Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, May 28
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Uncategorized 0 Views

ဂျိမ်းဝက်ဘ် အာကာသတယ်လီစကုပ်က ရိုက်ကူးခဲ့သော ဂလက်ဆီများ

February 4, 20242 Mins Read
Share
Facebook Twitter

ဂျိမ်းဝက်ဘ်အာကာသ တယ်လီစကုပ်က ရိုက်ကူးထားပြီး အသစ်စက်စက် ထုတ်ပြန်ပေးလိုက်သော ပုံများသည် ကျွနု်ပ်တို့၏ ဂလက်ဆီ အနီးတစ်ဝိုက်တွင် တည်ရှိနေသော ခရုပတ်ခွေ ဂလက်ဆီ ၁၉ ခု၏အသေးစိတ်များကို ထင်ထင်ရှားရှား ဖော်ပြလျက်ရှိရာ ကြယ်တာရာ ဖြစ်ပေါ်ပုံ၊ ဂလက်ဆီ တည်ဆောက်ပုံ၊ ဂလက်ဆီ ဆင့်ကဲဖြစ်စဉ်တို့နှင့်ပတ်သက်၍ သဲလွန်စအသစ်များ ရရှိလာသည်။

နက္ခတ္တဗေဒဆိုင်ရာ စူးစမ်းလေ့လာရေး ဓာတ်ခွဲခန်းကြီးများတွင် လုပ်ကိုင်နေကြသော စီမံကိန်းတွင် ပါဝင်သည့် သိပ္ပံပညာရှင်အုပ်စုက ဇန်နဝါရီ ၂၉ ရက်တွင် အဆိုပါပုံများကို အများပြည်သူများအတွက် ထုတ် ပြန်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းသိပ္ပံ ပညာရှင်များသည် Physics at Hight Angular resolution in Nearby GalaxieS(PHANGS) ဟူသော စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေကြသူများ ဖြစ်သည်။

ဂလက်ဆီ ၁၉ ခုထဲက အနီးဆုံး ဂလက်ဆီကို NGC 5068 ဟု အမည်ပေးထားသည်။ ၎င်းသည် ကမ္ဘာမှ အလင်းနှစ် ၁၉ သန်းခန့်တွင် တည်ရှိသည်။ ၎င်းတို့ထဲက အဝေးဆုံးဂလက်ဆီမှာ ကမ္ဘာမှ အလင်းနှစ်သန်း ၆၀ ခန့်တွင်ရှိသည့် NGC 1365 ဂလက်ဆီဖြစ်သည်။အလင်းနှစ်သည် တစ်နှစ်တွင် အလင်း သွားသော အကွာအဝေးဖြစ်ပြီး ၉ ဒသမ ၅ ထရီလီယံ ကီလိုမီတာရှိသည်။

ဂျိမ်းဝက်ဘ်အာကာသ တယ်လီစကုပ်(JWST)ကို ၂၀၂၁ ခုနှစ်တွင် လွှတ်တင်ခဲ့ပြီး ၎င်းသည် ၂၀၂၂ ခုနှစ်တွင် အချက်အလက်များကို စတင် စုဆောင်းခဲ့သည်။ ထို့အပြင် စကြဝဠာခေတ်ဦးအကြောင်း နားလည်ထားမှုကို ပြန်လည်ပုံဖော်ပေးလျက်ရှိပြီး စကြဝဠာ၏ အံ့ဖွယ် ဓာတ်ပုံများကို ရိုက်ကူးပေးလျက်ရှိသည်။ လှည့်ပတ်နေသော ဂျိမ်းဝက်ဘ်အာကာသ တယ်လီစကုပ်သည် စကြဝဠာကို အဓိကအားဖြင့် အနီအောက်ရောင်ခြည်ဖြင့် လေ့လာ ခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်တွင် လွှတ်တင်ခဲ့သော ဟာဘဲလ်အာကာသ တယ်လီစကုပ်သည် တာဝန်ထမ်း ဆောင်ဆဲဖြစ်သည်။ ၎င်းသည် စကြဝဠာကို အဓိကအားဖြင့် အလင်းလှိုင်းအလျားများ၊ ခရမ်းလွန်ရောင်ခြည် လှိုင်းအလျားများဖြင့် လေ့လာခဲ့သည်။

စကြာနှင့်ဆင်တူသော ခရုပတ်ခွေပုံရှိ ဂလက်ဆီများသည် မြင်နေကျ ဂလက်ဆီများဖြစ်ပြီး ကျွန်ုပ်တို့၏ ဂလက်ဆီသည်လည်း ထိုအထဲက တစ်ခုဖြစ်သည်။

စူးစမ်းရှာဖွေမှုအသစ်များသည် ဂျိမ်းဝက်ဘ်၏ NIR ကင်မရာနှင့် MIRI ကင်မရာတို့က ရိုက်ကူးသော ပုံများမှ ရရှိလာခြင်းဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် ကြယ် ၁၀၀,၀၀၀ ပါသော အစုအဝေးများနှင့် ကြယ်အစင်းပေါင်း သန်းချီသို့မဟုတ် ဘီလျံချီရှိသော ပုံများကို မြင်ရသည်။

“အဲဒီအချက်အလက်တွေဟာ အရေးကြီးပါတယ်။ ကြယ်ဖြစ်ပေါ်ပုံရဲ့အစောဆုံးအဆင့်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို အမြင်သစ်တေ ွရစေပါတယ်”ဟု ပုံများကို လေ့လာသည့်အဖွဲ့အား ဦးဆောင်သော သော မက်စ်ဝီလျှံက ပြောသည်။ သောမက်စ်ဝီလျှံသည် အောက်စဖို့ဒ် တက္ကသိုလ်က နက္ခတ္တဗေဒပညာရှင် ဖြစ်သည်။

“ကြယ်တွေဟာ မြင်နိုင်တဲ့ လှိုင်းအလျားရှိတဲ့ အလင်းကို လုံးလုံး ပိတ်ဆို့ပစ်လိုက်တဲ့ ဖုန်တိမ်ထု တွေရဲ့အနက်ဆုံးနေရာမှာ မွေးဖွားတာဖြစ်ပါတယ်။ လှိုင်းအလျားတွေကို ဖမ်းယူတဲ့ ဟာဘဲလ်တယ်လီစကုပ်မှာ မမြင်ရပေမယ့်လည်း အဲဒီတိမ်တွေဟာ ဂျိမ်းဝက်ဘ်တယ်လီစကုပ်ရဲ့ကင်မရာတွေက ရိုက်ယူတဲ့ လှိုင်းအလျားတွေမှာ လင်းနေပါတယ်။ ဒီအဆင့်ကို ကျွန်တော်တို့ များများစားစားမသိပါဘူး။ ဒီအဆင့်ဟာ ဘယ်လောက်ကြာကြာ ဖြစ်သလဲဆိုတာကိုတောင် ကျွန်တော်တို့ မသိကြပါဘူး။ ဒီတော့ကာ ဂလက်ဆီထဲက ကြယ်တွေဟာ အသက်ဘယ်လို စသလဲဆိုတာကို နားလည်ဖို့အတွက် အဲဒီအချက်အလက်တွေဟာ အရေး ပါနေပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ခရုခွေပုံရှိသော ဂလက်ဆီများ၏ တစ်ဝက်သည် အဖြောင့်တည်ဆောက်ပုံရှိပြီး ၎င်းတည်ဆောက်ပုံကို ဘားတန်းဟု ခေါ်သည်။ အဆိုပါ ဘားတန်းသည် နွယ်ပုံအရစ်ရစ်ထနေသော လက်မောင်းတံများ ချိတ် ဆက်နေသည့် ဂလက်ဆီဗဟိုမှ ထွက်လာခြင်းဖြစ်သည်။

“အများအားဖြင့် ယူဆထားတာကတော့ ဂလက်ဆီတွေဟာ ကပြောင်းကပြန် ဖြစ်လာတာဖြစ်တယ်လို့ ယူဆထားတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့သက်တမ်းအတွင်းမှာ သူတို့ဟာ ပိုကြီးသည်ထက် ကြီးလာကြတာဖြစ်ပါတယ်။ လိမ်နေတဲ့ လက်မောင်းတံတွေဟာ ကြယ်တွေထဲမှာ ဖြစ်ပေါ်လာမယ့် ဓာတ် ငွေ့တွေကို သိမ်းကျူံးဖယ်ရှားပစ်လိုက်ပါတယ်။ ဘားတန်းတွေကတော့ အဲဒီဓာတ်ငွေ့တွေကို ဂလက်ဆီရဲ့ ဗဟို တွင်းနက်ဆီကို တွန်းပို့ပစ်ပါတယ်”ဟု ဝီလျှံက ပြောသည်။

ယခုထုတ်ပြန်လိုက်သော ဂလက်ဆီပုံ ၁၉ ပုံသည် ဖုန်တိမ်တိုက်များ၊ ဓာတ်ငွေ့များ၏ဖွဲ့စည်းပုံကို သိပ္ပံပညာရှင်များ ပထမဆုံးအကြိမ် နားလည်လာစေသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleပါလက်စတိုင်းသိုးထိန်းများကို ဒုက္ခပေးနေသော အစ္စရေးရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်သူများ
Next Article အမေရိကန်နှင့် တရုတ်အကြား အငြင်းပွားစေခဲ့သည့် Volt Typhoon ဟက်ကာအဖွဲ့
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.