Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, May 24
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကို စတင်ခေါ်ယူပြီး Online စနစ်ဖြင့် မတ် ၄ ရက်မှ ၁၀ ရက်အတွင်း လျှောက်လွှာတင်ရမည်

February 14, 20242 Mins Read
Share
Facebook Twitter

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကို စတင်ခေါ်ယူပြီး Online စနစ်ဖြင့် မတ် ၄ ရက်မှ ၁၀ ရက်အတွင်း လျှောက်လွှာတင်ရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သတင်းထုတ်ပြန်သည်။

၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ( EPS-TOPIK )ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ဧပြီ ၁၇ ရက်တွင် ကြေညာမည်ဖြစ်ကာ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ( EPS-TOPIK )ကျင်းပခြင်းကို ဧပြီ ၂၄ ရက်မှ မေ ၁၀ ရက်အထိ တစ်ကြိမ် ၊ မေ ၂၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ တစ်ကြိမ် ပြုလုပ်မည်ဖြစ်ပြီး စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်းကို မေ ၁၇ ရက်မှ သြဂုတ် ၅ ရက်အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဖြေဆိုသူဦးရေအပေါ်မူတည်ပြီး အချိန်ဇယားများ ပြောင်းလဲနိုင်ကြောင်း သိရသည်။

Online စနစ်ဖြင့် လျှောက်လွှာတင်သွင်းရာတွင် နိုင်ငံကူးလက်မှတ်အမျိုးအစား(PV/PJ/…)နှင့် သက်တမ်းကန့်သတ်ခြင်းမရှိဘဲ လျှောက်လွှာတင်သွင်းနိုင်ကာ စာမေးပွဲအောင်စာရင်းထွက်ပြီး အလုပ်လျှောက်လွှာတင်သွင်းရာတွင် နိုင်ငံကူးလက်မှတ်အမျိုးအစား Passport for job(PJ)ဖြင့်သာ လျှောက်လွှာလက်ခံမည်ဖြစ်ကြောင်း၊ အသက်ကန့်သတ်ချက်မှာ အသက် ၁၈ နှစ်မှ ၃၉ နှစ်အတွင်းဖြစ်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်သည် အလုပ်လုပ်ကိုင်လိုသူ၏ ကိုရီးယားဘာသာစကားကျွမ်းကျင်မှု၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့် အတွေ့အကြုံများပါစစ်ဆေးခြင်းမည်ဖြစ်ပြီး အထူးသဖြင့် မျက်စိအရောင်ခွဲခြားနိုင်မှုမရှိခြင်းနှင့် ကိုယ်လက်အင်္ဂါချို့ယွင်းချက် တစ်ခုခုရှိနေခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အခြေအနေမျိုးတို့သည် စာမေးပွဲအောင်မြင်ခွင့်ရရှိမည်မဟုတ်ကြောင်း ၊ ၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် သတ္တမအကြိမ်မြောက် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်ဖြင့် ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲတွင် မြန်မာနိုင်ငံမှ လုပ်သားများအား ကိုရီးယားသမ္မတနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်းအတွက် တိုးချဲ့ခေါ်ယူမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းအတွက် ကျား/မ မရွေး ဝင်ရောက် ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်း ၊ ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုမည့် အမျိုးသမီးများ သည် ပညာအရည်အချင်းအနည်းဆုံး အခြေခံပညာအထက်တန်း အောင်မြင်ရမည်ဖြစ်ပြီး (online ဖြင့်လျှောက်ထားရာတွင် အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်းလက်မှတ်တင်ပြရမည်)ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအမျိုးအစားများမှာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်ပြီး ကိုရီးယားဘာသာ အရည်အချင်းစစ်ဆေးခြင်း(EPS-TOPIK)နှင့် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း(Skills Test)တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် ကိုရီးယားဘာသာအရည်အချင်းစစ်ဆေးခြင်း(EPS-TOPIK)အောင်မြင်သူများအားလုံးသည် ဒုတိယ အဆင့်အနေဖြင့် အခြေခံကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်း(Skills Test)ခံယူရမည်ဖြစ်ပြီး ဖြေဆိုသူများရရှိသည့် စုစုပေါင်းရမှတ် အများအနည်းအလိုက် အောင်မြင်မှုနှုန်းသတ်မှတ်ချက်အရ အပြီးသတ်အောင်စာရင်းထုတ် ပြန်မည်ဖြစ်သည်။ (အခြေခံကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်းစာမေးပွဲ လျှောက်ထားဖြေဆိုခြင်းမရှိသူများ အပြီးသတ်အောင်စာရင်းတွင် ပါဝင်မည်မဟုတ်ပါ) အခြေခံကျွမ်းကျင်မှု စမ်းသပ်စစ်ဆေးခံရန် လျှောက်လွှာတင်သွင်းရာတွင် လျှောက်ထားသည့်လုပ်ငန်းနှင့် သက်ဆိုင်သော နိုင်ငံအဆင့်ကျွမ်းကျင်မှုလက်မှတ်အသက်မွေဝမ်းကျောင်း သင်တန်းအောင်လက်မှတ်နှင့် လုပ်ငန်းအတွေ့အကြုံ (တစ်နှစ်နှင့်အထက်)ရှိသူများသည် သက်ဆိုင်ရာအထောက်အထားများ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း၊ ထိုသူများအတွက် လုပ်ကိုင်နိုင်မှုအရည်အသွေး စစ်ဆေးမှုပြုလုပ်မည်ကြောင်း၊ သင်တန်းအောင်လက်မှတ်နှင့် လုပ်ငန်းအတွေ့အကြုံမရှိပါက ပူးတွဲတင်ပြရန်မလိုကြောင်း သိရသည်။

Online စနစ်ဖြင့် လျှောက်လွှာတင်သွင်းရမည့် နည်းလမ်းအသေးစိတ်ကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ Facebook POEA-EPS ၊ ဝန်ကြီးဌာန၏ Website https//www.mol.gov.mm နှင့် Safe Migration Facebook တို့တွင် ထပ်မံကြေညာမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့သည် အမှတ်ပေးစနစ်ဖြင့် နိုင်ငံခြားသား အလုပ်သမားများ ခန့်ထားမှုစနစ် (Point System for Recruitment of Foreign Workers)ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဘာပေအား ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူနိုင်ရန် နီးစပ်နေသော်လည်း ၎င်းင်း၏ မိခင်နှင့် ညှိနှိုင်းမှု အဆင်မပြေသေးသဖြင့် အခက်တွေ့နေ
Next Article ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့ စစ်မှုထမ်းဥပဒေတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျုံးဝင်သူဦးရေ ၁၃ သန်းနီးပါးရှိပြီး အားလုံးစစ်မှုထမ်းရမည် မဟုတ်ဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.