Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, May 20
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
World 0 Views

အတွဲလိုက်ဒုံးပစ်လောင်ချာ ထိန်းချုပ်မှုစနစ်သစ်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ ထုတ်ပြန်

February 12, 20241 Min Read
Share
Facebook Twitter

အတွဲလိုက် ဒုံးပစ်လောင်ချာထိန်းချုပ်မှု စနစ်သစ်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ကာကွယ်ရေးစွမ်းရည်ဆိုင်ရာ အရည်အသွေးကို အပြောင်းအလဲဖြစ်စေမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားသည်။

မြောက်ကိုရီးယား၏ ကာကွယ်ရေးသိပ္ပံအကယ်ဒမီသည် ပြောင်းအချင်း ၂၄၀ မမရှိသည့် အတွဲလိုက် ဒုံးပစ်လောင်ချာ၏ ပစ်ခတ်ထိန်းချုပ်မှုစနစ်ကို ဖေဖော်ဝါရီ ၁၀ ရက်က အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းဒုံးပစ်လောင်ချာအသစ်ကို ပြန်လည်အကဲဖြတ်မှုများ လုပ်ဆောင်မည်ဖြစ်ပြီး စစ်မြေပြင်တွင် ၎င်း၏အခန်းကဏ္ဍကို တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း KCNA က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြောက်ကိုရီးယားက တောင်ကိုရီးယားကို ၎င်းတို့၏ အဓိကရန်သူအဖြစ် သတ်မှတ်ကြေညာခဲ့ပြီးပြန်လည်ပေါင်းစည်းရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းထားသည့်ဌာနများကိုလည်း ဖျက်သိမ်းကာ စစ်ဖြစ်လာလျှင် တောင်ကိုရီးယားကို သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ၎င်းတို့ တိုက်ခိုက်ခံရမည်ဆိုလျှင် တောင်ကိုရီးယားကို အဆုံးအထိချေမှုန်းရန် တုံ့ဆိုင်းနေမည်မဟုတ်ဟု ထပ်လောင်းပြောကြားခဲ့ပြီး တောင် ကိုရီးယားသည် မိမိတို့အတွက် အန္တရာယ်အရှိဆုံးနှင့် နံပါတ်တစ်ရန်ဘက်နိုင်ငံဖြစ်ကာ ထာဝရ ရန်သူဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလတွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယား၏ နယ်စပ်ကျွန်းများအနီးသို့ လက်နက်ကြီးကျည်များဖြင့် တရစပ် ပစ်ခတ်ခဲ့သည်။ ထို့အတွက်ကြောင့် တောင်ကိုရီးယားက ကျည်အစစ်သုံးသည့်စစ်ရေးလေ့ကျင့်မှုများ တန်ပြန်ပြုလုပ်ကာ ဒေသခံများကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ရသည်။

ကင်သည် ယခုနှစ်တွင် ခရုစ်ဒုံးကျည် စမ်းသပ်မှုများကို ဆက်တိုက်လုပ်ဆောင်ခြင်း အပါအဝင် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်ခဲ့သည်။ မြောက်ကိုရီးယားသည် ယူကရိန်းကို စစ်ဆင်နွှဲနေသည့် ရုရှာအတွက် လက်နက်ခဲယမ်းများ ပေးပို့နေဖွယ်ရှိသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကလည်း မြောက်ကိုရီးယားဘက်က စတင်တိုက်ခိုက်မည်ဆိုလျှင် ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု အခိုင်အမာပြောဆိုထားပြီး မြောက်ကိုရီးယားကရန်စလျှင် အရင်တုံ့ပြန်ပြီးမှ သတင်းပို့ရန် ၎င်း၏စစ်တပ်ကို ညွှန်ကြားထားသည်။

မြောက်ကိုရီးယားက ၎င်းတို့၏လက်နက်တီထွင်ထုတ်လုပ်မှု အစီအစဉ်ကို အရှိန်မြင့်တင်ခဲ့ပြီး တောင်ကိုရီးယားကလည်း အမေရိကန်၊ ဂျပန်တို့နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးသည် အကြီးအကျယ် ယိုယွင်းလာခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကိုလည်းရပ်ဆိုင်းခဲ့သည်။

တောင်ကိုရီးယားနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဥပဒေများကို ဖျက်သိမ်းရန် မြောက်ကိုရီးယားလွှတ်တော်က မကြာသေးမီကမဲခွဲဆုံးဖြတ်ခဲ့သည်။ အိမ်နီးချင်းနှစ်နိုင်ငံဆက်ဆံရေးသည် အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleယူကရိန်းအတွက် ဒေါ်လာဘီလျံ ၆၀ ရှိသော အကူအညီ ဥပဒေကြမ်းကို ဆီးနိတ်တွင် လုပ်ထုံးလုပ်နည်းဆိုင်ရာမဲခွဲ အတည်ပြု
Next Article အစ္စရေး-ဟားမာ့စ်စစ်ပွဲကြောင့် ပါလက်စတိုင်း၏ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေခဲ့ဟု IMF အကြီးအကဲ ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.