Author: admin

အခြေခံပြည်သူများ၊ ဝန်ထမ်းမိသားစုများအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှတစ်ဆင့် ဆန်တစ်ပြည် ကျပ် ၃၃၀၀ ဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်း ဖေဖော်ဝါရီ ၁၆ ရက်မှ စတင် ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ပို့ကုန် ကုမ္ပဏီများ၏ပူးပေါင်းပါဝင်မှုဖြင့် ပြည်တွင်း ဆန်စျေးကွက် စျေးနှုန်းတည်ငြိမ်စေရန်နှင့် အခြေခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ သက်သာစွာဖြင့် ဆန်ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်၍ စားသုံးသူများထံသို့ ဝယ်ယူသူတစ်ဦးလျှင် Reasonable Well Milled ၁၅ ရာခိုင်နှုန်း ဆန်ဖြူ ဆန်နှစ်ပြည်နှုန်းကို တစ်ပြည်လျှင် ကျပ် ၃၃၀၀ နှုန်းဖြင့် တိုက်ရိုက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း အလားတူအစီအစဉ်များ ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းစီစဉ်လျက်ရှိကြောင်း သိရသည်။ ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများအတွက် လိုအပ်ချက်ရှိပါက ကုန်စည်ဒိုင်များနှင့် အသင်းချုပ်သို့ တိုက်ရိုက် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း၊ ဆက်သွယ်လိုပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်-ဖုန်း -၀၉၄၀၀၀၇၆၂၆၀၊ ၀ါးတန်းကုန်စည်ဒိုင်- ဖုန်း ၀၁-၈၂၂၁၄၄၈၊ ဘုရင့်နောင်ကုန်စည် ဒိုင်-၀၉၇၆၉၀၂၉၄၂၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More

ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားခြင်းကို တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံမည်ဖြစ်ပြီး တိုကင်စနစ်ဖြင့်သွားမည်ဖြစ်ရာ တိုကင်နံပါတ် အလွဲသုံးစားပြုခြင်းနှင့် တိုကင်အတုအပ ပြုလုပ်ပါက ဗီဇာလျှောက်ထားခွင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ထိုင်းသံရုံးက ထုတ်ပြန်သည်။ လတ်တလောတွင် ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားသူ အရေအတွက် များပြားနေသောကြောင့် တစ်ရက်လျှင် ဗီဇာလျှောက်ထားသူ အရေအတွက် လူဦးရေ ၄၀၀ သာ လက်ခံမည်ဖြစ်ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဗီဇာလျှောက်ထားရာ၌ တန်းစီစနစ်ကို ကျင့်သုံးမည်ဖြစ်ပြီး တိုကင်နံပါတ်အား ရုံးဖွင့်ချိန် မတိုင်မီ နံနက် ၈ နာရီခွဲမှ စတင်၍ ဗီဇာလျှောက်ထားမည့်သူများအား ပေးဝေမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများက ပတ်စ်ပို့နှင့် သေချာစစ်ဆေးပြီး မှန်ကန်မှသာလျှင် ဗီဇာလျှောက်မည့်လူကိုယ်တိုင် တိုကင်ထုတ်ယူပြီး နာမည်စာရင်းရေးမှတ်ရမည်ဖြစ်သောကြောင့် အဆိုပါတိုကင်နံပါတ်ကို တခြားသူထံ လွှဲပြောင်းခြင်း ပြုလုပ်၍ မရကြောင်း ဖော်ပြထားသည်။ တိုကင်နံပါတ်တစ်ခုလျှင် လျှောက်ထားမည့်သူတစ်ဦးအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း၊ အကယ်၍ တိုကင်နံပါတ်အား အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် တိုကင်အတုအပပြုလုပ်သည်ကို တွေ့ရှိပါက ဗီဇာလျှောက်ထားခွင့် ပိတ်ပင်မည်ဖြစ်ပြီး Blacklist ထဲ၌ မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဗီဇာလျှောက်လွှာများအား ရုံးဖွင့်ချိန် နံနက် ၉ နာရီမှ စတင်လက်ခံမည်ဖြစ်ပြီး လျှောက်လွှာမတင်မီ လျှောက်လွှာတင်မည့်သူနှင့် တိုကင်နာမည်စာရင်းပေးထားသူ၏ ပတ်စ်ပို့စ်နှင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးပြီးမှသာ ဗီဇာလျှောက်လွှာများအား လက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဗီဇာကောင်တာတွင် လျှောက်လွှာတင်ပြီးပါက တိုကင်နံပါတ်များအား ဗီဇာကောင်တာရှိ တာဝန်ရှိသူများထံ ပြန်ပေးရမည်ဖြစ်ပြီး ဗီဇာလျှောက်ထားရာ၌ လိုအပ်သော အချက်အလက်များအား QR Code…

Read More

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းအနေဖြင့် ချယ်လ်ဆီးအသင်းနှင့်ကစားမည့်ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် စတန်းဖို့ဒ်ဘရစ်ချ်တွင် (၄-၄) ဂိုးဖြင့် သရေကျခဲ့သည့် ချယ်လ်ဆီးအသင်းကို ဖေဖော်ဝါရီ (၁၇)ရက်တွင် အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။ ဂွါဒီယိုလာက ”အခုအချိန်မှာ ချယ်လ်ဆီးနဲ့ပွဲအတွက် ကျွန်တော်တို့ အာရုံစိုက်နေပါတယ်။ သူတို့ဟာ အက်စတွန်ဗီလာနဲ့ပွဲမှာ တော်တော်လေးကို ကောင်းတာပါ။ အဲဒီပွဲကို ကျွန်တော် TV ကနေ ကြည့်ခဲ့ရပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးနဲ့ပွဲအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ”ဟု ပြောကြားခဲ့သည်။

Read More

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်သည် ဂျော်ဒန်အသင်းအားရှုံးနိမ့်သည့် အာရှဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ တောင်ကိုရီးယားအသင်းဖော်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းကြောင့် လက်ချောင်းရိုးအဆစ်လွဲခဲ့ရကြောင်း ဗြိတိန်မီဒီယာ Daily Mail က ဖော်ပြခဲ့သည်။ ဖေဖော်ဝါရီ (၆) ရက်က ကစားခဲ့သည့် အာရှဖလားဆီမီးဖိုင်နယ်ပွဲစဉ် ဂျော်ဒန် (၂-၀) တောင်ကိုရီးယားပွဲမတိုင်မီ ဖေဖော်ဝါရီ (၅) ရက်က တောင်ကိုရီးယားအသင်း၏ ညစာစားပွဲတွင် ဆွန်ဟောင်မင်နှင့် အသင်းဖော်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယား လူငယ်ကစားသမားများသည် စားပွဲတင်တင်းနစ်ကစားရန်အတွက် ညစာကို အလျင်အမြန်စားခဲ့ကြကြောင်း သိရသည်။ ဆွန်ဟောင်မင်သည် ၎င်းတို့၏လုပ်ရပ်ကို ဒေါသထွက်ကာ PSG တိုက်စစ်ကစားသမား လီကန်အင်နှင့် စတင်ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းနောက် စကားများကြရာမှ ကိုယ်ထိလက်ရောက်ဖြစ်ပွားခဲ့ပြီး ဆွန်ဟောင်မင်၏ ညာဘက်လက်ချောင်း အဆစ်လွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သတင်းအရင်းအမြစ်က ” ပြဿနာက ဗြုန်းစားကြီး ထဖြစ်တာပါ။ လူငယ်ကစားသမားတချို့က စားပွဲတင်တင်းနစ် ကစားဖို့အတွက် ညစာကို အလျင်အမြန်စားကြတယ်။ ကစားသမားတချို့က ဆွန်ဟောင်မင်ကို မလေးမစားပြောပြီး နောက်မှာ ဆွန်ဟောင်မင်က သူတို့ကို စားပွဲဆီ ပြန်လာပြီး ပြန်ထိုင်ဖို့ ပြောတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ကစားသမားတွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပြီး တခြားလူတွေ ဖျန်ဖြေခဲ့ရတယ်။ ဆွန်ဟောင်မင်ကတော့ ဆိုးဆိုးဝါးဝါးဒဏ်ရာရခဲ့တာပါ”ဟု ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ (၆) ရက်က ဂျော်ဒန်အား (၀-၂) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ဆွန်ဟောင်မင်သည် ညာဘက်လက်ညှိုးနှင့် လယ်ခလယ်ကို ပတ်တီးပတ်ကာ ပွဲချိန်ပြည့်ဝင်ရောက်ကစားခဲ့သည်။ ထို့ြ့ပင် ၎င်းသည် ဖေဖော်ဝါရီ (၁၀) ရက်က စပါး (၂-၁) ဘရိုက်တန်ပွဲတွင်လည်း လက်ညှိုးနှင့် လက်ခလယ်ကို…

Read More

PSG တိုက်စစ်မှူး ဘာပေသည် ပြင်သစ်နှင့် အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ၏ခြေရာကိုနင်းနိုင်ရန်အတွက် အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့ကစားလိုနေကြောင်း သတင်းထွက်ပေါ်နေသည်။ အသက် (၂၅) နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဘာပေသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏အနာဂတ်မှာ လှုပ်ခတ်လျက်ရှိနေသည်။ ဘာပေသည် လာမည့် ၂၀၂၄ နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများကျယ်ပြန့်စွာ ထွက်ပေါ်နေသော်လည်း ယခုအချိန်ထိ သဘောတူညီမှုမရသေးကြောင်း သိရှိရသည်။ ယင်းအနေအထားတွင် ဘာပေအနေဖြင့် အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့ကစားလိုနေခြင်းဖြစ်ကြောင်း The Independent ကဖော်ပြခဲ့သည်။ ဘာပေသည် ပြင်သစ်ဂန္ထဝင် တိုက်စစ်မှူး အွန်နရီ၏ခြေရာကိုနင်းနိုင်ရန်အတွက် အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့လိုနေခြင်းလည်းဖြစ်သည်။ အွန်နရီသည် အာဆင်နယ်အသင်းတွင် ၁၉၉၉ မှ ၂၀၀၇ ထိ ကစားခဲ့ပြီး ပွဲ(၃၇၀)တွင် (၂၂၆)ဂိုးသွင်းကာ အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည်။ ဘာပေသည် အွန်နရီကဲ့သို့ မိုနာကိုအသင်းနှင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး အွန်နရီနှင့် နှိုင်းယှဉ်ခံရသူဖြစ်သည်။ ဘာပေအနေဖြင့် အာဆင်နယ်သို့ပြောင်းရွှေ့့လိုသော်လည်း အာဆင်နယ်ဘက်က ခေါ်ယူဖွယ်မရှိကြောင်း သိရသည်။

Read More

ဘာစီလိုနာအသင်းသည် မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန်ပစ်မှတ်ထားနေသည့် အသင်းကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို ပြောင်းရွှေ့ကြေး ပေါင် (၈၅)သန်း (ယူရိုသန်း ၁၀၀) ဈေးနှုန်းသတ်မှတ်ခဲ့ကြောင်း သိရှိရသည်။ ဘာစီလိုနာအသင်းသည် ဒီယွန်းအား ၂၀၂၂ တွင် မန်ယူအသင်းထံသို့ ပေါင်သန်း (၇၀) ဖြင့် ရောင်းချရန် သဘောတူညီခဲ့သော်လည်း ကစားသမားက ငြင်းပယ်ခဲ့ကြောင်း သိရသည်။ ယခုအခါ ဒီယွန်းအား ခေါ်ယူရန် မန်ယူအပြင် ချယ်လ်ဆီးအသင်းကပါ စိတ်ဝင်စားနေကြောင်း သိရသည်။ အသက် (၂၆) နှစ်အရွယ် ရှိ ဒီယွန်းသည် ၂၀၂၅ တွင် ဘာစီလိုနာ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံး မည်။ ထို့ပြင် ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးပြဿနာများကြောင့် ငွေရနိုင်သည့်ကစားသမားများကို ရောင်းဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် ယခုအခါ ဘာစီလိုနာအသင်းသည် ဒီယွန်းကို ဈေးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Read More

Peaky Blinders ဇာတ်လမ်းတွဲတွင် ဂန်းစတား သောမတ်ရှယ်လ်ဘီ ဇာတ်ရုပ်ဖြင့် နာမည်ကျော်ခဲ့သည့် အသက် ၄၇ နှစ်အရွယ်ရှိ မင်းသားခီလီယန်မာဖီက ပရိသတ်နှင့် ဓာတ်ပုံတွဲရိုက်ရသည်ကို မကြိုက်ဟု GQ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖွင့်ဟသွားသည်။ အကောင်းဆုံး ရုံတင်ဇာတ်ကားများနှင့် သရုပ်ဆောင်များကို ရွေးချယ်ဂုဏ်ပြုမည့် ယခုနှစ် အော်စကာဆုပေးပွဲတွင် ခီလီယန်မာဖီ သရုပ်ဆောင်ထားသည့် Oppenheimer ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု ၁၃ ဆု လျာထားခံရသည်။ နျူ ကလီးယားဗုံးတီထွင်သူ ဂျေရောဘတ် အော့ပန်ဟိုင်မာအကြောင်း ရိုက်ထားသည့် ယင်းဇာတ်ကားဖြင့် အဓိကဇာတ်ဆောင် ခီလီယန်မာဖီကိုယ်တိုင်လည်း ဇာတ်ဆောင်မင်းသားဆု လျာထားခံရသည်။ GQ နှင့် လတ်တလောအင်တာဗျူးတွင် ခီလီယန်က အကယ်၍လမ်းတွင် ပရိသတ်များနှင့် ကြုံခဲ့ပါက ၎င်းတို့နှင့်တွဲပြီး ဆယ်လ်ဖီပုံရိုက်ရခြင်းထက် စကားစမြည်ပြောရခြင်းကို ပိုကြိုက်သည်ဟု ပြောသွားသည်။မိမိရောက်နေသည့် နေရာတိုင်း ဓာတ်ပုံဖြင့်မှတ်တမ်းတင်ရန် မလိုဟုလည်း ခီလီယန်က ယူဆသည်။ ခီလီယန်သည် တစ်နှစ်လျှင် ရုပ်ရှင်တစ်ကားသာရိုက်ရန် ဆန္ဒရှိနေသူလည်းဖြစ်သည်။ ရိုက်ကွင်းသွားလိုက်၊ ရုပ်ရှင်ပွဲတော်များ တက်လိုက်၊ ပရိုမိုးရှင်းလုပ်လိုက်နှင့် ဘဝကို သာမန်ဘဝဖြင့် မဖြတ်သန်းနိုင်သည့် နယ်ပယ်တစ်ခုတွင် မနေနိုင်ကြောင်း၊ ထိုဘဝမျိုးက လူသားတစ်ဦးအနေဖြင့် တွေ့ကြုံစရာရှိသည်များကို အလွန်နည်းသွားစေကြောင်း ခီလီယန်က ဆိုသည်။ သရုပ်ဆောင်ဘဝ ၊ အောင်မြင်ကျော် ကြားသည့်ဘဝကို ခီလီယန်က နှစ်သက်ပုံမ ပေါ်ပေ။သတင်းပေးအချို့အဆိုအရ ခီလီယန်သည် အလွန်တသီးတသန့်ဆန်သူ၊ မီဒီယာများနှင့် လူအာရုံစိုက်မှုများကို မုန်းသူဖြစ် သည်။ သို့သော် ၎င်းယုံကြည်ရသည့် မိတ်ဆွေများနှင့် ဆက်ဆံလျှင်မူ အဆင်ပြေပြီး ပျော်ပျော်နေတတ်သည်။ သရုပ်ဆောင်အလုပ်မှ…

Read More

ပထမဆုံးအကြိမ်အဖြစ် စစ်သင်္ဘောဆီမှ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်(IRGC)က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ရေတပ်စစ်ရေးလေ့ကျင့်မှုများတွင် ရှာဟစ်မာဒါဗီ စစ်သင်္ဘောဆီမှ ကီလိုမီတာ ၁,၇၀၀ အကွာရှိ ပစ်မှတ်များကို ပစ်ခတ်ချေမှုန်းနိုင်သည့် ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုပါဝင်ခဲ့ကြောင်း သိရသည်။ “အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဟာ အိုမန်ပင်လယ်ကွေ့မှာ ပဲ့ထိန်းဒုံးကျည်တွေကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့တယ်”ဟု နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ဖော်ပြခဲ့သည်။ “စစ်သင်္ဘောတစ်စင်းကနေ တာဝေးပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်”ဟု IRGC အကြီးအကဲ ဟူစိန်ဆာလာမီက ဆိုသည်။ သီးခြားအနေဖြင့် အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်သည် အစ္စရေး၏ တဲအဗစ်မြို့တောင်ပိုင်းရှိ ပါမာချင်လေတပ်စခန်းကို မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်ဖြင့်တိုက်ခိုက်သည့် သဏ္ဌာန်တူလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်ဟုလည်း နိုင်ငံပိုင်ရုပ်သံက ဖော်ပြသည်။ ပါမာချင်လေတပ်စခန်းသည် အစ္စရေး၏ F-35 ဂျက်တိုက်လေယာဉ်များအတွက် အဓိက အခြေစိုက်စခန်းဖြစ်သည်ဟုလည်း အီရန်ရုပ်သံက ဆိုသည်။ အောက်တိုဘာ ၇ ရက်တွင် အစ္စရေး-ဟားမာ့စ်စစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းဒေသတွင်း၌ တင်းမာမှုများ တစ်ဟုန်ထိုးမြင့်တက်နေစဉ် အီရန်က ယင်းစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Read More

မိုးလေဝသအခြေအနေဆိုးရွားနေခြင်းကြောင့် ယခုသီတင်းပတ်အတွင်း ပစ်လွှတ်ရန်စီစဉ်ထားသော ဂျပန်မျိုးဆက်သစ်အာကာသယာဉ် လွှတ်တင်မှုကိုရွှေ့ဆိုင်းခဲ့သည်ဟု ဖေဖော်ဝါရီ ၁၃ ရက်တွင် ဂျပန်အာကာသအေဂျင်စီက ပြောကြားခဲ့သည်။ ယခင်ကြိုးပမ်းမှု နှစ်ကြိမ်သည် အောင်မြင်မှုမရဖြစ်ခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင်လည်း ဂျပန်က အာကာသယာဉ်ပစ်လွှတ်မှုကို မိုးလေဝသအခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။ H3 အာကာသယာဉ်ကို ဖေဖော်ဝါရီ ၁၃ ရက်တွင် တောင်ပိုင်းတာနီဂါရှီးမားကျွန်းမှ ပစ်လွှတ်ရန် စီစဉ်ထားခဲ့သည်။ လိုက်လျောညီထွေရှိပြီး ကုန်ကျစရိတ်သက်သာသည်ဆိုသော မျိုးဆက်သစ်အာကာသယာဉ်သည် မစ်ရှင်အတွင်းအသေးစားဂြိုဟ်တုနှစ်လုံးကို သယ်ဆောင်သွားမည်ဖြစ်သည်။ မျိုးဆက်သစ်အာကာသယာဉ် သည်အဆိုပါ ဂြိုဟ်တုငယ်နှစ်လုံးကို ကမ္ဘာပတ်လမ်းထဲသို့ ပို့ဆောင်ပေးနိုင်သည်ဆိုခြင်း ကိုသက်သေပြ ရန်ရည်ရွယ်ခြင်းဖြစ်သည်။ “ပစ်လွှတ်မယ့်နေ့မှာ မိုးလေဝသဟာ အခြေအနေဆိုးမယ်လို့ ကျွန်တော်တို့ခန့်မှန်းထားတာကြောင့် အာကာသယာဉ် ပစ်လွှတ်တာကို ကျွန်တော်တို့ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”ဟု ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ(JAXA)က ပြောကြားခဲ့သည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် တစ်ပြိုင်တည်း ပစ်လွှတ်မည့်ရက်စွဲသစ်ကို ကြေညာမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ ဂျပန်သည် လွန်ခဲ့သောလက Moon Sniper ဟုနာမည်ပြောင်ပေးထားသော SLIM အာကာသယာဉ်ကို လမျက်နှာပြင် ပေါ်သို့ဆင်းသက်စေရာတွင် အောင်မြင်မှုရရှိခဲ့သည်။ သို့ရာတွင် အာကာယာဉ်၏ ဆိုလာ ပြားများသည် အမှားအယွင်းများကြုံတွေ့ခဲ့ရသည်။ ယင်းမတိုင်မီက ဂျပန်သည် အာကာသမစ်ရှင်များ၌ မအောင်မြင်မှုများကို ရင်ဆိုင်ခဲ့ရသည်။ အဆိုပါ မအောင်မြင်မှုများထဲတွင် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလတွင် ပထမဆုံး H3 အာကာသာဉ်ပစ်လွှတ်ရန် ကြိုးပမ်းမှု ပါဝင်ခဲ့သည်။ H3 ပစ်လွှတ်မှုသည်နှစ်အတန်ကြာ ကြန့်ကြာမှုများဖြစ်ခဲ့ရပြီးနောက်လောင်စာ တွန်းကန်ပြဿနာဖြစ်ခဲ့သဖြင့် ပစ်လွှတ်မှုကို စွန့်လွှတ်ခဲ့ရသည်။ ထို့နောက် မတ်လထဲတွင် ဒုတိယအကြိမ်ကြိုးစားရာတွင်လည်း ကွပ်ကဲရေးစင်တာက ယင်းအာကာသယာဉ်၏မစ်ရှင် အောင်မြင်မှုမရနိုင်ဟု ကောက်ချက်ချခဲ့ပြီးနောက် အာကာသယာဉ်ကို ဖျက်ဆီးပစ်ရန် ညွှန်ကြားခဲ့ရသည်။…

Read More

ရာထူးသက်တမ်းကုန်ဆုံးတော့မည့် သမ္မတ ဂျိုကိုဝီဒိုဒိုသည် ယခုသီတင်းပတ်ထဲတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်း ပရာဘိုဝိုဆူဘီယန်တို အလေးသာစေရန်အတွက် မဲဆန္ဒရှင်များကို စိုးမိုးခြယ်လှယ်ရန် အာဏာအလွဲသုံးစားလုပ်နေသည်ဟု စွပ်စွဲလျက်ရာနှင့်ချီသည့် အင်ဒိုနီးရှား ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။ လက်ရှိသမ္မတ ဝီဒိုဒိုသည် ၎င်း၏အရိုက်အရာဆက်ခံမည့် သမ္မတလောင်းသုံးဦးအနက် မည်သူ့ကိုထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။ သို့သော် ၎င်းသည် ကာကွယ်ရေးဝန်ကြီးပရာဘိုဝိုနှင့်အတူ လူအများရှေ့မှောက်တွင် ထွက်ပေါ်လာလေ့ရှိကာ ဝီဒိုဒို၏ အကြီးဆုံးသားဖြစ်သူမှာလည်း ဒုသမ္မတလောင်းအဖြစ် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။ ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင်လာမည့်ဖေဖော်ဝါရီ ၁၄ ရက်၌ သမ္မတရွေးကောက်ပွဲနှင့် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများကို ကျင်းပမည်ဖြစ်ကာ မဲပေးခွင့်ရှိသူ ၂၀၅ သန်းနီးပါးရှိသည်။ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို၊ အလယ်ပိုင်းဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာ ပရာနို၀ိုနှင့် ဂျာကာတာ အုပ်ချုပ်ရေးမှူးဟောင်း အနီးစ်ဘာစ်ဝီဒန်တို့က ရာထူးမှထွက်ခွာတော့မည့် သမ္မတ ဂျိုကိုဝီဒိုဒို၏ နေရာကိုဆက်ခံနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းသွားမည်ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် သဘောထားစစ်တမ်းနှစ်စောင်တွင် ပရာဘိုဝိုသည် ဖေဖော်ဝါရီ ၁၄ ရက် ရွေးကောက်ပွဲတွင် ဆန္ဒမဲအရေအတွက် ၅၀ ရာခိုင်နှုန်းကျော် ရနိုင်သည့်အတွက် ၎င်းသည် တစ်ကျော့တည်းဖြင့် အနိုင်ရဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ ၎င်း၏ပြိုင်ဘက်များဖြစ်သည့် အနီးစ်ဘာစ်ဝီဒန်နှင့် ဂန်ဂျာပရာနို၀ိုတို့သည် ၎င်းနှင့် အနည်းဆုံး ပွိုင့် ၂၀ ခန့် ပြတ်ကျန်နေခဲ့သည်။ ဝီဒိုဒိုသည် ဘက်လိုက်မှုရှိနေသည်ဟု မဲဆန္ဒရှင်အချို့က ယူဆနေပြီး ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကို မမျှမတ အခွင့်အရေးပေးခြင်းသည် အင်ဒိုနီးရှား၏ ဒီမိုကရေစီစနစ်ကို…

Read More