Author: admin

မဟာဗျူဟာကျသော အိန္ဒိယသမုဒ္ဒရာထဲမှ ကျွန်းစုနိုင်ငံဖြစ်သည့် မော်ဒိုက်နှင့်ဆက်ဆံရေး အဆင့်မြှင့်တင်ခဲ့ပြီးနောက် မော်ဒိုက်၏ အခြေခံအဆောက်အအုံကဏ္ဍအတွက် ရန်ပုံငွေ ထောက်ပံ့ပေးမည်ဟု တရုတ်က ဇန်နဝါရီ ၁၁ ရက်တွင် ကတိပြုခဲ့သည်။ တရုတ် နှင့် အိန္ဒိယတို့၏ အပြိုင်အဆိုင် သြဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းမှုများကြားတွင် မော်ဒိုက်သမ္မတ ရွေးကောက်ပွဲကို စက်တင်ဘာ ၃၀ ရက် က ကျင်းပခဲ့ပြီး မိုဟာမက်မူအစ်ဇူသည် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။ ၎င်းက တရုတ်နှင့် ဆက်ဆံရေးခိုင်မာအောင် တည်ဆောက်ကာ နိုင်ငံထဲမှ အိန္ဒိယတပ်ဖွဲ့ဝင်များကို ဖယ်ရှားမည်ဟု ကတိပြုထားသည်။ မူအစ်ဇူသည် မော်ဒိုက်သမ္မတအဖြစ် ၎င်း၏ပထမဆုံး နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ယခုသီ တင်းပတ်ထဲတွင် တရုတ်သို့ သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်က နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးအကြား ကျယ်ကျယ်ပြန့်ပြန့် သဘောတူ ညီမှုများကို အသေးစိတ်ဖော်ပြထားသည့်ပူး တွဲကြေညာချက်တစ်ရပ်ကို နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့သည်။ ဦးစားပေးကဏ္ဍများတွင် မိမိတို့လုပ်ဆောင်နိုင်သည့် အတိုင်းအတာအ တွင်းမှ မော်ဒိုက်အတွက် ပံ့ပိုးမှုများဆက်လက် ပြုလုပ်သွားမည်ဟု တရုတ်က ကတိပြုခဲ့သည်။ ၎င်းကဏ္ဍများတွင် အခြေခံအဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဘဝတိုး တက်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး အစရှိသည့် ကဏ္ဍများပါဝင်ကြောင်း သိရသည်။

Read More

အိန္ဒိယနိုင်ငံနှင့်အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကို မော်ဒိုက်ဝန်ကြီးအချို့ပြောဆိုခဲ့သည့် ရိုင်းစိုင်းသည့် မှတ်ချက်များကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာပြီးနောက် မော်ဒိုက်တွင် ရုပ်ရှင်သွားမရိုက်ကြရန်နှင့် ပြည်တွင်း၌သာ ရိုက်ကူးကြရန် အိန္ဒိယရုပ်ရှင် လောကသားများအကြား သပိတ်မှောက် တောင်းဆိုမှုများ ရှိလာသည်။ အနောက်အိန္ဒိယ ရုပ်ရှင်လောကသားများသမဂ္ဂ (FWICE) က ဝန်ကြီးချုပ်မိုဒီအပေါ် မော်ဒိုက်ဝန်ကြီးသုံးဦး ပြောဆိုခဲ့သည်များကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံဘက်မှ ရပ်တည်သည့် အနေဖြင့် အိန္ဒိယနှင့်ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ထုတ်လုပ်သူများအားလုံး မော်ဒိုက်တွင် ရုပ်ရှင်သွားရိုက်ကူးခြင်းများ မပြုလုပ်ရန်နှင့် နိုင်ငံ၏ခရီးသွားလုပ်ငန်းကိုပါ မြှင့်တင်ရာရောက်အောင် အိန္ဒိယရှိ အလားတူနေရာများကို ရွေးချယ်ရိုက်ကူးကြရန် မေတ္တာရပ်ခံ ထုတ်ပြန်လိုက်သည်။ ဝန်ကြီးချုပ်မိုဒီသည် အိန္ဒိယရှိ လက်ရှာဒွိကျွန်းကို မကြာသေးမီက သွားလည်ခဲ့ပြီး ကမ်းခြေတွင် အနားယူနေသည့်ဓာတ်ပုံများ၊ ရေငုပ်နေသည့်ပုံများကို ဆိုရှယ်မီီဒီယာတွင် တင်ခဲ့သည်။ အိန္ဒိယ၏လှပသည့်နေရာများကို လာရောက်လည်ပတ်ကြရန် ဖိတ်ခေါ်ခြင်းမျိုးဖြစ်ပြီး ၎င်းအပေါ် မော်ဒိုက်ဝန်ကြီးသုံးဦးက ရိုင်းစိုင်းစွာမှတ်ချက်ပေးခဲ့ကြသည်။ မိုဒီကို ငတုံး ၊ အစ္စရေး၏ရုပ်သေးရုပ်ဟု ၎င်းတို့ ကခေါ်ခဲ့ကြသည်။ မော်ဒိုက်အစိုးရဘက်ကမူ ၄င်းဝန်ကြီးသုံးဦးကို အလုပ်တာဝန်မှ ရပ်ဆိုင်းလိုက်ပြီဟု ကြေညာထားသည်။ ယင်းဖြစ်စဉ်ကြောင့် မော်ဒိုက်သို့ မကြာခဏသွားလေ့ရှိသည့် အိန္ဒိယဆယ်လီအများစုက အိန္ဒိယကျွန်းများကို ပို့စ်တင်ကြော်ငြာပေးခြင်းများ ပြုလုပ်လာကြသည်။ထိုအထဲတွင် ဆယ်လ်မန်ခန်းနှင့် အက်ရှေးကူးမားတို့လည်း ပါဝင်သည်။ အက်ရှေးကူးမားက အိန္ဒိယသည် မော်ဒိုက်သို့ တိုးရစ်အများဆုံး လွှတ်ပေးနေသည့် နိုင်ငံဖြစ်ပြီး ယင်းသို့ ဆက်ဆံခံရသည့်အပေါ် အံ့သြရကြောင်း၊ အိန္ဒိယသည် အိမ်နီးချင်းနိုင်ငံများအပေါ်ကောင်းပြီး ယခုကဲ့သို့ မလိုအပ်ဘဲ မုန်းတီးနေသည်ကို သည်းခံနေရန်မလိုကြောင်း ၊ မော်ဒိုက်ကို သူအကြိမ်ရေများစွာ သွားလည်ခဲ့ပြီး အမြဲချီးကျူးခဲ့ကြောင်း၊ သို့သော်ဂုဏ်သိက္ခာက အရေးအကြီးဆုံးဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွင်…

Read More

ပင်လယ်ပြင်မှတစ်ဆင့် ပြည်ပသို့ ပို့ဆောင်မည့် ကျပ် ၃၆ ဒသမ ၂၅ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များအား တပ်မတော်က မြန်မာ့ပင်လယ်ပြင်၌ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီခွဲခန့်တွင် တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင် (ခန့်မှန်းမြောက်လတ္တီတွတ် ၁၄ ဒီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၅ ဒီ ၂၁ ဒသမ ၉ မိနစ်) ၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်အရွယ် (သစ်သားကိုယ်ထည်) ရန်လင်းကျော်(၄)အမည်ရှိ စက်လှေအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် အောင်သိန်း(ခ)ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့်တို့ လေးဦးနှင့်အတူ ကျပ် ၃၆ ဒသမ ၂၅ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဆက်လက်စစ်ဆေးချက်အရ ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီခွဲခန့် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စိုးကျော်(ခ)စိုးစိုးကျော်အား တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကမ်းနီးတံတားတိုဆိပ်ကမ်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှ…

Read More

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၈ လအတွင်း စားအုန်းဆီတန်ချိန် ၄၀၀၆၁၆ တန် တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် ၂၂ ရာခိုင်နှုန်း ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဒီဇင်ဘာ ၁ ရက်အထိ စားအုန်းဆီ တန်ချိန် ၄၀၀၆၁၆ တန်တင်သွင်းမှုမှတန်ဖိုး ဒေါ်လာ၃၉၃ ဒသမ ၀၆ သန်းရှိသည်။ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ စားအုန်းဆီတန်ချိန် ၃၂၇၆၇၃ တန်တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ၄၃၀ ဒသမ ၆၉ သန်းရှိသည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ၈လအတွင်းမှာ ယခင်နှစ်ကာလတူထက် တန်ချိန်အားဖြင့် ၂၂ ရာခိုင်နှုန်း ပိုမိုတင်သွင်းထားသည်။ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည် ့နိုင်ငံများတွင် စျေးကွက်နှင့်စျေးနှုန်းဖြစ်ပေါ်မှုအရ ယခုတပတ်အတွင်း ရန်ကုန်အထိုင်စျေး အခြေခံလက်ကားစျေး တစ်ပိဿာလျှင် ကျပ် ၄၉၅၅ သတ်မှတ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေး ကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်…

Read More

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၈လအတွင်း ပြည်ပမှ မော်တော်ယာဉ်အစီးရေ ၆၉၀၆ ကျော် တင်သွင်းထားပြီး လူစီးယာဉ် ၁၇၈၀ ကျော်နှင့် ဘတ်စ်ကားအစီး ၅၀ ကျော် ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဒီဇင်ဘာ ၁ ရက်အထိ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုအနေဖြင့် လူစီးယာဉ် ၁၇၈၄ စီးတင်သွင်းမှုမှ ဒေါ်လာ၃၉ ဒသမ ၀၄ သန်း၊ဘတ်စ်ကား၅၄ စီးတင်သွင်းမှုမှ ဒေါ်လာ၁ ဒသမ ၀၄ သန်း၊ထရပ်ကား၈၆၅စီး တင်သွင်းမှုမှ ဒေါ်လာ၁၃ ဒသမ ၁၃ သန်း ၊ ယန္တယား၄၂၀၃ စီးတင်သွင်းမှုမှဒေါ်လာ ၁၃၆ ဒသမ ၈ သန်း၊ယာဉ်အပိုပစ္စည်း တင်သွင်းမှုမှ ဒေါ်လာ၄၅ဒသမ ၀၂ သန်းဖြင့် စုစုပေါင်းဒေါ်လာ၂၃၅ ဒသမ ၀၂ သန်းရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ စက်တင်ဘာ ၂၉ ရက်အထိ ပြည်ပမှ မော် တော်ယာဉ်တင်သွင်းမှုအနေဖြင့် လူစီးယာဉ် ၁၁၈ စီးတင်သွင်းမှုမှ ဒေါ်လာ၂ ဒသမ ၉၃ သန်း၊ဘတ်စ်ကား၁၁၃ စီးတင်သွင်းမှုမှ ဒေါ်လာ၁ ဒသမ ၈၄ သန်း၊ထရပ်ကား၄၉၇ စီး တင်သွင်းမှုမှ ဒေါ်လာ၆ဒသမ၁၉သန်း ၊ ယန္တယား၉၉၅ စီးတင်သွင်းမှုမှဒေါ်လာ ၅၅ ဒသမ ၇၁…

Read More

မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထောက်ခံပံ့ပိုးရန် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်စောင့် ရှောက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က ဆောင်းပါးရေးသားဖော်ပြသည်။ ဇန်နဝါရီ ၁၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် တရုတ်သံအမတ်ကြီးက “အေးအတူပူအမျှ အသိုက်အဝန်း အတူတည် ဆောက်၍ တရုတ်-မြန်မာ ဆက်ဆံရေး နက် ရှိုင်းစွာဖွံ့ဖြိုးတိုးတက်လာစေခြင်း” ခေါင်းစဉ် ဖြင့် ရေးသားသည့်ဆောင်းပါး၌ အထက်ပါ ကဲ့သို့ ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။ တရုတ်သံအမတ်ကြီး ချန်းဟိုင်က တ ရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေ မြေချင်း ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် နက်ရှိုင်း ကြောင်း၊ သမ္မတရှီကျင်ပင်းသည် ၂၀၂၀ ပြည့် နှစ်တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် လာရောက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်က တရုတ်-မြန် မာ အေးအတူပူအမျှ အသိုက်အဝန်း တည် ဆောက်ရန် သဘောတူညီခဲ့ကြောင်း၊ ယခုနှစ် သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို တရုတ်၊ မြန်မာ၊ အိန္ဒိယက အတူအကွ အဆိုပြုသည့် နှစ် ၇၀ ပြည့်ဖြစ် ကြောင်း၊ မိမိတို့ဗဟိုကော်မတီ နိုင်ငံခြားရေး လုပ်ငန်းအစည်းအဝေးစိတ်ဓာတ်ကို ကျင့် သုံး၍ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံသည့် ဉာဏ်ပညာနှင့် အတွေ့ အကြုံများကို လက်ဆင့်ကမ်းပြန့်ပွားစေပြီး ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံး ပါဝင်ခြင်းဟူသည့် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးအယူအဆကို လက်တွေ့ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း…

Read More

အာဆင်နယ်အသင်းသည် ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးနောက်ခံကစားသမား ကူကူရယ်လာကို ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။ အသက် (၂၅) နှစ်အရွယ်ရှိ စပိန်နောက်ခံကစားသမား ကူကူရယ်လာသည် ဘယ်နောက်ခံနေရာသာမက ခံစစ်အတွင်းလူအဖြစ်ပါ ကစားနိုင်သူဖြစ်သည်။ လက်ရှိ အာဆင်နယ်အသင်း၏ ဘယ်နောက်ခံနေရာတွင် တင်မ်ဘာ ဒဏ်ရာရနေသလို၊ ဇင်ချန်ကိုမှာလည်း ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်ခံနေရသည်။ အာဆင်နယ်အသင်းသည် ဘယ်နောက်ခံနေရာအတွက် လန်ဒန်ပြိုင်ဘက် ချယ်လ်ဆီးအသင်းမှ ကူကူရယ်လာကို စိတ်ဝင်စားနေခြင်းဖြစ်သည်။

Read More

အစ္စရေးသည် ၎င်း၏အိမ်နီးချင်းများနှင့် ဆက်ဆံရေးများ ပုံမှန်လုပ်ဆောင်ရန် ခက်ခဲသောရွေးချယ်မှုများ လုပ်ဆောင်ရေးအတွက် ဇန်နဝါရီ ၉ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်က တိုက်တွန်းလိုက်ပြီး ပါလက်စတိုင်း နိုင်ငံထူထောင်ရန် လမ်းကြောင်းချောမွေ့စေရေးအတွက် မေတ္တာရပ်ခံမှုအသစ်ကို လုပ်ဆောင်လိုက်သည်။ အစ္စရေးသည် အစ္စရေးပြည်သူများနှင့်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လိုသော ပါလက်စတိုင်းခေါင်းဆောင်များကို ထောက်ခံရန်လည်း ဘလင်ကင်က တိုက်တွန်းလိုက်ပြီး ဂါဇာကမ်းမြောင်၌ ဟားမာ့စ်နှင့်ဖြစ်ပွားနေသော အစ္စရေးစစ်ပွဲတွင် နေ့စဉ်သေဆုံးသူအရေအတွက်သည် များလွန်းနေသည်ဟု ဆိုသည်။ ဘလင်ကင်သည် အောက်တိုဘာ ၇ ရက်တွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းကို စတုတ္ထ အကြိမ်မြောက် ရောက်ရှိနေခြင်းဖြစ်သည်။ ဟားမာ့စ်ခြိမ်းခြောက်မှုကို ချေမှုန်းရေးဆိုသည့် ရည်မှန်းချက်ပေါက်မြောက်ရေးသည် အစ္စရေးအတွက်အရေးကြီးသည်ဟု တဲလ်အဗစ်ဆွေးနွေးပွဲအပြီးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ အနာဂတ် ဂါဇာအစိုးရအဖွဲ့နှင့် အရှေ့အလယ်ပိုင်း၌ ဂါဇာအစိုးရအဖွဲ့ပေါင်းစည်းရေးတို့အတွက် အစီအမံများကို အစ္စရေး၏ အာရပ်အိမ်နီးချင်းများနှင့် ဆွေးနွေးသည့် ခရီးစဉ်အပြီးတွင် ဘလင်ကင်သည် အစ္စရေးကို ရောက်ရှိလာကာ အစ္စရေးခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။ တိုက်ခိုက်မှုများ လျှော့ချရန် ဘလင်ကင်က ပြောကြားထားသည့်တိုင် ဂါဇာတောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ထို့အပြင် အစ္စရေးတပ်ဖွဲ့များနှင့် ဟစ်ဇဘိုလာစစ်သွေး ကြွများသည် လက်ဘနွန်-အစ္စရေးနယ်စပ်တွင် အပြန်အလှန်ပစ်ခတ်လျက်ရှိသည်။ လူဦးရေ သိပ်သည်းသော ဂါဇာကမ်းမြောင်ကို အစ္စရေးထိုးစစ်ဆင်နေခြင်းကြောင့် ပါလက်စတိုင်းအရပ်သား သေဆုံးသူအရေအတွက် များပြားလွန်းလာခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာစိုးရိမ်ပူပန်မှု မြင့်တက်လျက် ရှိသည်။ အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းတို့ကြောင့် အနည်းဆုံးလူ ၂၃,၂၁၀ သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ ထို့အပြင်…

Read More

ဇမ်ဘီယာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ဖြစ်ပွားခဲ့သည့် ကာလဝမ်းရောဂါကူးစက်မှုများကြောင့် သေဆုံးသူ ၂၂၂ ဦးအထိ မြင့်တက်လာခဲ့ကာ ရော ဂါကူးစက်ခံရသူအရေအတွက် ၅၄၆၂ ဦး အထိရှိလာခဲ့သည်ဟု ဇမ်ဘီယာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်းမှာပင် လူ ၂၇ ဦးသေဆုံးခဲ့ပြီး ရောဂါကူးစက်ခံရသူသစ် ၅၆၇ ဦးရှိခဲ့သည်ဟု ဇမ်ဘီယာကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ သေဆုံးသူနှင့် ရောဂါကူးစက်ခံရသူများ ထပ်မံမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ထိုကာလအတွင်းမှာပင် ဆေးရုံက ဆင်းခဲ့သည့် လူနာ ၃၄၀ ခန့်ရှိခဲ့သဖြင့် ဆေးရုံမှ ဆင်းနိုင်ခဲ့သည့် လူနာပေါင်း ၄၁၇၂ ဦးရှိကာ ဆေးရုံတင်ထားရဆဲဖြစ်သည့် လူနာအရေအတွက်မှာ ၁၀၅၉ ဦး ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ နေ့စဉ် နောက်ဆုံးရအခြေအနေများကို ဖော်ပြချက်အရ ကာလဝမ်းရောဂါသည် နိုင်ငံ၏ ပြည်နယ်ပေါင်း ၁၀ ခုအနက် ခုနစ်ခုတွင် ပျံ့နှံခဲ့ ပြီး ဇမ်ဘီယာနိုင်ငံ၏ မြို့တော် လူဆာကာသည် ကာလဝမ်းရောဂါဖြစ်ပွားမှုကို အဆုံးရွားဆုံးခံခဲ့ရသည်ဟု ဆိုသည်။ ဇမ်ဘီယာတွင် ထိုကဲ့သို့ ကာလဝမ်းရောဂါများ ကူးစက်မှု မြင့်တက်နေသဖြင့် ၂၀၂၄ ခုနှစ်အတွက် စာသင်နှစ်ကို သီတင်းသုံးပတ်ကြာ ရွှေ့ဆိုင်းကြောင်း အစိုးရက ဇန်နဝါရီ ၅ ရက်တွင် ကြေညာခဲ့သည်။ ယခင်က ဇန်နဝါရီ ၈ ရက်တွင် စာသင်နှစ်ကို စတင်ပြီး ကျောင်းများပြန်ဖွင့်ရန် စီစဉ်ထားသော်လည်း ကာလဝမ်းရောဂါများ ကူးစက်မှုကြောင့် ဇန်နဝါရီ ၂၉ ရက်အထိ စာသင်နှစ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ပညာရေး…

Read More

1MDB အရှုပ်တော်ပုံဟုခေါ်သည့် နိုင်ငံတော်ရန်ပုံငွေ အလွဲသုံးစားလုပ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထောင်ဒဏ် ၁၂ နှစ်ချခံထားရသည့် ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံထားရာ၊ ထိုကိစ္စအပေါ် မလေးရှားဘုရင်ဦးဆောင်သည့် Pardons Board အဖွဲ့က မကြာမီ ပြုလုပ်မည့်အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင်ပြုလုပ်သည့် ၎င်းအဖွဲ့အစည်းအဝေးအမီ လွတ်ငြိမ်းခွင့်ပေးရန်ကိစ္စကို နာဂျစ်တို့ဘက်က လျှောက်ထားခဲ့သော်လည်း ထိုကိစ္စကို ရွှေ့ဆိုင်းခဲ့ပြီး ယခုလာမည့် ဇန်နဝါရီ တတိယသီတင်းပတ် အစည်းအဝေးမှသာ ဆုံးဖြတ်မည်ဖြစ်သည်။ ထိုအစည်းအဝေးသည် ဇန်နဝါရီ ၃၁ ရက်တွင် ဘုရင်အရိုက်အရာကို လက်လွှဲရတော့မည့် ဆူလ်တန်အဗ္ဗဒူလာ၏ နောက်ဆုံးတာဝန်များထဲမှ တစ်ခုဖြစ်သည်။ နိုင်ငံ၏ထီးနန်းကို အလှည့်ကျဆက်ခံရသည့်စနစ်အရ လက်ရှိဘုရင်က ဂျိုဟော်ဆူလ်တန် အီဘရာဟင် အစ္စကန်ဒါကို ထီးနန်းလွှဲပေးသွားမည်။ အကျဉ်းကျနေသည့် အပြစ်သားများကို လွတ်ငြိမ်းခွင့်ပေး၊ မပေး ဘုရင်က နောက်ဆုံး အဆုံးအဖြတ်ပေးခွင့်ရှိပြီး အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း အလားတူစနစ်မျိုးရှိသည်။ စောင့်ကြည့်လေ့လာသူများကမူ ဝန်ကြီးချုပ်ဟောင်းနာဂျစ်ကို လွတ်ငြိမ်းခွင့်ပေးလိုက်ပါက လက်ရှိဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အတွက် မလိုလားဖွယ် နိုင်ငံရေးဂယက်များ ထလာနိုင်သည်ဟု သုံးသပ်နေကြသည်။ မစ္စတာအန်ဝါကိုယ်တိုင်လည်း ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခဲ့ဖူးပြီး နှစ်ကြိမ်စလုံး ပယ်ချခံခဲ့ရသည်။ သို့သော် ၂၀၁၈ ခုနှစ်၊ မေလလယ်တွင် (ထိုစဉ်က) ပ ဉ္စမမြောက်မိုဟာမက် ဘုရင်၏ အဆုံးအဖြတ်ဖြင့် ထောင်ဒဏ်ငါးနှစ်ကျနေသည့် မစ္စတာအန်ဝါ လွတ်ငြိမ်းခွင့်

Read More