PSG တိုက်စစ်မှူး ဘာပေသည် ပြင်သစ်နှင့် အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ၏ခြေရာကိုနင်းနိုင်ရန်အတွက် အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့ကစားလိုနေကြောင်း သတင်းထွက်ပေါ်နေသည်။
အသက် (၂၅) နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဘာပေသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏အနာဂတ်မှာ လှုပ်ခတ်လျက်ရှိနေသည်။
ဘာပေသည် လာမည့် ၂၀၂၄ နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများကျယ်ပြန့်စွာ ထွက်ပေါ်နေသော်လည်း ယခုအချိန်ထိ သဘောတူညီမှုမရသေးကြောင်း သိရှိရသည်။
ယင်းအနေအထားတွင် ဘာပေအနေဖြင့် အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့ကစားလိုနေခြင်းဖြစ်ကြောင်း The Independent ကဖော်ပြခဲ့သည်။
ဘာပေသည် ပြင်သစ်ဂန္ထဝင် တိုက်စစ်မှူး အွန်နရီ၏ခြေရာကိုနင်းနိုင်ရန်အတွက် အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့လိုနေခြင်းလည်းဖြစ်သည်။
အွန်နရီသည် အာဆင်နယ်အသင်းတွင် ၁၉၉၉ မှ ၂၀၀၇ ထိ ကစားခဲ့ပြီး ပွဲ(၃၇၀)တွင် (၂၂၆)ဂိုးသွင်းကာ အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည်။
ဘာပေသည် အွန်နရီကဲ့သို့ မိုနာကိုအသင်းနှင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး အွန်နရီနှင့် နှိုင်းယှဉ်ခံရသူဖြစ်သည်။
ဘာပေအနေဖြင့် အာဆင်နယ်သို့ပြောင်းရွှေ့့လိုသော်လည်း အာဆင်နယ်ဘက်က ခေါ်ယူဖွယ်မရှိကြောင်း သိရသည်။