မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထောက်ခံပံ့ပိုးရန် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်စောင့် ရှောက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က ဆောင်းပါးရေးသားဖော်ပြသည်။
ဇန်နဝါရီ ၁၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် တရုတ်သံအမတ်ကြီးက “အေးအတူပူအမျှ အသိုက်အဝန်း အတူတည် ဆောက်၍ တရုတ်-မြန်မာ ဆက်ဆံရေး နက် ရှိုင်းစွာဖွံ့ဖြိုးတိုးတက်လာစေခြင်း” ခေါင်းစဉ် ဖြင့် ရေးသားသည့်ဆောင်းပါး၌ အထက်ပါ ကဲ့သို့ ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။
တရုတ်သံအမတ်ကြီး ချန်းဟိုင်က တ ရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေ မြေချင်း ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် နက်ရှိုင်း ကြောင်း၊ သမ္မတရှီကျင်ပင်းသည် ၂၀၂၀ ပြည့် နှစ်တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် လာရောက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်က တရုတ်-မြန် မာ အေးအတူပူအမျှ အသိုက်အဝန်း တည် ဆောက်ရန် သဘောတူညီခဲ့ကြောင်း၊ ယခုနှစ် သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို တရုတ်၊ မြန်မာ၊ အိန္ဒိယက အတူအကွ အဆိုပြုသည့် နှစ် ၇၀ ပြည့်ဖြစ် ကြောင်း၊ မိမိတို့ဗဟိုကော်မတီ နိုင်ငံခြားရေး လုပ်ငန်းအစည်းအဝေးစိတ်ဓာတ်ကို ကျင့် သုံး၍ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံသည့် ဉာဏ်ပညာနှင့် အတွေ့ အကြုံများကို လက်ဆင့်ကမ်းပြန့်ပွားစေပြီး ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံး ပါဝင်ခြင်းဟူသည့် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးအယူအဆကို လက်တွေ့ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆောင်းပါး တွင် ရေးသားထားသည်။
ထို့ပြင် မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ သမ္မတရှီကျင်ပင်း၏ မြန်မာနိုင်ငံ ခရီးစဉ်ရ လဒ်များကို ဆက်လက်ဖော်ဆောင်၍ နိုင်ငံ ရေးရာစီမံခန့်ခွဲမှုအတွေ့အကြုံများ ကူးလူး ဖလှယ်ခြင်းကို မြှင့်တင်မည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံး ဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံတို့ကို ချိတ်ဆက် အကောင်အထည်ဖော်ဆောင်၍ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက် အဝန်းကို တည်ဆောက်မှု လက်တွေ့ကျ နက်ရှိုင်းလာစေရန် တွန်းအားပေးမည်ဖြစ် ကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ Belt and Road
နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံကို အရည်အသွေးမြင့် အတူတည် ဆောက်ပြီး ပိုမိုများပြားသည့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များဖြင့် နှစ်နိုင် ငံ ပြည်သူများကို ပိုမိုအကျိုးပြုသွားလိုကြောင်း တရုတ်သံအမတ်ကြီးက ရေးသားထားသည်။
ထို့အတူ မိမိတို့သည် မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းခြင်း ကိုအားပေးပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အား ထောက်ခံပံ့ပိုးပေး ရန်အတွက် အပြုသဘောဆောင်သည့် အ ခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ တရုတ်-မြန် မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့သည် ပြည်သူဗဟိုပြု သည့် ဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်ကို အ မြဲတစေ လက်ကိုင်စွဲ၍ တရုတ်-မြန်မာ တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင် ရွက်မှုကို နက်ရှိုင်းစေကာ ဆက်သွယ်ရေးလိမ် လည်မှုစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူး လွန်မှုများကို အတူတိုက်ဖျက်ပြီး နှစ်နိုင်ငံပြည် သူများ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ ဘေး ကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်မည် ဖြစ်ကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံနှင့်အ တူ လန်ချန်း-မဲခေါင်နှင့် တရုတ်-အာဆီယံ စသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ကို နက်ရှိုင်းစေကာ သာယာလှပေသောအိမ် ရာကြီး အတူတည်ဆောက်သွားလိုကြောင်း တရုတ်သံအမတ်ကြီးက ဆောင်းပါးတွင် ရေး သားထားသည်။