည်။ ထို့ပြင် မိမိသည် စီရော်နယ်လ်ဒိုကဲ့သို့ လေ့ကျင့်မှုကို အာရုံစိုက်လုပ်ဆောင်လေ့ရှိသူမဟုတ်ကြောင်းလည်း ဝန်ခံခဲ့သည်။

Read More

တရုတ်နိုင်ငံအခြေစိုက် ဟက်ကာကွန်ရက်ဖြစ်သည့် Volt Typhoon ကို အောင်မြင်စွာ ဖြိုဖျက်နိုင်ခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီး ထိုဟက်ကာကွန်ရက်သည် အမေရိကန်၏ အရေးကြီးသည့် အခြေ ခံအဆောက်အအုံ ကွန်ရက်များအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ကြောင်း အမေရိကန်က စွပ်စွဲခဲ့သည်။ ၂၀၂၁ ခုနှစ်က စတင်လှုပ်ရှား ခဲ့သည့် ထိုဟက်ကာအုပ်စုသည် အမေရိကန်အစိုးရ၏ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို အကြီးအကျယ်ထိခိုက်ပျက်စီးစေရန် လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ ရသည်။ အမေရိကန်ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI) ကမူ တရုတ်သည် အခြားနိုင်ငံများထက်ပိုပြီး အကြီးဆုံး ဟက်ကာစီမံကိန်းရှိနေကြောင်း ပြောကြားခဲ့သည်။ တရုတ်ကမူ အမေရိကန်၏ ပြောကြားချက်များကို အခြေအမြစ်မရှိဟုဆိုကာ ငြင်းဆိုခဲ့ပြီး အမေရိကန်၏ ဆိုက်ဘာ ပူးပေါင်းကြံစည်မှု သမိုင်းကြောင်းကို ပြန်လည်လက်ညှိုးထိုး ဝေဖန်ခဲ့သည်။ တရုတ်သည် အမေရိကန်အစိုးရနှင့် ပုဂ္ဂလိကဏ္ဍအတွက် အကြီးများဆုံး၊ အလှုပ်ရှားဆုံးနှင့် ထပ်တလဲလဲ ပြုလုပ်သည့် ဆိုက်ဘာပူး ပေါင်းကြံစည်မှုရှိသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်က သတိပေးခဲ့သည်။ မကြာသေးမီနှစ်များအတွင်း တရုတ်၏ ဟက်ကာများသည် ပြိုင်ဘက်နိုင်ငံများ၏ ဒစ်ဂျစ်တယ်စနစ်များကို ဖောက်ထွင်းဝင်ရောက်ပြီး ကုန်သွယ်ရေး လျှို့ဝှက်ချက်များကို ရယူမှုတွင် ကျွမ်းကျင်လာခဲ့ကြောင်း သုတေသီများနှင့် အနောက်နိုင်ငံများမှ ထောက်လှမ်းရေးအရာရှိများက ပြောကြားခဲ့သည်။ တရုတ်သည် Microsoft ၏ အီးမေးလ်စနစ်များကို အမြတ်ထုတ်ရန် ဟက်ကာများကို စာချုပ်ဖြင့် ငှား ရမ်းခဲ့ကြောင်း ၂၀၂၁ ခုနှစ်က အမေရိကန်၊ နေတိုးနှင့် အခြားမဟာမိတ်များက ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်စပိုင်များသည် အမေရိကန်၏ စွမ်းအင်ဌာန၊ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ၊ ကြေးနန်းဆက်ဆံရေး ကုမ္ပဏီများ၊ တက္ကသိုလ်များကိုလည်း…

Read More

ဂျိမ်းဝက်ဘ်အာကာသ တယ်လီစကုပ်က ရိုက်ကူးထားပြီး အသစ်စက်စက် ထုတ်ပြန်ပေးလိုက်သော ပုံများသည် ကျွနု်ပ်တို့၏ ဂလက်ဆီ အနီးတစ်ဝိုက်တွင် တည်ရှိနေသော ခရုပတ်ခွေ ဂလက်ဆီ ၁၉ ခု၏အသေးစိတ်များကို ထင်ထင်ရှားရှား ဖော်ပြလျက်ရှိရာ ကြယ်တာရာ ဖြစ်ပေါ်ပုံ၊ ဂလက်ဆီ တည်ဆောက်ပုံ၊ ဂလက်ဆီ ဆင့်ကဲဖြစ်စဉ်တို့နှင့်ပတ်သက်၍ သဲလွန်စအသစ်များ ရရှိလာသည်။ နက္ခတ္တဗေဒဆိုင်ရာ စူးစမ်းလေ့လာရေး ဓာတ်ခွဲခန်းကြီးများတွင် လုပ်ကိုင်နေကြသော စီမံကိန်းတွင် ပါဝင်သည့် သိပ္ပံပညာရှင်အုပ်စုက ဇန်နဝါရီ ၂၉ ရက်တွင် အဆိုပါပုံများကို အများပြည်သူများအတွက် ထုတ် ပြန်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းသိပ္ပံ ပညာရှင်များသည် Physics at Hight Angular resolution in Nearby GalaxieS(PHANGS) ဟူသော စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ဂလက်ဆီ ၁၉ ခုထဲက အနီးဆုံး ဂလက်ဆီကို NGC 5068 ဟု အမည်ပေးထားသည်။ ၎င်းသည် ကမ္ဘာမှ အလင်းနှစ် ၁၉ သန်းခန့်တွင် တည်ရှိသည်။ ၎င်းတို့ထဲက အဝေးဆုံးဂလက်ဆီမှာ ကမ္ဘာမှ အလင်းနှစ်သန်း ၆၀ ခန့်တွင်ရှိသည့် NGC 1365 ဂလက်ဆီဖြစ်သည်။အလင်းနှစ်သည် တစ်နှစ်တွင် အလင်း သွားသော အကွာအဝေးဖြစ်ပြီး ၉ ဒသမ ၅ ထရီလီယံ ကီလိုမီတာရှိသည်။ ဂျိမ်းဝက်ဘ်အာကာသ တယ်လီစကုပ်(JWST)ကို ၂၀၂၁ ခုနှစ်တွင် လွှတ်တင်ခဲ့ပြီး ၎င်းသည် ၂၀၂၂ ခုနှစ်တွင် အချက်အလက်များကို စတင် စုဆောင်းခဲ့သည်။ ထို့အပြင် စကြဝဠာခေတ်ဦးအကြောင်း နားလည်ထားမှုကို ပြန်လည်ပုံဖော်ပေးလျက်ရှိပြီး…

Read More

အသက် ၅၇ နှစ်အရွယ် ပါလက်စတိုင်း သိုးထိန်းကာဒရီဒါရက်မာသည် ၎င်းတွင် အသက်မွေးဝမ်း ကြောင်းအဖြစ် မွေးမြူရေးခြံများမှ လွဲ၍ မည်သည့်အရာမျှ မရှိဘဲ၎င်း၏ သားနှစ်ဦးမှာလည်း အကျဉ်းကျ လျက်ရှိသည်။ ၎င်း၏ လေဟာပြင်တဲအတွင်း၌ ဘုံပိုင်ရေနှင့် လျှပ်စစ်ဓာတ်အားရရှိခြင်းမရှိခြင်းနှင့်အတူ ၎င်း၏နာ မကျန်းဖြစ်နေသော ဇနီးသည်မှာ မျက်ရည်များဝဲလျက်ရှိသည်။ “ကျွန်တော့်ကလေးတွေက ထောင်ထဲမှာပါ။နေ့စဉ်နေ့တိုင်း အစားအစာဝယ်ဖို့ မရှိသည့်တိုင် ကျွန် တော်ပေးချေဖို့ ငွေအများကြီးလိုအပ်နေပါတယ်”ဟုကာဒရီက ဆိုသည်။ ကာဒရီ၏ ဒုက္ခသည်လွန်ခဲ့သည့်လက သိသိသာသာ စတင်ပိုမိုဆိုးရွားလာခဲ့သည်။ ဒီဇင်ဘာ ၂၅ ရက်က ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်သူများသည် ညအချိန်တွင် ၎င်း၏ကျွဲနွားတိရစ္ဆာန်များမှ အကောင် ၁၀၀ ကို ခိုးယူခဲ့ပြီး လမ်းမတစ်ခုအနီးတွင် အချို့နွားများ လွတ်သွားခဲ့ကာ ယင်းနောက်တွင် အစ္စရေးရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရသည်။ အစ္စရေးဥပဒေအောက်တွင် ကျွဲနွားများ လွတ်လပ်စွာ လှည့်လည်သွားလာနေမှုသည် တရားမဝင်သောကြောင့် ရဲတပ်ဖွဲ့များသည် နွားများကို သိမ်းယူခဲ့သည်။ကာဒရီသည် ၎င်း၏နွားများမှ ၁၉ ကောင်ကိုပြန် လည်ရယူနိုင်ရန်အတွက် ရှီကယ် ၄၉,၀၀၀(ဒေါ်လာ၁၂,၉၀၀)ကိုပေး ချေရန် အတင်းအကျပ်တောင်းဆို ခံခဲ့ရသည်။ ကာဒရီသည် မိတ်ဆွေများနှင့် အစ္စရေးတက်ကြလှုပ်ရှားသူများ၏ အကူအညီဖြင့်သာ ယင်းငွေကို ပေးချေနိုင်ခဲ့သည်။ ကာဒရီသည် ယင်းတုန်လှုပ်ခြောက်ခြားဖွယ် ဒုက္ခအခြေအနေမှ ထွက်ပြေးလိုသော်လည်း ဇန်နဝါရီ ၇ ရက် ညနေခင်းတွင် ၎င်း၏သားနှစ်ဦးက ၎င်းထံ ဖုန်းဆက်ခဲ့ကာ သူတို့သည် ယူရီကိုဟန်ဟုခေါ်သော အ ခြေချနေထိုင်သူတစ်ဦး၏ အကွက်ဆင်ခံခဲ့ရပြီး ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။ ကိုဟန်သည် အသက် ၂၉ နှစ် အရွယ် ဂျာဆာနှင့်…

Read More

လွန်ခဲ့သည့်တစ်နှစ်က တူရကီနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ၎င်း၏မိသားစု ဝင်အားလုံးနီးပါးကို ဆုံးရှုံးခဲ့ရသည့် ဇာဟီဒီဆီကာသည် မိမိကိုယ်ကိိုယ် သေကြောင်းကြံစည်ရန် အကြိမ် ပေါင်းများစွာ ကြိုးစားခဲ့သည်။ ယင်းအစား အသက် ၄၈ နှစ်အရွယ်ဆီကာသည် တရားမျှတမှုရရှိရေးအတွက် တိုက်ပွဲဝင်ရန်ဆုံးဖြတ်ခဲ့ပြီး ကာရာမန်မာရက်စ်မြို့ငလျင်၏ ဗဟိုချက်အနီးရှိ ၎င်းနေထိုင်ရာ အဆောက်အအုံပြိုကျမှုအတွက် တာဝန်ရှိသူကို လိုက်လံရှာဖွေကာ အရေးယူရန်ကြိုးပမ်းခဲ့သည်။ “တရားမျှတမှုမရခင်အချိန်အထိ ဆိတ်ဆိတ်နေသွားမှာမဟုတ်ပါဘူး” ဟု ဆီကာက ပြောကြားခဲ့ပြီး သူ သည် လက်ရှိတွင် ငလျင်လှုပ်ခတ်ခဲ့သော ပြည်နယ် ၁၁ ခုအတွင်း အသက်ရှင်ကျန်ရစ်သူ သိန်းပေါင်းများစွာအတွက် ယာယီနေထိုင်ရန်နေရာအဖြစ် စီစဉ်ပေးထားသော သေးငယ်သည့် ကွန်တိန်နာအိမ်များထဲမှတစ်ခုတွင် နေထိုင်လျက်ရှိသည်။ ဆီကာသည် ကာရာမန်မာရက်စ်မြို့ရှိ အက်ဘ်ရာအဆောက်အအုံတွင် နေထိုင်ခဲ့သည်။ ယင်းနေရာသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်အရုဏ်မတက်မီ ရစ်ချ်တာစကေး ၇ ဒသမ ၈ ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၄ဝဝဝခန့် သေဆုံးခဲ့သည့် ရှစ်ထပ်အဆောက်အအုံအစု၏ အလယ်တွင်တည်ရှိသည်။ ယင်းမြို့လယ်ခေါင်တွင် အဆောက်အအုံ ၇၅၀၀ နီးပါးပြိုကျခဲ့ပြီး ထိုအချိန်က နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးသမားများသည် အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့သည်။ ဆီကာသည် ခြောက်ရက်မြောက်နေ့တွင် လက်ဗလာဖြင့် ၎င်း၏ကလေးနှစ်ဦး အလောင်းကိုဆွဲထုတ်ခဲ့သည်။ “ကျွန်မရဲ့ ပျော်ရွှင်နေတဲ့ဘဝထဲကနေ ကလေးတွေကိုဆွဲထုတ် ခေါ်ဆောင်သွားပါတယ်။တစ်နှစ် တောင်ကြာခဲ့ပြီ။ ဒီစိတ်ဒဏ်ရာတွေကို မခံစားနိုင်တော့ဘူး။ကျွန်မအကြိမ်ပေါင်းများစွာ သေချင်စိတ်ပေါ် ခဲ့ပါတယ်”ဟုဆီကာက ဆိုသည်။ “အခုချိန်မှာ တရားမျှတမှုပဲ ကျွန်မကို ဖြေသိမ့်နိုင်မှာပါ”ဟု၎င်း ကဆိုသည်။ လူပေါင်း ၅၀,၀၀၀ ကျော်သေဆုံးခဲ့သည့် ယင်းသဘာဝဘေးအန္တ ရာယ်သည်…

Read More

ဆိုမာလီယာနိုင်ငံတွင် အယ်နီညိုဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ၊ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအလယ်ပိုင်း ဟီရာအန်ဒေသတွင် ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှုများ လျင်မြန်စွာမြင့်တက်နေသည့်အပေါ်နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ(IRC)က သတိပေးခဲ့သည်။ ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှုသည် ဆိုးရွားသော ပြည်သူ့ကျန်းမာရေးအကျပ်အတည်းတစ်ရပ်ကို ဖြစ်ပေါ်စေပြီး ကူးစက်ခံရသူအများစုသည် ပြင်းထန်ကာခုခံအားနည်းသည့်လူထုအပေါ် သက်ရောက်မှုရှိနေသည်ဟုဆိုသည်။ ကူးစက်ခံရသူ ၉၈၀ ၏ ၅၅ ရာခိုင်နှုန်းကျော်သည် အသက်ငါးနှစ်အောက် ကလေးများဖြစ်သည်။ ၂၀၂၄ ခုနှစ်ဇန်နဝါရီလကတည်းကဆို မာလီယာရှိ ခရိုင်အများအပြားတွင်ကာလဝမ်းရောဂါကူးစက်မှုများ သိသိသာသာကြုံတွေ့ခဲ့သည်။ဇန်နဝါရီတွင် ကာလဝမ်းရောဂါကူးစက်မှုဖြစ်စဉ်များ၏ ထက်ဝက်ကျော်သည် ဟီရာရန်ဒေသမှဖြစ်သည်။ယင်းနောက်ရောဂါသည်ဒေသတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။ ရောဂါကူးစက်ခံရသူများ၏ ပြင်းထန်အခြေအနေများသည် နောက်ထပ်ရောဂါကူးစက်မှုများကို ဟန့်တားနိုင်ရန်အတွက်ချက်ချင်းအရေးတယူဆောင်ရွက်ကြရန် တောင်းဆိုမှုများရှိလာခဲ့သည်။ ကာလဝမ်းရောဂါကူးစက်နေသည့်ဒေသများတွင် အရေးတယူတုံ့ပြန်ဆောင်ရွက်မှုများကို ချက်ချင်းအရှိန်မြှင့် တင်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေရရှိရေးအတွက် အမျိုးသားကာလဝမ်းရောဂါလုပ်ငန်းတာဝန်အဖွဲ့ကို စတင်လုပ်ဆောင်စေခဲ့သည်။ ဆိုမာလီပြည်သူများသည် မကြာသေးမီက ရေကြီးမှုများ၏သက်ရောက်မှုကြောင့် အကျပ်အတည်းနှင့်ကြုံတွေ့နေရပြီးဖြစ်ကာ မိသားစုပေါင်းထောင်ချီရေဘေးသင့်ခဲ့ကြပြီး လယ်ယာမြေများပျက်စီးခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် သံသယဖြစ်ဖွယ်ကာလဝမ်းရောဂါကူးစက်မှုဖြစ်စဉ်သည် ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ “IRC အနေနဲ့ မိတ်ဖက်တွေနဲ့ပူးပေါင်းပြီး ဟီရာရန်ဒေသတစ်ဝန်းရှိ ပြည်သူများကို ဆေးဝါးကုသမှုထောက်ပံ့တာတွေ၊သန့်ရှင်းတဲ့သောက်သုံးရေ ထောက်ပံ့ပေးတာတွေနဲ့ သင့်လျော်သောမိလ္လာစနစ်ရရှိရေး တို့အတွက် မပင်မပန်းကြိုးပမ်း လုပ်ဆောင်ပေးနေပါတယ်။ အယ်နီညိုမိုးရွာသွန်မှုကြောင့်ရေကြီးမှုဖြစ်ပွားပြီး မြစ်ရေလျှံတဲ့အတွက် ဒီဒေသဟာ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေနဲ့ အလှမ်းဝေးကွာသွားခဲ့ပါတယ်။ ရေဘေးသင့်မိသားစုတွေကလည်း ကုန်းမြင့်နေရာတွေကို ပြောင်းရွှေ့သွားကြတဲ့အတွက် လူအုပ်စုလိုက်ရွှေ့ပြောင်းမှုကြီး ဖြစ်ခဲ့ပါတယ်။လက်ရှိ မိုးရွာတာရပ်သွားတဲ့အခါပြင် ပနေရာတွေကနေ ရွာထဲကိုရောက်ဖို့ဆိုတာ အရမ်းခက်ခဲသွားပါတယ်”ဟုIRC ဆိုမာလီယာနိုင်ငံဆိုင်ရာဒါရိုက်တာ ရစ်ချတ်ခရော့ သာက ပြောကြားခဲ့သည်။ ကာလဝမ်းရောဂါသည် ဆိုးရွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေတတ်သည့် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး သန့်ရှင်းမှုမရှိသည့် သောက်သုံးရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။ ထိုရောဂါသည် ဆင်းရဲမွဲတေမှု၊ သန့်ရှင်းသည့် သောက်သုံးရေမရရှိမှုအခြေအနေများနှင့်…

Read More

ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာရှိ ဝင်းစိန်တောရကျောင်းတိုက်၊ ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကေသရ ဆရာတော်ဘုရားကြီး ၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ပူဇော်ပွဲ အခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ အများအပြား လာရောက်ခဲ့ကြကြောင်း သိရသည်။ ဝင်းစိန်တောရဆရာတော်ဘုရားကြီး၏ မွေးနေ့ပူဇော်ပွဲအထိမ်းအမှတ်အဖြစ် မွေးနေ့စေတီ နှစ် ဆူအား ထီးတော်တင်လှူခြင်း၊ ဧည့်ဆောင်အသစ် ဖွင့်လှစ်ခြင်း၊ ကျေးဇူးတော်ရှင် ဝင်းစိန်တောရဆရာတော်ကြီး နှင့် သာသနာပြုဖော် ပုဂ္ဂိုလ် (၃၄) ပါး၊ (၁၀) တောင်၊ (၁၂) တောင် ဘိုးဘိုးတို့ကို ပုဂ္ဂိုလ်ဆွမ်းကပ်ခြင်း နှင့် ကောင်းမှုကုသိုလ်အစုစုကို ရေစက်သွန်းချအမျှဝေခြင်း စသည့် အစီအစဉ်များ ပြလုပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဝင်းစိန်တောရဆရာတော်ကြီး ရုပ်ခန္ဓာကို ဆရာတော်ကြီး မိန့်တော်မူခဲ့သည့်အတိုင်း သင်္ကန်းတော်လဲခြင်းကို ပြုလုပ်ခဲ့ကြောင်း နှင့် ပင့်ကျောင်း (၁၂၀) မှ ဆရာတော်ကြီးများအား ဆွမ်း၊ နဝကမ္မအလှူငွေများ နှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ဝင်းစိန်တောရ ဆရာတော်ကြီး၏ သက်တော် (၁၀၃) နှစ်မြောက်မွေးနေ့ပူဇော်ပွဲ အထိမ်းအမှတ်အဖြစ် ဒါယိကာ၊ ဒါယိကာမများ၊ အလှူရှင်များကလည်း စတုဒီသာမဏ္ဍပ် (၃၀) ကျော်ဖြင့် စတုဒီသာများ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။ “ဆရာတော်ဘုရားကြီးရဲ့ မွေးနေ့ပူဇော်ပွဲကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ အများကြီးလာကြတယ်။ ကျောင်းဝင်းကြီးတစ်ခုလုံး လူတွေနဲ့ပြည့်လျှံနေတယ်။ စတုဒီသာကျွေးမွေးနေတဲ့ မဏ္ဍပ်တွေမှာလည်း လူတွေက ကြိတ်ကြိတ်တိုးနေရောဘဲ။ ကားလမ်းတွေလည်း ပိတ်ကုန်တယ်”…

Read More