မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းအနေဖြင့် ချယ်လ်ဆီးအသင်းနှင့်ကစားမည့်ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် စတန်းဖို့ဒ်ဘရစ်ချ်တွင် (၄-၄) ဂိုးဖြင့် သရေကျခဲ့သည့် ချယ်လ်ဆီးအသင်းကို ဖေဖော်ဝါရီ (၁၇)ရက်တွင် အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။
ဂွါဒီယိုလာက ”အခုအချိန်မှာ ချယ်လ်ဆီးနဲ့ပွဲအတွက် ကျွန်တော်တို့ အာရုံစိုက်နေပါတယ်။ သူတို့ဟာ အက်စတွန်ဗီလာနဲ့ပွဲမှာ တော်တော်လေးကို ကောင်းတာပါ။ အဲဒီပွဲကို ကျွန်တော် TV ကနေ ကြည့်ခဲ့ရပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးနဲ့ပွဲအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ”ဟု ပြောကြားခဲ့သည်။