နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ပေါလ်မာဆင်က မန်ယူအသင်းမှ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းသည် စူပါစတားဖြစ်လာမည့်သူဟု ချီးကျူးပြောကြားခဲ့သည်။
ဟွိုင်လန်းသည် ခရစ္စမတ်မတိုင်မီအထိ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်တွင် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်(၅)ပွဲဆက် ဂိုးသွင်းယူထားနိုင်ပြီဖြစ်သည်။
ဟွိုင်လန်းသည် မန်ယူအသင်း၏ နောက်ဆုံး ၅ ပွဲဖြစ်သည့် အက်စတွန်ဗီလာ (အိမ်) ၊ စပါး ၊ ဝုလ်ဗ် ၊ ဝက်စ်ဟမ်း နှင့် အက်စတွန်ဗီလာ (အဝေး) ပွဲစဉ်များတွင် ဂိုးများဆက်တိုက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပေါလ်မာဆင်က “သူ့ကို ကျွန်တော် သဘောကျပါတယ်။ သူက စူပါ စတားဖြစ်လာမယ်လို့လည်း ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။
အသက် ၂၁ နှစ်အရွယ်သာရှိသေးသည့် ဟွိုင်လန်းသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ကစားကာ ၁၁ ဂိုးသွင်းယူပေးထားသည်။