Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တပ်မတော်အနေဖြင့် သဘောတူထားပြီး ပြင်ဆင်သင့်ဥပဒေများကို လွှတ်တော်လမ်းကြောင်းဖြင့် ပြင်ဆင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် သဘောတူညီထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည်ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသောကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ ရသည်များရှိသော်လည်း မလုပ်သည့်အတွက် အချို့နေရာများတွင် အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးကတည်းက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများသည် ယခုအချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင်သာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း လိုလားချက်များကို အကြမ်းဖက်သည့်လမ်းစဉ်ဖြင့် လက်နက်ကိုင်၍ တောင်းဆို၍မရဘဲ ဥပဒေအရသာ တောင်းဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး နည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ…
၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျုံးဝင်သူဦးရေ ၁၃ သန်းနီးပါးရှိပြီး အားလုံးစစ်မှုထမ်းရမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးတင်ပြရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “ဒီနေရာမှာ ကျွန်တော်တို့မိဘပြည်သူများကို ထပ်မံပြီးအသိပေး လိုတာက ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်မယ့်၊ အကျုံးဝင်နိုင်တဲ့ လူဦးရေ၊ အကျုံးဝင်နိုင်တဲ့ လူဦးရေဆိုတာက အမျိုးသား ၆ ဒဿမ ၃ သန်း၊ အမျိုးသမီး ၇ ဒဿမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါး ရှိပါတယ်။ အဲဒီတော့ အဲဒီ ၁၃ သန်းလုံးကို တစ်ပြိုင်နက်တည်း စစ်မှုထမ်းဆောင်စေမှာလား၊ မဟုတ်ပါဘူး။ အကျုံးဝင်တာပဲ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီစစ်မှုထမ်းဆောင်စေတယ် ဆိုတဲ့အထဲမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်တဲ့ သူရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပါပြီးသားဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ ပြည်သူ့စစ်မှုထမ်းဥပေဒေကို ပြဋ္ဌာန်းခြင်းသည် ပြည်တွင်းပြည်ပ ဘေးအန္တရာယ်ဆိုခြင်းထက် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိခြင်းကြောင့် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ခုနပြောတဲ့ လူဦးရေ ၁၃ သန်းပေါ့နော် အမျိုးသား ၆ ဒဿမ ၃ သန်း၊ အမျိုးသမီး ၇ ဒဿမ ၇ သန်းထဲမှာ အမျိုးသမီးတွေကို ထည့်မတွက်နဲ့ဦး၊ အမျိုးသားတွေပဲထည့်တွက်ဦး၊ အမျိုးသားတွေပဲထည့်တွက်ရင် ဒီ ၆…
ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကို စတင်ခေါ်ယူပြီး Online စနစ်ဖြင့် မတ် ၄ ရက်မှ ၁၀ ရက်အတွင်း လျှောက်လွှာတင်ရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သတင်းထုတ်ပြန်သည်။ ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ( EPS-TOPIK )ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ဧပြီ ၁၇ ရက်တွင် ကြေညာမည်ဖြစ်ကာ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ( EPS-TOPIK )ကျင်းပခြင်းကို ဧပြီ ၂၄ ရက်မှ မေ ၁၀ ရက်အထိ တစ်ကြိမ် ၊ မေ ၂၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ တစ်ကြိမ် ပြုလုပ်မည်ဖြစ်ပြီး စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်းကို မေ ၁၇ ရက်မှ သြဂုတ် ၅ ရက်အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဖြေဆိုသူဦးရေအပေါ်မူတည်ပြီး အချိန်ဇယားများ ပြောင်းလဲနိုင်ကြောင်း သိရသည်။ Online စနစ်ဖြင့် လျှောက်လွှာတင်သွင်းရာတွင် နိုင်ငံကူးလက်မှတ်အမျိုးအစား(PV/PJ/…)နှင့် သက်တမ်းကန့်သတ်ခြင်းမရှိဘဲ လျှောက်လွှာတင်သွင်းနိုင်ကာ စာမေးပွဲအောင်စာရင်းထွက်ပြီး အလုပ်လျှောက်လွှာတင်သွင်းရာတွင် နိုင်ငံကူးလက်မှတ်အမျိုးအစား Passport for job(PJ)ဖြင့်သာ လျှောက်လွှာလက်ခံမည်ဖြစ်ကြောင်း၊ အသက်ကန့်သတ်ချက်မှာ အသက် ၁၈ နှစ်မှ ၃၉ နှစ်အတွင်းဖြစ်ကြောင်း သိရသည်။ စာမေးပွဲဖြေဆိုရာတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်သည် အလုပ်လုပ်ကိုင်လိုသူ၏ ကိုရီးယားဘာသာစကားကျွမ်းကျင်မှု၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့် အတွေ့အကြုံများပါစစ်ဆေးခြင်းမည်ဖြစ်ပြီး အထူးသဖြင့် မျက်စိအရောင်ခွဲခြားနိုင်မှုမရှိခြင်းနှင့် ကိုယ်လက်အင်္ဂါချို့ယွင်းချက် တစ်ခုခုရှိနေခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အခြေအနေမျိုးတို့သည် စာမေးပွဲအောင်မြင်ခွင့်ရရှိမည်မဟုတ်ကြောင်း ၊ ၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် သတ္တမအကြိမ်မြောက် အမှတ်ပေးစနစ်ဖြင့်…
လာလီဂါထိပ်တန်းကလပ်အသင်းကြီး တစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ပြင်သစ်ကလပ် PSG အသင်း၏ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ကီလီယန်အမ်ဘာပေအား ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်သော်လည်း ဘာပေ၏ မိခင်ဖြစ်သူနှင့် ညှိနှိုင်းမှုအဆင်မပြေ ဖြစ်နေသဖြင့် အခက်တွေ့လျက်ရှိသည်ဟုု သိရှိရသည်။ ဘာပေသည် PSG အသင်းနှင့် ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ အခြားကလပ်အသင်းများနှင့် တရားဝင်ဆွေးနွေးခွင့်ရရှိနေပြီဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ရန် တစ်ပတ်အတွင်း ကြေညာနိုင်လိမ့်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။ ဘာပေကိုယ်တိုင်က ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားလိုနေသလို မိခင်ဖြစ်သူကလည်း သားဖြစ်သူ၏ သဘောထားကိုလိုက်လျောလိုနေသည်။ သို့ရာတွင် ဘာပေအတွက် ရီးယဲလ်မက်ဒရစ်အသင်းနှင့် သဘောတူညီမှုရယူရန် ကြိုးစားရာတွင်မူ လက်ခံရန်ခက်ခဲသည့် အခြေအနေများ ပါရှိနေပြီး ရီးယဲလ်မက်ဒရစ်အသင်း၏ ကနဦးကမ်းလှမ်းမှုအားလုံးကို ဘာပေ၏ မိခင်က ငြင်းဆန်ထားသည်။ ယင်းအတွက်ကြောင့် သဘောတူညီမှု ရရှိကြောင်း ကြေညာချက်ထုတ်ပြန်ရန်မှာ အချိန်ကြာမြင့်ဖွယ်ရှိနေကြောင်း သိရသည်။ ယင်းအတွက် PSG အသင်းသည် အသင်းနှင့်လမ်းခွဲရန်နီးစပ်နေသည့် ဘာပေကို တန်ဖိုးကြီးမားသည့် (၂)နှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းထားကြောင်း သိရသည်။ PSG အသင်းသည် ဘာပေကို (၂)နှစ်သက်တမ်းစာချုပ်အတွက် ပေါင်(၁၃၆)သန်းအထိ ပေးချေသွားရန် ကမ်းလှမ်းထားကြောင်းလည်း စပိန်သတင်းစာ AS က ဖော်ပြခဲ့သည်။
နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ပေါလ်မာဆင်က မန်ယူအသင်းမှ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းသည် စူပါစတားဖြစ်လာမည့်သူဟု ချီးကျူးပြောကြားခဲ့သည်။ ဟွိုင်လန်းသည် ခရစ္စမတ်မတိုင်မီအထိ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်တွင် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်(၅)ပွဲဆက် ဂိုးသွင်းယူထားနိုင်ပြီဖြစ်သည်။ ဟွိုင်လန်းသည် မန်ယူအသင်း၏ နောက်ဆုံး ၅ ပွဲဖြစ်သည့် အက်စတွန်ဗီလာ (အိမ်) ၊ စပါး ၊ ဝုလ်ဗ် ၊ ဝက်စ်ဟမ်း နှင့် အက်စတွန်ဗီလာ (အဝေး) ပွဲစဉ်များတွင် ဂိုးများဆက်တိုက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပေါလ်မာဆင်က “သူ့ကို ကျွန်တော် သဘောကျပါတယ်။ သူက စူပါ စတားဖြစ်လာမယ်လို့လည်း ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးသည့် ဟွိုင်လန်းသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ကစားကာ ၁၁ ဂိုးသွင်းယူပေးထားသည်။
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုသည် ခရစ္စတယ်ပဲလေ့စ်အသင်းအား အဝေးကွင်း၌ (၃-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် သူ၏အနာဂတ်နှင့်ပတ်သက်သည့် ကောလာဟလသတင်းများအပေါ် ဂရုစိုက်နေမည် မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ယင်းပွဲတွင် ပဲလေ့စ်အသင်းမှ လယ်မာ(၃၀ မိနစ်)၏သွင်းဂိုးကြောင့် နောက်မှလိုက်ကစားခဲ့ရသော်လည်း ၄၇ မိနစ်တွင် ဂယ်လာဂါက ချေပဂိုး သွင်းယူပြီး (၉၀+၁)မိနစ်တွင် ဂယ်လာဂါက ဒုတိယဂိုး၊ (၉၀+၄)မိနစ်တွင် အန်ဇိုဖာနန် ဒက်ဇ်က တတိယဂိုး သွင်းယူခဲ့သဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းအနေဖြင့် လီဗာပူးလ်၊ ဝုလ်ဗ်အသင်းအား ပရီးမီးယားလိဂ်နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ရာမှ နိုင်ပွဲပြန်ရခဲ့ပြီး ပြိုင်ပွဲစုံတွင် နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။ “ကောလာဟလတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ ဖိအားတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ သောကဖိစီးမှုတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ အမှန်တရားကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ကိုယ့်အလုပ် ကိုယ်ပဲ ကျွန်တော်တို့ ဆက်လုပ်သွားမှာပါ” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။ ထို့ပြင် ပိုချက်တီနိုသည် ပဲလေ့စ်နှင့်ပွဲတွင် အသင်းအတွက် အရေးပါသောဂိုးနှစ်ဂိုး သွင်းယူပေးခဲ့သည့် ဂယ်လာဂါကိုလည်း ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။ “သူဟာ အသင်းအတွက် လုံးဝစိတ်နှစ်မြှုပ်ထားတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော် ယူဆပါတယ်။ အနေအထားတိုင်းမှာ သူဟာ အစားထိုးနိုင်ဖို့ အမြဲတမ်းကြိုးစားနေပါတယ်။ တိုက်စစ်၊ ခံစစ် နှစ်ခုစလုံးမှာပေါ့။ သူ့လိုကစားသမားတစ်ယောက် ရှိတာဟာ တန်ဖိုးဖြတ်လို့မရပါဘူး”ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။ ဂယ်လာဂါကလည်း နည်းပြအတွက် နေရာစုံကစားပေးမည်ဟု ဖွင့်ဟခဲ့သည်။
ရီးယဲလ်အသင်း၏နည်းပြ အန်ဆယ်လော့တီက ချန်ပီယံလိဂ်ပြိုင်ပွဲသည် ရီးယဲလ်အသင်းအတွက် သမိုင်းကြောင်းအရ အရေးအကြီးဆုံးပြိုင်ပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရီးယဲလ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်၌ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းနှင့် ဆုံတွေ့နေပြီး အင်္ဂါနေ့(ယနေ့)တွင် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းပွဲအတွက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အန်ဆယ်လော့တီက ”ဒီပြိုင်ပွဲအတွက် စိတ်အားထက်သန်မှုကတော့ အမြဲတမ်းမြင့်တက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သမိုင်းကြောင်းအရ ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲက အရေးအကြီးဆုံးပြိုင်ပွဲ ဖြစ်နေတာကြောင့်ပါပဲ။ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် အမြဲတမ်းပစ်မှတ်ထားယှဉ်ပြိုင်နေတာပါ”ဟု ပြောကြားခဲ့သည်။ ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆုဖလားကို (၁၄)ကြိမ်အထိ ရရှိထားသည်။ အဆိုပါအရေအတွက်မှာ ဒုတိယအအောင်မြင်ဆုံးဖြစ်သည့် အေစီမီလန်အသင်း(၇ ကြိမ်)ထက် နှစ်ဆအထိ အသာရနေသော ပမာဏလည်းဖြစ်သည်။ ရီးယဲလ်အသင်းသည် ယခုရာသီ၌ ချန်ပီယံဆုအတွက် ရေပန်းစားမှုတွင် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်တို့၏နောက် တတိယနေရာသို့ ရောက်ရှိနေသော်လည်း အကောင်းဆုံးစွမ်းဆောင်ပြရန် အသင့်ရှိနေသည်ဟုလည်း အန်ဆယ်လော့တီက ဆိုခဲ့သည်။ ”ဒီပြိုင်ပွဲက ကျွန်တော်တို့ အရမ်းသဘောကျတဲ့ပြိုင်ပွဲဖြစ်ပြီး အမြဲတမ်းလည်း စိတ်လှုပ်ရှားပါတယ်။ ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ အရမ်းကောင်းမွန်နေတယ်ဆိုတာ ပြသသွားဖို့ အသင့်ဖြစ်နေပါတယ်”ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။ ရီးယဲလ်အသင်း၏ကွင်းလယ်ကစားသမား တိုနီကရို့စ်ကလည်း ”ရှုံးထွက်အဆင့်တွေ က အမြဲတမ်းခက်ခဲတတ်ပါတယ်။ ပြိုင်ဘက်ကောင်းတွေ စောင့်ကြိုနေမှာကိုလည်း သိထားပါတယ်။ ကျွန်တော်တို့ ဒီအဆင့်မှာ ရှုံးနိမ့်မှုတွေလည်း ကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ကြီးမားတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရမှာကိုလည်း မျှော်လင့်ထားရပါမယ်”ဟု ပြောကြားခဲ့သည်။
အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသနှင့် သိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသနှစ်ခုစလုံး၏ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲက ဖေဖော်ဝါရီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကသာ ယင်းအလားအလာကို တိုးတက်စေလိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။ “စစ်ပွဲဆက်ပြီး ဖြစ်ပွားနေသရွေ့ ပါလက်စတိုင်းရဲ့ သေရေးရှင်ရေးတမျှဖြစ်နေတဲ့ စီးပွားရေးအလားအလာဟာ ပိုပြီးဆိုးရွားနေမှာဖြစ်တယ်”ဟု IMF ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ္စတာလီနာ ဂျော်ဂျီဗာက ဒူဘိုင်းတွင်ပြုလုပ်သည့် ကမ္ဘာ့အစိုးရများ၏ ထိပ်သီးညီလာခံ၌ ပြောကြားခဲ့သည်။ “စစ်ပွဲရဲ့ သက်ရောက်မှုဟာ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေတယ်”ဟု ဂျော်ဂျီဗာက ဆိုသည်။ စစ်ဒဏ်ကြောင့် အကြီးအကျယ်ပျက်စီးနေသည့် ဂါဇာကမ်းမြောင်ဒေသ၌ စီးပွားရေးဆိုင်ရာ လည်ပတ်မှုများသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလတာအတွင်း ၈၀ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု IMF အကြီးအကဲက ပြောကြားသည်။ အနောက်ဘက်ကမ်းဒေသတွင်လည်း စီးပွားရေးဆိုင်ရာလည်ပတ်မှုများသည် ၂၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ၎င်းက ထပ်မံပြောကြားသည်။ အနောက်ဘက်ကမ်း ဒေသတွင် အစ္စရေးက အလုပ်ပါမစ် ၁၃၀,၀၀၀ ကို ရုပ်သိမ်းခဲ့ခြင်း၊ စစ်ဆေးရေးဂိတ်များ ထပ်တိုးလာခြင်းကြောင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍကို အကြီးအကျယ် ထိခိုက်ခြင်း၊ ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ဆုံးရှုံးမှုများဖြစ်ပေါ်ခြင်း၊ ဂါဇာဒေသကို ပြင်ပနှင့် အဆက်အသွယ်ဖြတ်တောက်ထားခြင်းတို့ကြောင့် အကြီးအကျယ်အထိနာခဲ့သည်။ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဟားမာ့စ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းအား လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာဒေသကို လေးလကျော်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ ဟားမာ့စ်လက်နက်ကိုင်အဖွဲ့၏ မကြုံစဖူး တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်တွင် အရပ်သားအများစု…
အတွဲလိုက် ဒုံးပစ်လောင်ချာထိန်းချုပ်မှု စနစ်သစ်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ကာကွယ်ရေးစွမ်းရည်ဆိုင်ရာ အရည်အသွေးကို အပြောင်းအလဲဖြစ်စေမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားသည်။ မြောက်ကိုရီးယား၏ ကာကွယ်ရေးသိပ္ပံအကယ်ဒမီသည် ပြောင်းအချင်း ၂၄၀ မမရှိသည့် အတွဲလိုက် ဒုံးပစ်လောင်ချာ၏ ပစ်ခတ်ထိန်းချုပ်မှုစနစ်ကို ဖေဖော်ဝါရီ ၁၀ ရက်က အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းဒုံးပစ်လောင်ချာအသစ်ကို ပြန်လည်အကဲဖြတ်မှုများ လုပ်ဆောင်မည်ဖြစ်ပြီး စစ်မြေပြင်တွင် ၎င်း၏အခန်းကဏ္ဍကို တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း KCNA က ဆိုသည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြောက်ကိုရီးယားက တောင်ကိုရီးယားကို ၎င်းတို့၏ အဓိကရန်သူအဖြစ် သတ်မှတ်ကြေညာခဲ့ပြီးပြန်လည်ပေါင်းစည်းရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းထားသည့်ဌာနများကိုလည်း ဖျက်သိမ်းကာ စစ်ဖြစ်လာလျှင် တောင်ကိုရီးယားကို သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ၎င်းတို့ တိုက်ခိုက်ခံရမည်ဆိုလျှင် တောင်ကိုရီးယားကို အဆုံးအထိချေမှုန်းရန် တုံ့ဆိုင်းနေမည်မဟုတ်ဟု ထပ်လောင်းပြောကြားခဲ့ပြီး တောင် ကိုရီးယားသည် မိမိတို့အတွက် အန္တရာယ်အရှိဆုံးနှင့် နံပါတ်တစ်ရန်ဘက်နိုင်ငံဖြစ်ကာ ထာဝရ ရန်သူဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလတွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယား၏ နယ်စပ်ကျွန်းများအနီးသို့ လက်နက်ကြီးကျည်များဖြင့် တရစပ် ပစ်ခတ်ခဲ့သည်။ ထို့အတွက်ကြောင့် တောင်ကိုရီးယားက ကျည်အစစ်သုံးသည့်စစ်ရေးလေ့ကျင့်မှုများ တန်ပြန်ပြုလုပ်ကာ ဒေသခံများကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ရသည်။ ကင်သည် ယခုနှစ်တွင် ခရုစ်ဒုံးကျည် စမ်းသပ်မှုများကို ဆက်တိုက်လုပ်ဆောင်ခြင်း အပါအဝင် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်ခဲ့သည်။ မြောက်ကိုရီးယားသည် ယူကရိန်းကို စစ်ဆင်နွှဲနေသည့် ရုရှာအတွက်…
လက်ယာစွန်း ရီပတ်ဘလီကင်တို့က အမေရိကန်၏ပြည်ပအကူအညီ ဥပဒေကြမ်းကို ဥပဒေတစ်ရပ်ဖြစ်လာစေရေးအတွက် ပိတ်ဆို့ကောင်း ပိတ်ဆို့ထားဖွယ်ရှိသော်လည်း ယူကရိန်းအတွက် အမေရိကန် ဒေါ်လာဘီလျံ ၆ဝပါသော ပြည်ပအကူအညီ ဥပဒေကြမ်းသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် အရေးပါသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာမဲခွဲ အတည်ပြုခြင်းခံခဲ့ရသည်။ အထက်လွှတ်တော်အမတ်များသည် လုပ်ထုံးလုပ်နည်းဆိုင်ရာအဆိုတစ်ရက်ကို ထောက်ခံမဲ ၆၇ မဲ၊ကန့်ကွက်မဲ ၃၂ မဲဖြင့် ထောက်ခံခဲ့ကြရာ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရေးအတွက် ထောက်ခံမဲ ၆၀ လိုအပ်သည်ဟူသော အတားအဆီးကိုကျော်လွန်ခဲ့သည်။ ထို့အပြင်ဖေဖော်ဝါရီ ၇ ရက်တွင် ယင်းဥပဒေကြမ်းကို ပိတ်ဆို့ခဲ့သော ရီပတ်ဘလီကင်အမတ်များထဲက အမတ် ၁၇ ဦးကထောက်ခံခဲ့သည်ဟု ဆိုသည်။ ယူကရိန်းထောက်ပံ့ငွေဘီလျံ ၆၀ နှင့် အခြားသောအမျိုးသားလုံခြုံရေးကိစ္စများကိုတင်းကျပ်သည့် နယ်စပ်လုံခြုံရေးအစီအမံသစ်များဖြင့် အပေးအယူလုပ်ထားသည့် နှစ်ပါတီဆီးနိတ်သဘောတူညီချက်ကို ရီ ပတ်ဘလီကင်များက ငြင်းပယ်ကြရန်ဖေဖော်ဝါရီ ၅ ရက်တွင် အမေရိကန်သမ္မတ ဟောင်းဒေါ်နယ်ထရန့်က တိုက်တွန်းပြောကြားထားသည်ဟု သိရသည်။ ဂါဇာနှင့်အနောက်ဘက်ကမ်းရှိ အရပ် သားပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၅ ဘီလျံရှိသောလူသားချင်း စာနာမှုအကူအညီလည်း ပါဝင်နေသည်။ သီတင်းပတ်ကုန် ပိတ်ရက်( တနင်္ဂနွေ)တွင် မဲခွဲခြင်းသည် ဆီးနိတ်အတွက် ထူးခြားနေသည်။ ထို့အပြင်မဲခွဲသည့်နေ့ဖြစ်စော ဖေဖော်ဝါ ရီ ၁၁ ရက်သည် အရေးအကြီးဆုံး NFL ချန်ပီယံရှစ်ပွဲနှင့်လည်း တိုက်ဆိုင်နေသည်။ “တနင်္ဂနွေနေ့ Super Bowl ပွဲကစားတဲ့နေ့မှာ ဆီးနိတ်က လွှတ်တော်အစည်းအဝေး နောက်ဆုံးကျင်းပတာကို ကျွန်တော်မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒီဥပဒေကြမ်းကို အတည်ပြုလို့မပြီးမချင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ တစ်ပတ်လုံး ကျွန်တော်ပြောနေခဲ့တာပါ”ဟု…