ဘာစီလိုနာအသင်းသည် မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန်ပစ်မှတ်ထားနေသည့် အသင်းကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို ပြောင်းရွှေ့ကြေး ပေါင် (၈၅)သန်း (ယူရိုသန်း ၁၀၀) ဈေးနှုန်းသတ်မှတ်ခဲ့ကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် ဒီယွန်းအား ၂၀၂၂ တွင် မန်ယူအသင်းထံသို့ ပေါင်သန်း (၇၀) ဖြင့် ရောင်းချရန် သဘောတူညီခဲ့သော်လည်း ကစားသမားက ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ယခုအခါ ဒီယွန်းအား ခေါ်ယူရန် မန်ယူအပြင် ချယ်လ်ဆီးအသင်းကပါ စိတ်ဝင်စားနေကြောင်း သိရသည်။ အသက် (၂၆) နှစ်အရွယ် ရှိ ဒီယွန်းသည် ၂၀၂၅ တွင် ဘာစီလိုနာ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံး မည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးပြဿနာများကြောင့် ငွေရနိုင်သည့်ကစားသမားများကို ရောင်းဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ထို့ကြောင့် ယခုအခါ ဘာစီလိုနာအသင်းသည် ဒီယွန်းကို ဈေးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။