Author: admin

နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) အကြီးအကဲက ဂါဇာပဋိပက္ခကို နိုင်ငံတကာအသိုက်အဝန်း၏ ကိုယ်ကျင့်တရား ပျက်ကွက်မှုအဖြစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝေဖန်လိုက်ပြီး စစ်ပွဲရပ်ရေးအတွက် သဘော တူညီချက်အသစ်ရရှိအောင်လုပ်ဆောင်ရန် အစ္စရေးနှင့်ဟားမာ့စ်တို့ကို တိုက်တွန်းလိုက်သည်။ “ ကျွန်မက ကိုယ်ကျင့်တရား ပျက်ကွက်မှုကို ပြောနေတာဖြစ်ပါတယ်။ နေ့တိုင်း ဒါဆက်ဖြစ်နေတာဟာ နောက်နေ့မှာလည်း ဆက်ဖြစ်နေတာဆိုတော့ နိုင်ငံတကာအသိုက်အဝန်းက ဒီလိုမျိုးကြီးမားတဲ့ ဒုက္ခ အဆုံးသတ် သွားအောင်လုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။ ဒါဟာ ဂါဇာက မျိုးဆက်တွေကိုသာ သက် ရောက်တာမဟုတ်ပါဘူး” ဟု ICRC ဥက္ကဋ္ဌ မာဂျာနာစပိုလ်ဂျာရစ်က ဂါဇာကမ်းမြောင် နှင့်အစ္စရေးတို့ကိုသွားခဲ့ပြီးနောက် ဂျီနီဗာတွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “ နှစ်ဖက်စလုံးဟာ သဘောတူညီချက် မရစရာအကြောင်းမရှိပါဘူး။ ဒါကြောင့် ဆွေးနွေးတာတွေ ဆက်လုပ်ဖို့ သူတို့ကို ကျွန်မတိုက်တွန်းပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် ဟားမာ့စ်တိုက်ခိုက်ရေးသမားများ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော အစ္စရေးဓားစာခံများ ပြန်လွှတ်ရေးကို ၄င်းကရည်ညွှန်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဓားစာခံတွေ လွှတ်ပေးတာဟာ အလွန်ရှုပ်ထွေးပါတယ်။ အလွန်ထိရှ လွယ်တဲ့မစ်ရှင်တွေဖြစ်ပါတယ်”ဟု ICRC ဥက္ကဋ္ဌ မာဂျာနာစပိုလ်ဂျာရစ်ကပြောကြားခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်တွင် လေးရက်ကြာ အပစ်ရပ်စဲမှု စတင်ပြီးနောက်ပိုင်းရက်တိုင်း တွင် ဟားမာ့စ်က ဓားစာခံများကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ၎င်းထိန်းသိမ်းထား သောပါလက်စတိုင်းအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်တွင် အစ္စရေးက ဆယ်ကျော်သက် ပါလက်စတိုင်း အကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်ပေးခဲ့ရာ…

Read More

အမေရိကန်ဆီးနိတ်၏ ဒီမိုကရက်ခေါင်းဆောင်များနှင့် ရီပတ်ဘလီကင်ခေါင်းဆောင်များက ယူကရိန်းအကူအညီကိစ္စ သဘောတူညီမှုရရှိရန် ဆက်လက်ကြိုးပမ်းနေသောကြောင့် ယူကရိန်းအတွက် အကူအညီသစ်များကို နှစ်မကုန်မီ အတည်ပြုပေးနိုင်မည်မဟုတ်ဟု ဒီဇင်ဘာ ၁၉ ရက်တွင် ဆီးနိတ် ခေါင်းဆောင်တို့က ထုတ်ပြန်ခဲ့သည်။ “စေ့စပ်ဆွေးနွေးသူတွေဟာ ကျန်ရှိနေတဲ့ ပြဿနာတွေကို ဆက်လက်ဆွေးနွေးနေတာကြောင့် သူတို့ရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေက ဆီးနိတ်ကို မြန်မြန်လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ နှစ်သစ် အစပိုင်းလောက် လုပ်နိုင်မှာဖြစ်ပါတယ်” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဒီမိုကရက်ခေါင်းဆောင် ချက်ရှူးမားနှင့် ရီပတ်ဘလီကင်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်တို့က ဖော်ပြခဲ့ကြသည်။ “ဒီနှစ် လက်ကျန်အချိန်မှာတော့ ဆီးနိတ်နဲ့အစိုးရ စေ့စပ်ဆွေးနွေးသူတွေဟာ သဘောတူညီချက်ရအောင် ကောင်းမွန်တဲ့ ယုံကြည်ချက်နဲ့ ဆက်လက်လုပ်ဆောင်ကြပါလိမ့်မယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “စိန်ခေါ်မှုရှိနေတဲ့ ပြဿနာတွေ ဆက်လက်ရှိနေပါတယ်။ ဒါပေမဲ့ တောင်ပိုင်းနယ်စပ်က လိုအပ်ချက်တွေကို ကျွန်တော်တို့ ဆက်လက်ကိုင်တွယ်ဖြေရှင်းနေပါတယ်။ အစ္စရေး၊ ယူကရိန်း၊ အင်ဒို-ပစိဖိတ်တို့မှာ စိုးရိမ် စရာကောင်းတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေကြရတဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေကို အကူအညီပေးဖို့လည်း ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဆီးနိတ်ဟာ အဲဒီအမျိုးသားလုံခြုံရေး စိန်ခေါ်မှုတွေကို မဖြေရှင်းဘဲမနေပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ အမေရိကန်လွှတ်တော်မှ ထွက်ပေါ်လာသော ပူးတွဲထုတ်ပြန်ချက်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးအတွက် နောက်ထပ် အတားအတီးတစ်ခုဖြစ်သည်။ ဇယ်လန်းစကီး၏ ယူကရိန်းအစိုးရက ဆောင်းရာသီမတိုင်မီ လက်နက်များ လိုအပ်ချက် မြင့်မားနေသည်ဟု သတိပေးပြောကြားထားချိန်တွင် အမေရိကန်ဆီးနိတ်၏ အထက်ပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဇယ်လန်းစကီးသည် တစ်နှစ်အတွင်း တတိယအကြိမ်မြောက် အမေရိကန်ခရီးစဉ်အဖြစ် ဒီဇင်ဘာလလယ်တွင် ၀ါရှင်တန်ကို သွားရောက်ခဲ့ပြီး အကူအညီပေးရေးအတွက် ပြောဆိုခဲ့သည်။ ရန်သူဝိုင်းထားသော မိမိနိုင်ငံကို အမေရိကန်ပြည်ထောင်စုက…

Read More

ဇမ်ဘီယာနိုင်ငံတွင် ဆယ်စုနှစ်တစ်စုကျော်အတွင်း အဆိုးရွားဆုံး ထောင့်သန်းရောဂါကူးစက်ဖြစ်ပွားမှုအပြင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူများ ပိုမိုများပြားလာခဲ့သည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဇမ်ဘီယာ၏မြို့တော် လူဆာကာတွင် ကာလဝမ်းရောဂါကြောင့် လူလေးဦး သေဆုံးခဲ့သဖြင့် ယခုနှစ်အတွင်း ကာလဝမ်းရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၆၄ ဦးအထိ ရှိလာခဲ့သည်။ လူဆာကာမြို့တော်တွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၄၆ ဦးထက်မနည်းရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ ၁၆၀၀ ကျော်ရှိခဲ့သည်ဟု ဇမ်ဘီယာ အမျိုးသားပြည်သူ့ကျမ်းမာရေးဌာနက ပြောကြားခဲ့သည်။ ကာလဝမ်းရောဂါသည် မသန့်ရှင်းသည့် အစားအစာ သို့မဟုတ် ရေတို့ကို စားသောက်မိရာမှာတစ်ဆင့် ထိုရောဂါကို ဖြစ်ပွားစေသည့် ဘက်တီရီးယားပိုးနှင့် ထိတွေ့မိပြီး ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။ အစိုးရအနေနှင့် ကာလဝမ်းရောဂါကူးစက်မှုများ ဆိုးဆိုးရွားရွားဖြစ်ပွားနေသည့် နေရာဒေသများတွင် သောက်သုံးရေများကို သန့်စင်ရန် ကလိုရင်းများ ထောက်ပံ့ပေးနေကြောင်းနှင့် ပြည်သူများအနေနှင့် တစ်ကိုယ် ရည်သန့်ရှင်းမှုစည်းကမ်းများကို ဂရုစိုက်ပြီး လိုက်နာကျင့်သုံးရန် တိုက်တွန်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဆယ်လ်ဗီယာ မာဆယ်ဘိုက ပြောကြားခဲ့သည်။ ဇမ်ဘီယာနိုင်ငံတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ထောင့်သန်းရောဂါကူး စက်မှုများဖြစ်ပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူများ ရှိလာခဲ့ခြင်းဖြစ်သည်။ ဇမ်ဘီယာတွင် ယခုနှစ်အစပိုင်းကတည်း ထောင့်သန်းရောဂါကူးစက်ခံရသည့် သံသယလူနာ ၇၀၀ နီးပါးရှိပြီး သေဆုံးသူ လေးဦးရှိခဲ့သည်ဟု WHO က ပြောကြားခဲ့သည်။ ထောင့်သန်းရောဂါသည် Bacillus anthracis ဘက်တီးရီးယား ပိုးတစ်မျိုးမှ ကူးစက်ခြင်းဖြစ်ပြီး ထိုဘက်တီးရီးယားပိုးသည် မြေကြီးထဲတွင်သာရှိကာ…

Read More

အမေရိကန်တေးရေးတေးဆို မရိုင်ယာ ကယ်ရီက ခုနစ်နှစ်ကြာတွဲလာသည့် ချစ်သူ ဘရိုင်ယန်တာနာကာနှင့် လမ်းခွဲလိုက်ပြီဖြစ်ကာ လမ်းခွဲလိုက်သည့်အကြောင်းက တာနာကာ ကလေးလိုချင်သည့်ကိစ္စကြောင့်ဟု သတင်းပေးတစ်ဦးက Page Six မီဒီယာသို့ ဖွင့်ချခဲ့သည်။ အဓိကက အသက် ၁၄ နှစ်ကွာနေမှုဖြစ်ပြီး တာနာကာ(အသက်၄၀)က အသက် ၅၄ နှစ်ရှိပြီဖြစ်သည့် ကယ်ရီနှင့် ဖြစ်ချင်သည့်ဆန္ဒများ မတူကြောင်း၊ တာနာကာက မိသားစုတည် ဆောက်လိုကြောင်း ၎င်းသတင်းပေးက ဆိုသည်။ မရိုင်ယာကယ်ရီတွင် ယခင်အိမ်ထောင် နစ်ကန်နန်နှင့်ရသည့် အသက် ၁၂ နှစ်အရွယ်ရှိ အမြွှာကလေးနှစ်ဦးရှိပြီး တာနာကာတွင်မူ သားသမီးမရှိသေးပေ။ကယ်ရီနှင့် အရန်အကသမား တာနာကာတို့ တွဲလာကြသည်မှာ ခုနစ်နှစ်ရှိပြီဖြစ်သည်။ယခုတစ်ပတ်အတွင်း ကယ်ရီက သူနှစ်စဉ်ခရီးထွက်နေကျဖြစ်သည့် ကော်လိုရာဒိုပြည်နယ်၊ အက်စ်ပန်မြို့ကို တစ်ကိုယ်တည်းသွားလိုက်ကတည်းက လူခန့်မှန်းစရာ ဖြစ်သွားခဲ့သည်။ ထို့ပြင် နိုဝင်ဘာတွင်စတင်ခဲ့သည့် ကယ်ရီ၏ Merry Christmas One and All ဖျော်ဖြေပွဲတွင်လည်း တာနာကာပျောက်နေခဲ့သည်။သူသည် ၂၀၀၆ ခုနှစ်ကတည်းက မရိုင်ယာကယ်ရီ၏ အကအဖွဲ့တွင်အလုပ်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စဒိတ်ခဲ့သည်။မတ်လက ကယ်ရီ၏မွေးနေ့တွင် သူတို့နှစ်ဦး အတူရှိခဲ့ကြသည်။ ၂၀၁၇ ခုနှစ်တွင် ကယ်ရီတို့အတွဲပြတ် သွားကြသေးသည်။သို့သော်သိပ်မကြာလိုက် ပြန်တွဲသွားကြသည်။ Queen of Christmas ဟု ပရိသတ်က ချစ်စနိုးနာမည်ပေးထားသည့် ကယ်ရီက People မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် နောက်ထပ်လူရိပ်မိချင်စရာ မှတ်ချက်တစ်ချို့ကိုပြောသွားခဲ့သည်။မနှစ်က ခရစ္စမတ်ကာလသည် သူ့အတွက်ပျော်စရာမကောင်းခဲ့သည့်အတွက် ယခုလာမည့်ခရစ္စမတ်ကို သူရောက်ချင် နေပြီဟု ပြောသည်။လာမည့်ခရစ္စမတ်တွင် ပျော်ကြမည်ဟုလည်း ပရိသတ်ကို သူအသိပေးထားသည်။၁၉၉၄ ခုနှစ်တွင်ထွက်သည့် ကယ်ရီ၏ All I…

Read More

တေလာဆွစ်က လာမည့်ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးအကြိုနေ့ကို ချစ်သူ NFL ဘောလုံးကစားသမား ထရားဗစ်ကယ်လ်ဆီနှင့် အတူဖြတ်သန်းမည်ဖြစ်ပြီး ကန်းဆက်မြို့တွင်ရှိနေလိမ့်မည်ဟု သတင်းပေးတစ်ဦးက Page SiX သို့ ပြောသည်။ ကယ်လ်ဆီက ထိုနှစ်ရက်လုံးတွင် အလုပ်ရှိသည့်အတွက် သေချာပေါက်ဆွစ်က ကယ်လ်ဆီတို့အသင်းယှဉ်ပြိုင်မည့် NFL ပွဲများတွင်ရှိနေလိမ့်မည်ဟုလည်း သတင်း ပေးကဆိုသည်။သို့သော်ပြိုင်ပွဲနှစ်ရက်ကြား ကာလတွင် ဆွစ်က ကန်းဆက်တွင်ဆက်နေမည်လား၊ သို့မဟုတ် မိဘများရှိရာ တန်နက်ဆီပြည်နယ်သို့ ပြန်မည်လား မသိရသေးပေ။ အကယ်၍ ဆွစ်မိသားစုရော၊ ကယ်လ်ဆီ၏မိသားစုပါ ကန်းဆက်ရှိ ထရားဗစ်၏အိမ်တွင် ပိတ်ရက်ကာလဖြတ်သန်းကြမည်ဆိုလျှင်လည်း အခန်းများစွာက စောင့်ကြိုနေ သည်။ကယ်လ်ဆီကအိပ်ခန်းခြောက်ခန်း၊ ရေချိုးခန်းခြောက်ခန်းပါသည့် အမေရိကန် ဒေါ်လာခြောက်သန်းတန်အိမ်ကို အောက်တိုဘာကမှ ဝယ်ထားသောကြောင့်ဖြစ်သည်။ ကားခြောက်စီးဆန့်ဂိုဒေါင်နှင့် ၀ိုင်ခန်းတစ်ခန်း၊ ရေကူးကန်၊ တင်းနစ်ကွင်းတစ်ခုနှင့် ဂေါက်ကွင်းအသေးစားတစ်ခုတို့လည်း ပါသည်။ ဆွစ်နှင့်ကယ်လ်ဆီတို့ တွဲနေသည့်သတင်း စက်တင်ဘာတွင် လူသိလာခဲ့ပြီး စေ့ စပ်လိုက်ပြီဆိုသည့် ကောလာဟလများလည်း လတ်တလောထွက်လိုက်သေးသည်။ လာမည့် ဒီဇင်ဘာ ၂၅ ရက်နှင့် ၃၁ ရက်က သူတို့ချစ်သူနှစ်ဦးအတွက် ပထမဆုံးဖြတ်သန်းမည့် ပိတ်ရက်ကာလလည်းဖြစ်သည်။ ဆွစ်သည် တစ်နှစ်ပတ်လုံး ကမ္ဘာပတ်ဖျော်ဖြေပွဲများကြောင့် ပင်ပန်းနေခဲ့ပြီး အိပ်ရာမှမခွာချင်အောင်ဖြစ်ခဲ့ရပုံကို တိုင်းမ်မဂ္ဂဇင်းသို့ပြောပြခဲ့သည်။

Read More

Dunki ရုံတင်ဇာတ်ကား ပရိုမိုးရှင်းအတွက် ပြီးခဲ့သည့်ရက်ပိုင်းက ဒူဘိုင်းသို့ ရှာရွတ်ခန်းရောက်လာခဲ့ပြီး သူ့ကိုဂုဏ်ပြုသည့်အနေဖြင့် ဒူဘိုင်းကောင်းကင်ယံတွင် ဒရုန်းအလှပြ တင်ဆက်မှုများပြုလုပ်ခဲ့ကြသည်။ Dunki သည် ၂၀၂၃ ခုနှစ်အတွက် ခန်း၏ တတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်သည်။ ဒရုန်းများက ရှာရွတ်ခန်း၏နာမည်၊ သူ ပြုလုပ်လေ့ရှိသည့် အမူအရာပို့စ်တစ်ခုတို့ကို ပုံဖော်ခဲ့ပြီး ကမ္ဘာကျော်ဘာ့ဂျ်ခါလီဖာ မိုးမျှော်တိုက်ပေါ်တွင်လည်း Dunki ဇာတ်ကားအမြည်းကို ပြထားခဲ့သည်။ အားလုံးသောပရိုမိုးရှင်းပြသမှုများကို ရှာရွတ်ခန်းကိုယ်တိုင် ကြည့်ရှုအားပေးခဲ့သည်။အွန်လိုင်းပေါ်ပျံ့လာသည့် ဓာတ်ပုံ၊ဗီဒီယိုများအရ ခန်းက အမဲရောင်တီရှပ်နှင့်ဂျင်းဘောင်းဘီကို အနီရောင်ဂျာကင်နှင့် တွဲဝတ်ထားသည်။နေကာမျက်မှန်လည်းပါသည်။ Dunki ဇာတ်ကားကြီးကို ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာတစ်ဝန်းစတင် ရုံတင်ပြသသွားမည်ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ရှာရွတ်ခန်း၊ တက်ပ်ဆီးပန်နူး၊ ဗစ်ကီကော်ရှယ်၊ ဗစ်ခရမ်ကိုချာ၊ အန်နီဂရိုဗာ တို့ ပါဝင်ထားသည်။ Donkey Flights ခေါ် တရားမဝင်ရွှေ့ပြောင်း နေထိုင်နည်းကို အခြေခံကာ လန်ဒန်တွင်အ ခြေချကောင်းစားလိုသည့် သူငယ်ချင်းလေးဦးအကြောင်း ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။မင်းသမီးတက်ပ်ဆီးနှင့် ခန်း ပထမဆုံးတွဲရိုက်ခြင်းဖြစ်သည်။ ကိုဗစ်ကာလအတွင်း မွေးနေ့များကို တိတ်တဆိတ်ဖြတ်သန်းလာခဲ့ရပြီးနောက် ၂၀၂၃ ခုနှစ်သည် ရှာရွတ်ခန်းအတွက် အထူးအောင်မြင်သည့်နှစ်ဖြစ်သည်။ ယခုနှစ်အတွင်း သူပါသည့် Pathaan နှင့် Jawan ရုံတင်ကား နှစ်ကားစလုံး အောင်မြင်ထားသည်။ နိုဝင်ဘာ ၂ ရက်တွင် ခန်း၏အသက် ၅၈ နှစ်ပြည့် မွေး နေ့ပါတီကို အိန္ဒိယရုပ်ရှင်လောကသားများနှင့် အကြီးအကျယ်ကျင်းပခဲ့ပြီး မွေးနေ့ပွဲပါတီထက် ၂၀၂၃ အတွင်း သူ့အောင်မြင်မှုများကို အောင်ပွဲခံသည့်ပါတီဟုဆိုလျှင် ပိုမှန်မည်။ Jawan ဇာတ်ကားကို စက်တင်ဘာ ၇ ရက်တွင် ကမ္ဘာတစ်ဝန်းစရုံတင်ခဲ့ရာ…

Read More

ဂျပန်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ လစဉ်ဝင်ငွေခွန် ယန်းတစ်ထောင်မှ နှစ်ထောင်ကြားပေးဆောင်ရမည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။ ဂျပန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် ဝင်ငွေခွန်များ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဂျပန်တွင် ရောက်ရှိနေသည့် မြန်မာလုပ်သားများ၏ တစ်လပျမ်းမျှဝင်ငွေကို ယန်း နှစ်သိန်း သတ်မှတ်ပြီး ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းအရ ယန်း လေးထောင် သတ်မှတ်ထားကြောင်း၊ အဆိုပါ ယန်းလေးထောင်အနက် သက်သာခွင့်အဖြစ် ယန်းနှစ်ထောင်သတ်မှတ်ထားရာ လစဉ်ဝင်ငွေခွန်အဖြစ် ယန်း နှစ်ထောင် ပေးဆောင်ရမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်သည်။ သတ်မှတ်ထားသည့် တစ်လပျမ်းမျှဝင်ငွေခွန် ယန်း နှစ်သိန်းထက် လျော့နည်းရရှိသူများအနေဖြင့် အထောက်အထားများဖြင့် တင်ပြလာပါက ၄င်းတို့အတွက် တစ်လပျမ်းမျှ ဝင်ငွေ ယန်းတစ်သိန်းခွဲနှုန်း သတ်မှတ်ပြီး တစ်လဝင်ငွေခွန်အဖြစ် တစ်လယန်းသုံးထောင် သတ်မှတ်ထားကြောင်း သက်သာခွင့်အဖြစ် ယန်း နှစ်ထောင်သတ်မှတ်ပြီး တစ်လဝင်ငွေခွန်အဖြစ် ယန်း တစ်ထောင်ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်သည်။ သံရုံးဘက်မှ ဝင်ငွေခွန်အထောက်အထားများ ထုတ်ပေးမည်ဖြစ်ပြီး အခွန်ထမ်းသူများက သတ်မှတ်ကာလ တစ်ခုအတွင်း သံရုံးတွင် ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ အထောက်အထားများထုတ်ပေးရန် လျှောက်ထားလာပါက ဝင်ငွေခွန်ပမာဏနှင့် ပျမ်းမျှဝင်ငွေပမာဏတို့ဖြင့် ထောက်ခံစာ ထုတ်ပေးမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။ ဂျပန်နိုင်ငံမှာ ယခုနောက်ပိုင်းတွင် မြန်မာလုပ်သား အများအပြားသွားရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

Read More

စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို ဒေါ်လာ ၁၂ သန်းကျော်ရောင်းချပေးမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။ ဒီဇင်ဘာ ၂၁ ရက်တွင် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများအတွက် အမေရိကန်ဒေါ်လာ ၁၂.၄၃ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ ယင်းသို့ရောင်းချရာတွင် တစ်ဒေါ်လာငွေလဲနှုန်းမည်မျှဖြင့် ရောင်းချပေးမည်ဆိုသည်ကို ထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရသည်။ ဒီဇင်ဘာ ၁၈ ရက်ကလည်း စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးပြီးနောက် ဒီဇင်ဘာလအတွင်း ဗဟိုဘဏ်က နှစ်ကြိမ်မြောက် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ စျေးကွကပေါက်စျေးအတိုင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ထားသည်။ နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ် များအနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် အ‌ရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ စျေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင် သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ စျေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

Read More

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးရှိ ကော့နွဲ့တံတား မိုင်းခွဲဖျက်ဆီးခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။ ဒီဇင်ဘာ ၁၅ ရက် နံနက် ၅ နာရီခွဲတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး မိုင်တိုင်အမှတ် ကီလိုမီတာ ၁၄၁ နှင့် ၁၄၂ ကြားရှိ ကော့နွဲ့ တံတားအား PDF ပူးပေါင်းအဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် အရှည် ၂၀၅ ပေ၊ အကျယ် ၃၆ ပေ သံကူကွန်ကရစ်တံတား မှာ ပြိုကျပျက်စီးခဲ့ပြီး ယာဉ်များဖြတ်သန်း သွားလာ၍မရကြောင်း သိရ သည်။ အဆိုပါဖြစ်စဉ်မှ ပျက်စီးသွားသော တံ တားအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ သူများအား အရေးယူနိုင်ရေးနှင့် နယ်မြေဒေ သတည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Read More

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အကြား သဘောတူညီချက်များကို အ ကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဝမ်းဝင်ပင်းက ပြောကြားသည်။ ဒီဇင်ဘာ ၁၉ ရက်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပုံမှန်ပြုလုပ်နေကျ သတင်းစာ ရှင်းလင်းပွဲ၌ NHK သတင်းထောက်က မြန်မာ နိုင်ငံ၌ ယာယီအပစ်အခတ်ရပ်စဲထားသည်ဆို သော်လည်း တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွား နေသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနပြောရေးဆို ခွင့်ရသူ ဝမ်းဝင်ပင်းက အထက်ပါအတိုင်း ပြန် လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၁၄ ရက်တွင် တရုတ်၏ပံ့ပိုးမှုဖြင့် မြန်မာတပ်မတော်နှင့် သက်ဆိုင်ရာအဖွဲ့များ ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ဝမ်းဝင်ပင်းက ပြောကြားခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံ ၌ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ကုလသမ ဂ္ဂအေဂျင်စီများက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ NHK သတင်း ထောက်က မေးမြန်းခဲ့သည်ကို ဝမ်းဝင်ပင်းက ပြန်လည်ဖြေကြားရာတွင် “တရုတ်ဟာ မြန်မာ နိုင်ငံမြောက်ပိုင်းရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီနေပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင် ရာအဖွဲ့အစည်းတွေ စေ့စပ်ဆွေးနွေးတာ၊ အ ဆက်အသွယ်လုပ်တာတို့အတွက် အကူအညီ ပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရပ် တည်ချက်ဟာ အပြောင်းအလဲမရှိပါဘူး။ မြန်မာ နိုင်ငံက သက်ဆိုင်ရာအဖွဲ့တွေဟာ သဘောတူ ထားတဲ့ကိစ္စကို အကောင်အထည်ဖော်ဖို့ ကြိုး ပမ်းအားထုတ်မှုတွေကို မြှင့်တင်ဆောင်ရွက် နိုင်မယ်လို့ တရုတ်က မျှော်လင့်ထားပါတယ်။ အမြင့်ဆုံး သည်းခံကြဖို့နဲ့ မြေပြင်မှာ အခြေအနေ လျော့ပါးရေးကိုလည်း တက်ကြွ စွာ ဆောင်ရွက်ဖို့…

Read More