Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Thursday, June 5
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Finance 0 Views

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရှစ်လအတွင်း စားအုန်းဆီတန်ချိန် ၄၀၀၆၁၆ တန် တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် ၂၂ ရာခိုင်နှုန်း ပိုမိုတင်သွင်းထား

January 12, 20242 Mins Read
Share
Facebook Twitter

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၈ လအတွင်း စားအုန်းဆီတန်ချိန် ၄၀၀၆၁၆ တန် တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် ၂၂ ရာခိုင်နှုန်း ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဒီဇင်ဘာ ၁ ရက်အထိ စားအုန်းဆီ တန်ချိန် ၄၀၀၆၁၆ တန်တင်သွင်းမှုမှတန်ဖိုး ဒေါ်လာ၃၉၃ ဒသမ ၀၆ သန်းရှိသည်။ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ စားအုန်းဆီတန်ချိန် ၃၂၇၆၇၃ တန်တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ၄၃၀ ဒသမ ၆၉ သန်းရှိသည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ၈လအတွင်းမှာ ယခင်နှစ်ကာလတူထက် တန်ချိန်အားဖြင့် ၂၂ ရာခိုင်နှုန်း ပိုမိုတင်သွင်းထားသည်။

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည် ့နိုင်ငံများတွင် စျေးကွက်နှင့်စျေးနှုန်းဖြစ်ပေါ်မှုအရ ယခုတပတ်အတွင်း ရန်ကုန်အထိုင်စျေး အခြေခံလက်ကားစျေး တစ်ပိဿာလျှင် ကျပ် ၄၉၅၅ သတ်မှတ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေး ကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက် အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၄၉၅၅ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အခြေခံလူတန်းစားများ စားသုံးဆီ ဖူလုံစေရေးနှင့်စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကုန်သည်ကြီးမျာ းအသင်းနှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်းပြီး သတ်မှတ်ရက်အလိုက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လှည့်လည် ရောင်းချပေးလျက်ရှိသည်။

အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ website:www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

စားအုန်းဆီလက်ကျန်များကို စျေးကွက်အတွင်း လက်ကားရည်ညွှန်းစျေး အပေါ်တွင် အထွေထွေကုန်ကျစရိတ်များနှင့် အသားတင်အမြတ်နှစ်ရာခိုင်နှုန်းထက် မပိုသောစျေးဖြင့် ရောင်းချနိုင်ရေးနှင့် အဆင့်ဆင့် လက်လွှဲရောင်းချသည့်တိုင်အောင် အသားတင်အမြတ် ၁၀ ရာခိုင်နှုန်းထက် မပိုသော စျေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အသိပေးထားသည်။

မြန်မာနိုင်ငံတွင် စားသုံးဆီသုံးစွဲမှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် ၁၂ သိန်းခန့်ရှိပြီး ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုမှာ တန်ချိန် သုံးသိန်းခန့်သာရှိသဖြင့် နှစ်စဉ်ပြည်ပမှ တန်ချိန်ကိုးသိန်းခန့် တင်သွင်းနေရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စားသုံးဆီသုံးစွဲမှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် ၁၂ သိန်းခန့်ရှိပြီး ပြည်တွင်း၌ မြေပဲ၊ နှမ်း၊နေကြာ၊ပဲပုပ်၊မုန် ညင်း၊ပန်းနှမ်းစသည့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိ သော်လည်း ပြည်တွင်းစားသုံးဆီထုတ်လုပ် မှုမှာ တန်ချိန်သုံးသိန်းခန့်သာ ထုတ်လုပ်နိုင်သဖြင့် နှစ်စဉ်ပြည်ပမှ တန်ချိန် ကိုးသိန်းခန့် တင်သွင်းနေရခြင်းဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleလက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပမှ မော်တော်ယာဉ်အစီးရေ ၆၉၀၆ ကျော် တင်သွင်းထားပြီး လူစီးယာဉ် ၁၇၈၀ ကျော်နှင့် ဘတ်စ်ကားအစီး ၅၀ ကျော် ပါဝင်
Next Article ပင်လယ်ပြင်မှတစ်ဆင့် ပြည်ပသို့ ပို့ဆောင်မည့် ကျပ် ၃၆ ဒသမ ၂၅ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ မြန်မာ့ပင်လယ်ပြင်၌ ဖမ်းဆီးရမိ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.