၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၈လအတွင်း ပြည်ပမှ မော်တော်ယာဉ်အစီးရေ ၆၉၀၆ ကျော် တင်သွင်းထားပြီး လူစီးယာဉ် ၁၇၈၀ ကျော်နှင့် ဘတ်စ်ကားအစီး ၅၀ ကျော် ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဒီဇင်ဘာ ၁ ရက်အထိ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုအနေဖြင့် လူစီးယာဉ် ၁၇၈၄ စီးတင်သွင်းမှုမှ ဒေါ်လာ၃၉ ဒသမ ၀၄ သန်း၊ဘတ်စ်ကား၅၄ စီးတင်သွင်းမှုမှ ဒေါ်လာ၁ ဒသမ ၀၄ သန်း၊ထရပ်ကား၈၆၅စီး တင်သွင်းမှုမှ ဒေါ်လာ၁၃ ဒသမ ၁၃ သန်း ၊ ယန္တယား၄၂၀၃ စီးတင်သွင်းမှုမှဒေါ်လာ ၁၃၆ ဒသမ ၈ သန်း၊ယာဉ်အပိုပစ္စည်း တင်သွင်းမှုမှ ဒေါ်လာ၄၅ဒသမ ၀၂ သန်းဖြင့် စုစုပေါင်းဒေါ်လာ၂၃၅ ဒသမ ၀၂ သန်းရှိသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ စက်တင်ဘာ ၂၉ ရက်အထိ ပြည်ပမှ မော် တော်ယာဉ်တင်သွင်းမှုအနေဖြင့် လူစီးယာဉ် ၁၁၈ စီးတင်သွင်းမှုမှ ဒေါ်လာ၂ ဒသမ ၉၃ သန်း၊ဘတ်စ်ကား၁၁၃ စီးတင်သွင်းမှုမှ ဒေါ်လာ၁ ဒသမ ၈၄ သန်း၊ထရပ်ကား၄၉၇ စီး တင်သွင်းမှုမှ ဒေါ်လာ၆ဒသမ၁၉သန်း ၊ ယန္တယား၉၉၅ စီးတင်သွင်းမှုမှဒေါ်လာ ၅၅ ဒသမ ၇၁ သန်း၊ယာဉ်အပိုပစ္စည်း တင်သွင်းမှုမှ ဒေါ်လာ၃၂ ဒသမ ၉၄ သန်းဖြင့် စုစုပေါင်း ဒေါ်လာ၉၉ ဒသမ ၉၁ သန်းရှိသည်။
၂၀၂၄ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနစ် သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ပြီး လက်ရှိဆောင်ရွက်နေသည့်မူဝါဒများ ပြောင်းလဲမှုမရှိဘဲ ဆက်လက်ကျင့်သုံးလျက်ရှိ ကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၈၀^၂၀၂၃)ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်အရ လူစီးမော်တော်ယာဉ်များအတွက် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ လုပ်ငန်းသုံးမော်တော်ယာဉ်များဖြစ်သည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များကို ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်များအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ နှင့် ယန္တယားယာဉ်များအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သတ်မှတ်ထားသည်။လူစီးမော်တော်ယာဉ်၊ လုပ်ငန်းသုံးယာဉ်များ၊မီးသတ်ယာဉ်၊ လူနာ တင်ယာဉ်များကို တင်သွင်းရာတွင် လက်ဝဲစတီယာရင် မော်တော်ယာဉ်များကိုသာ တင်သွင်းခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့်လုပ်ငန်းသုံး ယန္တရားများအား လွန်ခဲ့သော ၁၅ နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ်(၂၀၁၀ ခုနှစ်နှင့် အထက်ထုတ်လုပ်သောယာဉ်)များအဖြစ် တင် သွင်းခွင့်ပြုမည်ဖြစ်သည်။
အဆိုပါအမိန့်ကြော်ငြာစာ ထုတ်ပြန်ချက်သည် လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်သွင်း ခွင့်ပြုသည့် မော်တော်ယာဉ်ထုတ်လုပ်ခုနစ် သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်းသာ ဖြစ်ကြောင်း၊ မော်တော်ယာဉ်တင်သွင်းမှုနှင့် ပတ်သက်ပြီး လက်ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒများပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ကျင့်သုံးလျက်ရှိသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။