Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Thursday, June 12
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Boxing 2 Views

အောင်လအန်ဆန်နှင့် ONE Championship တို့ ချုပ်ဆိုထားသည့် စာချုပ်သစ်မှာ ၆ ပွဲဖြစ်ပြီး ၁၂ လအတွင်း ၃ ပွဲထိုးသတ်ခွင့်ပေးရမည်

February 5, 20241 Min Read
Share
Facebook Twitter

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်နှင့် ONE Championship တို့ ချုပ်ဆိုထားသည့် စာချုပ်သစ်မှာ ၆ ပွဲဖြစ်ပြီး ၁၂ လအတွင်း ၃ ပွဲထိုးသတ်ခွင့်ပေးရမည့်အချက်ပါဝင်ကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ONE Championship တို့ အကြား စာချုပ်သက်တမ်းတိုးရေးကိစ္စရပ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် ONE 165 ပြိုင်ပွဲအပြီးတွင် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ယင်းပြိုင်ပွဲတွင် Sportskeeda MMA Originals မီဒီယာမှ ဂျာနယ်လစ်ဖြစ်သူ Nick Atkin နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် စာချုပ်ကိစ္စရပ်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်က ”စာချုပ်ကိစ္စရပ်က ကြန့်ကြာမှုတွေဖြစ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အခူကတော့ သတင်းကောင်းပါ။ ကျွန်တော်က ဒီမှာ(ONE Championship) ကာလအကြာကြီး ကစားခဲ့တဲ့သူဆိုတော့ အခုလို ပြန်လက်တွဲခွင့်ရတဲ့အ ပေါ် ဝမ်းသာရပါတယ်။ ကျွန်တော် ခင်ဗျားကို ကတိပေးနိုင်တာက ကျွန်တော့်ရဲ့ ချန်ပီယံခါးပတ်ကို ပြန်ရယူဖို့ ဘယ်ဖိုက်တာနဲ့မဆို ရင်ဆိုင်ဖို့အသင့်ပါပဲ။ စာချုပ်ထဲမှာ သဘောတူညီမှုနဲ့ ထည့်သွင်းထားတဲ့အချက်တွေက လာမယ့်လအနည်းငယ်အတွင်းမှာ ကျွန်တော့်ကို ပွဲပေးရမယ်။ ၁၂ လအတွင်း ၃ ပွဲထိုးသတ်ခွင့် ပေးရမယ်။ စာချုပ်က ၆ ပွဲပါ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် သူ၏ အနီးစပ်ဆုံးပွဲနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောဆိုသွားခြင်းမရှိသော်လည်း လာမည့်လအနည်းငယ်အတွင်း သူ၏ပွဲကို မြင်တွေ့ရလိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ONE မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်လုပွဲအဖြစ် လာမည့်မတ် ၁ ရက်တွင် လက်ရှိချန်ပီယံ ဒီရစ်ဒါနှင့် စိန်ခေါ်သူ မာလီခင်တို့၏ပွဲကို ကာတာနိုင်ငံတွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။

အောင်လအန်ဆန်သည် ONE Championship နှင့် စာချုပ်ကိစ္စရပ်အတွက် သဘောတူညီမှုမရမီက လာမည့် ဧပြီတွင် ၎င်း၏ပွဲကိုမြင်တွေ့ရမည်ဟု ပြောကြားထားသည်။

ထို့ကြောင့် အောင်လအန်ဆန်သည် ဒီရစ်ဒါနှင့် မာလီခင်တို့၏ ONE မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်လုပွဲမှ အနိုင်ရရှိသူကို စိန်ခေါ်ခွင့်ရရန် မျှော်လင့်ဖွယ်ရှိနေသည်။

အောင်လအန်ဆန်နှင့် ONE Championship တို့၏ စာချုပ်သက်တမ်းမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီကတည်းက ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ONE Championship နှင့် လက်တွဲခဲ့စဉ်အတွင်း MMA ပွဲပေါင်း (၁၉) ပွဲ ထိုးသတ်ခဲ့ရာ (၁၅) ပွဲနိုင်၊ (၄) ပွဲရှုံးနိမ့်ခဲ့ပြီး လိုက်ဟဲဗီးဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်းတို့၏ ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။

အောင်လအန်ဆန်သည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလအတွင်းက အမေရိကန်နိုင်ငံတွင် တရုတ်ဖိုက်တာ ဖန်ယုံနှင့် ထိုးသတ်ခဲ့ပြီး ဒုတိယအချီတွင် ချုပ်ကွက်ဖြင့် အနိုင်ရထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဝုလ်ဗ်အသင်းအား ထပ်မံရှုံးနိမ့်ခြင်းအတွက် မိမိအပြင် ကစားသမားများလည်း တာဝန်ရှိကြောင်းနှင့် ရာထူးတွင်ဆက်ရှိနေရန် မသေချာတော့ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနို ဝန်ခံ
Next Article ဇန်နဝါရီလအတွင်းက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား နှစ်သိန်းကျော် လာရောက်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.