Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 10
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Asia 0 Views

အမေရိကန်နှင့် တရုတ်အကြား အငြင်းပွားစေခဲ့သည့် Volt Typhoon ဟက်ကာအဖွဲ့

February 4, 20242 Mins Read
Share
Facebook Twitter

တရုတ်နိုင်ငံအခြေစိုက် ဟက်ကာကွန်ရက်ဖြစ်သည့် Volt Typhoon ကို အောင်မြင်စွာ ဖြိုဖျက်နိုင်ခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီး ထိုဟက်ကာကွန်ရက်သည် အမေရိကန်၏ အရေးကြီးသည့် အခြေ ခံအဆောက်အအုံ ကွန်ရက်များအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ကြောင်း အမေရိကန်က စွပ်စွဲခဲ့သည်။

၂၀၂၁ ခုနှစ်က စတင်လှုပ်ရှား ခဲ့သည့် ထိုဟက်ကာအုပ်စုသည် အမေရိကန်အစိုးရ၏ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို အကြီးအကျယ်ထိခိုက်ပျက်စီးစေရန် လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ ရသည်။

အမေရိကန်ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI) ကမူ တရုတ်သည် အခြားနိုင်ငံများထက်ပိုပြီး အကြီးဆုံး ဟက်ကာစီမံကိန်းရှိနေကြောင်း ပြောကြားခဲ့သည်။

တရုတ်ကမူ အမေရိကန်၏ ပြောကြားချက်များကို အခြေအမြစ်မရှိဟုဆိုကာ ငြင်းဆိုခဲ့ပြီး အမေရိကန်၏ ဆိုက်ဘာ ပူးပေါင်းကြံစည်မှု သမိုင်းကြောင်းကို ပြန်လည်လက်ညှိုးထိုး ဝေဖန်ခဲ့သည်။

တရုတ်သည် အမေရိကန်အစိုးရနှင့် ပုဂ္ဂလိကဏ္ဍအတွက် အကြီးများဆုံး၊ အလှုပ်ရှားဆုံးနှင့် ထပ်တလဲလဲ ပြုလုပ်သည့် ဆိုက်ဘာပူး ပေါင်းကြံစည်မှုရှိသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်က သတိပေးခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်၏ ဟက်ကာများသည် ပြိုင်ဘက်နိုင်ငံများ၏ ဒစ်ဂျစ်တယ်စနစ်များကို ဖောက်ထွင်းဝင်ရောက်ပြီး ကုန်သွယ်ရေး လျှို့ဝှက်ချက်များကို ရယူမှုတွင် ကျွမ်းကျင်လာခဲ့ကြောင်း သုတေသီများနှင့် အနောက်နိုင်ငံများမှ ထောက်လှမ်းရေးအရာရှိများက ပြောကြားခဲ့သည်။

တရုတ်သည် Microsoft ၏ အီးမေးလ်စနစ်များကို အမြတ်ထုတ်ရန် ဟက်ကာများကို စာချုပ်ဖြင့် ငှား ရမ်းခဲ့ကြောင်း ၂၀၂၁ ခုနှစ်က အမေရိကန်၊ နေတိုးနှင့် အခြားမဟာမိတ်များက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်စပိုင်များသည် အမေရိကန်၏ စွမ်းအင်ဌာန၊ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ၊ ကြေးနန်းဆက်ဆံရေး ကုမ္ပဏီများ၊ တက္ကသိုလ်များကိုလည်း ဟက်ခဲ့ကြောင်း အမေရိကန်အစိုးရ၏ အစီ ရင်ခံစာများနှင့် မီဒီယာများ၏ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြခဲ့သည်။

ယခုရာစုနှစ်အတွင်း တရုတ်သည် ဆိုက်ဘာပူးပေါင်းကြံစည်မှု လှုပ်ရှားမှု ၉၀ နှင့် ဆက်နွှယ်မှုရှိခဲ့ပြီး ၎င်း၏ မဟာမိတ် ရုရှားနိုင်ငံထက် ၃၀ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့ လာရေးစင်တာမှ ကျွမ်းကျင်သူ ဘင်ဂျမင် ဂျန်ဆန်က ပြီးခဲ့သည့်နှစ်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

Microsoft ကုမ္ပဏီကလည်း တရုတ်က ကျောထောက်နောက်ခံပေးထားသည့် Volt Typhoon ဟက်ကာအဖွဲ့သည် အမေရိကန်၏ အရေးကြီးသည့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခဲ့ကြောင်း ထောက်လှမ်းသိရှိခဲ့သည်ဟု ပြီးခဲ့ သည့်နှစ် မေလက ပြောကြားခဲ့သည်။

ထို့ပြင် Volt Typhoon အဖွဲ့သည် ၎င်းတို့၏ နည်းစနစ်များကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းခဲ့ပြီး ၎င်းတို့၏ ပစ်မှတ်စာရင်းထဲတွင် တက္ကသိုလ်များကို ထည့်သွင်းခဲ့ကြောင်း Microsoft က ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။

Volt Typhoon အဖွဲ့သည် ကျွမ်းကျင်အဆင့် ဆိုက်ဘာတိုက် ခိုက်ရေး ကန်ထရိုက်တာတစ်ဦးမှ တစ်ဆင့် အစပြုဖြစ်ပေါ်လာသည့် အလွန်ရှုပ်ထွေးသည့် ဆိုက်ဘာစစ် ဆင်ရေးကို ပြုလုပ်ခဲ့ပုံပေါ်ကြောင်း ဂျိမ်းစ်တောင်း ဖောင်ဒေးရှင်းမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် မက်သရူး ဘရာဇီးလ်က အေအက်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

Volt Typhoon အဖွဲ့ကို ဖြိုဖျက်နိုင်ကြောင်း ဇန်နဝါရီ ၃၁ ရက် က အမေရိကန်၏ ကြေညာချက်သည် အမေရိကန်က ဟက်ကာများကို ဇစ်မြစ်မှ တိုက်ရိုက်ဟန့်တားခဲ့သည့် သဘောသက်ရောက်ကြောင်း ဘရာဇီးလ်က ပြောကြားခဲ့သည်။

ထောက်လှမ်းရေး အချက်အလက်များ ဝေမျှအသုံးပြုရေးအတွက် ဖွဲ့စည်းထားသည့် Five Eyes အဖွဲ့ ဝင်နိုင်ငံများမှ ထောက်လှမ်းရေး အကြီးအကဲများသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပထမ ဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ၎င်းတို့တွေ့ဆုံမှု၏ တစ်ခုတည်းသော အကြောင်းရင်းမှာ တရုတ်အရေးဖြစ်သည်။

တရုတ်ကမူ ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး အမေရိကန်ကသာ တရုတ်၏ အမျိုးသားလုံခြုံရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်သည့် ဆိုက် ဘာ တိုက်ခိုက်မှုများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဂျိမ်းဝက်ဘ် အာကာသတယ်လီစကုပ်က ရိုက်ကူးခဲ့သော ဂလက်ဆီများ
Next Article စီရော်နယ်လ်ဒိုထက် မိိမိ ပိုကောင်းသည်ဟု ဟာဇက် ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.