စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်သည် ဂျော်ဒန်အသင်းအားရှုံးနိမ့်သည့် အာရှဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ တောင်ကိုရီးယားအသင်းဖော်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းကြောင့် လက်ချောင်းရိုးအဆစ်လွဲခဲ့ရကြောင်း ဗြိတိန်မီဒီယာ Daily Mail က ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ (၆) ရက်က ကစားခဲ့သည့် အာရှဖလားဆီမီးဖိုင်နယ်ပွဲစဉ် ဂျော်ဒန် (၂-၀) တောင်ကိုရီးယားပွဲမတိုင်မီ ဖေဖော်ဝါရီ (၅) ရက်က တောင်ကိုရီးယားအသင်း၏ ညစာစားပွဲတွင် ဆွန်ဟောင်မင်နှင့် အသင်းဖော်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယား လူငယ်ကစားသမားများသည် စားပွဲတင်တင်းနစ်ကစားရန်အတွက် ညစာကို အလျင်အမြန်စားခဲ့ကြကြောင်း သိရသည်။
ဆွန်ဟောင်မင်သည် ၎င်းတို့၏လုပ်ရပ်ကို ဒေါသထွက်ကာ PSG တိုက်စစ်ကစားသမား လီကန်အင်နှင့် စတင်ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် စကားများကြရာမှ ကိုယ်ထိလက်ရောက်ဖြစ်ပွားခဲ့ပြီး ဆွန်ဟောင်မင်၏ ညာဘက်လက်ချောင်း အဆစ်လွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းအရင်းအမြစ်က ” ပြဿနာက ဗြုန်းစားကြီး ထဖြစ်တာပါ။ လူငယ်ကစားသမားတချို့က စားပွဲတင်တင်းနစ် ကစားဖို့အတွက် ညစာကို အလျင်အမြန်စားကြတယ်။ ကစားသမားတချို့က ဆွန်ဟောင်မင်ကို မလေးမစားပြောပြီး နောက်မှာ ဆွန်ဟောင်မင်က သူတို့ကို စားပွဲဆီ ပြန်လာပြီး ပြန်ထိုင်ဖို့ ပြောတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ကစားသမားတွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပြီး တခြားလူတွေ ဖျန်ဖြေခဲ့ရတယ်။ ဆွန်ဟောင်မင်ကတော့ ဆိုးဆိုးဝါးဝါးဒဏ်ရာရခဲ့တာပါ”ဟု ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ (၆) ရက်က ဂျော်ဒန်အား (၀-၂) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ဆွန်ဟောင်မင်သည် ညာဘက်လက်ညှိုးနှင့် လယ်ခလယ်ကို ပတ်တီးပတ်ကာ ပွဲချိန်ပြည့်ဝင်ရောက်ကစားခဲ့သည်။
ထို့ြ့ပင် ၎င်းသည် ဖေဖော်ဝါရီ (၁၀) ရက်က စပါး (၂-၁) ဘရိုက်တန်ပွဲတွင်လည်း လက်ညှိုးနှင့် လက်ခလယ်ကို ပတ်တီးစည်းကာ ကစားခဲ့သည်။