Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Thursday, May 22
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Global Anti-epidemic 0 Views

ဆိုမာလီယာတွင် ကာလဝမ်းရောဂါကူးစက်မှု မြင့်တက်နေကြောင်း IRC သတိပေး

February 4, 20241 Min Read
Share
Facebook Twitter

ဆိုမာလီယာနိုင်ငံတွင် အယ်နီညိုဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ၊ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအလယ်ပိုင်း ဟီရာအန်ဒေသတွင် ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှုများ လျင်မြန်စွာမြင့်တက်နေသည့်အပေါ်နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ(IRC)က သတိပေးခဲ့သည်။

ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှုသည် ဆိုးရွားသော ပြည်သူ့ကျန်းမာရေးအကျပ်အတည်းတစ်ရပ်ကို ဖြစ်ပေါ်စေပြီး ကူးစက်ခံရသူအများစုသည် ပြင်းထန်ကာခုခံအားနည်းသည့်လူထုအပေါ် သက်ရောက်မှုရှိနေသည်ဟုဆိုသည်။ ကူးစက်ခံရသူ ၉၈၀ ၏ ၅၅ ရာခိုင်နှုန်းကျော်သည် အသက်ငါးနှစ်အောက် ကလေးများဖြစ်သည်။

၂၀၂၄ ခုနှစ်ဇန်နဝါရီလကတည်းကဆို မာလီယာရှိ ခရိုင်အများအပြားတွင်ကာလဝမ်းရောဂါကူးစက်မှုများ သိသိသာသာကြုံတွေ့ခဲ့သည်။ဇန်နဝါရီတွင် ကာလဝမ်းရောဂါကူးစက်မှုဖြစ်စဉ်များ၏ ထက်ဝက်ကျော်သည် ဟီရာရန်ဒေသမှဖြစ်သည်။ယင်းနောက်ရောဂါသည်ဒေသတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။

ရောဂါကူးစက်ခံရသူများ၏ ပြင်းထန်အခြေအနေများသည် နောက်ထပ်ရောဂါကူးစက်မှုများကို ဟန့်တားနိုင်ရန်အတွက်ချက်ချင်းအရေးတယူဆောင်ရွက်ကြရန် တောင်းဆိုမှုများရှိလာခဲ့သည်။ ကာလဝမ်းရောဂါကူးစက်နေသည့်ဒေသများတွင် အရေးတယူတုံ့ပြန်ဆောင်ရွက်မှုများကို ချက်ချင်းအရှိန်မြှင့် တင်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေရရှိရေးအတွက် အမျိုးသားကာလဝမ်းရောဂါလုပ်ငန်းတာဝန်အဖွဲ့ကို စတင်လုပ်ဆောင်စေခဲ့သည်။

ဆိုမာလီပြည်သူများသည် မကြာသေးမီက ရေကြီးမှုများ၏သက်ရောက်မှုကြောင့် အကျပ်အတည်းနှင့်ကြုံတွေ့နေရပြီးဖြစ်ကာ မိသားစုပေါင်းထောင်ချီရေဘေးသင့်ခဲ့ကြပြီး လယ်ယာမြေများပျက်စီးခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် သံသယဖြစ်ဖွယ်ကာလဝမ်းရောဂါကူးစက်မှုဖြစ်စဉ်သည် ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

“IRC အနေနဲ့ မိတ်ဖက်တွေနဲ့ပူးပေါင်းပြီး ဟီရာရန်ဒေသတစ်ဝန်းရှိ ပြည်သူများကို ဆေးဝါးကုသမှုထောက်ပံ့တာတွေ၊သန့်ရှင်းတဲ့သောက်သုံးရေ ထောက်ပံ့ပေးတာတွေနဲ့ သင့်လျော်သောမိလ္လာစနစ်ရရှိရေး တို့အတွက် မပင်မပန်းကြိုးပမ်း လုပ်ဆောင်ပေးနေပါတယ်။ အယ်နီညိုမိုးရွာသွန်မှုကြောင့်ရေကြီးမှုဖြစ်ပွားပြီး မြစ်ရေလျှံတဲ့အတွက် ဒီဒေသဟာ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေနဲ့ အလှမ်းဝေးကွာသွားခဲ့ပါတယ်။ ရေဘေးသင့်မိသားစုတွေကလည်း ကုန်းမြင့်နေရာတွေကို ပြောင်းရွှေ့သွားကြတဲ့အတွက် လူအုပ်စုလိုက်ရွှေ့ပြောင်းမှုကြီး ဖြစ်ခဲ့ပါတယ်။လက်ရှိ မိုးရွာတာရပ်သွားတဲ့အခါပြင် ပနေရာတွေကနေ ရွာထဲကိုရောက်ဖို့ဆိုတာ အရမ်းခက်ခဲသွားပါတယ်”ဟုIRC ဆိုမာလီယာနိုင်ငံဆိုင်ရာဒါရိုက်တာ ရစ်ချတ်ခရော့ သာက ပြောကြားခဲ့သည်။

ကာလဝမ်းရောဂါသည် ဆိုးရွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေတတ်သည့် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး သန့်ရှင်းမှုမရှိသည့် သောက်သုံးရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။

ထိုရောဂါသည် ဆင်းရဲမွဲတေမှု၊ သန့်ရှင်းသည့် သောက်သုံးရေမရရှိမှုအခြေအနေများနှင့် ဆက်နွှယ်လျက်ရှိသည်။

ကာလဝမ်းရောဂါသည် ဖွံ့ဖြိုးပြီးနိုင်ငံများအပေါ် သက်ရောက်မှုအနည်းငယ်သာရှိခဲ့သည်ဟုလည်း WHO က ပြောကြားခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleရတနာတောင် ဝင်းစိန်တောရ ဆရာတော်ဘုရားကြီး ၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ပူဇော်ပွဲ သို့ ဘုရားဖူးပြည်သူ အများအပြား လာရောက်
Next Article တရားမျှတမှုကို မျှော်လင့်နေကြသည့် တူရကီငလျင်ဒဏ်မှ အသက်ရှင်ကျန်ရစ်သူများ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.